← Chapters

အခန်း (၂၆၃)

Vol. 18 Ch. 263

အခန်း (၂၆၃)

Vol. 18 Ch. 263

အဆုံးမှာတော့ လူတိုင်း သူတို့ရဲ့ စုတ်တံတွေကို ချလိုက်တာကို သူမ မြင်လိုက်ချိန်မှာ သူမ စတင်ရေးသားဖို့လုပ်ခဲ့ပြီး အဖြူရောင် ခုန်းမင် မီးပုံးပေါ်မှာ ကဗျာတစ်ပုဒ် ပေါ်လာခဲ့သည်။

"ရှင် တစ်နှစ် တစ်ကြိမ်ပြန်လာလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်"

သူမရေးထားသည့်အတိုင်း သူမစိတ်ထဲတွင် ကျန်းတန်းဟယ်ရဲ့ အတွေးများနှင့် ပြည့်နေသည်။ ရိုးရိုးသားသားပြောရလျှင် သူမ တစ်နေ့လုံး သူ့အကြောင်းတွေးနေမိသည်။

သူဘာလုပ်နေလဲဆိုတာကို သူမ အမြဲတွေးနေခဲ့သည်။ "သူအနွေးထည်တွေ ဝတ်ထားရဲ့လား၊ အရသာရှိတာလေးတွေ စားရရဲ့လား။ မီးရှူးမီးပန်းတွေ ဖောက်ရဲ့လား၊ နှစ်သစ်ကူးမှာ သူနဲ့အဖော်လုပ်ပေးမယ့်သူများရှိရဲ့လား..."

သူမ စုတ်တံကို ချလိုက်ပြီး မှင်ကို ညင်သာစွာ မှုတ်လိုက်သည်။ ကဗျာစာကြောင်းနှစ်ကြောင်းကို ကြည့်ရင်း တိတ်တဆိတ် သက်ပြင်းချမိသည်။ သူမတို့ရဲ့ ယာယီခွဲခွာမှုက ရေရှည်မှာ သူတို့ရဲ့ဆက်ဆံရေးအတွက်ပဲ ဖြစ်သည်။

မှင်ခြောက်သွားသောအခါတွင် သူမ အခြားသူများနှင့် အတူ သူမရဲ့မီးပုံးကို ထုတ်ယူခဲ့သည်။

ခြံဝင်းသို့ ရောက်ရှိလာသောအခါတွင် မီးပုံးများ လွှတ်တင်ကြသည်။ အချို့က မီးထွန်းရန် ကူညီပေးကြပြီး အချို့မှာ မီးပုံးများကို ကိုင်ဆောင်ထားကြသည်။ တွန်းအားတစ်ခုဖြင့်၊ ခုန်းမင် မီးအိမ်တွေက ပူနွေးသောအငွေ့ဖြင့် တွန်းပို့ကာ ကောင်းကင်ပေါ်သို့ တက်သွားသည်။ မီးပုံးများက သူတို့၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို ကောင်းကင်သို့ သယ်ဆောင်လာစဉ် စောင့်ကြည့်နေကြသည်။

အချိန်အတော်ကြာပြီးနောက် မီးပုံးများစွာက ကောင်းကင်ပေါ်သို့ တက်လာခဲ့သည်။ သူတို့သည် ညကောင်းကင်ယံ၌ လှပစွာဖြင့် မှိတ်တုတ်မှိတ်တုတ်နဲ့ရှိနေကြသည်။

၎င်းတို့ထဲမှ အနည်းငယ်က ခုန်းမင် မီးအိမ်များအားလုံးကို လွှတ်တင်ရန် အချင်းချင်း ကူညီခဲ့ကြသည်။ မီးပုံးများအားလုံး ကောင်းကင်ဆီသို့ ပျံတက်သွားသည့် အခိုက်အတန့်သည် ရင်သပ်ရှုမောဖွယ် နှင့် မမေ့နိုင်သော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်မှာ သက်သေပြခွင့်ရသော သူများအတွက် ဖြစ်သည်။

သူတို့သည် ခေါင်းကို မော့ကာ ကောင်းကင်ယံ၌ ထူးခြားသော ရှုခင်းများကို ကြည့်နေကြသည်။ မီးပုံးတွေက အဝေးသို့ လွင့်ပျံသွားသောအခါမှပင် ၎င်းတို့၏ အတွေးများကို ပြန်ဆုတ်ကာ တောင့်တင်းနေတဲ့ လည်ပင်းများကို ပွတ်သပ်ခဲ့ကြသည်။

ထိုအချိန်တွင် ရွာတွင်းမှ မောင်းသံများနှင့် ဗုံသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ အလွန်အသက်ဝင်သည်။

အားလုံးက တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး အခြေအနေကို သေချာမသိကြပေ။ သူတို့ စတင်ပြီးအတူတူ လမ်းလျှောက်ထွက်လာခဲ့ကြသည်။

ဒီအချိန်မှာ မက်မွန်ပွင့်ရွာက တကယ့်ကို တောက်ပနေသည်။ အိမ်တိုင်း လင်းထိန်နေပြီး တံခါးတိုင်း၏ အပြင်ဘက်တွင် မီးပုံးများ ချိတ်ဆွဲထားကြသည်။

ရှောင်းကောရဲ့အိမ်က သူတို့ထဲက တစ်အိမ်အပါအဝင်ပင်။

သူတို့ထဲက အနည်းစုက အပြင်ထွက်ပြီး ထွက်လာတာ သူတို့တွေချည်းပဲ မဟုတ်ဘူးဆိုတာ သိလိုက်ရသည်။ အခြားမိသားစုအချို့ကလည်း ရုတ်ရုတ်သဲသဲဖြစ်နေကြတာနဲ့အသံများကို စစ်ဆေးရန် ခေါင်းထွက်ပြီးကြည့်ကြသည်။

"အစ်မ ရှောင်းကော အစ်မတို့ရွာမှာ တခြားပွဲတွေရှိလား"

ရူယီက ထိုသို့သော လှုပ်ရှားမှုများကို အလွန်နှစ်သက်သည်။ အပြင်သို့ ပြေးလာတာ ပထမဆုံး ဖြစ်သောကြောင့် အဝေးမှ အသံ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။

"အစ်မ မသိဘူး" ရှောင်းကော ခေါင်းခါလိုက်သည်။ သူမတကယ်မသိပေ။

အခြေအနေကို မခန့်မှန်းနိုင်ခင်မှာ စကားသံတွေက ပိုနီးကပ်လာသည်။ လက်ခုပ်သြဘာပေးသံများ ရှိသည်။ တံခါးဝမှာ ရပ်နေတဲ့ အုပ်စုက ပိုလို့တောင် စိတ်ရှုပ်ထွေးသွားကြသည်။

အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် အစုလိုက်အပြုံလိုက် အုပ်စုကြီးတစ်စုရောက်ရှိလာသောအခါတွင် ထိုအရာများကို စစ်ဆေးရန် သွားကြတော့မည်။

"မေမေ! ခြင်္သေ့အက၊ ခြင်္သေ့အက!!"

ကျွမ်းကျွမ်းရဲ့ စိတ်လှုပ်ရှားစွာ အော်လိုက်တဲ့အသံများ ထွက်ပေါ်လာခဲ့သည်။

ရှောင်းကောနဲ့ အခြားသူများက ဒါကိုကြားသောအခါ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ ရွာမှာ ခြင်္သေ့အက ဖျော်ဖြေတာ ရှိသည်။

ခြင်္သေ့အကအဖွဲ့သည် ရှောင်းကော၏အိမ်အနီးသို့ရောက်သောအခါ၊ အဖွဲ့နောက်တွင် တစ်ရွာလုံးရှိနေကြောင်း သိရှိလိုက်ရသည်။ အရမ်းအသက်ဝင်တယ်ဆိုတာ အံ့သြစရာမရှိပေ။

ပွဲကြည့်ဖို့ အာရုံစိုက်နေချိန်မှာပဲ ရွာလူကြီးက ရှောင်းကောဆီကိုလာပြီး လက်ပြနှုတ်ဆက်ခဲ့သည်။

ကံကောင်းထောက်မစွာ ရှောင်းကောက မျက်လုံးကောင်းသည်။ ခြင်္သေ့များကြားတွင် ရွာလူကြီးကို သူမမြင်သွားပြီး သူမကိုယ်သူမ စိတ်ရှုပ်ထွေးစွာဖြင့် ညွှန်ပြလိုက်မိသည်။ "ကျွန်မကို ရှာနေတာလား"

ရွာလူကြီးက ပြုံးပြီး ခေါင်းညိတ်ခဲ့သည်။ "ဟုတ်တယ် မင်းကို!"

ရှောင်းကောက လူအုပ်ကြီးကို ရှောင်ပြီး သူ့ဆီသို့ လျှောက်သွားခဲ့သည်။ ထိုအချိန်တွင် ချင်းအန့်မင်က သူမကိုမြင်ပြီး သူမရဲ့လက်ကိုဖမ်းဆုပ်လိုက်သည်။ ပတ်ဝန်းကျင်က ဆူညံနေတာကြောင့် သူတို့မျက်လုံးတွေနဲ့သာ ဆက်သွယ်လို့ရသည်။

ရှောင်းကောက ချင်းအန့်မင် သူမကို ကြည့်နေတာကို မြင်တော့ ရွာသူကြီးရှိရာဆီ အချက်ပြလိုက်သည်။

ချင်းအန့်မင် လှမ်းကြည့်လိုက်ပြီး သဘောပေါက်သွားကာ ခေါင်းညိတ်ပြလိုက်သည်။ သူ့လက်ကိုလွှတ်လိုက်ပြီး သူ့မျက်လုံးတွေနဲ့ အမြန်ပြန်လာဖို့ အချက်ပြခဲ့သည်။

ရှောင်းကောက နားလည်ပြီး ခေါင်းညိတ်ပြခဲ့သည်။

ထို့နောက် ရွာသူကြီးဆီသို့ လျှောက်သွားကာ ဆိတ်ငြိမ်ရာသို့ ပြောင်းရွှေ့သွားကြသည်။

"ရွာသူကြီး ဘာကိစ္စများရှိလို့ပါလဲ"

သူတုံ့ဆိုင်းနေတာကိုမြင်တော့ ရှောင်းကောက အရင်ပြောလိုက်သည်။

ရွာသူကြီးမှာ အသက်ရှုရကြပ်နေပြီး စကားပြောဖို့ရန် ခွန်အားကို အသုံးချနေပုံရသည်။ "မင်းတို့မိသားစုက ဒီနှစ် မီးရှူးမီးပန်းအကြီးကြီး ဝယ်ထားတယ်ကြားတော့ ငါသိချင်နေတာက တကယ်လို့..."

အဆုံးတွင် သူသည် ရှေ့ဆက်ပြောရန် အလွန်ရှက်သွားခဲ့သည်။

ဤကဲ့သို့ ကပ်ပါးရပ်ပါးအပြုအမူက အမှန်တကယ် ရှက်စရာကောင်းသော်လည်း ယခုနှစ် အခြေအနေတွေက အလွန်ထူးခြားသည်။ အမှန်တကယ်တော့ တခြားနည်းလမ်းမရှိခဲ့ပေ။

ရှောင်းကောက သူပြောနေတာကို ကောင်းကောင်းနားမလည်နိုင်ခဲ့ပေ။ သူ ဘာပြောဖို့ကြိုးစားနေတာလဲ။ သူမ သိပ်နားမလည်ဘူး။ ဒါ့အပြင် သူမအိမ်မှာ မီးရှူးမီးပန်းအကြီးကြီး ရှိတယ်လို့ ဘယ်သူက သူ့ကိုပြောပြတာလဲ။

ရှောင်းကော နားမလည်နေတာကိုမြင်တော့ ရွာလူကြီးက အကုန်ပြောလိုက်သည်။ စောစောက ပြောပြီးသားဆိုတော့ ထပ်ပြောရမှာ သူ မကြောက်တော့ပေ။

"ဒီလိုပါ။ နှစ်တိုင်း ငါတို့ရွာက ရွာသူရွာသားတွေအတွက် မီးရှူးမီးပန်းတွေ ပြသပေးတယ်။ ဒါပေမယ့် ဒီနှစ်မှာ ရွာက အခက်အခဲတွေနဲ့ ကြုံနေတော့ လူတိုင်းကိုကိုပြသဖို့အတွက် မင်းတို့ရဲ့ မီးရှူးမီးပန်းတွေကို ချေးလို့ရမလားလို့ တွေးမိတယ်..."

ရှောင်းကောက တခစ်ခစ်ရယ်ပြီး ခေါင်းယမ်းလိုက်သည်။ ဘာကိစ္စများရှိလို့လဲလို့ သူမ တွေးနေမိတာ။ ဒါလေးပဲလားတဲ့။

ရွာသူကြီးက သူမ ခေါင်းယမ်းနေသည်ကိုမြင်သောအခါ သူ့နှလုံးသားက အေးသွားခဲ့သည်။ ရွာက ဒီနှစ် မီးရှူးမီးပန်းကြည့်ဖို့ လွတ်သွားပုံရသည်။

"ရပါတယ်။ ကိစ္စမရှိပါဘူး"

စိတ်ပျက်အားငယ်ဖွယ်အခြေအနေမှ လွတ်မြောက်ရန်—ရွှင်လန်းမှုမကြုံမီ ဝမ်းနည်းမှုခံစားရခြင်း။ ဒါက သူ့ရဲ့ လက်ရှိ ခံစားချက်ပါ။

သူ့ရဲ့ မယုံကြည်မှုကိုမြင်တော့ ရှောင်းကော ခေါင်းညိတ်ပြီး အတည်ပြုပေးလိုက်သည်။ ဒါက ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ မည်သို့ပင်ဆိုစေ မီးရှူးမီးပန်းများ ဖောက်ပြီးသည်နှင့် တစ်ရွာလုံး မြင်ကြလိမ့်မည်။

“ညသန်းခေါင်ကျရင် ကျွန်မ အဲ့တာကိုဖောက်လိုက်မယ်”

ထိုစကားကိုပြောပြီးနောက် သူမ ပြန်သွားရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ဒါပေမယ့် ရွာလူကြီးက ထိုစကားကိုကြားသောအခါ ချက်ခြင်းတားလိုက်ပြီး ခေါင်းကို အမြန်ခါလိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး"

“…?”

“ဘာလဲ၊ ညသန်းခေါင်ယံမှာ နှစ်သစ်ကို ကျင်းပတာ ထုံးစံမဟုတ်ဘူးလား”

"ငါတို့စပါးခင်းတွေဆီ မီးရှူးမီးပန်းတွေ ယူသွားရမယ်။ အဲဒါက ရွာရဲ့ အလည်ဗဟိုပဲ။ မင်းရဲ့အိမ်မှာ အဲ့တာကိုဖောက်ရင် နေရာက အရမ်းဝေးတယ်။ ရွာရဲ့ တချို့နေရာတွေမှာ မီးရှူးမီးပန်းတွေ မမြင်ရတဲ့အတွက် အဲ့တာကအလုပ်မဖြစ်ဘူး"

ရွာသူကြီးသည် သူ့မျက်နှာပေါ်တွင် ညှိုးငယ်သောအမူအရာကို ဆင်မြန်းထားသည်။ ရှောင်းကော သူ့အတွက် စိတ်မကောင်းဖြစ်မိသည်။ ဤအရွယ်တွင် သူသည် ရွာသူရွာသားများအတွက် အလုပ်ကြိုးစားဆဲဖြစ်သည်။ သူ့အတွက် ဒါက ခက်ခဲစေရမည်။ သူမမှာ သူ့ကို ငြင်းဖို့ အကြောင်းပြချက် မရှိပေ။

ဒါပေမယ့် သူမမှာ တောင်းဆိုချက်တစ်ခုရှိသည်။

"ပြောပါ" ရွာလူကြီးက သူ့တံတွေးကို မျိုချလိုက်သည်။ သူ့နှလုံးသားက တဆတ်ဆတ်ခုန်နေသည်။ သူ သူမကို ထိတ်လန့်စွာကြည့်ကာ သူမ ဘာတောင်းဆိုမှာလဲဆိုတာကို သိချင်နေမိသည်။

“တကယ်တော့ ဒါက ဘာမှမဟုတ်ပါဘူး…” ရှောင်းကော အဝေးက သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို ကြည့်ပြီး ရယ်မောလိုက်သည်။ "ကျွန်မတို့ကိုယ်တိုင် မီးရှူးမီးပန်းကြီးတွေကို ဖောက်မယ်"

"ရတယ်၊ အဲဒါက ပြောနေစရာတောင်မလိုဘူး!"

ရွာသူကြီးက သက်ပြင်းတစ်ချက်ချလိုက်သည်။ ဒါက ပြဿနာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် လုပ်တာကမှန်သည်။ ရှောင်းကောက သူမ၏ မီးရှူးမီးပန်းများကို ရွာနှင့် မျှဝေပေးလိုသည့်အတွက် သူ ကျေးဇူးတင်နေပြီဖြစ်သည်။

အချိန်ကိုအတည်ပြုပြီးနောက် ရှောင်းကောသည် သူမအိမ်သို့ပြန်ပြီး ခြင်္သေ့အကကို ခဏတာကြည့်ရှုခဲ့သည်။ ခြင်္သေ့အကအဖွဲ့မှ ထွက်သွားသောအခါ ရှောင်းကောမှလွဲ၍ အားလုံးက အဖွဲ့နောက်သို့ လိုက်သွားကြသည်။ ကျွမ်းကျွမ်းတောင်မှ ချင်းအန့်မင်နဲ့အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်။

ရှောင်းကောက ထိုသို့သော လှုပ်ရှားမှုများကို မကြိုက်သောကြောင့် သူတို့နှင့်အတူ လိုက်မသွားပေ။

သူမ ခြံဝင်းထဲသို့ ပြန်သွားပြီး အလွန်ကြီးမားသော မီးရှူးမီးပန်းကို ကြည့်လိုက်သည်။ အမှန်တကယ်တော့ သူမ ဒီလိုတောင်းဆိုရတဲ့ အကြောင်းရင်းတစ်ခု ရှိခဲ့သည်။

ချင်းအန့်မင်သည် မီးရှူးမီးပန်းကြီးများကို မြင်လိုက်သည်နှင့် သူ့နှလုံးသားက ရင်သက်ရှုမောဖြစ်သွားလေသည်။ သူ့ကိုယ်သူ အဲ့တာကို မီးညှိနိုင်တဲ့ အခိုက်အတန့်ကို သူမျှော်လင့်နေခဲ့သည်။ အဲ့ဒါကြောင့် သူမ ဒီတောင်းဆိုမှုကို လုပ်ခဲ့တာပါ။

ချင်းအန့်မင် ဤအခွင့်အရေးကို လွဲချော်ခဲ့ပါက သူ စိတ်မကောင်းဖြစ်သွားမှာ သေချာသည်။

ခြင်္သေ့အကသည် မျှော်လင့်ထားသည်ထက် ပိုကြာသည်။ ရှောင်းကော လတ်ဆတ်သည့် လက်ဖက်ရည်အိုးကို ကြိုချက်ပြီးသောအခါ၊ အုပ်စုက စိတ်လှုပ်ရှားစွာဖြင့် ပြန်လာခဲ့ကြသည်။ လမ်းလျှောက်ရင်း အချင်းချင်း စကားပြောတာတွေ မရပ်နိုင်ခဲ့ကြပေ။

သူတို့ ဘယ်လောက်ပျော်နေလဲဆိိုတာကို မြင်တော့ ရှောင်းကောလည်း ဝမ်းသာသွားသည်။ သူတို့ထိုင်ပြီးနောက် ရွာလူကြီး သူမကို ပြောခဲ့သည်များကို သူတို့အားပြန်ပြောပြခဲ့သည်။

အစပိုင်းမှာတော့ ရွာအတွက် မီးရှူးမီးပန်း ချေးငှားတဲ့အကြောင်း ပြောတဲ့အခါ ချင်းအန့်မင်ရဲ့ နှလုံးသားက သူ့လည်ချောင်းထဲမှာ တစ်ဆို့နေသည်။ ဒါပေမယ့် ရှောင်းကောက သူတို့ကို မီးညှိနိုင်သည်ဟု ပြောသောအခါတွင် သူ ချက်ချင်း တည်ငြိမ်မှု ပြန်ရလာခဲ့သည်။ သူကိုယ်တိုင် မီးရှူးမီးပန်းတွေ မီးညှိနိုင်သရွေ့တော့ အဆင်ပြေပါသည်။ မဟုတ်ရင် တစ်နှစ်ပတ်လုံး စိတ်မကောင်းဖြစ်နေမှာ သေချာသည်။

သူသည် ရှောင်းကောက သူ့အတွက် အခွင့်အရေးကို ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့သည်။

ရှောင်းကောက သူ့ကို ရယ်ခဲ့သည်။ သူ့ဝါသနာကို သူမတကယ်နားမလည်ခဲ့ပေ။ မီးရှူးမီးပန်းတွေ မီးညှိရတာကို သူ စွဲလန်းနေတာလား။

သူတို့ အစုအပြုံလိုက် စားလိုက် သောက်လိုက်နဲ့ ပျော်ခဲ့ကြသည်။ အရမ်းပျော်ခဲ့ကြသည်။ နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲတွေ မရှိသော်လည်း မပျင်းကြပေ။ အဲဒီအစား သူတို့ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာသလို ခံစားရသည်။

နှစ်သစ်ကူးအကြိုနေ့တွင် မအိပ်ဘဲနေခြင်းသည် ကပ်ရောဂါဆိုးများအားလုံးကို မောင်းထုတ်ခြင်း၏ သင်္ကေတတစ်ခုဖြစ်သည်။ ကောင်းသောနှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းခြင်းကို ကိုယ်စားပြုသည်။

ရှေးခေတ်မှာ အဓိပ္ပါယ် နှစ်ခုရှိခဲ့သည်။

နှစ်သစ်မှာ သက်ကြီးရွယ်အိုတွေက သူတို့အချိန်တွေကို မြတ်နိုးကြောင်း ပြသဖို့ နေကြသည်။ လူငယ်တွေက မိဘတွေရဲ့ သက်တမ်းကို ရှည်လျားစေရန်အတွက် နေကြသည်။

All Chapters