အခန်း (၂၆၈)
Vol. 18 Ch. 268
“သွားကြစို့၊ သွားကြစို့။”
ထွက်ခွာသွားသော ရထားလုံးကို ကြည့်ပြီး ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့က ရထားလုံးပေါ်ရှိ လူတိုင်းကို တာ့တာပြခဲ့ကြသည်။
အချိန်တွေကုန်တာမြန်သည်။ ရူယီနှင့် အခြားသူများသည် အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းတွင် လုပ်ကိုင်ကြသည်။ နှစ်သစ်မှာ အားလပ်ရက်တွေ အများကြီး နေလို့မရနိုင်ကြပေ။ ဒီတစ်ခေါက်မှာတော့ သူတို့ မထွက်သွားခင် နောက်တစ်ရက်မှာ အားလပ်ချိန် ထပ်တိုးခဲ့သည်။
နှစ်သစ်ရဲ့ သုံးရက်မြောက်နေ့ဖြစ်ခဲ့သည်။ ဆိုင်ကိုပြန်ရောက်တော့ နောက်နေ့ စားသောက်ဆိုင်မဖွင့်ခင်မှာ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ရာမှာ တစ်နေကုန် ကုန်ဆုံးခဲ့ရသညိ။
ရထားလုံးက မြင်းကွင်းထဲမှထွက်ခွာသွားပြီးနောက် သူတို့ နှစ်ယောက် ပြန်လာခဲ့ကြသည်။
လွတ်နေတဲ့ အိမ်ကြီးကို ကြည့်လိုက်ပြီး နည်းနည်း အဆင်မပြေပေ။
ဒါပေမယ့် ဘဝက ဆက်သွားရဦးမည်။ နှစ်သစ်၊ ဘဝအသစ်။
"ကျွမ်းကျွမ်း၊ သန့်ရှင်းရေးလုပ်ကြရအောင်။"
“ဟမ်..…မေမေ…” ကျွမ်းကျွမ်းက ဒီစကားကိုကြားတော့ သူက သနားဖို့ တောင်းပန်လိုက်သည်။ “အိမ်က လုံးဝမရှုပ်နေပါဘူး။”
ရှောင်းကော တံမြက်စည်းကို ကိုင်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဒါအမှန်ပဲဆိုတာ သူမသဘောပေါက်သည်။ အိမ်က အရမ်းသပ်ရပ်သည်။ သန့်ရှင်းရေးလုပ်ဖို့ မလိုဘူး။
“ဒါဆို…” ရှောင်းကောလည်း ဘာမှမလုပ်ဘဲမနေချင်ပေ။ သူမ ထုပ်ပိုးနိုင်တဲ့ တစ်စုံတစ်ခု ရှိမရှိကို လှည့်ပတ်ကြည့်ခဲ့သည်။
"နားလိုက်ပါဦး မေမေရယ်"
ကျွမ်းကျွမ်းက ရှောင်းကောရဲ့လက်ကိုဆွဲကာ နောက်ခန်းထဲသို့ ဆွဲသွင်းလိုက်သည်။ သူမကို ကုတင်ပေါ်ဆွဲတင်ကာ ဖိနပ်ကိုချွတ်ပြီး ရေတစ်ခွက်လောင်းထည့်ပေးလိုက်သည်။
ရှောင်းကောက သူ့လုပ်ရပ်ကြောင့် အံ့အားသင့်သွားသည်။ ချစ်ဖို့ကောင်းလိုက်တာ။
“ရပြီ၊ မေမေ အိပ်ရာထဲမှာပဲ အေးအေးဆေးဆေးနေ”
သူ့မျက်နှာပေါ်တွင် ကျေနပ်နေတဲ့အကြည့်ဖြင့် ကျွမ်းကျွမ်းက ရှောင်းကောကို လှည့်ကြည့်လိုက်သည်။ "မေမေဖတ်ဖို့ စာအုပ်တစ်အုပ် ယူလာပေးမယ်"
အဲဒါနဲ့ သူထွက်ပြေးသွားသည်။
ရှောင်းကောက သူ့ကို မတားပေ။ သူမ ကူကယ်ရာမဲ့ ထိုင်ပြီး စာဆက်ဖတ်နေလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမမှာ အများကြီးလုပ်စရာ မရှိပေ။
နှစ်သစ်ကူးပြီးရင် အလုပ်ဆက်လုပ်ကြတဲ့သူတွေ၊ ဆွေမျိုးမိတ်သင်္ဂဟတွေဆီ သွားလည်ကြတဲ့သူတွေရှိသည်။ မစ္စစ်ယန်ပင်လျှင် လွန်ခဲ့သော ရက်အနည်းငယ်က အလုပ်များနေခဲ့သည်။ ရှောင်းကောကသာ ဘာမှလုပ်စရာမရှိသူတစ်ယောက်ပင်။ ဘာမှလုပ်စရာမရှိလို့ သူမတကယ်ကို အဆင်မပြေဖြစ်ခဲ့ရသည်။
ဒါကိုတွေးပြီး သူမ သက်ပြင်းချလိုက်သည်။ နှစ်သစ်မှာ သူမ ဘာလုပ်သင့်လဲ။
ကျွမ်းကျွမ်းက သူ့လက်ထဲတွင် စာအုပ်တစ်အုပ်နှင့်အတူ အမြန်ပြန်ပြေးလာသည်။
"ဘုရားရေ!"
စာအုပ်တွေကို အံ့သြစွာကြည့်ရင်း ရှောင်းကော ပါးစပ်ပွင့်သွားသည်။ အဲဒါတွေကို ပြီးအောင်ဖတ်ဖို့ ဘယ်လောက်ကြာမလဲ။
"အဟမ်း မေမေ အဆင်သင့်ဖြစ်ပြီလား"
ကျွမ်းကျွမ်းက သူ့အဝတ်အစားတွေကို သပ်ချပြီး ရှောင်းကောကို လေးနက်စွာ ကြည့်နေလိုက်သည်။
ရှောင်းကောက ခေါင်းညိတ်ပြပြီး အပြုံးလေးနဲ့ပြောလိုက်သည်။ "သား အဆင်သင့်ဖြစ်ပြီလား"
"စတော့!"
ကျွမ်းကျွမ်းက ချက်ချင်း ဇာတ်ကောင်ဖြစ်လာခဲ့သည်။ စာအုပ်တစ်အုပ်ကို ကောက်ယူပြီး စတင်ဖတ်ခဲ့သည်။ ရံဖန်ရံခါ၊ သူသည် ရှောင်းကောကို ကျောင်းသူလုပ်ခိုင်းပြီး သူက ဆရာတစ်ယောက်လိုပင်။
ရှောင်းကောသည် ကျွမ်းကျွမ်းနှင့် အကြိမ်များစွာ ကစားခဲ့ဖူးသည်။ အချိန်တိုင်း သူမက ကျောင်းသူအဖြစ် ဆောင်ရွက်နေချိန်၌ သူက ဆရာအဖြစ် ဆောင်ရွက်သည်။
ကျွမ်းကျွမ်း ယုံကြည်မှုလွန်ကဲစွာ စကားပြောနေသည်ကို မြင်သောအခါ ရှောင်းကော၏ မျက်လုံးများက တောက်ပလာသည်။ "မှန်တယ်!"
"ဟုတ်လား။ မေမေ၊ ဘာမှန်တာလဲ"
စာဖတ်နေသော ကျွမ်းကျွမ်းကို ရှောင်းကောက ရုတ်တရက် နှောင့်ယှက်ခဲ့သောကြောင့် သူ စိတ်ရှုပ်သွားသည်။
“မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး”
ရှောင်းကော ပြုံးပြီး ခေါင်းခါလိုက်သည်။ ကျွမ်းကျွမ်းသည် သူ့ကိုယ်သူ ပြန်လေ့လာရန် အဆင်သင့်ဖြစ်နေပြီကို မြင်ပြီးနောက် သူမဘာသာ တွေးလိုက်သည်။ "ဘာမှ လုပ်စရာမရှိဘူးလို့ ဘယ်သူပြောလဲ ကျွမ်းကျွမ်း နှစ်သစ်မှာ ကျောင်းတက်သင့်တယ်!"
သူမမှာဘာမှလုပ်စရာမရှိတာက ဘယ်လိုလုပ်ဖြစ်မှာလဲ။ ကျောင်းသွားတာ ကြီးကျယ်တဲ့ကိစ္စပဲလေ။ သူမမှာ လုပ်စရာများစွာရှိသည်။
စိတ်အားထက်သန်နေသော ရှောင်းကောသည် ကျွမ်းကျွမ်း စာဖတ်နေတာကို အနှောင့်အယှက်ပေးခဲ့သည်။ သူ့ရဲ့ပဟေဠိဖြစ်နေတဲ့အကြည့်တွေအောက်မှာ သူမက ပြုံးစိစိနဲ့။
"သား၊ မေမေ့အတွက် စုတ်တံ၊ စက္ကူနဲ့ စာအိတ် ပြင်ထားပေး"
"???" ကျွမ်းကျွမ်း အံ့အားသင့်သွားသည်။ သူ့ဖေဖေ့ဆီ စာတစ်စောင် ထပ်ရေးဦးမလို့လား။
တွေးရင်းနဲ့ သူ့စာအုပ်ကို ချက်ချင်းချလိုက်ပြီး ပစ္စည်းတွေယူဖို့ ဝမ်းသာအားရ ပြေးသွားသည်။ သူ့အဖေဆီ စာရေးဖို့ ဘယ်လို လွဲချော်သွားတာလဲ။ သူနဲ့ မျှဝေဖို့ ပျော်ရွှင်စရာကောင်းတာတွေ အများကြီးရှိသည်။
ရှောင်းကော စိတ်အားထက်သန်စွာဖြင့် အိပ်ရာမှထလိုက်သည်။ သူမက စားပွဲမှာထိုင်ပြီး ကျွမ်းကျွမ်း မရောက်ခင် လက်ဆန့်ခဲ့သည်။
သူမသည် စုတ်တံနှင့် မှင်ကို ကောက်ကိုင်လိုက်ပြီး စာရေးနိုင်စေရန် ကျွမ်းကျွမ်းအား စာရွက်အနည်းငယ် ပေးလိုက်သည်။
"ဖေဖေ့အတွက်လား"
ရှောင်းကော ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားသည်။ နောက်တော့ သူမ အဲ့တာကို သူ့ကို မရှင်းပြခဲ့မိတာကို သတိရသွားသည်။ သူမ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "မှန်တယ်!"
ကျွမ်းကျွမ်း ထိုစကားကိုကြားသောအခါ ဝမ်းသာအားရဖြင့် စာရွက်နှင့်အတူ အခြားအခန်းသို့ ပြန်ပြေးသွားခဲ့သည်။ သူအလွန်နှစ်သက်သော ဇီးသီးမှင်ကို တိတ်တဆိတ်အသုံးပြုကာ အနည်းငယ် ဂရုတစိုက် သွေးလိုက်သည်။ သူလိုအပ်တဲ့ပမာဏကိုသာ သေချာသွေးခဲ့သည်။ သူဘယ်အရာကိုမှ မဖြုန်းတီးချင်ပေ။
နှစ်ယောက်သား စာတွေကို သီးခြား အခန်းတွေမှာ ရေးခဲ့ကြသည်။ ကျွမ်းကျွမ်းက လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် စိတ်ဝင်စားဖွယ်အရာများအကြောင်း ရေးသားနေချိန်တွင် ရှောင်းကောက ကျွမ်းကျွမ်း ကျောင်းတက်မည့်အကြောင်းကို ရေးသားနေခဲ့သည်။
သခင်ကြီးခုံးက အကယ်ဒမီ(အထူးပညာရပ်သင်ကြားသည့်ကျောင်း) တစ်ခု ထူထောင်တဲ့အကြောင်း ကြားသိရတာကို မှတ်မိသေးပေမယ့် မှန်လားဆိုတာတော့ သူမ မသိပေ။ သခင်ကြီးခုံးသည် မြို့တော်တွင် ဧကရာဇ်မင်းမြတ်၏ ဆွေမျိုးများအတွက် ပညာသင်ကြားပို့ချနေချိန်ဖြစ်သောကြောင့် ကျန်းတန်းဟယ်က အဖြေရှာဖို့ ကူညီပေးနိုင်သည်။
ကျန်းတန်းဟယ်က ဤဖြတ်လမ်းကို အသုံးပြုခွင့်ရသောကြောင့် သူမသည် ၎င်းကို အသုံးပြုရမည်ဖြစ်သည်။ ဖခင်တစ်ယောက်အနေနဲ့ သူ့သားအတွက် လမ်းခင်းဖို့က သင့်တော်သည်။ ဒါပေမယ့် ကျန်တဲ့ခရီးကို ကျွမ်းကျွမ်း ကိုယ်တိုင် ခင်းရပေမည်။
ရှောင်းကောသည် နောက်ဆုံး စုတ်ချက်ကိုအဆုံးသတ်ခဲ့ပြီး အရာအားလုံးကို ရေးထားကြောင်း သေချာစေရန် နှစ်ခါ စစ်ဆေးခဲ့သည်။ ဘာမှမလွတ်သွားကြောင်းသေချာပြီးနောက် စာကိုခေါက်ပြီး စာအိတ်ထဲထည့်လိုက်သည်။
"ကျွမ်းကျွမ်း ရေးပြီးပြီလား"
သူ စာရေးပြီးသွားရင် စာတိုက်ကို အမြန်ဆုံးပို့ပေးမည်။ မိနစ်အနည်းငယ်မျှသာ ကွာခြားသော်လည်း သူမက စာပို့ရန် စိုးရွံ့နေသည်။
"မပြီးသေးဘူး ဖေဖေ့ကို ပြောစရာတွေ အများကြီးရှိသေးတယ်"
ကျွမ်းကျွမ်း အမြန်ပြန်ဖြေလိုက်သည်။ ရှောင်းကောက အများကြီး စိတ်လှုပ်ရှားနေသလောက် သူ့ကို အလျင်စလိုမတိုက်တွန်းခဲ့ပေ။
ဒါပေမယ့် ဒုတိယအတွေးတွင် ကျန်းတန်းဟယ် အတွက် သူမရေးထားတဲ့စာတွင် မစ္စတာခုန်းအကြောင်းမေးရန်သာ ရေးထားခဲ့သည်။ သူဘယ်လိုနေလဲ ဆိုတာကို သူမ မမေးခဲ့သလို အိမ်မှာရှိနေတဲ့ အရာတွေအကြောင်းကိုလည်း သူမ မပြောပြခဲ့ပေ။ အဲဒါက သူမအတွက် အတော်လေး အံသြစရာပါပဲ။ နှစ်သစ်ကို အိမ်နဲ့ဝေးရာမှာ သူတစ်ယောက်တည်း ဖြတ်သန်းနေရသည်။ အထီးကျန်ခြင်းဘေးမှာ သူကတော်တော်သနားစရာကောင်းသည်။
ရှောင်းကော စိတ်ထဲမှာ စိတ်မကောင်းဖြစ်မိပြီး အထီးကျန်နေတဲ့ ပုံရိပ်ကို တွေးကြည့်ရုံနဲ့ မတတ်နိုင်ခဲ့ပါဘူး။ အနည်းငယ်ချဲ့ကားခဲ့သော်ငြားလည်း သူမသည် ထိုအကြောင်းကို မတွေးတောဘဲ မနေနိုင်တော့ပေ။
မှောင်မည်းနေတဲ့အခန်းလေးထဲမှာ တစ်ယောက်တည်း ရပ်နေပြီး အ၀တ်ပါးပါးလေးဝတ်ကာ မီးရှူးမီးပန်းတွေကို ကြည့်နေရတဲ့သူ့ကို သူမ စိတ်ကူးယဥ်ကြည့်လိုက်မိသည်။ စားပွဲပေါ်တွင် စားကြွင်းစားကျန်တွေ ဒါမှမဟုတ် ဘာစားစရာမှကိုမရှိပေ။ ဒါကို တွေးပြီး ချက်ခြင်းပင် သူမ စိတ်မကောင်း ဖြစ်မိသွားသည်။
ထို့ကြောင့် သူမသည် ချက်ချင်း နောက်ထပ်စာတစ်စောင်ကို ထုတ်ကာ စရေးခဲ့သည်။ သူမစာပိုရေးခဲ့သည်။ ကျန်းတန်းဟယ် အတွက် သူမ အလွန်ဝမ်းနည်းမိသည်။
သူမစိတ်ထဲတွင် ထိုသနားစရာကောင်းသောပုံရိပ်နှင့်အတူ ရှောင်းကောမှာ အတွေးများဖြင့် ပြည့်နှက်နေသည်။ ကျွမ်းကျွမ်းက သူ့စာ အပြည့်အစုံကို သူမဆီ ပေးလိုက်သည့်တိုင် ရှောင်းကောမှာ စာရေးနေသေးသည်။ စုတ်တံကိုချပြီးနောက်တွင် မသိလိုက်ဘဲ စာမျက်နှာသုံးမျက်နှာလုံး ရေးထားမိသည်ကို ရုတ်တရက် သိလိုက်ရသည်။
သူမ အချိန်မဆွဲနေတော့ဘဲ ကျွမ်းကျွမ်းနဲ့ စာတိုက်ဆီသို့ သွားခဲ့သည်။ အပြန်လမ်းတွင် သူမ ပို၍ စိတ်သက်သာရာရလာသည်။
သနားစရာကောင်းတဲ့ ကျွမ်းကျွမ်းကတော့ လမ်းတစ်လျှောက်လုံး မရပ်မနား ရယ်မောနေ၏။ ရှောင်းကောက သူ့ကို ကျောင်းပို့ဖို့ အစီအစဉ်တွေ လုပ်နေတယ်ဆိုတာ သူသိရင် ရထားလုံးထဲမှာ သူ ရယ်နေမှာ မဟုတ်ပေ။
ယခုအချိန်တွင် ကျွမ်းကျွမ်းသည် ကျန်းတန်းဟယ်ဆီသို့ တတ်နိုင်သမျှ အမြန်ဆုံးစာတစ်စောင် ရောက်လာလိမ့်မည်ဟု မျှော်လင့်နေသည်။ ရှောင်းကော၏စာပါအကြောင်းအရာများကို သူသိသွားပါက၊ သူ ဆုတောင်းနေလိမ့်မည်။
–
တစ်ဖက်တွင်၊ သနားစရာကောင်းတဲ့ ကျန်းတန်းဟယ်က သူ့အိမ်တွင် အနားယူနေသည်။ နှစ်သစ်ကို ဖြတ်သန်းရသည်မှာ သူ့အတွက် ပင်ပန်းလှသည်။ ဒီနေ့က သူ့အိမ်တော်ကို ပထမဆုံးအကြိမ် ပြန်ခွင့်ရခဲ့တာ။ တစ်ဖန် သူသည် ရှောင်းကော၏ ရနံ့ရှိနေဆဲဖြစ်သော သူ့ကုတင်ပေါ်တွင် လှဲနေလိုက်သည်။
မှန်တယ်။ ရှောင်းကော ဒီကုတင်ပေါ်မှာ အိပ်ပြီးကတည်းက အိပ်ယာခင်းများနှင့် ခေါင်းအုံးစွပ်များကို မလဲဘဲ သူ အဲ့တာကို အလွန်မြတ်နိုးနေခဲ့သည်။
နားထောင်းရတာက အတော်လေး ရွံရှာဖွယ်ကောင်းသော်လည်း ကျန်းတယ်ဟယ်က သူ့တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အထူးအလေးအနက်ထားခဲ့သည်။ အရင်တုန်းကတော့ နှစ်ရက်တစ်ခါသုံးရက်တစ်ခါ မှ ရေချိုးသည်။ ရှောင်းကောနဲ့ ပြန်တွေ့ပြီးကတည်းက သူ နေ့တိုင်း ရေသေချာချိုးခဲ့သည်။ ရှောင်းကောက သန့်ရှင်းနေတာကို နှစ်သက်ကြောင်း သူသဘောပေါက်သောကြောင့်ဖြစ်သည်။ သူမနဲ့ သဟဇာတဖြစ်ဖို့အတွက် သူလည်း ဒီလိုပဲ လုပ်ရမည်။
အိပ်ရာမလဲတာကြာပြီဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်နေသေးသည်။ ဂရုတစိုက်နဲ့ အနံ့ခံကြည့်မယ်ဆိုရင် အိပ်ရာခင်းတွေပေါ်မှာ မွှေးကြိုင်တဲ့ ရနံ့တွေတောင် ရနိုင်သည်။
ကျန်းတန်းဟယ် အိပ်ပျော်သွားသည်နှင့် လီရှို့ကျီက သူ့အခန်းတွင်းရှိ ပစ္စည်းအချို့ကို ဖြုန်းတီးနေတော့သည်။
ကျန်းတန်းဟယ် မျက်လုံးကို တင်းတင်းမှိတ်ထားသည်။ နဖူးပေါ်ရှိ သွေးပြန်ကြောများက ဖောင်းပွလာသည်။ သူ လက်သီးတွေကို တင်းတင်းဆုပ်ထားသည်။
ထိုလူသည် ဧကရာဇ်မင်း၏ အထူးခွင့်ပြုချက်ဖြင့် စစ်စခန်းမှ လွတ်ငြိမ်းခွင့်ရရှိထားသည်။ ထို့ကြောင့် ကျန်းတန်းဟယ် ထိုကိစ္စကို ဘာမှ မလုပ်နိုင်ခဲ့ပေ။ သူ့အမူအကျင့်ကို ကြိမ်ဖန်များစွာ မျက်ကွယ်ပြုဖို့ ကြိုးစားခဲ့ဖူးသည်။ ဒါပေမယ့် ဒီနေ့တော့ သူ လုံးဝ သည်းမခံနိုင်တော့ပေ။
သူ့ကန့်သတ်ချက်တွေကို ရောက်သွားတဲ့အခါ သည်းခံနေဖို့ မလိုအပ်တော့ပေ။
သူထထိုင်ကာ ဖိနပ်ကိုစီးပြီး တံခါးကိုတွန်းဖွင့်ကာ လီရှို့ကျီ၏ အိမ်နောက်ဖေးသို့ တန်းတန်းသွားခဲ့သည်။
ချီးမွမ်းခံထားရသော လီရှို့ကျီသည် ကျန်းတန်းဟယ်၏ ကန့်သတ်ချက်များကို တစ်ဖန် တွန်းလှန်ခဲ့သည်။ တစ်ဖန် သူသည် သုံးကြိမ်တိုင်တိုင် ရိုက်နှက်ခံရပြီးနောက် လမ်းလျှောက်လို့ရကာ စားသောက်နိုင်နေဆဲဖြစ်ကြောင်း သူ့ခန္ဓာကိုယ်နှင့် သက်သေပြခဲ့သည်။