← Chapters

အဓိကတာဝန်ပြီးမြောက်ခြင်း

Vol. 10 Ch. 118

အဓိကတာဝန်ပြီးမြောက်ခြင်း

Vol. 10 Ch. 118

ကျန်းယီမင်သည် သူ့စိတ်ထဲကနေ တအံ့တဩဖြင့် သက်ပြင်းချလိုက်ပြီးနောက် သူ့တပည့်များရဲ့ အခြေအနေကို အမြန်အာရုံစိုက်လိုက်သည်။

"အတွင်းဒဏ်ရာတွေကုတဲ့နေရာမှာ အရေးကြီးဆုံးက ရောဂါလက္ခဏာတွေကိုကုဖို့ပဲ။ ဆေးလုံးတွေကို မျက်စိမှိတ်အသုံးပြုမယ်ဆိုရင် အကျိုးထက်အပြစ်ဖြစ်လာမှာကို စိုးရိမ်မိတယ်" တုန်းယွင် က ပြောလိုက်သည်။

"ခင်ဗျားရဲ့တပည့်တွေကို ဒီကိုမပို့ခင် သူတို့ရဲ့ အခြေအနေကို ကျွန်တော်စစ်ဆေးပြီးပါပြီ။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်ပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်အခြေအနေတွေကို သာမန်တွေလို့ သတ်မှတ်လို့မရပါဘူး"

"အသေးစိတ် ပြောပြပါဦး"

ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့မိသားစုဆီကနေ လမ်းညွှန်မှုရရှိနိုင်တာက ရှားပါးတဲ့အခွင့်အရေးလို့ ပြောလို့ရသည်။

"ပထမဆုံး၊ ဒီအမျိုးသမီးတပည့်... သူမရဲ့ဖွဲ့စည်းပုံကို ခင်ဗျား ရှင်းရှင်းလင်းလင်းသိမယ်လို့ ထင်ပါတယ်။ မီးဓာတ်သဘာဝ ပိုမိုအားကောင်းတဲ့ဖွဲ့စည်းပုံနဲ့ဆိုရင် သူမကို ပိုနူးညံ့ညင်သာတဲ့ ဆေးဝါးနဲ့ကုသင့်တယ်။ ကျန်တဲ့တပည့်နှစ်ယောက်အတွက်တော့ တစ်ယောက်က သတ္တုဓာတ်သဘာဝကို အားသန်ပြီး နောက်တစ်ယောက်က သစ်သားဓာတ်သဘာဝကို အားသန်တယ်။ ထုံစံအတိုင်း သူတို့ကိုလည်း မှန်ကန်တဲ့ဆေးဝါးနဲ့ ကုသင့်ပါတယ်..."

ကျန်းယီမင် ခေါင်းညိတ်လိုက်သည်။ အရင်က သူ ဒီလောက်အထိ မသိခဲ့ပေ။ လူတစ်ယောက်ရဲ့ ခန္ဓာဖွဲ့စည်းပုံက သူအသုံးပြုသင့်တဲ့ ဆေးလုံးတွေနဲ့နီးကပ်စွာ ဆက်စပ်နေမှန်း သူအခုမှ သိလိုက်ရသည်။

"ကျွန်တော် ဆေးပညာနဲ့ဆေးဖော်စပ်နည်းတွေနဲ့ သက်ဆိုင်တဲ့စာအုပ်တွေကိုလည်း ယူလာခဲ့ပါတယ်"

"ဒါဆို ဒီလျှို့ဝှက်နယ်မြေကို ကုသရေးရေကန်လို့ ခေါ်လိုက်မယ်"

ကျန်းယီမင်က သူ့မှာ ဆေးခန်းမရှိပြီးသားမို့လို့ ဆေးလုံးဖော်စပ်တာက ရိုးရှင်းတဲ့ကိစ္စတစ်ခုလို့ ထင်ထားခဲ့သည်။ သူသင်ယူစရာတွေ အများကြီးကျန်နေသေးတယ်လို့ ထင်မထားပေ။ ရေကန်ထဲကတပည့်သုံးယောက်၊ အထူးသဖြင့် ရှန့်ကွမ်းချင်းယန်ရဲ့ ခန္ဓာကိုယ်ထဲကို ပိုးချည်မျှင်လိုရေစီးကြောင်းတစ်ခု ဆက်တိုက် စီးဝင်နေသည်။ သူ့ခန္ဓာကိုယ် ပြန်လည်သက်သာလာပြီး သူ့အရှိန်အဝါလည်း တဖြည်းဖြည်း တည်ငြိမ်လာတာကို လူတိုင်းခံစားမိလိုက်ကြသည်။

တုန်းမိသားစုရဲ့ လျှို့ဝှက်နည်းလမ်းတွေက တကယ့်ကို ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေသည်။ ရှန့်ကွမ်းချင်းယန်ရဲ့အခြေအနေက ဟွမ်းချောင်ယုနဲ့ ယန်ရှန်ချင်းတို့ရဲ့ အခြေအနေနဲ့ မတူပေ။ နောက်နှစ်ယောက်က အတွင်းဒဏ်ရာနဲ့ အပြင်ဒဏ်ရာအနည်းငယ်လောက်သာ ရထားကြသည်။ ဒါ့အပြင် သူတို့က စိတ်ဝိညာဉ်စွမ်းအားကို ပိတ်ဆို့စေတဲ့ အဆိပ်တစ်ခုခုကို သောက်ထားရတာ ဖြစ်နိုင်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ရှန့်ကွမ်းချင်းယန်သည် ရင်ဘတ်ကို အမှန်တကယ် ဓါးနဲ့အထိုးခံခဲ့ရသည်။ သူ့ကို မသေရုံတမယ်အသက်ရှင်နေစေဖို့ ကွေးဇီဆေးကို ကြိုတင်အသုံးပြုထားခဲ့ရသည်။ အခု ကုသရေးရေကန်ထဲ ရောက်နေပြီဖြစ်ကာ သူ့ခန္ဓာကိုယ်ကလည်း လျင်မြန်စွာပြန်လည်သက်သာလာခဲ့သည်။ ထိုအချိန်တွင် ဟွမ်းချောင်ယုနှင့် ယန်ရှန်ချင်းတို့ မျက်လုံးပွင့်လာခဲ့ကြသည်။ သူတို့က သူတို့ရဲ့ခြေလက်များကို တအံ့တဩနဲ့ကြည့်လိုက်ကြသည်။

"ဆရာ... ဆရာ..." ဟွမ်းချောင်ယုသည် သူမဆရာရင်ခွင်ထဲသို့ခုန်ဝင်ရန် ပြင်လိုက်သော်လည်း ကျန်းယီမင်က သူမကို ကုသရေးရေကန်ထဲသို့ ပြန်ထိုင်ခိုင်းလိုက်သည်။

"အဲ့ဒီထဲမှာ ခဏလောက်ဆက်နေလိုက်ဦး။ မင်းခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက အခုမှပျောက်ခါစပဲ ရှိသေးတာ၊ ဒီလောက် အလျင်လိုစရာမလိုပါဘူး..."

"ဆရာ... ဂျူနီယာမောင်လေး ဘာဖြစ်သွားတာလဲ..."

"စိတ်မပူပါနဲ့... မင်းရဲ့ဂျူနီယာမောင်လေး အဆင်ပြေပါတယ်။ မင်းဂျူနီယာမောင်လေးရဲ့မိသားစုကို ပိုပြီးအာရုံသင့်တယ်။ သူ့မိသားစုက အခုဘယ်သူမှ ငါတို့ကိုလာနှောင့်ယှက်နိုင်တော့မှာ မဟုတ်ဘူး။ စိတ်မပူနဲ့.... ဟဟ...." ကျန်းယီမင် ပြုံးလိုက်သည်။

ရှန့်ကွမ်းမိသားစုက ဟောက်ယွင်ဂိုဏ်းလို လုံးဝ ပျက်စီးသွားတာမဟုတ်ပေမယ့် သူတို့ရဲ့အခြေခံအုတ်မြစ်က အကြီးအကျယ်ထိခိုက်သွားခဲ့သည်။ သူတို့ရဲ့ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူ ငါးယောက်ထဲက နှစ်ယောက်သေဆုံးသွားခဲ့သည်။ သူတို့ရဲ့အသန်မာဆုံး မွေးဖွားခြင်းအဆင့်ကျင့်ကြံသူက အသက်ရှင်နေသေးပေမယ့် လင်းယွင်ဂိုဏ်းကို ထပ်ကျူးကျော်ချင်တယ်ဆိုရင် အရင်လောင်လွယ်ကူတော့မှာ မဟုတ်ပေ။ သတိမေ့မြောနေစဉ် ရှန့်ကွမ်းချင်းယန်သည် တခြားသူများစကားပြောနေတာကို ဝေဝါးဝါးကြားနေရသည်။

"ဆရာ... စီနီယာအစ်ကိုကြီး သတိရလာပြီ..." တုန်းမီ အံ့ဩစွာ အော်ဟစ်လိုက်သည်။

ဒီအချိန်မှာ ရှန့်ကွမ်းချင်းယန်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ ဒီနေ့ငရဲပြည်ကို တကယ် ခရီးထွက်ခဲ့ရသည်။ သူ့ပါးစပ် အနည်းငယ် လှုပ်ရှားသွားပြီး တစ်ခုခုပြောချင်သကဲ့သို့ ဖြစ်နေသည်။

"ရှန့်ကွမ်း၊ အခုလိုလုပ်ရလို့ ကျေးဇူးပြုပြီး ငါ့ကိုရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့။ ဒီနေ့ မင်းမိသားစုနဲ့တိုက်ပွဲမှာ ငါတို့သာမလှုပ်ရှားခဲ့ရင် လူတစ်ယောက်ကိုမှ ကယ်တင်နိုင်မှာမဟုတ်မှာလို့ ငါစိုးရိမ်မိတယ်..." ကျန်းယီမင် သက်ပြင်းချလိုက်သည်။

မူလကပျက်စီးဆုံးရှုံးတာကို အနည်းဆုံးဖြစ်အောင် လျှော့ချပြီး ရှန့်ကွမ်းချင်းယန်ကို မိသားစုခေါင်းဆောင်ရာထူးကို ပြန်လည်ရယူပေးနိုင်မည့် နည်းလမ်းရှိလျှင် ပိုကောင်းလိမ့်မည်။ သို့သော် အခြေအနေများ ထိုအဆင့်ထိရောက်သွားပြီးနောက် အကြမ်းဖက်နည်းလမ်းတိုက်ရတဲ့ နည်းလမ်းကို အသုံးပြုရုံမှတပါး အခြားနည်းလမ်းမရှိတော့ပေ။

"ရ... ရပါတယ်..."

ရှန့်ကွမ်းချင်းယန်သည် အပြင်းအထန်ဒဏ်ရာရနေဆဲဖြစ်သော်လည်း သတိပြန်လည်လာပြီဖြစ်ပြီး သူ့ဆရာတို့ရဲ့စကားဝိုင်းကို ရှင်းရှင်းလင်းလင်းကြားခဲ့ရသည်။ သူ့အတွက်တော့ ရှန့်ကွမ်းမိသားစုဆိုတာ အစကတည်းက ဂရုစိုက်စရာတစ်ခု မဟုတ်တော့ပေ။ သူ့မိဘတွေလည်း သေဆုံးလောက်ပြီဖြစ်သည်။ မိသားစုထဲမှာ သူဂရုစိုက်တဲ့တစ်ခုတည်းသောအရာက သူ့ညီမလေး ရှန့်ကွမ်းချင်း ပင်ဖြစ်သည်။ ကြာရှည်ခွဲခွာနေရတဲ့ အစ်ကိုဖြစ်သူကို တွေ့လိုက်ရသဖြင့် ရှန့်ကွမ်းချင်းသည် မျက်ရည်များကို ဖုံးကွယ်မထားနိုင်ဘဲ လူတိုင်းရဲ့ရှေ့တွင်ပဲ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။

"မကြောက်ပါနဲ့... လာ... ဒါ ငါတို့ဆရာပဲ... မင်းအစ်ကိုက ငါတို့ဂိုဏ်းမှာ စီနီယာအကိုတစ်ယောက်ဖြစ်နေပြီ... မင်းလည်း လင်းယွင်ဂိုဏ်းကို ဝင်လိုက်ရင် မကောင်းဘူးလား..." ဂူလင်းဖေးက သူမကို နှစ်သိမ့်ပေးလိုက်သည်။

အခြားတစ်ဖက်တွင် ကျန်းယီမင်သည် တိတ်တဆိတ် ဝမ်းသာနေသည်။ ဘာပဲဖြစ်ဖြစ် ရှန့်ကွမ်းချင်းယန်က သူ့သွေးကြောတွေ ပြတ်တောက်ပြီး လူတိုင်းကသူ့ကို မသန်စွမ်းလို့ ခေါ်ခဲ့ကြတဲ့သူတစ်ယောက်ဖြစ်သည်။ သို့သော် သွေးကြောပြန်ဆက်နည်းစနစ်ကို သင်ယူပြီးတဲ့နောက် သူ့ခန္ဓာကိုယ်ထဲက သွေးကြောအားလုံးကို မြန်မြန်ဆန်ဆန်ပြန်စပ်နိုင်ခဲ့ရုံသာမက သူ့ရဲ့နောက်ပိုင်းကျင့်ကြံခြင်းအရှိန်အဟုန်ကလည်း သာမန်လူတွေယှဉ်နိုင်တဲ့အရာ မဟုတ်တော့ပေ။

ထို့ကြောင့်ဘာပဲဖြစ်ဖြစ် သူ့ညီမလေးသည်လည်း ပါရမီအရာမှာ ညံ့ဖျင်းမည့်ပုံမပေါ်ပေ။ ကြည့်ရတာ သူသည် နောက်ထပ်ပါရမီရှင်တပည့်တစ်ယောက်ကို ရရှိနိုင်တော့မယ်ဟု ထင်ရသည်။ ထိုသို့ဖြင့် ရှန့်ကွမ်းချင်းယန်နဲ့ တုန်းမီတို့ရဲ့ကိစ္စတွေအားလုံး ပြီးပြတ်သွားသည်။ နောက်ထပ်ရည်မှန်းချက်ကတော့ ဂိုဏ်းကို သေချာတည်ငြိမ်အောင် လုပ်ဖို့ရန်ဖြစ်သည်။ ကုသရေးရေကန်ရဲ့ ကုသနှုန်းကမြန်ဆန်လွန်းသဖြင့် လူတိုင်းက အတော်လေးအံ့အားသင့်သွားကြသည်။ လူတိုင်းအံ့ဩကာ စုတ်သပ်နေကြတုန်းပဲ ရှန့်ကွမ်းချင်းယန်က မတ်တတ်ထရပ်လိုက်သည်။

သူက အစက ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတဲ့ ခန္ဓာကိုယ်ကို ခံစားကြည့်လိုက်ပြီး "ကံကောင်းလို့ ရှန့်ကွမ်းလီက အလုပ်ပြီးအောင် လာမလုပ်ခဲ့တာပဲ။ မဟုတ်ရင် ကျွန်တော့်ကိုကယ်ဖို့ အတော်လေးခက်ခဲလိမ့်မယ်" ဟု ပြောလိုက်သည်။

ဂူလင်းဖေးက ရှန့်ကွမ်းချင်းယန်ကို ရေကန်ထဲမှ တွဲထူပေးရင်း "ငါ့ဂျူနီယာညီလေး... မင်းရဲ့စီနီယာအစ်ကိုကြီးက ဘယ်လောက်တောင် စိုးရိမ်ခဲ့ရလဲဆိုတာ မင်းမသိပါဘူးကွာ..." ဟု ပြောလိုက်သည်။

"ဟားဟားဟားဟား... ကောင်းတယ်... ဒီနေ့ကိစ္စတွေက တကယ်ပဲအကွေ့အကောက်များခဲ့ပေမယ့် ရလဒ်ကတော့ ပျော်ရွှင်စရာအဆုံးသတ်ပါပဲ..." ကျန်းယီမင် ရယ်မောလိုက်သည်။

ညဉ့်သည် အတော်နက်နေပြီဖြစ်သည်။ သူတို့ ကန်းလန်နယ်မြေကေန စတင်ထွက်ခွာတုန်းက နေဝင်ရီတရောအချိန်ဖြစ်သည်။ အချိန်အတော်ကြာတိုက်ပွဲတွေတိုက်ခိုက်ပြီးတဲ့နောက် သူတို့ဂိုဏ်းကို နောက်ဆုံးတွင် ပြန်ရောက်လာခဲ့ကြသည်။ ဂိုဏ်းထဲတွင် ကျန်ရစ်ခဲ့တဲ့တပည့်များသည် ကျင့်ကြံရန်ထလာပြီဖြစ်သော်လည်း သူတို့ကအနားမယူရသေးပေ။ အခု သူ့တပည့်တွေ ပြန်လည်သက်သာလာပြီဖြစ်၍ ကျန်းယီမင်ရဲ့စိုးရိမ်ပူပန်နေတဲ့ စိတ်နှလုံးသည်လည်း နောက်ဆုံးတွင်အေးချမ်းသွားသည်။

"ဒါဆိုရင် ဒီနေ့ ခင်ဗျားတို့လည်း ငါ့ဂိုဏ်းမှာပဲညအိပ်လိုက်ကြပါလား... ယွမ်ဖန်..."

"ပြောပါ ဆရာ..."

"သွားပြီး စားပွဲဝိုင်းအနည်းငယ် ပြင်ဆင်လိုက်... ဒီနေ့ လင်းယွင်ဂိုဏ်းမှာ စားသောက်ပွဲ ကျင်းပမယ်..."

"ဟုတ်ကဲ့..." ယဲ့ယွမ်ဖန်က ခေါင်းညိတ်လိုက်ပြီး နောက်လှည့်ကာ ထွက်သွားလိုက်သည်။

သူ့တပည့်များရဲ့အခြေအနေကို နောက်တစ်ကြိမ် အတည်ပြုပြီးနောက် ကျန်းယီမင်လည်း အနည်းငယ် ပင်ပန်းလာသလို ခံစားလိုက်ရသည်။ ခဏကြာ လှည့်ပတ်စစ်ဆေးပြီးနောက် သူလည်း သူ့ခြံဝန်းသို့ ပြန်လာခဲ့လိုက်သည်။

[ဒင်း....]

[အသိပေးချက် - အဓိကတာဝန် - အခြေခံအုတ်မြစ်ကိုခိုင်မာအောင် လုပ်ဆောင်ပါသည် ပြီးမြောက်သွားခဲ့ပါသည်။]

[အသိပေးချက် - တာဝန်ဆုလာဘ်များကို ပို့ဆောင်လိုက်ပါသည်၊ ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ]

[အသိပေးချက် - သင့်ရဲ့ ကောင်းကင်ဘုရင်အဆင့်အခွင့်ထူးကြောင့် အသူရာစမ်းသပ်နယ်မြေကို သံသရာတစ်ရာနယ်မြေသို့ အဆင့်မြှင့်တင်လိုက်ပါသည်]

သူ့အဓိကတာဝန် ပြီးမြောက်သွားခဲ့သည်။ သူ လျှို့ဝှက်နယ်မြေတစ်ခုကို အခုလေးတင်ရခဲ့သည်။ အခုတာဝန်ပြီးမြောက်သွားဖြစ်တာကြောင့် တာဝန်ဆုလာဘ်များမှ နောက်ထပ်လျှို့ဝှက်နယ်မြေတစ်ခုကို သူထပ်ရလိုက်ပြန်သည်။ ထိုလျှို့ဝှက်နယ်မြေသည် သာမန်နယ်မြေတစ်ခု မဟုတ်ပေ။ အခု သူ့မှာကုသဖို့အတွက် လျှို့ဝှက်နယ်မြေတစ်ခု၊ တိုက်ခိုက်ရေးစမ်းသပ်ဖို့အတွက် နောက်ထပ် ယလျှို့ဝှက်နယ်မြေတစ်ခု ရှိသွားပြီဖြစ်သည်။

'သံသရာတစ်ရာနယ်မြေ....'

အရင်က အသူရာစမ်းသပ်နယ်မြေတောင်မှ လူအများစုကို သွားရည်ကျစေဖို့ လုံလောက်နေပြီဖြစ်သည်။ သူ့ကောင်းကင်ဘုရင်အခွင့်ထူးကြောင့် အဆင့်မြှင့်တင်ခံလိုက်ရတဲ့ လျှို့ဝှက်နယ်မြေက ပိုလို့တောင် စွမ်းအားကြီးမားနေသေးသည်။ ဒီလိုမျိုး တိုက်ခိုက်ရေးစမ်းသပ်တဲ့လျှို့ဝှက်နယ်မြေမှာ ထပ်ဆောင်းဆုလာဘ်တွေ ပါဝင်နိုင်သေးသည်။

All Chapters