ကျင်းတိုင်းပြည်မှ ထွက်ခွာခြင်း
Vol. 12 Ch. 116
ယန်ချန် ရှုယင်တို့သားအမိနဲ့အတူ ကျန်းဝမ်လီ ယန်ပိုင်တို့ကလည်း ခရီးစဥ်ကို လိုက်ပါလာခဲ့ကြသည်။
မူလက ယန်ပိုင်ရဲ့ပုံစံကြောင့် သတိပြုမိစရာဖြစ်မည်ကို စိုးရိမ်ခဲ့သေးသော်လည်း ယန်ပိုင်က နှစ်ပေသာသာ အရွယ်အစားထိ သေးလိုက်ခြင်းကြောင့် လူသတိပြုစေမည့်အရေးမှ ရှောင်ရှားသွားနိုင်တော့သည်။
ပထမဦးစွာ ကျင်းစီရင်စုမှတဆင့် ကျင်းပြည်နယ်ထိ ခရီးစဥ်တပိုင်းကို စတင်ခဲ့သည်။ ထိုခရီးစဥ်တပိုင်းအတွင်း မြို့ငယ်လေးများစွာနဲ့ စီရင်စုများစွာကို ဖြတ်ကျော်ခဲ့ရသည်။ ထိုအတွေ့ကြုံက ခေတ်သစိကမ္ဘာတုန်းက ခရီးထွက်ရသည့် ခံစားမှုမျိုး ပြန်လည်ပေးစွမ်းနိုင်သည်ကို ယန်ချန်သဘောကျနေမိသည်။
စည်ကားပြီး ထင်ရှားသည့်မြို့ငယ်လေးများရောက်တိုင်း တညတာတည်းခိုခြင်းကို ပြုလုပ်လေ့ရှိပြီး ကျန်းဝမ်လီ ယန်ပိုင်တို့အကူညီကြောင့် လည်ပတ်မှုက သိသိသာသာပင် ဘေးကင်လေသည်။ ကပ်ဘေးဖြတ်ကျော်အဆင့်ဆိုသည်က ဂိုဏ်းကြီးများတွင် အကြီးကဲများအဆင့်ပင် မဟုတ်လော။ ရူးနေသည့်လူမဟုတ်သရွေ့ မည်သူမှ ရန်စရဲမည်မထင်ချေ။
ထိုသို့ဖြင့် ရက်အနည်းငယ်ကြာပြီးနောက် ကျင်းတိုင်းပြည်နယ်နိမိတ်မှ လွန်မြောက်လာကာ ထိုမှတဆင့် အခြားတိုင်းပြည်များစွာကို ဆက်တိုက်ကျော်ဖြတ်ကြတော့သည်။ ထျန်းဟွမ်လောက၏ တိုင်းပြည်တခုအရွယ်အစားမှာ ကမ္ဘာမြေမှာဆိုလျှင် အာဖရိကတိုက်တခုစာရှိပြီး အလွန်ကျယ်ပြောသည့် ဧရိယာကြီးများကို ဖြတ်သန်းရသည်က ရက်အတော်များများ ကုန်ဆုံးစေသည်။
တဖက်တွင် မင်ယုရှန်းတို့မှာ နယ်စပ်မြို့လေး၌ လဝက်ကြာ သောင်တင်ပြီးနောက်မှာတော့ စုသခင်လေးရဲ့ လှုပ်ရှားမှုအချို့ကို သတိပြုမိသွားကြတော့သည်။
အသေချာပင် မြို့ငယ်လေးထဲရှိ ကျင့်ကြံသူများမှာလည်း အမှောင်ကုန်းမြေရှိရာသို့ မတူညီသည့်လမ်းကြောင်းများမှတဆင့် ဝင်ရောက်သွားကြလေပြီ။
“မင်းတို့တွေ အထူးသတိထားဖို့လိုတယ် အင်မော်တယ်အမွေနှစ်ကို တခြားဒေသ ၄ခုက သူတော်စင်တွေ သတိပြုမိသွားကြပြီး မလိုအပ်ပဲ သတိပြုမိစရာဖြစ်အောင် မလုပ်ကြနဲ့”
မင်ဝမ်က တိတ်တဆိတ်မှာသည်။ မင်ယုရှန်းက သူတော်စင်အလယ်အလတ်ဖြစ်ကာ ကျန်သုံးဦးမှာလည်း သူတော်စင်တဝက်ကို ခြေချနေပြီး အဆိုပါအစုဖွဲ့က မိသားစုကြီးများကို သတိပြုမိသွားစေနိုင်သည်။ ထိုသို့ဆိုပါက နောက်ဆက်တွဲကိစ္စများစွာမှာ ရှုပ်ထွေးတော့မည် မဟုတ်လော။
မင်ယုရှန်းက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမအမှတ်အသားလုပ်ထားသည့် စုသခင်လေးကို အာရုံခံကာ ထိုလူငယ်လေးအနောက်မှ အရှိန်ဝါကို ဖျောက်ဖျက်ရင်း တိတ်တဆိတ်လိုက်ပါကြရန် အကုန်လုံး တည်းခိုခန်းမှ ထွက်သွားကြတော့သည်။
ထိုအချိန် စုသခင်လေးကမူ အစောင့်ရှောက်၄ဦးအား ခေါ်ဆောင်လျက် ဖင်ဖြစ်သူပေးပို့ထားသည့် လမ်းကြောင်းမှတဆင့် အမှောင်ကုန်းမြေဆီ ခရီးစတင်ထွက်ခွာတော့သည်။
မြို့ငယ်လေးမှ အမှောင်ကုန်းမြေဆီရောက်ရန် ရက်အနည်းငယ်ထပ်မံသွားရသေးပြီး အမှောင်ကုန်းမြေက ပတ်ပတ်လည် တောင်တန်းကြီးများ ကာရံထားသည့် ချိုင့်ဝှမ်းတခု ဖြစ်လေသည်။
“သူ့လမ်းကြောင်းက တခြားသူတွေနဲ့ လုံးဝမတူဘူး”
မင်ယုရှန်းက အမှတ်သားနောက်မှ တိတ်တဆိတ်လိုက်ပါရင်း အကဲဖြတ်နေလေသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်က အခြားသူများ ထွက်ခွာသွားသည်ကို အနည်းငယ်တိတ်တဆိတ် လိုက်ပါဖူးပြီး ထိုသူများက ရိုးရှင်းသည့်သာမန်ခရီးလမ်းကိုသာ အသုံးပြုသည်ကို သတိပြုမိခဲ့သည်။
ယခု စုသခင်လေးကတော့ ဖြတ်လမ်းအချို့ သုံးနေသည်မှာ နောက်ကွယ်မှ ညွန်ကြားမှုအချို့ ရထားသည်မှာ သေချာပေသည်။
အမှောင်ကုန်းမြေချိုင့်ဝှမ်းဒေသ တနေရာ…
ရှောင်ချီဦးဆောင်သည့် ရှောင်မိသားစုအဖွဲ့အချို့နဲ့အတူ ချင်ထျန်ဦးဆောင်တဲ့ ချင်မိသားစုအဖွဲ့အချို့တို့မှာ ချိုင့်ဝှမ်းထိပ် မတူညီသည့် ဝင်ပေါက်တနေရာစီ၌ ရောက်ရှိနေကြလေသည်။
ရှောင်ချီက ချိုင့်ဝှမ်းကို အလေးနက်လေ့လာနေရင်း ချင်မိသားစုလည်း တဖက်နေရာတွင်ရှိနေမည်ကို တွက်ဆမိသည်။ သေချာသည်က ချိုင့်ဝှမ်းထဲရောက်လျင် မိသားစုနှစ်ခုဆုံပါက အကြွေးဟောင်းရော အကြွေးသစ်ပါ တောင်းကြမည်မှာ မလွဲချေ။
“ကျန့်အာ အထဲရောက်ရင် ဂရုစိုက်ပါ”
ရှောင်ချီက အကာရံအနေဖြင့် ပိတ်ဆို့ထားသည့် အလင်းရောင်ဖျော့ဖျော့တလွှာကိုကြည့်ရင်း စိတ်လှုပ်ရှားနေစဥ် ရှောင်ချီ့စကားကြောင့် အလျင်မြန်တုန့်ပြန်လိုက်ရသည်။
“စိတ်ချပါအဘိုး”
ကျန်သည့် အကြီးကဲများ ထိပ်တန်းကျင့်ကြံသူများမှာလည်း ဘိုးဘေး၏စကားကို အလေးနက်ထားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကြကာ အလင်းရောင်အကာရံ ပျောက်ကွယ်မည်ကို စောင့်ဆိုင်းနေကြတော့သည်။
ချင်မိသားစုတွင်တော့ ချင်ထျန်တယောက် မျက်နှာတည်တင်းနေပြီး ချင်ရှန်အရေးဖြစ်စေ ချင်မိသားစုတခုလုံး၏ အရေးဖြစ်စေ အင်မော်တယ်အမွေနှစ်က သူ့အတွက်အရေးပါမည်ကို တွက်ဆမိနေသည်။ ထိုအမွေနှစ်သာမရပါက ရှောင်မိသားစုကို ရင်ဆိုင်နိုင်မည် မဟုတ်တော့။ ထို့အပြင် မင်တိုင်းပြည်ကိုလည်း လက်တုန့်ပြန်ရန်ကိစ္စမှာ ခက်ခဲရပေတော့မည်။
……………………………………………