အခန်း (၂၇၀)
Vol. 18 Ch. 270
မစ္စတာခုံးရဲ့ ခြေထောက်တွေက အားနည်းနေသဖြင့် ရှောက်ကျန့်သည် အထူးအားဖြင့် နန်းတော်တွင်းသို့ ဝင်ထွက်ခွင့်ကို ဝေါယာဥ်ပြင်ပေးထားသည်။ ဒါပေမယ့် စာသင်ခန်းအပြင်ဘက်တွင် ဝေါယာဥ်ကို ရပ်ရန် အဆင်မပြေသောကြောင့် အခြားဝင်ပေါက်တွင်သာ ထားရှိနိုင်သည်။
ကျန်းတန်းဟယ်က ဆရာ ခုံးကို အရှိန်နှေးစွာ ကူညီပေးခဲ့သည်။ "ဆရာကြီး၊ နွေဦးကုန်ရင် ဆရာကြီးရဲ့မွေးရပ်မြေကို ပြန်မယ်လို့ကြားတယ်။ ဆရာအကူအညီလိုအပ်ရင် ကျွန်တော့်ကိုပြောပါ"
“ကောင်းလိုက်တာ၊ စစ်သူကြီးရဲ့ စကားကြောင့် ကျွန်တော် တော်တော် စိတ်သက်သာရာ ရသွားပြီ”
မစ္စတာခုံး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ကျန်းတန်းဟယ်၏နှလုံးက နစ်မြုပ်သွားသည်။ သူ့စကားနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်ရှိတယ်လို့ သူ ဘာကြောင့် ခံစားနေရတာလဲ။
!!
"စစ်သူကြီး၊ စစ်သူကြီး စကားစမပြောတော့ဘူးဆိုရင် ကျွန်တော် ဝေါယာဥ်ပေါ်တက်တော့မယ်။"
မစ္စတာခုံးက ရပ်ပြီး ကျန်းတန်းဟယ်ကို ပြုံးပြခဲ့သည်။
ကျန်းတန်းဟယ်ရဲ့စိတ်ကိုဖောက်ထွင်းမြင်လိုက်ရခြင်းအတွက် သူအဆင်မပြေသလို မခံစားရပေ။ သူ ပြုံးရုံသာပြုံးလိုက်သည်။ "တကယ်တော့ ကျွန်တော့်မှာ ဆရာကြီးကို မေးချင်တဲ့မေးခွန်းတစ်ခုရှိပါတယ်"
"အိုး.....မေးပါ"
မစ္စတာခုံး အံ့အားသင့်သွားသည်။ တကယ်ဆို စစ်သူကြီးက သူ့ကို ရှင်းပြဖို့ လိုအပ်တာ တစ်ခုခုတော့ရှိသည်။ အဲဒါက ထူးဆန်းသည်။
"ဆရာကြီး ရုံဟိုင်ခရိုင်ကို ပြန်သွားမယ်လို့ ကြားတယ်။ ကျွန်တော့်မိသားစုလည်း ရုံဟိုင်ခရိုင်မှာနေကြတာ "
“အိုး.. တိုက်ဆိုင်လိုက်တာ”
ကျန်းတန်းဟယ် ပြုံးလိုက်သည်။ "ရိုးသားစွာနဲ့ ပြောရမယ်ဆိုရင် ဆရာကြီး၊ ကျွန်တော့်မှာ အိမ်မှာ မိန်းမနဲ့ သားတစ်ယောက် ရှိပါတယ်။ ကျွန်တော့်သားက ကျောင်းတက်တဲ့ အရွယ်ကို ရောက်နေပြီ။ ကျွန်တော့်မိန်းမက ဒီကိစ္စကို စိတ်ပူနေပြီး သင့်တော်မယ့် ဆရာကို ရှာမတွေ့သေးဘူး"
ကျန်းတန်းဟယ် ပြောပြီးသွားသောအခါ သူ ရပ်လိုက်သည်။ သူ ဘာမှ ထပ်မပြောတော့ပေ။ ဒီနေရာကို ရောက်ရင် ကျန်တာတွေ ရှင်းရမည်။
မစ္စတာခုံးက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်လိုက်ပြီး မျက်လွှာချလိုက်သည်။ “နောက်လ ပထမလမှာ ကျွန်တော် တရားဝင်နုတ်ထွက်ပြီး မြို့တော်ကနေ ထွက်သွားတော့မှာ”
ထို့ကြောင့် ကျန်းတန်းဟယ်က မတုံ့ပြန်မီ ဝေါယာဥ်ဘေးရှိ အစေခံအား လက်ဝှေ့ယမ်းကာ သူ့ကို ကူညီခိုင်းခဲ့သည်။
ဝေါယာဥ် ထွက်သွားတာကို ကြည့်ရင်း ကျန်းတန်းဟယ် ပြုံးလိုက်သည်။ ဒီအချိန်မှာတော့ ကိစ္စတွေက အလားအလာကောင်းတွေ ရှိနေသည်။ ဒါပေမယ့် ထွက်ခွာမယ့်ရက်က သူဘာကိုဆိုလိုတာလဲ။
ကျန်းတန်းဟယ် စိတ်ရှုပ်သွားပြီး ရှောက်ကျန့်ရဲ့ နန်းတော်ဆီသို့ လျှောက်သွားခဲ့သည်။ ၎င်းကို သူကိုယ်တိုင် မသိနိုင်သောကြောင့် လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းရန် ခေါင်းနှစ်လုံးက ကူညီပေးနိုင်သည်။
မမျှော်လင့်ဘဲ ရှောက်ကျန့်က ကျယ်လောင်စွာ ရယ်မောခဲ့သည်။
ကျန်းတန်းဟယ်က သူနှင့်ဝေးရာမှာ ရပ်လိုက်ပြီး နားရွက်တွေကို ပွတ်သပ်လိုက်သည်။ ပီတိတဖွားဖွားဖြစ်နေသော အမျိုးသားကို သူ သူစကားမပြောနိုင်ဘဲ ကြည့်နေ၏။
"မင်း ဟားဟား..." ရှောက်ကျန့်က သူ့ပုံရိပ်ကို ဂရုမစိုက်ဘဲ စားပွဲခုံကို ရိုက်ခဲ့သည်။ "မင်းကတော့သေပြီ!"
"ဘာလို့အဲ့လိုပြောတာလဲ။"
ကျန်းတန်းဟယ် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ သူ ဘာကို ဆိုလိုတာလဲ။
"အချိန်တန်ရင် မင်းသိလာမှာပါ" ရှောက်ကျန့်က သူ့ကို စိတ်ထင့်အောင်ဆက်လုပ်ဖို့ ကြိုးစားနေသည်။ ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ "စကားမစပ်၊ အဲဒီနေ့မှာနားလိုက်။ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေဝတ်ပြီး အဲဒီနေ့မှာ အစားများများစား"
ရှောက်ကျန့်ရဲ့ စကားတွေက ကျန်းတန်းဟယ်ရဲ့ စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ သူ့ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ခန်းမဘက်ကို ပြန်ကြည့်ခဲ့သည်။ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ နက်ရှိုင်းလာသည်။ သူ ဘာကို ဆိုလိုတာလဲ။
သူအိမ်တော်သို့ ပြန်ရောက်သောအခါ ပထမဆုံးလုပ်ခဲ့သည်မှာ ရှောင်းကောဆီသို့ စာတစ်စောင်ရေးရန်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မစ္စတာခုံးနှင့် ရှောက်ကျန့် တို့ပြောနေသည်ကို သူနားမလည်ပေ။ ဒါပေမယ့် သူတစ်ခုတော့ သိသည်။ ရှောင်းကောက မစ္စတာခုံး ရုံဟိုင် ကောင်တီသို့ ပြန်လာ မလာကိုအတည်ပြုပေးရန် သူ့ကို တောင်းဆိုထားသည်။ ခုတော့ သူ့မှာ အဖြေတစ်ခုရခဲ့သည်။
ထို့အပြင် ယနေ့တွင် ကျွမ်းကျွမ်းနဲ့ ပတ်သက်သောအကြောင်းအရာကိုတင်ပြခဲ့သည်။ မစ္စတာခုံးက ဉာဏ်ကောင်းသလောက် သူ့စကားရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို သူ နားမလည်နိုင်ခဲ့ပေ။ မစ္စတာခုံးက တိုက်ရိုက် အကြောင်းပြန်တာ မဟုတ်ဘူး ဆိုတော့ သူသဘောတူတဲ့ အခွင့်အလမ်း ရှိလာနိုင်သည်။
ဒါပေမယ့် ဤကိစ္စနှင့်ပတ်သက်၍ သူတို့ မစ္စတာခုံးကို အနှောင့်အယှက် ပေးနေသည်မှာ အမှန်ပင်။ ဒီအသက်အရွယ်မှာ အငြိမ်းစားယူရမှာကို သူ ပျော်နေသင့်ပေမယ့် အခု ကလေးတစ်ယောက်ကို သင်ပေးဖို့အတွက် သူ့အကူအညီကို ရှာနေကြသည်။ ဒါကို သာမန်လူတွေက သဘောတူမှာ မဟုတ်ပေ။
"လီရှို့ကျီ "
အိမ်နောက်ဖေးမှာ ကျန်းတန်းဟယ်က သူ့မျက်လုံးအောက်မှာ ညိုမည်းနေတဲ့စက်ဝိုင်းတွေရှိနေတဲ့သူကို တွေ့ပြီး လှမ်းအော်လိုက်သည်။ မထင်မှတ်ပဲ၊ သူ လုံးဝ မလှုပ်ခဲ့ပေ။
ခဏအကြာတွင် လီရှို့ကျီ မလှုပ်ရှားသေးသည်ကို မြင်သောအခါ ကျန်းတန်းဟယ် စိတ်မရှည်လာတော့ပေ။ သူ့ကိုကိုင်မြှောက်လိုက်ပြီး တစ်ဖက်လူက အသနားခံလာပြီးမှသာ သူ့ကို ချပေးလိုက်သည်။
"မင်းစောစောတုန်းက ဘာလုပ်နေတာလဲ"
ကျန်းတန်းဟယ် သူရဲဘောကြောင်တဲ့လူကို တစ်ချက်ကြည့်လိုက်သည်။
လီရှို့ကျီက သူ့အဝတ်တွေကို ပုတ်ခါပြီး သူ့လက်ကို ဆန့်လိုက်သည်။ “အဲ့တာငါ့ကို ပေး”
ကျန်းတန်းဟယ် မျက်မှောင်ကြုတ်ပြီး သူ့လက်ကို ရိုက်ချလိုက်သည်။ "ဘာလဲ"
“အား!”လီရှို့ကျီ က သူ့ညာဖက်လက်ကို အုပ်ပြီး စိတ်ထိခိုက်စွာနဲ့ပြောလိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ငါ စာကိုကူပြီးပို့ပေးမို့"
စာကိုမြင်တာနဲ့ သူ့အတွက် ဒီအလုပ် လုပ်ရမယ်ဆိုတာကို သူသိနေသည်။ ကျန်းတန်းဟယ်ရဲ့ အရိုက်ခံရတုန်းပဲလို့ တွေးလိုက်မိသည်။ “ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလိုက်လဲ။”
"အိုး မင်းအဲလိုလုပ်စရာမလိုဘူး ငါကိုယ်တိုင်လုပ်နိုင်တယ်" ကျန်းတန်းဟယ်က စာကို ဝှေ့ယမ်းပြီး သူ့ရင်ခွင်ထဲ ထည့်လိုက်သည်။ "ငါ ဒီကို တခြားအကြောင်းပြချက်နဲ့ လာတာ"
"ဘာလဲ"
“နောက်လ ပထမလမှာ လေ့ကျင့်မှုတစ်ခုရှိသေးတယ်။ အဲဒါကို ငါ့ကိုယ်စား မင်းတက်ရောက်ပေး”
"ဒါဆို မင်းက ဘယ်သွားမလို့လဲ"
လီရှို့ကျီ မျက်လုံးတွေ ပြူးကျယ်သွားသည်။ “အဲဒါက ထူးဆန်းတယ်။ သူ ဒီလို စစ်ရေးလေ့ကျင့်မှုကနေ ဘယ်တုန်းက ပျက်ကွက်ဖူးလို့လဲ၊ ဒီလို အရေးကြီးတဲ့ ဖြစ်စဥ်ကနေ သူ့ကိုယ်သူ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ စဉ်းစားနေတာ၊ ဒါက တကယ်ကို အထူးအဆန်းပဲ။”
"ကိစ္စတစ်ခုရှိလို့"
ကျန်းတန်းဟယ်က သူ့ကို လက်သီးနဲ့ထိုးပြီး လှည့်ထွက်သွားသည်။ ထွက်လာတဲ့ လမ်းမှာ သူက နောက်ပြန်မလှည့်ကြည့်ဘဲ ပြောခဲ့သည်။ “ဒီည ငါ မင်းကို ဝယ်တိုက်မယ်”
ထိုစကားကို ပြောပြီးနောက် သူ ထွက်သွားခဲ့သည်။
ထွက်သွားသောပုံစံကိုကြည့်ရင်း လီရှို့ကျီ ပြုံးလိုက်သည်။ "ကျစ်၊ ငါဒီညတော့ သေချာပေါက်ဗိုက်ဖြည့်ဖို့ သောက်ရမယ်!"
—-
ရှောင်းကောက အိမ်လုပ်ပြက္ခဒိန်ကို ကြည့်ပြီး အမှတ်အသားပြုထားသည့် စာမျက်နှာသို့ လှန်ကြည့်လိုက်သည်။ နေ့ရက်တွေကို ရေတွက်ပြီး အချိန်နှောင်းလုနီးပါး ဖြစ်နေပြီဆိုတာ သူမ သိလိုက်ရသည်။ မနက်ဖြန်မတိုင်မှီ သူမ အဲ့တာကိုပို့ပေးရမည်။
"ကျွမ်းကျွမ်း၊ မြန်မြန်လုပ်၊ မေမေတို့ရဲ့ အစီအစဉ်တွေကို မြန်မြန်လုပ်ရမယ်။ မဟုတ်ရင် မေမေတို့ အချိန်မီ ပြီးမှာ မဟုတ်ဘူး။"
ကျွမ်းကျွမ်းက ခေါင်းထွက်လာပြီး ရှောင်းကောကို ကြည့်ခဲ့သည်။ "သားတို့မှာ အချိန်ကျန်သေးတယ်လို့ထင်တယ်"
"အဲဒါ လွန်ခဲ့တဲ့ သုံးရက်လောက်က"
ရှောင်းကောသည် သူမလက်ထဲရှိ အပ်များနှင့် ချည်မျှင်များကို အရူးအမူး ထုပ်ပိုးနေသည်။ သူမမှာ ချုပ်ရိုးတစ်ခု လိုနေသေးသည်။ အစောပိုင်းက သူမသည် အလျင်လိုစရာမလိုဘူးဟု ပြောသေးသည်။ ပြက္ခဒိန်ကို သူမ မစစ်ဆေးခဲ့ရင် သူတို့နောက်ကျနေလိမ့်မည်။
ထိုစကားကိုကြားသောအခါ ကျွမ်းကျွမ်း ထိတ်လန့်သွားသည်။ သူ ပြက္ခဒိန်ကိုကြည့်ဖို့ ပြေးလာပြီး သူ့လက်ချောင်းတွေနဲ့ ရေတွက်ခဲ့သည်။ တကယ်ကို နောက်ကျနေပြီဆိုတာ သူသဘောပေါက်သွားသည်။
" ရှောက်ယိရဲ့မွေးနေ့ကို နောက်နှစ်ရက်မှ ကျင်းပလို့ရနိုင်လား"
သူ့ရဲ့စိုးရိမ်စိတ်ကြောင့် ကျွမ်းကျွမ်း စတင် ငိုသွားပါတော့သည်။
“အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။” ရှောင်းကောက သူမ၏ အပ်ထိုးအလုပ်ကို ချလိုက်ပြီး သူ့ကို နှစ်သိမ့်ပေးခဲ့သည်။ ထို့နောက် သူမ ရွှတ်နောက်နောက်နဲ့ပြောလိုက်သည်။ "သား စောစောတုန်းက စိတ်မပူနေဘူး ထင်တယ်နော်။သားပြောနေတာ မေမေကြားလိုက်တယ်... အိုး အချိန်ရှိသေးတယ်တဲ့"
ရှောင်းကောက ကျွမ်းကျွမ်း၏ လေသံကို အတုယူခဲ့သည်။ ကျွမ်းကျွမ်းသည် ထိုစကားကိုကြားသောအခါ ရှက်ရွံ့သွားသည်။ သူ ရှက်ကိုးရှက်ကန်းနဲ့ပြောလိုက်သည်။ “မေမေ့လိုပဲ သား တွက်တာ မှားသွားတာဖြစ်မယ်”
အဆုံးတွင် ရှောင်းကောလည်း ပါဝင်ပတ်သတ်ခဲ့သည်။ သူမ စကားမပြောနိုင်ဖြစ်သွားသည်။ တကယ်တော့ သူပြောတာမှန်သည်။ သူမ အမှားလုပ်မိခဲ့သည်။
နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောဖြစ်ခဲ့ကြသည်။ အဆုံးသတ်ဖို့ အပြီးလုပ်ရန် တစ်ယောက်ကိုတစ်ယောက် အပြေးအလွှား သွားခဲ့ကြသည်။ နောက်ဆုံးတော့ လက်ဆောင်က နောက်နေ့မနက်မှာ ပြီးသွားခဲ့သည်။ ထုပ်ပိုးပြီးတာနဲ့ စာတိုက်ကို ပို့ပေးခဲ့သည်။
အပြန်လမ်း၌...
"မေမေ၊ သားတို့ ဘယ်တော့မှ ကောက်ညှင်းဆုပ်စားကြမှာလဲ"
"စောသေးတယ်၊ သုံးရက်အတွင်း မေမေတို့ စားရမှာပေါ့"
ရှောင်းကော သူ့ နဖူးကို အသာအယာပုတ်လိုက်သည်။ ဒီကလေးက နေ့တိုင်းစားဖို့ပဲ စဉ်းစားနေတာ။ မီးပုံးပွဲတော်အကြောင်း စဉ်းစားဖို့က စောနေသေးသည်။
ကျွမ်းကျွမ်း ခေါင်းငုံ့လိုက်သည်။ "လုပ်ပါ၊ မီးပုံးပွဲတော်၊ မြန်မြန်ရောက်ပါစေ" သူသည် ကောက်ညှင်းဆုပ်ကို တောင့်တနေသည်။
ရှောင်းကော သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။ အကယ်၍ ကျွမ်းကျွမ်းသည် ကောက်ညှင်းဆုပ်များအကြောင်းကို မပြောခဲ့ပါက သူမ ၎င်းကို လုံးဝ မေ့သွားလိမ့်မည်။ ကောက်ညှင်းဆုပ်စားရတဲ့အကြောင်း ပြောရရင် သူမ ဝယ်တောင်မဝယ်ရသေးပေ။ သူတို့အိမ်မှာ ကောက်ညှင်းမှုန့် ကုန်နေပြီ။
ရှောင်းကောသည် သူမ၏မြည်းရထားလုံးဖြင့် စျေးထဲရောက်လာခဲ့သည်။ ကောက်ညှင်းဆုပ်ရောင်းတဲ့ လူတွေရှိနေတာတွေ့တော့ အဆင်သင့်လုပ်ထားတဲ့ ဘူးတွေဝယ်ခဲ့သည်။ သူမသည် ၎င်းတို့ကို ကိုယ်တိုင်ပြုလုပ်နိုင်သော်လည်း အဆင်သင့်လုပ်ထားသော ကောက်ညှင်းလုံးများကို ချက်ပြုတ်ရာတွင် ပိုအဆင်ပြေသည်။ သူတို့ အရသာက အတူတူနီးပါးပဲ။
အဆင်ပြေစေရန်အတွက် ရှောင်းကောသည် ၎င်းတို့ကို အများကြီးဝယ်ခဲ့သည်။ မီးပုံးပွဲတော်အတွင်း ၎င်းတို့ကို စားနိုင်ပြီး ကျန်တာတွေကို နောက်တစ်ကြိမ်အတွက် သိမ်းထားလို့ရသည်။
လမ်းပေါ်မှာ မီးပုံးရောင်းတဲ့ဆိုင်တွေ အများကြီးရှိနေပြီ။ ခြင်္သေ့နှင့် နဂါးအကအဖွဲ့များလည်း လမ်းမများပေါ်တွင် လှည့်လည်သွားလာနေကာ ညဘက်ရောက်ရန် စောင့်နေပုံရသည်။
နေ့ခင်းဘက်တွင် ထိုကဲ့သို့ စည်ကားသော မြင်ကွင်းကြောင့် ညဘက်က ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
ရှောင်းကောသည် မြည်းရထားလုံးကို ဈေး၏ စည်ကားသော ဝန်းကျင်မှ မောင်းသွားခဲ့သည်။ အသက်ဝင်ပြီး ကောင်းမွန်သော်လည်း သူမနှင့် မရင်းနှီးသောလူအုပ်ကို သူမနှစ်သက်ပေ။ ကျောင်းတက်တုန်းကလည်း ဒီလိုပါပဲ။ သူမသည် မဖြစ်မနေ လုပ်ဆောင်ရမည့် လှုပ်ရှားမှုများကိုသာ လုပ်ဆောင်ခဲ့ပြီး အရေးမကြီးသော အခြားကိစ္စများမှ လွှတ်ထားခဲ့သည်။
ကမ္ဘာပျက်ကပ်အချိန်မှာတော့ ပြောနေစရာမလိုပေ။ အဲဒီတုန်းက လူအများစုက ပုန်းနေကြသည်။ လူစုလူဝေးရှိတဲ့ နေရာတိုင်းကို ပလိပ်ရောဂါလို လူတွေက ရှောင်ရှားခဲ့ကြသည်။ ထို့အပြင် ထိုအချိန်က လူများကို လူသားများအဖြစ် မမှတ်ယူကြတော့ဘဲ—သူတို့၏ အခြေခံကိုယ်ကျင့်တရားနှင့် အသိတရားတွေကတန်ဖိုးတွေ မရှိတော့ပေ။ သူတို့က လူသေအုပ်စုမျှသာဖြစ်သည်။
အခု သူမ ဒီမှာ ရှိနေတော့ နည်းနည်း ပိုကောင်းလာသည်။ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ပတ်ဝန်းကျင်အရဖြစ်စေ ဤနေရာသည် သူမအပေါ် နက်ရှိုင်းသောအကျိုးသက်ရောက်မှုကို ချန်ထားခဲ့သည်။ သူမသည် ဤနေရာက ရိုးရှင်းသောလူများကို သဘောကျသည်။ လူတိုင်းသည် သူမနေထိုင်ခဲ့သည့်နေရာနှင့်မတူဘဲ နှလုံးသားထဲတွင် ဖြူစင်သောနေရာတစ်ခုရှိသည်။ ထိုနေရာက အလွန်အမင်း ရန်လိုမှုများနှင့် ပြည့်နှက်နေသည်။