အခန်း (၂၆၄)
Vol. 18 Ch. 264
နှစ်သစ်ကူးအကြိုတွင် ကျား၊မ အသက်အရွယ်၊ သို့မဟုတ် အဆင့်အတန်းမခွဲခြားဘဲ နှစ်သစ်ကိုဆင်နွှဲရန် အားလုံးစုရုံးခဲ့ကြသည်။
သူတို့အနည်းစုက ပျော်ပျော်ပါးပါး အတူတူထိုင်ကြပြီး နောက်နေ့မနက်စားမယ့် ဖက်ထုပ်တွေကို ထုပ်နေကြသည်။
အဆာပလာက နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ပြည်ကြီးငါးနှင့် ပုဇွန်၊ နောက်တစ်မျိုးမှာ ဝက်သားနှင့် ဂေါ်ဖီထုပ်တွေဖြစ်သည်။
နှစ်သစ်အကြိုညစာ ပြင်ဆင်နေချိန်တွင် အဆာပြေနှင့် ခေါက်ဆွဲများကို အဖွဲ့မှ ချက်ပြုတ်သည်။
ယခုအချိန်တွင် နှစ်သစ်ကူးပွဲများနှင့် ဖက်ထုပ်ပြုလုပ်သည့် အခမ်းအနားကို တစ်ချိန်တည်းတွင် ပြုလုပ်နေသည်။
သူတို့အဲ့တာလုပ်နေကြစဉ်တွင်၊ ရှောင်းကော လုပ်တဲ့ ဖက်ထုပ်တွေက ရွှေတုံးများနှင့် တူသောကြောင့် အားလုံးက သူမဆီမှ သင်ယူရန် အလုပ်များနေကြသည်။
ဖက်ထုပ်လုပ်နေစဉ်တွင် ရှောင်းကော ကြိုတင်ဆေးကြောထားသော ကြေးပြားကို ဖက်ထုပ်ထဲသို့ ထည့်ဖို့ မမေ့ခဲ့ပေ။
ကျွမ်းကျွမ်း၏ မျက်လုံးကြီးကြီးလေးတွေက ကြေးပြားနှင့် ဖက်ထုပ်ကို စိုက်ကြည့်နေသည်။ သူသည် ၎င်း၏ နေရာကို တိတ်တဆိတ် အလွတ်ကျက်ခဲ့သည်။ မနက်ဖြန် ရွေးယူပြီးစားတော့မည်။
"ကျွမ်းကျွမ်း၊ အဲဒါက အသုံးမဝင်ဘူး။ အိုးထဲထည့်လိုက်ရင် အကုန် ရောသွားမှာ"
ရှောင်းကော ပြုံးပြီး ဖက်ထုပ်များကို ချလိုက်သည်။ ကောင်လေးက အဓိပ္ပါယ်မရှိတဲ့အရာတစ်ခုကိုလုပ်ဖို့ အရမ်းကြိုးစားအားထုတ်နေတာကို မြင်လိုက်ရတော့ သူမက သူ့ကို ကြင်နာစွာသတိပေးလ်ုက်သည်။
ဒါပေမယ့် ကျွမ်းကျွမ်းက သူမကို မယုံခဲ့ပေ၊ သူက အဲဒီဖက်ထုပ်ရဲ့ အနေအထားကို မှတ်မိဖို့ အခိုင်အမာပြောခဲ့သည်။ သူမကို မယုံတာကို မြင်လိုက်ရတော့ ရှောင်းကော က သူ့ကို လွှတ်ပေးထားလိုက်သည်။ မနက်ဖြန်မှ သူ့ကိုယ်သူ သိလာလိမ့်မည်။
ဖက်ထုပ်လုပ်ပြီးတာနဲ့ ရွာလူကြီးက မီးရှူးမီးပန်းတွေရွှေ့ဖို့အတွက် လူ လွှတ်လိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် မီးရှူးမီးပန်းကြီးက အလွန်လေးလံပြီး သန်မာသော လူနှစ်ယောက်က သယ်ယူသွားရသည်။ နောက်ဆုံးတွင် ၎င်းသည် ဆိုင်များအားလုံးကြားတွင် တွေ့ရှိနိုင်သည့် အကြီးဆုံး၊ အလေးဆုံးနှင့် ဈေးအကြီးဆုံး မီးရှူးမီးပန်းဖြစ်သည်။ တစ်နိုင်ငံလုံးမှာ ရနိုင်တဲ့ မီးရှူးမီးပန်းအကြီးကြီးတွေထဲက ငါးခုပဲရှိသည်။ အဲ့တာကို ဂရုတစိုက်နဲ့သယ်ဖို့သာ သူတို့အတွက် သင့်တော်သည်။
အဲဒီ့ကိုသွားတဲ့လမ်းမှာ ရွာလူကြီးက မီးရှူးမီးပန်း ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး ရှောင်းကောကို တိတ်တဆိတ်မေးခဲ့သည်။
ရှောင်းကောက သူ့အား ပကတိစျေးနှုန်းထက် အနည်းငယ်နိမ့်သော ခန့်မှန်းခြေကို ပေးခဲ့သည်။ ရွာသူကြီးက ငွေပမာဏကို ကြားသောအခါ ဒူးထောက်ကျလုနီးပါး ဖြစ်သွားသည်။ ထို့နောက် မီးရှူးမီးပန်းဆွဲသည့် ရထားလုံးနောက်သို့ လိုက်သွားခဲ့သည်။ အထူးသတိထားဖို့နဲ့ လူနှစ်ယောက်ကို သေချာ ကိုင်တွယ်ဖို့ ပြောခဲ့သည်။ ၎င်းတို့သည် မီးရှူးမီးပန်းများကို ကာကွယ်ရန် သူတို့ခြေထောက်ကျိုးမည့် အန္တရာယ်ရှိသော်လည်း မီးရှူးမီးပန်းများ ထိခိုက်ပျက်စီးမှု မရှိစေရန် သေချာစေရမည်။
ရှောင်းကောသည် ရွာလူကြီး၏ နောက်ကွယ်မှ အပြုအမူကို မြင်ပြီး ရယ်စရာကောင်းတာကိုရှာတွေ့ခဲ့သည်။ ရွာလူကြီးက ချဲ့ကားပြောနေတယ်လို့ထင်မိပြီး လမ်းတလျှောက် ရယ်မောမိသည်။
ရွာသူကြီးသည် မီးရှူးမီးပန်းဘေးတွင် ရပ်ကာစောင့်ကြပ်ရင်း ရင်တမမ ဖြစ်နေခဲ့သည်။ နောက်ဆုံး တလင်းပြင်လယ်ကွင်းထဲ ရပ်လိုက်ချိန်မှ အနည်းငယ် ပိုကောင်းလာတယ်လို့ ခံစားရသည်။
လောလောဆယ်တော့ ရွာသူရွာသားတွေ မရောက်သေးကြပေ။ အများစုမှာ အိမ်ကနေကြည့်ရန် ရည်ရွယ်ထားကြသည်။ မီးရှူးမီးပန်းများကို အနီးကပ်ကြည့်ရန် ကွင်းပြင်များတွင် လူအနည်းငယ်သာ စုရုံးခဲ့ကြသည်။
နီးနေသော်လည်း တကယ့်နေရာနှင့် အလှမ်းဝေးနေသေးသည်။ အမှန်ဆိုလျှင် ဤမျှကြီးမားသော မီးရှူးမီးပန်းကြီးကို ကောင်းကင်သို့ တကယ်လွှတ်တင်လိုက်လျှင် ပေါက်ကွဲအားကြီးမှာ သေချာသည်။ အဝေးကနေ ကြည့်တာက သေချာသည်။
ရှောင်းကောသည် မီးရှူးမီးပန်းများ ချထားသည်ကို မြင်သောအခါတွင် သူမ အကြမ်းဖျင်း ခန့်မှန်းချက် ထုတ်ခဲ့သည်။ သူတို့ အခုရပ်နေတဲ့ အကွာအဝေးကို အခြေခံပြီး ဒါက အပြည့်စုံဆုံး မြင်ကွင်းတစ်ခုတော့ မဟုတ်လောက်ပေ။ နောက်ဆုတ်သင့်သည်။
အခြားသူများထံမှ ခွင့်ပြုချက်ရပြီးနောက် ရှောင်းကော သည် လမ်းကို ဦးဆောင်ကာ သူမ ခန့်မှန်းချက်အပေါ် အခြေခံ၍ ပြီးပြည့်စုံသော အကွာအဝေးသို့ ဆုတ်ခွာသွားခဲ့သည်။
ရှေးခေတ်က လက်ပတ်နာရီ မရှိခဲ့ပေ။ အချိန်ကိုခြေရာခံနိုင်ရန် ရွာလူကြီးသည် နှစ်သစ်ကြိုဆိုပွဲအတွက် အချိန်ရေတွက်ရန် သဲနာရီတစ်လုံးကို ထုတ်ခဲ့သည်။
"အစ်မ ရှောင်းကော၊ ဒီမီးရှူးမီးပန်းက ဘယ်လောက်ပေးခဲ့ရလဲ"
ရူယီသည် ရှောင်းကော၏ လက်ကို ကိုင်ကာ တိတ်တဆိတ် မေးလိုက်သည်။ သူမ၏ အတွေ့အကြုံကို အခြေခံရလျှင် ဤအရာသည် စျေးပေါမှာတော့မဟုတ်တာ သေချာသည်။
သူမအဖေ အသက်ရှင်နေသေးချိန်မှာတော့ နှစ်စဉ်နှစ်တိုင်း မီးရှူးမီးပန်းတွေ ပစ်လွှတ်လေ့ရှိသည်။ အဲဒီတုန်းက သူမ ဖောက်ခဲ့တဲ့ မီးရှူးမီးပန်းတွေက ဒီထက်အများကြီးသေးငယ်ပေမယ့် အဲဒီ့အတွက် သူမ သုံးခဲ့ရတဲ့ငွေက တော်တော်များသည်။
သူမရဲ့ မှတ်ဉာဏ်ထဲမှာတော့ မီးရှူးမီးပန်းတွေ ပစ်လွှတ်လိုက်တိုင်း သူမရဲ့အဖေက သူ့အသုံးစရိတ်ကို စောင့်ကြည့်ရမယ်လို့ ပြောခဲ့သည်။ ဒီကနေပြီးတော့ ဒီလို အရွယ်အစားကြီးမားတဲ့ မီးရှူးမီးပန်းတွေရဲ့ စျေးနှုန်းက တစ်ကြိမ်သွေးတွေ ပွက်ပွက်ထအောင် လုပ်ရလောက်အောင် မြင့်မားနေရမယ်လို့ သူမ ပြောနိုင်သည်။
ရှောင်းကော သူမနှုတ်ခမ်းတွေကို ဖိလိုက်သည်။ စျေးနှုန်းအကြောင်း သူမ မပြောခဲ့ရင် သူ့ကိုယ်သူ နှစ်သိမ့်မှု အနည်းနဲ့အများ ပေးနိုင်သည်။ ဒါပေမယ့် သူမ ပြောလိုက်တဲ့အခါ ဝက်တစ်ကောက်ရဲ့ တစ်ဝက်ဈေးနဲ့ ညီမျှတဲ့ ကုန်ကျစရိတ်ကို သူမ မကူညီနိုင်ဘဲ စဉ်းစားခဲ့သည်။ သူမနှလုံးသားက အရမ်းနာကျင်ပြီး အသက်ရှူရခက်နေသည်။
"အဲ့တာကို ထပ်မပြောနဲ့တော့ မဟုတ်ရင် ငါမူးမေ့သွားလိမ့်မယ်"
ရှောင်းကော ရယ်ရယ်မောမောပြောလိုက်သည်။ စျေးနှုန်းကို မဖော်ပြနေသရွေ့တော့ အဲ့တာ ဈေးမကြီးသလို ဟန်ဆောင်နိုင်သည်။
ရူယီ ပါးစပ်ကို အုပ်ပြီး တိတ်တိတ်လေး ပြုံးလိုက်သည်။ ဒါပေမယ့် သူမ လေးလေးနက်နက် ခေါင်းညိတ်ပြပြီး သူမ၏ နှုတ်ခမ်းကို ဇစ်ဆွဲလိုက်တဲ့ အမူအရာ လုပ်လိုက်ဆဲပင်။
"ရှောင်းကော၊ အချိန်တန်ပြီ၊ ဘယ်သူက မီးရှူးမီးပန်းဖောက်မှာလဲ"
ထိုအချိန်တွင် ရွာသူကြီးသည် သူ့လက်ထဲတွင် သဲနာရီတစ်လုံးနှင့် လမ်းလျှောက်လာခဲ့သည်။ ရှောင်းကော ပြောတာကို သူ မှတ်မိနေသေးသည်။ သူတို့ကိုယ်တိုင် မီးရှူးမီးပန်းတွေ မီးညှိကြမှာဖြစ်တဲ့အတွက် သူ သူမကို စစ်ဆေးဖို့ ရောက်လာသည်။
"ကျွန်မအစ်ကို လုပ်လိမ့်မယ်။"
ရှောင်းကောက ချင်းအန့်မင်ကို ညွှန်ပြခဲ့သည်။ ရွာသူကြီးက စိတ်လှုပ်ရှားနေသောလူအား မီးရှူးမီးပန်းများဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
"အဆင်သင့်ပြင်ထားတော့။ ခုနစ်ကိုရေတာနဲ့ မင်းမီးညှိလို့ရပြီ"
“ကောင်းပါပြီ”
မီးရှူးမီးပန်းကြိုးများ မီးလောင်ကျွမ်းရန် အချိန်အနည်းငယ်ကြာမည်ဖြစ်သည်။ ရွာသူကြီး၏ အတွေ့အကြုံကို အခြေခံ၍ မီးရှူးမီးပန်းကို ခုနစ်လို့ ရေတွက်ချိန်မှာ မီးညှိလိုက်ရင် တစ်ရောက်ရင် မီးရှူးမီးပန်းက ကောင်းကင်ပေါ်တွင် ပေါက်ကွဲလိမ့်မည်။
မီးရှူးမီးပန်း ပေါက်ကွဲမှုသည် ညသန်းခေါင် တိတိတွင် ဖြစ်ပွားရန် အချိန်သတ်မှတ်ထားသည်။ တစ်နည်းအားဖြင့်ဆိုရသော် နှစ်သစ်တွင် မီးရှူးမီးပန်းများဖြင့် အသံမြည်စေမည်။
ချင်းအန့်မင် ငုတ်တုတ်ထိုင်ကာ တံတွေးမျိုချလိုက်မိသည်။ သူသည် မီးတုတ်ကို ထိတ်လန့်တကြားကိုင်ကာ အချိန်ရေတွက်သံကို နားစွင့်နေသည်။ ရေတွက်တာက ခုနစ်ကိုရောက်သောအခါတွင် သူ ချက်ချင်းပင် နီးကပ်သွားပြီး ဖျူးကို မီးညှိလိုက်သည်။ ထို့နောက် ရွာသူကြီးအား ဆွဲခေါ်ကာ လူအုပ်ဆီသို့ ပြန်ပြေးသွားခဲ့သည်။
ရွာသူကြီးက အသက်ကြီးနေပြီ။ ချင်းအန့်မင်က သူ့ကို မဆွဲထားဘူးဆိုရင် သူ့ဘာသာသူ ပြေးနိုင်မှာ မဟုတ်ပေ။
သူတို့ နှစ်ယောက် အုပ်စု အနားကို ပြေးပြီးတာနဲ့ ရွာသူကြီးက သူ့လက်ထဲက သဲနာရီကို ချက်ချင်း ကြည့်လိုက်သည်။ နောက်ဆုံးသဲက တဖြည်းဖြည်း ကျဆင်းလာပြီး ကောင်းကင်ကို ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။
သဲတွေကျသွားပြီး တစ်ချိန်တည်းမှာပဲ မီးရှူးမီးပန်းတွေ ပေါက်ကွဲခဲ့သည်။ အသံနှင့်အတူ၊ မီးရှူးမီးပန်းတွေက အသက်ရှင်နေသော နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်သို့ ဖြည်းညှင်းစွာ တက်သွားပြီး ကောင်းကင်တွင် ကြီးကျယ်ခမ်းနားစွာ ပေါက်ကွဲသွားခဲ့သည်။
ထိုအချိန်တွင် ကွင်းပြင်ရှိလူတိုင်းက တစ်ချိန်တည်း အော်ဟစ်ခဲ့ကြသည်။
လှပသော မီးရှူးမီးပန်းတွေက လေထဲသို့ တက်သွားပြီး လနှင့်ယှဥ်လျက် ရပ်သွားခဲ့သည်။ ထို့နောက် ပေါက်ကွဲသံနှင့်အတူ ပန်းစည်းကြီးတစ်ခုလို ပွင့်လန်းလာကြသည်။
လှပသောပန်းတွေက ကောင်းကင်ယံ၌ ပြန့်ကျဲလျက် အဆက်မပြတ် ပွင့်နေကြသည်။ မက်မွန်ပွင့် ရွာရှိလူတိုင်းသည် လှပသောရှုခင်းကို စိုက်ကြည့်ရင်း မှော်ဆန်နေပုံရသည်။ မီးရှူးမီးပန်းများဖြင့် တစ်ရွာလုံး ချက်ချင်း လင်းထိန်သွားသည်။
ကွင်းပြင်ရှိ လူကြီးများနှင့် ကလေးတွေက အဆက်မပြတ် ခုန်ပေါက်ကာ အားပေးနေကြသည်။ ယခုအချိန်တွင် အိမ်၌နေသူတွေက ၎င်းတို့၏ ခြံဝင်းအတွင်းသို့ တိုးထွက်ကာ တံခါးများဘက်သို့ လှည့်လာကြသည်။ သူတို့အားလုံး မိသားစုလိုက် မီးရှူးမီးပန်းဖောက်တာကို စိတ်လှုပ်ရှားစွာ သဘောကျနေကြသည်။ တချို့က မီးရှူးမီးပန်းတွေကို ထိဖို့ ကြိုးစားနေသလိုမျိုး လက်ကိုတောင် ဆန့်တန်းထားကြသည်။
အနီရောင်မီးတောက်များက လူတိုင်း၏ မျက်နှာကို လင်းစေခဲ့သည်။ မီးရှူးမီးပန်းများ ပေါက်ကွဲပြီး နှစ်သစ်အတွက် လူတိုင်း၏ မျှော်လင့်ချက်တွေလည်း ပွင့်လန်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် အနီးနားကျေးရွာများနှင့် မြို့ကြီးများမှလည်း နှစ်စဉ် မီးရှူးမီးပန်းများ ခင်းကျင်းပြသခဲ့ကြသည်။
—-
မြို့တော်၊ နန်းတော်၌..
“...…”
ရှောက်ကျန့်သည် ခန်းမထဲတွင် ထိုင်ကာ တိတ်ဆိတ်နေသော ကျန်းတန်းဟယ်ကို ကြည့်လိုက်သည်။ ထို့နောက် သူ ငိုက်မြည်းနေသော ရှောက်ယိကို ကြည့်လိုက်သည်။ သူ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။ ရှောက်ယိသည် နှစ်သစ်အတွက် မအိပ်ဘဲနေမည်ဟု ထင်ရသော်လည်း ယခုအချိန်တွင် ကောင်လေးက အလွန်ပျင်းလာသဖြင့် နေရာတွင်ပင် အိပ်ပျော်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
သူ့ရဲ့သက်ပြင်းချသံကိုကြားတော့ ကျန်းတန်းဟယ်က စကားမပြောဘဲ ခေါင်းကိုလှည့်လိုက်သည်။ အဲ့အစား ကူကယ်ရာမဲ့သော ခံစားချက်မျိုးရှိတာ သူသာလျင် ဖြစ်သင့်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ရှောက်ကျန့်က ညီလာခံတက်တာကို ရပ်တန့်ခဲ့သည်။ သူသည် နေ့တိုင်း ပွဲမျိုးစုံကို ကျင်းပသည်။ သူသည် တော်ဝင်မိသားစုများနှင့် အဆင့်မြင့်အရာရှိကြီးများ နှင့် ဆုံစည်းကာ အရက်သောက်နေခဲ့သည်။ ဒါပေမယ့် သူဘာကြောင့် ဒီလိုကိစ္စတွေအတွက် ရှောက်ကျန့် ရဲ့အနားမှာရှိနေရတာလဲ။
“အရှင်မင်းကြီး၊ မိဖုရားဆီမှ သတင်းစကားတစ်ခု ပါလာ…”
မိန်းမစိုးစု စကားမဆုံးခင် ရှောက်ကျန့်က သူ့လက်ကို ဝှေ့ယမ်းပြီး ထွက်သွားဖို့ လက်ဟန်ပြခဲ့သည်။
မိန်းမစိုးစု နားလည်မှုဖြင့် ခေါင်းညိတ်ကာ ထွက်ခွာမသွားမီ ဦးညွှတ်ခဲ့သည်။ သူသည် သတင်းစကားနှင့်အတူ ပါလာသော နန်းတော်မှ အစေခံအား အကြောင်းကြားရန် အပြင်သို့ ထွက်သွားခဲ့သည်။ "ဧကရာဇ်မင်းက မကြာသေးခင်က နေမကောင်းဖြစ်နေတာ၊ ဒါကြောင့် သူ မသွားနိုင်ဘူး"
နန်းတော်အစေခံသည် ထိုစကားကိုကြားသောအခါ စိတ်ထဲမှာ တိတ်တဆိတ် သက်ပြင်းချမိသည်။ ဒါပေမယ့် ဦးညွှတ်ပြီး မိဖုရားကို အစီရင်ခံဖို့ကလွဲလို့ သူမမှာ ရွေးချယ်စရာမရှိတော့ပေ။
မိန်းမစိုးစုလည်း သက်ပြင်းရှည် ချလိုက်မိသည်။ ဒီနေ့က ဒါဆဌမအကြိမ်မြောက်ပဲ ...
မိန်းမစိုးစုထွက်သွားပြီးနောက် ခန်းမထဲတွင် ကျန်းတန်းဟယ်သည် ပလ္လင်ပေါ်တွင် ထိုင်နေသော လူကို မကူညီနိုင်ဘဲ ကြည့်ခဲ့သည်။
“မိဖုရားက အရှင်မင်းကြီးကို ခြောက်ကြိမ်တိုင်တိုင် ဖိတ်ကြားပြီးပြီ၊ အရှင်မင်းကြီး သွားဖို့ ငြင်းဆိုနေတာက ယုတ္တိမရှိဘူး”
"မိဖုရားဆီ မြန်မြန်သွားလိုက်ပါ။ ပြီးတော့ ကျွန်တော်မျိုးကို လွှတ်ပေးပါ!"
ရှောက်ကျန့် ပျင်းရိစွာ မော့ကြည့်ကာ သူ့ကို ကြည့်လိုက်သည်—သူ ကျန်းတန်းဟယ်၏ စိတ်ကို ဖတ်ပြီးသွားပုံရသည်။ "မင်းတစ်ယောက်တည်းနေနေရတာ ငါကိုယ်တော် သနားမိတယ်။"
"အရှင်မင်းကြီးရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်" ကျန်းတန်းဟယ် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ရှောက်ကျန့်၏ ကြင်နာမှုကြောင့် သူ နန်းတော်ထဲတွင် ငါးရက်ကြာပိတ်မိနေခဲ့သည်။ ငါးရက်လုံးလုံး ပွဲတက်ဖို့ဖြစ်ဖြစ်၊ ယဇ်ပူဇော်ပွဲဖြစ်ဖြစ် သူနဲ့အတူ လိုက်သွားပေးရသည်။ သူ့မှာ အားလပ်ချိန် လုံးဝမရှိခဲ့ပေ။ ဒါ့ပြင် ဒါက မိဖုရားရဲ့အလုပ်ဖြစ်သင့်သည်။ အခုလည်း သူက သူမရဲ့တာဝန်တွေကို ထမ်းဆောင်နေရသည်။ ဒါကဘာလဲ?!