← Chapters

ကျောက်စိမ်းဧကရီ

Vol. 12 Ch. 111

ကျောက်စိမ်းဧကရီ

Vol. 12 Ch. 111

ဓားဖြူဧကရာဇ်နဲ့ မိုးမြေဧကရာဇ်တို့ ဦးဆောင်သည့် အင်မော်တယ်များမှာ တုန်လှုပ်သွားကြသည်။

မည်သို့သော ပုဂ္ဂိုလ်များက သေမျိုးလောက၌ ပုန်းအောင်းနေထိုင်နေပါသနည်း။ ထို့အပြင် ထိုပုဂ္ဂိုလ်က အခြားလောကနှစ်ခုကိုပင် ဆွဲယူလိုက်သေးပြီး လောကသုံးခု ပေါင်းစည်းလိုက်ခြင်းက မည်သို့သဘောထားကို ဆိုလိုနေသနည်း။

သိထားရမည်မှာ အင်မော်တယ်လောကနဲ့ မူလလောကကြား တိုက်ပွဲမှာ အမြင့်ဆုံးအနေထားတခုထိ ရောက်နေခဲ့ပြီး ယခုကဲ့သို့ ပြင်ပလောကတခုမှ ဝင်ရောက်လာခြင်းက လောကနှစ်ခုကြား စစ်ပွဲကို အဆုံးသတ်သွားစေနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်များ မူလ ကျင့်ကြံသူများ၏ အဆုံးသတ်လမ်းကြောင်းမှာ နတ်ဘုရားတစ်ပါး ဖြစ်ရန်ဖြစ်သည်။

“ဧကရီ ဒါဆိုရင် ကျုပ်တို့ ဒီတိုင်းငြိမ်နေရမှာလား”

အင်မော်တယ်ဘုရင်တဦးက မချိတင်ကဲ အမူရာဖြင့် ညီးတွားပြောဆိုလာသည်။ အင်မော်တယ်လောကကြီး ဝါးမျိုခံရမည်ကို မည်သည့်အင်မော်တယ်ကမှ လိုလားခြင်းမရှိချေ။

ကျောက်စိမ်းဧကရီက သက်ပြင်းချ၍ ထျန်းဟွမ်လောကရှိရာသို့ ဖြေးလေးစွာ ကြည့်လိုက်သည်။ မူလက သူမအနေဖြင့် တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်းဖြစ်ပြီး အင်မော်တယ်လောကတခုလုံး အပြင်းအထန်လှုပ်ခါသွားချိန်မှစ အကြောင်းရင်းကို သိရှိရန် ကံကြမ္မာတွက်ချက်ခြင်း နည်းလမ်းကိုအသုံးပြု၍ စစ်ဆေးခဲ့သည်။

ထူးခြားစွာဖြင့် ရလာဒ်မှာ ဝေဝါးနေပြီး တခုတည်းသော ညွှန်ပြချက်က အင်မော်တယ်လောကတခုလုံး ရွှေခေတ်ကိုရောက်မည်ဟူ၍ ဖြစ်သည်။ ရွှေခေတ်ဆိုသည်က အဘယ်နည်း။

ပါရမီရှင်များ မှိုလိုပေါများလာပြီး ကမ္ဘာအရင်းအမြစ်များ ပုန်းကွယ်နေတဲ့ ကျင့်ကြံသူများ ထွက်ပေါ်လာကြမည်ဖြစ်ကာ ထိုခေတ်၌ ရှင်သန်ရန် ယခင်ကထက် အဆများစွာ ပိုမိုခက်ခဲတော့မည်ဖြစ်သည်။

ကောင်းသည့်ဘက်မှ စဥ်းစားပါက အင်မော်တယ်လောက၏ ရွှေခေတ်မှ ပါရမီရှင်များပေါ်ထွက်လာပြီး မူလလောကနဲ့ ရင်ဆိုင်ရန် အားသစ်များက အထောက်ကူပြုနိုင်ကောင်းသည်ဟု သူမယူဆမိသည်။

အဆုံးသတ်၌ ထူးခြားသည့် ပုဂ္ဂိုလ်၏ ရည်ရွယ်ချက်မှာ အလွန်လေးနက်မည်ဟု သူမခံစားနေရသည် မဟုတ်လော။ အင်မော်တယ်လောကအား ထိခိုက်စေလိုပါက ထိုလူအတွက် ထမင်းစားရေသောက်တာထက်ပင် လွယ်ကူချေမည်။

“ကျွန်မတို့ အခွင့်ရေးတခု ရတာမျိုးလည်း ဖြစ်နိုင်တယ်”

ကျောက်စိမ်းဧကရီရဲ့စကားကိုကြားလျင် အခြားအင်မော်တယ်များက လက်မခံလိုဟန် ရှုံ့မဲ့သွားကြပြီး မျက်စိထိခိုက်မှုဖြင့် ဒဏ်ရာအပြင်းထန် ရသွားသည့် ဓားဖြူဧကရာဇ်မှာတော့ အနည်းငယ်တည်ငြိမ်နေပြီ ဖြစ်သည်။

“ဧကရီပြောတာ ဖြစ်နိုင်တယ်”

ဓားဖြူဧကရာဇ်ရဲ့စကားကိုကြားလျင် အခြားသူများမှာ မှင်သက်သွားကြပြီး ဓားဖြူဧကရာဇ်မှာ ဒဏ်ရာကြောင့် စိတ်ဖောက်ပြန်သွားသလား ဟူသည့် အကြည့်မျိုးဖြင့် ကြည့်လာကြတော့သည်။ ဓားဖြူဧကရာဇ်က

“ခဗျားတို့ ဘယ်လိုအကြည့်နဲ့ ကြည့်တာလဲ ကျုပ်က သေမျိုးလောက အတွင်းထဲထိ ဖောက်မြင်ခဲ့တာပါ ခဗျားတို့ကိုပြောဖို့မေ့နေတာ တခုရှိလို့ တခါတည်းပြောပြလိုက်မယ် သေမျိုးလောကရဲ့ စွမ်းအင်တွေက ကျုပ်တို့အင်မော်တယ် လောကစွမ်းအင်တွေထက် အနည်းဆုံး၅ဆ သန့်စင်တယ်”

ထိုစကားက ဘာကိုဆိုလိုသနည်း။ ထိုသို့စွမ်းအင်သန့်စင်မှုက လက်ရှိအင်မော်တယ်များ၏ ကျင့်ကြံရေးအမြန်နှုန်းကို မူလထက်ငါးဆ ပိုမြန်လာမည်ဟု ဆိုလိုနေသည် မဟုတ်လား။

မိုးမြေဧကရာဇ်တယောက် တုန်လှုပ်သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလာသည်။

“မင်း..ပြောချင်တာက တကယ်လို့ ငါတို့အင်မော်တယ်လောကကြီးသာ သူတို့နဲ့ပေါင်းစည်းသွားရင်..”

ထိုမျှဆိုရင်ပဲ အင်မော်တယ်လောကမှ ရရှိလာမည့် အကျိုးမြတ်ကို တွက်ဆလို့ရနေချေပြီ။

“ကျွန်မ ပြောချင်တာအဲ့အချက်ပဲ ဒါပေမယ့် အခွင့်ရေးကိုရတာက ကျွန်မတို့ပဲမဟုတ်ဘူး”

ကျောက်စိမ်းဧကရီ၏ အကြည့်က မူလလောကရှိရာဘက်သို့ ရောက်သွားပြီး အနည်းငယ်စိတ်လှုပ်ရှားနေသည့် လေသံမျိုးဖြင့် ဆက်ပြောလာသည်။

“မူလ လောကကြီးကလည်း တူညီတဲ့အခွင့်ရေးကို ရလိမ့်မယ်”

ဒါက စင်မြင်ပေါ်ထိုးသတ်နေသည့် ပြိုင်ဘက်နှစ်ဥိီးစလုံးကို တပြိုင်နက်ထောက်ပံ့ပေးခြင်းနဲ့ တူညီပေသည်။ အဆုံး၌ မည်သည့်လောကမှ အနိုင်ရသွားမည်နည်း။

အကုန်လုံးရဲ့အကြည့်က ထူးထူးခြားခြားပဲ လေးနက်သွားပြီး အတန်ကြာတိတ်ဆိတ်ပြီးနောက်မှာတော့ ဆက်၍ရွေ့လျားနေသည့် အင်မော်တယ်လောက ကြီးအားတားစီးရန် မကြိုးတော့ပဲ ရောက်လာမည့်အခွင့်ရေးကိုသာ မည်ကဲ့သို့ အကျိုးရှိရှိ အသုံးပြုရမည်ကိုသာ တိတ်တဆိတ် စဥ်းစာခန်းဝင်နေကြလေသည်။ ထိုသူတို့နဲ့ မတူညီစွာ ကျောက်စိမ်းဧကရီကမူ ထျန်းဟွမ်သေမျိုးလောကရှိရာ စူးစိုက်ကြည့်နေခဲ့ပြီး နောင်ကာလများ၌ သူမအနေဖြင့် ထိုလောကထဲဝင်ရောက်ကာ ထူးခြားပုဂ္ဂိုလ်အား သွားရောက်တွေ့ဆုံရမည်ဟု ဆုံးဖြတ်လိုက်သည်။

………………………………………………

All Chapters