← Chapters

မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ နှစ်ယောက်

Vol. 10 Ch. 115

မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ နှစ်ယောက်

Vol. 10 Ch. 115

"ဘာမှမဟုတ်ဘူး၊ ဒါက မွေးဖွားခြင်းအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုပဲလ..." ယုံကြည်မှုအပြည့်ရှိသောမျက်နှာထားဖြင့်ပြောရင်း တုန်းယွင်သည် စီမာကျန်းရဲ့မူလဝိညာဉ်ရှေ့သို့ လျှပ်ခနဲရောက်သွားသည်။

တုန်းယွင်သည် မွေးဖွားခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်ပြီး အမှန်တကယ်အစွမ်းထက်တဲ့ ခွန်အားရှိသော်လည်း မွေးဖွားခြင်းအလယ်အလတ်အဆင့်ကျင့်ကြံသူ စီမာကျန်းကိုလည်း အထင်သေးလို့မရနိုင်ပေ။ ထို့အပြင် စီမာကျန်းခန္ဓာကိုယ်တွင် မိစ္ဆာချီလည်း ရှိနေသေးသည်။ ကျန်းယီမင်ကိုယ်တိုင် ထိုညှဉ်းပန်းနှိပ်စက်မှုကို ကြုံတွေ့ခဲ့ရဖူးသည်။ မိစ္ဆာချီက လူတွေကိုပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေကို သူကောင်းကောင်းသိသည်။

"ဝုန်း...."

စီမာကျန်း ခွဲထုတ်လိုက်တဲ့ ပထမဆုံးမူလဝိညာဉ်သည် လေထဲတွင်ပေါက်ကွဲသွားသည်။ လူတိုင်းသည် သူတို့စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ သူတို့ရှေ့တွင်အကာအကွယ်အတားအဆီးများ ဖန်တီးလိုက်ကြသည်။ သို့သော် ကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းအင်များကို ကမ္ဘာကြီးကိုလွှမ်းမိုးသွားမည့် မြင်ကွင်းသည် သူတို့ထင်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။

"ဘာတွေဖြစ်နေတာလဲ..."

လူတိုင်းမျက်မှောင်ကြုတ်လိုက်ရာ တုန်းယွင်လက်ထဲတွင် ဘောလုံးငယ်လေးတစ်လုံးကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ တခြားသူများ မသိနိုင်သော်လည်း မွေးဖွားခြင်းအဆင့်ကျွမ်းကျင်သူတစိချို့သည် တုန်းယွင်က မူလဝိညာဉ်ပေါက်ကွဲမှုကို စည်းတံဆိပ်ခတ်ချိတ်ပိတ်လိုက်သည်ကို အာရုံခံမိလိုက်ကြသည်။ သူက စွမ်းအင်အားလုံးကို သူ့လက်ထဲကဘောလုံးထဲတွင် ပိတ်လှောင်ထားလိုက်ခြင်း ဖြစ်သည်။

"ငြိမ်သက်ခြင်းနှင့် ဗလာနယ်မြေ..."

သူထိုကဲ့သို့ရေရွတ်လိုက်ပြီး သူ့လက်ထဲမှဘောလုံးကို လေပြည်ညှင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ပျောက်ကွယ်သွားသည်။ မွေးဖွားခြင်းအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးသည် မူလဝိညာဉ်တစ်ခုတည်းကိုသာ ခွဲထုတ်ပြီး ဖောက်ခွဲလိုက်သော်လည်း ထိုဖောက်ခွဲမှုအင်အားသည် သာမန် အခြေတည်စိတ်ဝိညာဥ်အဆင့်ဖောက်ခွဲမှုနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

"ဒီလိုမျိုးနဲ့ပဲ အလွယ်တကူပျောက်ကွယ်သွားအောင် လုပ်လိုက်တာလား..."

ရှန့်ကွမ်းယွမ်က လုံးဝမယုံကြည်နိုင်ဖြစ်နေပြီး နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။

"မင်းတို့မမြင်ကြဘူးလား... အားလုံးတိုက်ကြစမ်း..."

သူ့အရှိန်အဝါက တုန်းယွင်နှင့်ထိပ်တိုက်တွေ့တော့မည့်ဆဲဆဲတွင် တုန်းယွင်လက်ဝှေ့ယမ်းလိုက်သည်။

"ဝုန်း....."

စီမာကျန်းကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တဲ့ စွမ်းအင်သည် လုံးဝပျောက်ကွယ်သွားခြင်း မရှိပေ။ တုန်းယွင်နဖူးပေါ်တွင် ချွေးများစို့နေခြင်းမှာ ထိုစွမ်းအင်ကို ဖုံးကွယ်ပြီး ဖိနှိပ်ထားရသောကြောင့်ဖြစ်သည်။ ရှန့်ကွမ်းယွမ်သည် တစ်ဖက်လူတွင် ထိုကဲ့သို့ လှည့်ကွက်မျိုး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ အချိန်မီမတုံ့ပြန်နိုင်ခင်ဘဲ တစ်ဖက်လူရဲ့ လှည့်ကွက်ထဲ ထိမှန်သွားသည်။

စီမာကျန်းအပင်ပန်းခံပြီးလုပ်ခဲ့သော မူလဝိညာဉ် ဖောက်ခွဲမှုသည် ရှန့်ကွမ်းယွမ်အပေါ် ကျရောက်သွားသည်။ သူ့မျက်စိရှေ့မှာတင် အခုလိုရယ်ချင်စရာကောင်းတဲ့ ကိစ္စဖြစ်ပျက်သွားခဲ့လိုက်ရသည်။ ရှန့်ကွမ်းယွမ်က အချိန်မီမတုံ့ပြန်နိုင်ဘဲ ကောင်းကင်မှ ပြုတ်ကျသွားသည်။ ရှန့်ကွမ်းယွမ်ကဲ့သို့သော အစွမ်းထက်ကျင့်ကြံသူတစ်ဦးပင်လျှင် ရှုံးနိမ့်တော့မည့်ပုံပေါက်နေတာကို ရှန့်ကွမ်းမိသားစုဝင်များ မြင်လိုက်ရသောအခါ သူတို့ကအညတရအမှိုက်များလို အသတ်ခံရတော့မယ်ဆိုတာကို ရည်ညွှန်းနေသည်။ ကျန်းယီမင်သည် ကျန်နေတဲ့သူများကို မွေးဖွားခြင်းအဆင့်ကျင့်ကြံသူများရဲ့ တိုက်ပွဲတွင်ဝင်မပါရန် သတိပေးလိုက်သည်။ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူများရဲ့ တိုက်ပွဲသည် သူတို့ဝင်ရောက်စွက်ဖက်နိုင်သော အရာမဟုတ်ပေ။

"ရှန့်ကွမ်းချင်းယန်နဲ့ သူ့ညီမလေးကို မြန်မြန်ရှာကြ..."

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ ထိုအချိန်တွင် ရှန့်ကွမ်းလီကိုလည်း ဂူလင်းဖေးက ရှာတွေ့သွားလိုက်သည်။

"အဘိုးကြီး.... မင်းက ငါ့ဂျူနီယာညီလေးကို သေအောင်တွန်းပို့ရဲတယ်ပေါ့... ဒီနေ့ ငါ ရှန့်ကွမ်းမိသားစုတစ်ခုလုံးကို သတ်ပစ်ရင်တောင် ငါ့ရင်ထဲကအမုန်းတရားတွေ ပြေပျောက်မှာမဟုတ်ဘူးကွ..."

ရှန့်ကွမ်းလီသည်လည်း အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူဖြစ်သော်လည်း သူကျင့်ကြံဖို့ကို အာရုံမစိုက်ခဲ့သည်မှာ အတော်ကြာခဲ့သည်။ သူ မိသားစုအတွင်းရှိကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်သောအခါ သူတို့က ရှန်းကွမ်းလီကို တမင်အရှုံးပေးရုံသာ တတ်နိုင်ကြသည်။ ယခု ဂူလင်းဖေးကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် တကယ်ကြုံတွေ့ရသောအခါ သူ ဘယ်လိုခုခံရမယ်မှန်းမသိ ဖြစ်နေသည်။

"တိုက်ပွဲထဲဝင်မပါနဲ့တော့... ကျန်တဲ့တပည့်တွေကို ခေါ်ပြီး သွားတော့..."

ရှန့်ကွမ်းလီ တစ်ဖက်လူနှင့် တိုက်ကွက်အချီအနည်းငယ်တောင် မတိုက်ရသေးခင် တခြား အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးက အပြေးအလွှားရောက်လာပြီး ဂူလင်းဖေးကို တားဆီးလိုက်သည်။

"သယ်သွားလို့ရတာ အကုန်ယူသွားကြ... ငါတိုြ လက်အောက်က နယ်မြေငယ်ဆီကို သွားကြမယ်..."

ရှန့်ကွမ်းမိသားစုသည် ပျက်စီးလုနီးပါး ဖြစ်နေသည်။

အကယ်၍ သူသာသူ့လူများနှင့်အတူ ရှန့်ကွမ်းမိသားစုတွင် ဆက်နေပြီးခုခံနေပါက နောက်ဆုံးတွင် သူတို့အားလုံး ဒီမှာမြှုပ်ခံရမှာကို ကြောက်ရွံ့မိရသည်။

"ဒါပေမဲ့ မိသားစုခေါင်းဆောင်... ရှန့်ကွမ်းချင်းယန်နဲ့ သူ့..." သူ့လက်အောက်ငယ်သားက ပြောလိုက်သည်။

"သူတို့မှာ လူအင်အားလုံလောက်တာ မဟုတ်ဘူး... အရင်ထွက်သွားကြမယ်...သွားစို့... အခုမသွားရင် နောက်ကျသွားလိမ့်မယ်..."

သူ့လက်အောက်ငယ်သားတစ်ချို့ အစောင့်အရှောက်ဖြင့် ရှန့်ကွမ်းလီသည် ရှန့်ကွမ်းမိသားစုမှ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ ရှန့်ကွမ်းယွမ်သည် လေထဲတွင် တည်ငြိမ်သွားအောင် အချိန်အတော်ကြာယူလိုက်ရသည်။ ရှန့်ကွမ်းလီဆုံးဖြတ်ချက်ကို သိပြီးနောက် သူသည်မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ တစ်ချို့ကို ဆင့်ခေါ်ပြီးပြောလိုက်သည်။

"ရှန့်ကွမ်းလီတောင်မှ ရှန့်ကွမ်းမိသားစုကို မလိုချင်တော့ဘူး... သွားကြစို့..."

"သွားကြစို့..."

ရှန့်ကွမ်းမိသားစုရဲ့ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ ငါးယောက်သည် အကြီးအကဲများဖြစ်သည်။ သူတို့ တစ်ယောက်မှ အဆုံးရှုံးမခံနိုင်ပေ။ သူတို့ထဲမှ နှစ်ယောက်သည် တုန်းယွင်ခေါ်လာတဲ့ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူများရဲ့ တိုက်ခိုက်တာကိုခံနေရသည်။ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သူတို့မူလဝိညာဉ်များသည် အတင်းအကျပ်ထွက်ပေါ်လာရသည်။

"ငါတို့ကိုဂရုမစိုက်နဲ့တော့... မြန်မြန်သွားကြ... များများထွက်သွားနိုင်လေ ပိုကောင်းလေပဲ..."

မွေးဖွားခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်သည် ဘယ်သူကမှ သူတို့ကိုလာကယ်မှာ မဟုတ်ကြောင်း သိတာမလို့ ကိုယ့်ကိုယ်ကိုဖောက်ခွဲရန် ပြင်ဆင်လိုက်ကြသည်။

"သွား.... ငါတို့ ကိုယ့်ကိုယ်ကိုဖောက်ခွဲရင် မင်းတို့အတွက်အချိန်ဆွဲပေးနိုင်တယ်... သွားကြတော့..." သူတို့နှစ်ယောက် အော်ပြောလိုက်သည်။

သူတို့ခန္ဓာကိုယ်များတွင် ထူးဆန်းတဲ့လက္ခဏာများ စတင်ပေါ်ပေါက်လာခဲ့သည်။

"ရှန့်ကွမ်းမိသားစုရဲ့ခွေးတွေက သောက်ရမ်းသစ္စာရှိတာပဲ..." ကျန်းယီမင်ကျိန်ဆဲလိုက်သည်။

"ငါ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်တယ်... ဒါပေမဲ့ အခုအဲ့ဒါတွေကမွေးဖွားခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ ကိုယ့်ကိုယ်ကိုဖောက်ခွဲမှုတွေပဲ... စွမ်းအင် တစ်ချို့ပဲဆိုရင်တောင်..." တုန်းယွင်လေသံသည် စတင်စိုးရိမ်လာပြီး ဆက်ပြောသည်။

"ငါတောင် ဖြေရှင်းဖို့နည်းလမ်း မရှိနိုင်ဘူး..."

လူတိုင်းက အစီအရင်ထဲသို့ အပြေးပြန်ဝင်သွားကြသည်။ စိတ်ဝိညာဉ်စွမ်းအားများသည် တပြိုင်နက်တည်း ထွက်ပေါ်လာပြီး အတွင်းရှိလူတိုင်းကို ကာကွယ်လိုက်သည်။

"ဝုန်း...."

ရှန့်ကွမ်းမိသားစုက မဟုတ်တဲ့သူများသည် ရှန့်ကွမ်းမိသားစုရဲ့ မွေးဖွားခြင်းအဆင့်နှစ်ယောက် ကျဆုံးသွားတာကို ရှင်းရှင်းလင်းလင်းခံစားလိုက်ကြရသည်။ တချိန်တည်းမှာပင် လူအများကြီးက ရှန့်ကွမ်းမိသားစုကနေ ထွက်ပြေးနေကြသည်။ ထိုဖြစ်ရပ်အားလုံးက ဒီတစ်ကြိမ်တိုက်ပွဲအတွက်အဖြေကို လူတိုင်းအား ပြောပြနေသည်။ ဘယ်လိုနည်းလမ်းတွေပဲသုံးခဲ့ပါစေ ကျန်းယီမင်ဦးဆောင်သော လင်းယွင်ဂိုဏ်းသည် ရှန့်ကွမ်းမိသားစုကို အပြတ်အသတ် အနိုင်ယူလိုက်ပြီ ဖြစ်သည်။ ပေါက်ကွဲမှုကြီးပြီးတဲ့နောက် မီးခိုးငွေ့များက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ အစီအရင်အတွင်းရှိ ဧရိယာမှလွဲပြီး ပတ်ဝန်းကျင်တွင် သက်ရှိလက္ခဏာဆိုလို့ တစ်ခုမှမရှိတော့ပေ။

"ဆရာ... သူတို့ကန်းလန်နယ်မြေထဲကနေ ထွက်ပြေးသွားကြပြီ... ကျွန်တော်တို့..." ဂူလင်းဖေးက လှမ်းပြောလိုက်သည်။

သို့သော် သူ ကျန်းယီမင်ကို ကြည့်လိုက်တဲ့အခါ သူ့ ဆရာမျက်နှာပေါ်တွင် ထူးဆန်းတဲ့အပြုံးတစ်ခု ပေါ်နေတာကို တွေ့လိုက်ရသည်။

"ဆရာ..."

ဂူလင်းဖေးနှင့် တုန်းမီတို့နှစ်ယောက်စလုံး သူတို့ ဆရာမျက်နှာပေါ်က ထူးဆန်းတဲ့အပြုံးကို မြင်လိုက်ရသောအခါ သူတို့ဆရာသည် ထိုကဲ့သို့သော ထိုးနှက်ချက်ကို လက်မခံနိုင်ဘူးလို့ ထင်မှတ်လိုက်ကြသည်။

"ဆရာ၊ ဂျူနီယာညီလေး ရှန့်ကွမ်းက..."

"ပါးစပ်ပိတ်ထား..." ကျန်းယီမင်အော်ပြောလိုက်သည်။

တုန်းယွင်ခေါင်းညိတ်လိုက်ရာ အစီအရင်ထဲမှ တစ်ယောက်ယောက်က ရှန့်ကွမ်းချင်းယန်ဘေးသို့ သွားပြီး သူ့ပါးစပ်ထဲကိုဆေးလုံးတစ်လုံး ထိုးထည့်လိုက်သည်။ ထို့နောက် ရှန့်ကွမ်းချင်းယန်ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။

"ကျေးဇူးရှင်၊ စိတ်မပူပါနဲ့။ ကျွန်တော်တို့မိသားစုက စောစောစီးစီးသေဆုံးရမယ့် ကံကြမ္မာနဲ့ရင်ဆိုင်နေရတယ်ဆိုတာ သိပြီးကတည်းက ဒီလိုအသက်ကယ်နည်းလမ်းပေါင်းများစွာကို သုတေသနလုပ်ခဲ့တာ..."

ဆေးလုံးအာနိသင်ပြလာပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် တုန်းယွင်ပြုံးလျက်ပြောလိုက်သည်။ ထိုအခါမှသာ ဂူလင်းဖေး၊ တုန်းမီနှင့် တခြားသူများ နောက်ဆုံးတွင် နားလည်လာသည်။ လက်စသတ်တော့ သူတို့ဆရာက သူတို့ဂျူနီယာညီလေးရဲ့အသက်ကို သက်သက်အလဲအလှယ်လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာဖြစ်သည်။

"ကိစ္စတစ်ခုလုံးကို ကြိုတင်ကြံစည်ထားတာပဲ..."

ရှန့်ကွမ်းချင်းယန် ရှန့်ကွမ်းမိသားစုအစီအရင်ထဲသို့ အလဲအလှယ်လုပ်ရန် မသွားမီကတည်းက သူသည် တုန်းယွင်ပေးလိုက်တဲ့ ကွေးဇီဆေးလုံးကို သောက်ထားသည်။ ကွေးဇီဆေးလုံးသည် လျှို့ဝှက်ဆန်းကြယ်တဲ့တုန်းမိသားစုက တီထွင်ထားသည့် အံ့ဖွယ်ဆေးလုံးတစ်ခုဖြစ်သည်။ ထိုဆေးလုံးကို သောက်သုံးပြီးနောက် လူတစ်ဦးသည်သေစေနိုင်သော တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်ရှိလာအောင် ကူညီပေးနိုင်သည်။ ထို့ကြောင့် ခုနကဆေးလုံးသောက်ထားသဖြင့် ဓားသွားသည်သူ့နှလုံးကို တိုက်ရိုက်မထိုးဖောက်နိုင်ခဲ့ပေ။ အရာအားလုံးသည် ကျန်းယီမင်စီစဉ်ထားသည့်အတိုင်း ဖြစ်ပျက်ခဲ့သည်။

All Chapters