← Chapters

အခန်း (၂၆၉)

Vol. 18 Ch. 269

အခန်း (၂၆၉)

Vol. 18 Ch. 269

ကျန်းတန်းဟယ် စာကိုလက်ခံရရှိသောအခါတွင် သူ့အလုပ်ပြီးမြောက်ခဲ့သည်။ အဲ့တာက ရှားရှားပါးပါး အားလပ်ရက်ဖြစ်ခဲ့သည်။ တိုက်ဆိုင်စွာပင် စာတစ်စောင်ရောက်လာသည်။

အိမ်ထဲကို ပြန်ပြေးဖို့ သူ မစောင့်နိုင်တော့ပေ။ အထူးသဖြင့် ထူထဲသော စာအိတ်ကို ကြည့်လိုက်တော့ သူ့နှလုံးသားက ရွှင်လန်းမှုအပြည့်နှင့်။ အချိန်အတော်ကြာ စာပေးစာယူလုပ်ပြီးနောက် စာအိတ်ကိုဖွင့်စရာမလိုဘဲ ဘယ်သူရေးထားတယ်ဆိုတာ အလွယ်တကူ ပြောပြနိုင်ခဲ့သည်။

ရှောင်းကော၏စာကို စတုရန်းပုံစံ ခေါက်ထားပြီး ကျွမ်းကျွမ်း၏စာကို ထောင့်မှန်စတုဂံပုံစံ ခေါက်ထားသည်။ ဒါတွေကြည့်ပြီးရင် ပြောပြဖို့လွယ်သည်။

သူပထမဆုံးလုပ်ခဲ့တာက ကျွမ်းကျွမ်းရဲ့စာကိုထုတ်ပြီး ဘေးဖယ်ထားလိုက်တာပင်။

သူ ချက်ခြင်း ရှောင်းကော၏စာကို ပျော်ရွှင်စွာဖွင့်ကာ အစအဆုံး သေသေချာချာဖတ်ခဲ့သည်။ သူ စကားလုံးတိုင်းကို ဂရုတစိုက် ဖတ်ခဲ့သည်။

စာစုတစ်ခုကို ကိုင်ထားပြီး သူ ပြုံးပြီး ရှောင်းကောနှင့် ကျွမ်းကျွမ်းကို တမ်းတနေသည်။ သူအရမ်းပျော်သွားသည်။

စာကိုချပြီးတဲ့အခါ ဆရာကြီးခုံးအကြောင်း စဉ်းစားလိုက်မိသည်။ မစ္စတာခုံးသည် မကြာမီ အနားယူတော့မည်ဟု ရှောက်ကျန့်ပြောသံကို သူကြားသိခဲ့ရသော်လည်း ထိုအချိန်တွင် ၎င်းကို သူ စိတ်ထဲမထားမိခဲ့ပေ။ ဆရာကြီးခုံး၏ မွေးရပ်ဇာတိမှာ ရုံဟိုင် ခရိုင်တွင် တည်ရှိသည်။

သူ အခု သွားရှာရမှာ။

ကျန်းတန်းဟယ် စာကို ဖယ်ထားလိုက်ပြီး နှစ်လှမ်းဆုတ်ကာ ပြန်ထွက်သွားတော့မည်။ သူထိုင်ပြီး ဘေးနားက စာတစ်စောင်ကို ကောက်ယူလိုက်သည်။ ကျွမ်းကျွမ်း၏စာကိုဖတ်ဖို့ မေ့လုနီးပါးဖြစ်သွားခဲ့သည်။

ရှောင်းကော အတွက်သာ မျက်လုံးတွေရှိတဲ့ ကျန်းတန်းဟယ်က သူ့သားကို ဒုတိယနေရာမှာ ထားထားသည်။

သူ စာကို သေသေချာချာ ဖယ်ထားကာ တံခါးကိုပိတ်ပြီး နန်းတော်သို့ သွားရန် မြင်းကို ပြင်ဆင်ခဲ့သည်။

ဆရာကြီးခုံးက အသက်ကြီးနေပြီဖြစ်၍ ကျန်းမာရေးမကောင်းသဖြင့် အေးအေးဆေးဆေး အနားယူရန် ဇနီးဖြစ်သူအား ဇာတိမြို့သို့ ပြန်ခေါ်ဆောင်သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ကျန်းတန်းဟယ်က ရှောက်ကျန့် ကိုရှာပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုပြောမည်။ ထို့နောက် ဆရာကြီးခုံး ဘယ်နေရာမှာ ရှိနေသည်ကို သိသွားပြီး သူ့ကို လိုက်ရှာခဲ့သည်။

ဆရာကြီးခုံး၏ ကျန်းမာရေးနှင့် အဆင်ပြေစေရန်အတွက် ရှောက်ကျန့်သည် အိမ်ရှေ့စံမင်းသားနှင့် စာသင်ချိန်ခဏတာ အနားယူနိုင်ရန် မင်းသားလေး၏ စာဖတ်ခန်းတွင် သူ့အတွက် အထူးအခန်းကို ဆောက်လုပ်ပေးထားသည်။

ကျန်းတန်းဟယ်သည် ရှောက်ယိ ပြေးနေသည်ကိုမြင်ရန် သူအချိန်မီ စာဖတ်ခန်းသို့ ရောက်ရှိလာခဲ့သည်။

ကောင်လေးက ပြေးထွက်ပြီး ပထမဆုံးလုပ်ခဲ့တာက သူ့ကိုယ်သူ အပျင်းကြောဆန့်ဖို့ပါပဲ။ သူ ကျယ်လောင်စွာ သမ်းပြီး ခေါင်းယမ်းခဲ့သည်။ တိုက်ဆိုင်စွာပင် သူကျန်းတန်းဟယ်နဲ့ မျက်လုံးချင်းဆုံသွားသည်။

“...…”

သူတို့ မျက်လုံးချင်းဆုံသွားကြသည်။ တစ်ယောက်က ခံစားချက်မဲ့နေပြီး နောက်တစ်ယောက်ကတော့ သတိနဲ့ပြည့်နေသည်။

ရှောက်ယိက သူ့ခါးပေါ်ရှိ အိတ်ကို သတိထားပြီး ကိုင်လိုက်ကာ နောက်ကျောဘက်မှာ ဝှက်ထားလိုက်သည်။ "ငါ့ဥစ္စာကို ထပ်ပြီး လုယူဖို့ စဉ်းတောင်မစဥ်းစားနဲ့"

သူ မလှုပ်ဘူးဆိုရင် ကျန်းတန်းဟယ်က ဒါကို သတိထားမိမှာမဟုတ်ပေ။ ဒါပေမယ့် သူ့ခါးပေါ်ရှိ ပစ္စည်းကို ရွှေ့လိုက်သောအခါတွင် သူ တစ်စုံတစ်ခု ဖုံးကွယ်နေပုံရသည်။

"အဲဒါဘာလဲ"

ဝမ်ရှောက်ယိ ဒီစကားကိုကြားတော့ သူ ထိတ်လန့်သွားပုံရပြီး တံတွေးကို တိတ်တဆိတ်မျိုချလိုက်သည်။ 'ငါ ကောင်းကောင်းဝှက်နေတာကို သူဘယ်လိုလုပ်မြင်သွားတာလဲ'

“ဘာမှမဟုတ်ဘူး”

အဲဒါနဲ့ သူ လှည့်ပြီး အေးအေးဆေးဆေး ထွက်သွားဖို့ ကြိုးစားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ စာသင်လို့ ပြီးသွားပြီ။ အဒေါ် ကျစ်ရှက ဘာလို့ ဒီမလာသေးတာလဲ သူ မသိဘူး။ သူ အရင်ထွက်သွားသင့်တဲ့ပုံပဲ။

သူ အံ့သြနေတာကတော့ ကျန်းတန်းဟယ်က သူ့ကို မတားခဲ့ပေ။ သူ့ကို ကျော်ဖြတ်သွားရန် တမင်ဘေးကနေတောင်ဖြတ်သွားခဲ့သည်။

ရှောက်ယိ သူ့ကို သံသယနဲ့ ကြည့်ကာ သူ့ခြေထောက်တွေကို ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။ ကျန်းတန်းဟယ် ကိုဖြတ်လျှောက်သွားရန် ကြိုးစားသောအခါတွင် သူ အလွန်တောင့်တင်းနေခဲ့သည်။ သူ့လက်လေးတွေက အိတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ သူ့အနားကို လျှောက်သွားပြီးနောက် အနည်းငယ် စိတ်လျှော့ချလိုက်ပြီး အိတ်ပေါ်မှာ ဆုပ်ကိုင်ထားသည့်အားကို မသိစိတ်က ဖြေလျှော့လိုက်သည်။

ကျန်းတန်းဟယ်က သူ့ကို ကြည့်ပြီး တိတ်တဆိတ် ရယ်မောလိုက်သည်။ သူ့ဆီက အိတ်ကို အမြန်လုယူဖို့ အခွင့်အရေးယူလိုက်သည်။

ရှောက်ယိ တစ်ခုခုလွဲနေပြီဆိုတာ သိလိုက်ချိန်မှာတော့ အိတ်က ကျန်းတန်းဟယ်ရဲ့လက်ထဲမှာ ရှိနေပြီ။ ဤအခိုက်အတန့်တွင် သူသည် ၎င်းနှင့်ကစားနေပြီး စိစစ်နေသည်။

"ပြန်ပေး၊ ပြန်ပေး"

ရှောက်ယိက စိုးရိမ်တကြီး ခုန်ပြီး ပြန်ဆွဲယူဖို့ ကြိုးစားနေသည်။ သူလုပ်လိုက်သည်နှင့် ကျန်းတန်းဟယ်၏ ပေါင်ကို လက်သီးဖြင့်ထိုးလိုက်သည်။

ဟိုအရင်တုန်းက ကျန်းတန်းဟယ်ကို လူကောင်းတစ်ယောက်လို့ သူ ထင်ထားခဲ့တာ။ သူက အားနည်းတဲ့သူတွေကို လုယက်တဲ့သူအဖြစ် သူ အမှန်တကယ်ပင် မမျှော်လင့်ထားခဲ့ပေ။ သူ့ဥစ္စာကို အမြဲလုယက်သည်။ သူ့အစားအသောက်တွေကို ခိုးယူတာတစ်ခုပဲ၊ ဒါပေမယ့် အခု အိတ်ထဲမှာတောင် သူ့ရဲ့ စိတ်ကူးယဉ်မှုကို ဖမ်းမိသွားပါပြီ။ သူ ဘယ်လောက်ကံမကောင်းလိုက်လဲ။

ကူကယ်ရာမဲ့စွာနဲ့ ရှောက်ယိက သူ့ဗိုက်ကို ထိုးဖို့ကြိုးစားပေမယ့် မလုပ်နိုင်ခဲ့ပါပေ။ သူ့ပေါင်ကို ထိုးရုံသာ လုပ်နိုင်ခဲ့သည်။

ကျန်းတန်းဟယ်က သူ့အင်အားအနည်းငယ်ကို လုံးဝအလေးအနက်မထားပေ။ သူ့ရဲ့ ခွန်အားက ရှောင်းကော ထက် အများကြီး မပြင်းထန်ပေ။ အဲဒီအစား ကလိထိုးနေသလို ခံစားရသည်။

ဒီဇိုင်းကိုကြည့်ရင် ပန်းထိုးခြင်းအကြောင်း သူ သိပ်မသိပေမယ့် ရှောင်းကော ဖန်တီးထားတဲ့ဟာဆိုတာ သေချာသည်။

ဆန်းသစ်တဲ့ ဒီဇိုင်းဆိုရင် ရှောင်းကောကလွဲပြီး တခြားဘယ်သူက ချုပ်နိုင်မှာလဲ။ ကျန်းတန်းဟယ်က အဲ့တာကိုသူ့လက်ထဲမှာ ကိုင်ထားပြီး ခဏလောက် သဘောကျသွားသည်။ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ ရှောင်းကော ဖန်တီးထားတာဖြစ်သရွေ့တော့ သူပိုင်ဆိုင်ရမှာပဲ။

ရှောက်ယိ လက်သီးချက်ကြောင့် ပင်ပန်းလာသည်။ သူ ခန္ဓာကိုယ်ကို ကိုင်းပြီး ပြင်းပြင်းထန်ထန် မောဟိုက်နေသည်။ သူ့နှလုံးသားထဲမှာ အိတ်တစ်လုံးအတွက် ဝမ်းနည်းနေမိသည်။ ကြည့်လိုက်ရင် သူပြန်ရနိုင်မယ်လို့ မထင်ဘူး။ ဒါပေမယ့် အဓိပ္ပါယ်မရှိဘူး။ ဒါကိုတွေးပြီး ရှောက်ယိရဲ့ မျက်လုံးတွေ နီရဲလာသည်။ ဒါက သူ့အတွက် လက်ဆောင်တစ်ခုပင်။ ကျန်းတန်းဟယ်က အဲ့တာကို ဘာကြောင့် သိမ်းရတာလဲ။ သူ ဒါကို တွေးလေလေ ဒေါသပိုထွက်လေလေပဲ။ သူ့လက်သေးသေးလေးတွေကို တင်းတင်းဆုပ်ထားလိုက်သည်။

ကျန်းတန်းဟယ်က အိတ်ကို ကောင်းကောင်း ကြည့်နေခဲ့သည်။ သူယူသွားချင်ပေမယ့်လည်း ဒါက ရှောင်းကော ဆီကနေ ရှောက်ယိ အတွက် လက်ဆောင်ဖြစ်နေတုန်းပဲ။ ဒါကို သူ့ဆီက ယူသွားရင် ယုတ္တိမရှိပေ။ ထားလိုက်တော့၊ သူ့ကို ပြန်ပေးသင့်သည်။

ကျန်းတန်းဟယ် စိတ်ပျက်နေသော ကောင်လေးအား အိတ်ကို ပေးလိုက်သည်။ ဖော်ရွေဖို့ကြိုးစားရင်း သူ တမင်ခါးကိုင်းလိုက်သည်။ "ရော့...…"

"အာ။ တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး..."

ရှောက်ယိက သူ့လက်သီးတွေကို ဆုပ်ထားရင်း မြေပြင်မှာ အမြစ်တွယ်နေခဲ့သည်။ နာကျင်နေသောလူကိုကြည့်ကာ သူ အလွန်နောင်တရသွားသည်။ ကျန်းတန်းဟယ် ရုတ်တရက် ခါးကိုင်းသွားဖို့ သူတကယ်မမျှော်လင့်ခဲ့ပေ။ သူ သိခဲ့မယ်ဆိုရင် သူ့ကို ထိုးမိမှာ မဟုတ်ဘူး။သူ မထိုခဲ့ရင် အဲဒီနေရာကို ထိမှာမဟုတ်ဘူး...

ကျန်းတန်းဟယ် နာကျင်စွာဖြင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ့မျက်နှာက မှင်များကဲ့သို့ မည်းမှောင်လာသည်။ နဖူးပေါ်ရှိ သွေးပြန်ကြောများ ဖောင်းလာပြီး အေးစက်သော ချွေးများက သူ့ပုခုံးပေါ် ဝဲကျလာသည်။

သူအမှားတစ်ခုခုလုပ်မိကြောင်းဘသိလိုက်ရသဖြင့် ရှောက်ယိက အေးခဲနေသောလက်ထဲမှ အိတ်ကို လုယူလိုက်ပြီး ပြောခဲ့သည်။ "သွားတော့မယ်" ပြီးတော့ သူထွက်ပြေးခဲ့သည်။

ကျန်းတန်းဟယ်မှာ သူ၏ နာကျင်မှုကို အမှန်တကယ် မဖော်ပြနိုင်ပေ။ ပြင်းထန်သော နာကျင်မှုကို သက်သာစေရန် အသက်ပြင်းပြင်းရှူဖို့ အစွမ်းကုန် ကြိုးစားနိုင်ခဲ့သည်။ သူမှားသွားသည်။ တကယ့်နေရာကို ထိသွားသောအခါ ရှောက်ယိ၏ ခွန်အားအနည်းငယ်က ကြီးမားသော နာကျင်မှုကို ဖြစ်စေနိုင်သေးသည်။

ရှောက်ယိ နောက်ပြန်လှည့်ကြည့်လိုက်သည်။ ကြောက်လန့်တကြားနဲ့ ဖြတ်သွားသော မိန်းမစိုးကို ဖမ်းကိုင်လိုက်သည်။

"အရှင့်သားကို ဂါရဝပြုပါတယ်"

"ကောင်းပြီ၊ကောင်းပြီ။ တစ်ခုလောက်မေးပါရစေ။ ကျွန်တော် ခင်များရဲ့ ဒီနေရာကို မတော်တဆ ထိုးလိုက်မိရင် ခင်များ နာမှာလား။"

သူစကားပြောနေစဉ် ရှောက်ယိက သူ့ပေါင်ကြားကို ညွှန်ပြခဲ့သည်။

“အဲ့ဒါက…”မိန်းမစိုးမှာ စကားလုံးပျောက်ဆုံးသွားပုံရသည်။ "ကျွန်တော်မျိုး ငယ်ငယ်လေးကတည်းက နန်းတော်မှာ နေခဲ့ရတာ ပြီးတော့ ကျွန်တော်မျိုးမှာ အဲဒါမရှိဘူး..."

ထိုစကားကိုကြားသောအခါ ရှောက်ယိ အံ့ဩသွားသည်။ "သူ့မှာ အဲဒါမရှိဘူးလား" အောက်ကို ငုံ့ကြည့်လိုက်ပြီး မိန်းမစိုးကို မေ့လိုက်တော့ဖို့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"အဲ့တာက မနာလောက်ဘူး။ နောက်ဆုံးတော့ ငါ့မှာ ခွန်အားတွေမှ သိပ်မရှိတာ၊ အသားကိုထိတာနဲ့ မကွာခြားလောက်ပါဘူး။ သူ့ခြေထောက်ကို ထိုးလိုက်တာကြာပြီလေ ၊ ဒါပေမယ့် သူ့ဆီက ဘာတုံ့ပြန်မှုမှ မတွေ့ဘူး။ နောက်ပြီး စစ်သူကြီးကျန်းက အရမ်းသတ္တိရှိပြီး သန်မာတာပဲ။ သူက ရိုက်နှက်တာကို တော်တော်ခံနိုင်ရည်ရှိရမယ်။"

သူ့ကိုယ်သူ နှစ်သိမ့်နေသော ရှောက်ယိမှာ ကျန်းတန်းဟယ်၏ နာကျင်သောအမူအရာကို မသိစိတ်မှ လွတ်သွားခဲ့သည်။

အထီးကျန်နေသော ကျန်းတန်းဟယ်သည် နာကျင်မှုမှ ပြန်ကောင်းမွန်ရန် အချိန်အတော်ကြာယူခဲ့ရသည်။

အနောက်ကနေ တစ်ယောက်ယောက် ခေါ်သံကြားတော့ သူထတော့မည့်အချိန်ဖြစ်သည်။

ကျန်းတန်းဟယ် အံ့အားသင့်သွားသည်။ ဖြည်းညှင်းစွာ လှည့်လိုက်၍ တည်ငြိမ်သော လေသံဖြင့် နှုတ်ဆက်ရန် ကြိုးစားခဲ့သည်။ "ဆရာကြီး ခုံး"

ဆံပင်ဖြူပြီး မုတ်ဆိတ်မွေးနဲ့ အဘိုးကြီးတစ်ယောက်က သူ့လက်သီးနဲ့ လက်ဝါးတစ်ဖက်ကိုညင်သာစွာ အုပ်ပြီး နှုတ်ဆက်ခဲ့သည်။ ဒါကိုမြင်တော့ ကျန်းတန်းဟယ်က သူ့ရဲ့နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ အမြန်ပြန်နှုတ်ဆက်လိုက်သည်။ နောက်ဆုံးတွင် သူသည် အိမ်ရှေ့စံမင်းသားကို သင်ကြားရန် ဧကရာဇ် ဖိတ်ကြားထားသော ဆရာတစ်ဦးဖြစ်သည်။ ဧကရာဇ်ကိုမြင်လျှင်ပင် သူက ဦးညွှတ်နေစရာမလိုပေ။

ဆရာခုံး၏ မူရင်းနာမည်မှာ ခုံးပန် ဖြစ်သည်။ အသက် ခုနစ်ဆယ်ကျော်နေပြီဖြစ်၍ အနားယူသင့်နေပြီ။ ဧကရာဇ် ရှောက်ကျန့်သည် အိမ်ရှေ့စံမင်းသား၏ ဆရာအဖြစ် အငြိမ်းစားယူရန် ဖိတ်ကြားခဲ့သည်။ အခုတော့ ကျန်းမာရေးကြောင့် အနားယူဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။

ရှောက်ကျန့်မှာ သူ့ကို သူ့မွေးရပ်မြေသို့ ပြန်သွားရန် သဘောတူမှလွဲ၍ ရွေးချယ်စရာမရှိပေ။

ဒါပေမယ့်လည်း မစ္စတာခုံး၏သား ခုံးနီကလည်း ဒဏ္ဍာရီဆန်သူဖြစ်သည်။ နောင်တွင် အိမ်ရှေ့စံမင်းသား ရှောက်ယိကို သူ့လက်သို့ လွှဲပြောင်းပေးလိမ့်မည်။

ဒါလည်း ရှောက်ကျန့်က ဆရာ ခုံးရဲ့ တောင်းဆိုချက်ကို လိုက်လျောညီထွေဖြစ်စေတဲ့ အကြောင်းရင်းလည်း ဖြစ်သည်။

"စစ်သူကြီး၊ ကျွန်တော့်ကိုဘာလို့ရှာနေတာလဲ"

ဆရာခုံးက အသက်ကြီးပေမယ့် မျက်လုံးက ထက်မြက်သည်။ သူနဲ့ ပတ်သက်မှု မရှိတဲ့သူက အခု သူ့ကို ဒီမှာ စောင့်နေသည်။ စစ်သူကြီးစိတ်ထဲမှာ တစ်ခုခုတော့ ရှိရမည်။

ဒါပေမယ့် သူက အသက်ကြီးနေပြီဖြစ်သောကြောင့် ယိမ်းထိုးကာ လမ်းလျှောက်လာခဲ့သည်။

“ဆရာကြီး၊ ဆရာကြီးက အရမ်းမြင်နိုင်တာပဲ။” ကျန်းတန်းဟယ် သူ့ဘေးနားသို့ တိတ်တဆိတ်သွားပြီး သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

မစ္စတာခုံးက ဘာမှမပြောဘဲ အဲဒီလူပြောလာတာကို စောင့်နေသည်။ ထို့နောက် သူတို့ ဝေါယာဥ်ဆီသို့ တိတ်တဆိတ် လျှောက်သွားခဲ့ကြသည်။

All Chapters