← Chapters

ပျက်စီးသွားသော လမ်းကြောင်း၊ တုန်လှုပ်သွားသော မိစ္ဆာနက်ဂိုဏ်း (၃)

Vol. 31 Ch. 462

ပျက်စီးသွားသော လမ်းကြောင်း၊ တုန်လှုပ်သွားသော မိစ္ဆာနက်ဂိုဏ်း (၃)

Vol. 31 Ch. 462

~ငှက်ပျံ ပင်လယ်ဒေသ၌၊

ရက်စက် ကြမ်းကြုတ်သော စစ်ပွဲကြီး ဆက်လက် ဖြစ်ပွားနေဆဲပင်။

မိစ္ဆာနက်ဂိုဏ်း ရှေ့ပြေးတပ်ဖွဲ့ အများစု သုတ်သင် ခံခဲ့ရသော်လည်း၊ ကျန်ရှိနေသော မိစ္ဆာနက် စစ်တပ်ကြီးသည် အင်အား ငါးထောင်ခန့် ရှိနေသေးသည်။ သူတို့ တစ်ဦးချင်းစီသည် အနည်းဆုံး မှော်စွမ်းအင် နယ်ပယ် အဆင့် ရှိကြပြီး၊ ချပ်ဝတ် အပြည့်အစုံ ဝတ်ဆင်ထားကာ အစွမ်းထက်သော လက်နက်များနှင့် အဆောင်လက်ဖွဲ့များကို ကိုင်ဆောင်ထားကြ၏။

အကယ်၍ သိုင်းကမ္ဘာ့ သက်ရှိများတွင် ကမ္ဘာ့စွမ်းအားနှင့် ကြယ်တာရာ အခင်းအကျင်း၏ ပံ့ပိုးမှုသာ မရှိပါက၊ တစ်ဖက်သတ် အသတ်ခံရသော ပွဲမျိုး ဖြစ်သွားပေလိမ့်မည်။

သို့တိုင်အောင် အချိန်တိုင်းလိုလိုတွင် သိုင်းကမ္ဘာ့ သက်ရှိ အများအပြား ကျဆုံးနေကြရပြီး၊ ဟာကွက်များကို သူတို့၏ အသက်များဖြင့် ဖြည့်ဆည်း ပိတ်ဆို့နေကြရရှာသည်။

အခြား ရွေးချယ်စရာ မရှိတော့ချေ။

အခြေခံ အင်အား ကွာခြားချက်မှာ ကြီးမားလွန်းလှပေသည်။

အထူးသဖြင့် ထိပ်တန်း စွမ်းအားရှင်များ အကြားတွင် ပို၍ ဆိုးရွားလှ၏။

သိုင်းကမ္ဘာ၏ ထိပ်သီး သိုင်းသူတော်စင်ကြီး သုံးဦးသည် မူလဝိညာဉ် နယ်ပယ် အစစ်အမှန် ဧကရာဇ် နှစ်ပါးကို မနည်း တားဆီးထားရသော်လည်း၊ ဖိနှိပ်ခံနေရ၏။ အချိန်မရွေး အသက်အန္တရာယ် ကြုံတွေ့နိုင်သော အနေအထားတွင် ရှိနေ၏။ သူတို့သည် ဟင်းလင်းပြင်မှ ပစ်ကူပေးနေသော "ကြယ်တာရာ နက်ရှိုင်းခြင်း အလင်း"ကို အားပြု၍သာ အချိန်ဆွဲထားနိုင်ခြင်း ဖြစ်သည်။

အခြား သိုင်းသူတော်စင်များမှာမူ ပို၍ပင် ဆိုးရွားလှ၏။

ခရမ်းရောင် နန်းတော် နယ်ပယ် တပည့်အရင်း သုံးထောင် အနက်၊ ထက်ဝက်ခန့်သာ မူလစွမ်းအားကို ထုတ်ဖော်နိုင်သည် ဆိုလျှင်ပင် အင်အား တစ်ထောင့်ငါးရာခန့် ရှိနေသေးရာ၊ သိုင်းကမ္ဘာမှ သိုင်းသူတော်စင် အရေအတွက်ထက် များစွာ သာလွန်နေ၏။ ထို့ပြင် ထိုတပည့်အရင်းများတွင် အချို့မှာ အထူးခန္ဓာကိုယ် ပိုင်ရှင်များ ဖြစ်ကြပြီး၊ နတ်ဘုရား နည်းစနစ် အမျိုးမျိုးကို တတ်မြောက်ထားကြ၏။

စစ်ပွဲ စတင်သည်မှာ သိပ်မကြာသေးသော်လည်း သိုင်းသူတော်စင် တစ်ပါး ကျဆုံးသွားခဲ့ရတော့သည်။

ကောင်းကင်နှင့် မြေကြီးသည် ဝမ်းနည်းပူဆွေးနေသကဲ့သို့ တုန်ခါသွားကြ၏။

ကောင်းကင် ဖန်သားပြင်မှတစ်ဆင့် ကြည့်ရှုနေကြသော သိုင်းကမ္ဘာ့ သက်ရှိ အပေါင်းမှာမူ ယူကျုံးမရ ဝမ်းနည်းနေကြရပြီး၊ ဘာမှ ဝင်မကူညီနိုင်သဖြင့် ရင်ကွဲနေကြရသည်။ သူတို့၏ မျှော်လင့်ချက် အားလုံးကို ထိုရှေ့တန်းမှ စွမ်းအားရှင်များအပေါ် ပုံအပ်ထားရုံသာ ရှိတော့သည်။ သိုင်းကမ္ဘာ့ စွမ်းအားရှင်များ သေမင်းကို မကြောက်ဘဲ ရှေ့တိုး တိုက်ခိုက်နေကြသည်ကို၊ လဲကျသွားတိုင်း ရန်သူကို ဆွဲချသွားကြသည်ကို ကြည့်ရင်း၊ သူတို့၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေကြပြီး၊ ထိုနေရာတွင် ဝင်ရောက် အစားထိုး တိုက်ခိုက်ပေးချင်စိတ်များ ပေါက်ဖွားနေကြ၏။

အခြေအနေကို သုံးသပ်တတ်သူတိုင်း မြင်နိုင်၏။

စစ်ပွဲ အခြေအနေသည် သိုင်းကမ္ဘာဘက်မှ မရှုမလှ ဖြစ်လာနေတော့သည်ကိုပင်။

ကံကောင်းထောက်မစွာပင်...၊

အရေးကြီးသော အချိန်၌...

စွမ်းအားကြီးသော စစ်ကူ အသစ်တစ်သုတ် ရောက်ရှိလာ၏။

ကောင်းကင်ထိုး ဓားအလင်းတန်းများ ကျဆင်းလာပြီး မိစ္ဆာနက်ဂိုဏ်းသားများကို သတ်ဖြတ်လိုက်သလို၊ ပေကိုးရာခန့် မြင့်မားသော မျောက်ဖြူကြီး တစ်ကောင်သည်လည်း ဟိန်းဟောက် ရောက်ရှိလာကာ၊ "မာယာခွင်း ရွှေရောင်အလင်း" ဖြင့် ရန်သူများကို ချေမှုန်းပစ်လိုက်၏။ ထို့ပြင် စွမ်းအားကြီးသော ဝိညာဉ် သားရဲများလည်း ဆက်တိုက် ရောက်ရှိလာကြ၏။ ဤသူများသည် ယခင်က ကမ္ဘာ့လမ်းကြောင်းကို ဖျက်ဆီးခဲ့သူများ ဖြစ်ကြပြီး၊ ယန်ရွှဲ့ ရောက်လာပြီးနောက် နင်ချီက သူတို့ကို သိုင်းကမ္ဘာထဲသို့ ပြန်လည် ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်ပေသည်။

သူတို့ ပါဝင်လာမှုကြောင့် သိုင်းကမ္ဘာဘက်မှ ဖိအားများ အတော်အတန် လျော့ကျသွား၏။

အနည်းဆုံးတော့ ခရမ်းရောင် နန်းတော် နယ်ပယ် အဆင့်တွင် ယခင်ကကဲ့သို့ ဟာကွက်များ မရှိတော့ချေ။

မှော်စွမ်းအင် နယ်ပယ် အဆင့်တွင်မူ...

"ကြယ်တာရာ နက်ရှိုင်းခြင်း အလင်း"ဖြင့် ဖိအားများကို လျှော့ချပေးနေသော်လည်း၊ အသက်ပေါင်းများစွာ စတေးနေရဆဲ ဖြစ်သည်။

ကောင်းကင်တွင် သွေးမိုးများ ရွာသွန်းနေပြီး၊ ပင်လယ်ပြင်သည် အရိုးများဖြင့် ပြည့်နှက်နေ၏။

ဤကြေကွဲဖွယ်ရာ မြင်ကွင်းသည် သိုင်းကမ္ဘာ့ သက်ရှိတိုင်း၏ နှလုံးသားတွင် ထာဝရ စွဲထင်ကျန်ရစ်နေမည် ဖြစ်သည်။ ကလေးငယ်တိုင်းသည် ထိုမြင်ကွင်းကို ကြည့်ရှုရင်း နှုတ်ခမ်းကို တင်းတင်း ကိုက်ထားကြပြီး၊ အကယ်၍ သူတို့ အသက်ရှင်ခွင့် ရခဲ့ပါက နောင်တစ်ချိန်တွင် အသန်မာဆုံးသူများ ဖြစ်လာရမည်ဟု သန္နိဋ္ဌာန် ချလိုက်ကြ၏။

ကြိုတင် ခန့်မှန်း၍ ရနေပေသည်။

ဤစစ်ပွဲကြီးသည် သိုင်းကမ္ဘာ၏ အနာဂတ် လမ်းကြောင်းတစ်ခုလုံးကို ပြောင်းလဲပစ်ပေလိမ့်မည်။

ယခုအချိန်တွင်...

သိုင်းကမ္ဘာ့ သက်ရှိအားလုံး ယုံကြည်ချက် မပျောက်ဆုံးသေးသည့် အဓိက အကြောင်းရင်းမှာ...

သူတို့တွင် အထွတ်အထိပ် နယ်မြေ အရှင်သခင် တစ်ပါး ရှိနေသေးသောကြောင့်ပင်။

နယ်မြေ အရှင်သခင် ဘာကြောင့် အခုထိ ဝင်မပါသေးသည်ကို သူတို့ နားမလည်ကြသော်လည်း၊ သူတို့နှင့်အတူ ရှိနေကြောင်းကိုတော့ သိနေကြသည်။

မိစ္ဆာနက်ဂိုဏ်း၏ စစ်တပ်ကြီးသည်လည်း သိုင်းကမ္ဘာ့ ပညာရှင်များ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို အံ့အားသင့်နေကြ၏။

သူတို့သည် ကမ္ဘာငယ်ပေါင်းများစွာကို ဖျက်ဆီးခဲ့ဖူးသော်လည်း၊ ဤမျှ တော်တော်နှင့် အနိုင်မယူနိုင်သော၊ ဇွဲကောင်းကောင်းနှင့် ခုခံသော ကမ္ဘာမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ သူတို့ အသာစီး ရနေသော်လည်း၊ ဤအခြေအနေသည် သူတို့ လိုချင်သော အခြေအနေမျိုး လုံးဝ မဟုတ်ပေ။

အစစ်အမှန် ဧကရာဇ် ဇီယွင်သည် မျက်မှောင်ကြုတ်လိုက်၏။

"အစ်ကိုကြီး မီးတောက်နက်... ကစားမနေပါနဲ့တော့... မြန်မြန် တိုက်ကြရအောင်။ အကျအဆုံး များလွန်းရင် ဂိုဏ်းချုပ် အစ်ကိုကြီးကို ရှင်းပြရ ခက်နေပါလိမ့်မယ်ရှင်"

သူမ၏ လက်ထဲတွင် ခရမ်းရောင် သလင်းကျောက် လှံတံတစ်ချောင်း ပေါ်လာပြီး၊ ထိုးစိုက်လိုက်ရာ ကြောက်မက်ဖွယ် ထိုးဖောက်နိုင်စွမ်းသည် လီယန်ဝူ၏ ခန္ဓာကိုယ်ကို ပေါက်ကွဲလုမတတ် ဖြစ်သွားစေ၏။ သို့သော် ကောင်းကင်တောင် နှင်းမယ်က အချိန်မီ ဝင်ရောက်ကာ ကြယ်တာရာ အလင်းတန်းဖြင့် လမ်းကြောင်းလွှဲလိုက်သဖြင့် သီသီလေး လွတ်သွားခဲ့ရသည်။ လီယန်ဝူမှာမူ ချွေးစေးများပင် ပြန်သွားရ၏။

သူတို့နှစ်ဦးသည် ယခင်ကထက် ပိုမို သတိထားလိုက်ကြပြီး၊ စိတ်ကို စုစည်းလိုက်ကြ၏။

မူလဝိညာဉ် နယ်ပယ် (ပြည့်စုံခြင်း) အဆင့်ရှိသော အစစ်အမှန် ဧကရာဇ်သည် အမှန်တကယ် အတည်ပေါက် ဖြစ်လာပြီ ဖြစ်သည်။

မည်သည့်အချိန်တွင်မဆို သေရေးရှင်ရေး အကျပ်အတည်းနှင့် ကြုံတွေ့ရနိုင်ပေသည်။

တစ်ချိန်တည်းတွင် အဝေးတစ်နေရာ၌...

တစ်ကိုယ်တော် တိုက်ခိုက်နေသော အစစ်အမှန် ဧကရာဇ် မီးတောက်နက်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

"ညီမလေး ဇီယွင်... ခဏလောက် တောင့်ခံထားလိုက်ပါဦး။ ဒီလိပ်အိုကြီးရဲ့ အခွံက နည်းနည်း မာတော့ အချိန်နည်းနည်း ပေးရလိမ့်မယ်။ ညီမလေးသာ ဟိုဒေသခံ နှစ်ကောင်ကို အရင်သတ်ပြီး ဒီလိပ်ခွံကို လာခွဲပေးနိုင်ရင် အကောင်းဆုံးပေါ့"

အစစ်အမှန် ဧကရာဇ် ဇီယွင်သည် တိတ်တဆိတ် အံကြိတ်လိုက်မိသည်။ ဒါ သက်သက်မဲ့ အချိန်ဆွဲနေတာပဲ။

သူမသာ အထွတ်အထိပ် အခြေအနေတွင် ရှိနေပါက ဤမျှ ဒုက္ခခံနေစရာ မလိုဘဲ အားလုံးကို အလွယ်တကူ ဖိနှိပ်နိုင်ပေသည်။ သို့သော် ယခုမူ မာကျောသော ပြိုင်ဘက်နှစ်ဦးကို ဖြိုခွင်းရန် အားစိုက်နေရ၏။

သူမ စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင်...

ထွက်ပြေးလိုက်၊ လိုက်ဖမ်းလိုက် ဖြစ်နေသော အစစ်အမှန် ဧကရာဇ် မီးတောက်နက် နှင့် လိပ်ကြီးတို့သည် သူမ၏ မူလဝိညာဉ် အာရုံခံနိုင်စွမ်း အပြင်ဘက်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။

သူမ၏ ရင်ထဲတွင် ဒိန်းကနဲ ဖြစ်သွားပြီး၊ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။ တိုက်ခိုက်နေရင်းနှင့် မီးတောက်နက် နောက်သို့ လိုက်လာရသည့် ရည်ရွယ်ချက်ကို သူမ မေ့လျော့နေမိသည်။ ယခု တစ်ဖက်လူက အခွင့်အရေး ယူပြီး သူမ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားပြီ ဖြစ်ရာ၊ တစ်ယောက်တည်း ရတနာ ရှာဖွေရန် သွားရောက်ခြင်း ဖြစ်တန်ရာ၏။

သူမ လိုက်သွားချင်သော်လည်း၊ နှစ်ယောက်စလုံး ထွက်သွားလျှင် မိစ္ဆာနက် စစ်တပ်ကြီး အကြီးအကျယ် အထိနာပေလိမ့်မည်။

အစစ်အမှန် ဧကရာဇ် ဇီယွင်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

..ဟွန်း.. မီးတောက်နက် သူခိုးအိုကြီး... အဲဒီကျရင် ငါ့ကို အကျိုးအမြတ် မခွဲပေးဘဲ နေကြည့်စမ်း... မိစ္ဆာနက်ကြီးကို တိုင်ပြောပစ်လိုက်မယ်... ဘယ်သူ ပိုကြောက်ရမလဲ ကြည့်ကြသေးတာပေါ့..

သူမသည် တိုက်ပွဲအပေါ် အပြည့်အဝ အာရုံစိုက်လိုက်၏။

ရင်ထဲမှ ဒေါသများကို ကောင်းကင်တောင် နှင်းမယ်နှင့် လီယန်ဝူတို့အပေါ် ပုံချလိုက်၏။ သူတို့နှစ်ဦးသည် ပိုမို ပြင်းထန်သော ဖိအားကို ခံစားလိုက်ရပြီး၊ လိပ်အိုကြီး ရှိရာဘက်သို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်မိကြသည်။

သို့သော် ယခုအချိန်တွင် မြစ်တစ်စင်းခြားနေသကဲ့သို့ ဝေးကွာနေပြီ ဖြစ်ရာ၊ လိပ်အိုကြီး တောင့်ခံနိုင်ပါစေဟုသာ ဆုတောင်းနေရုံမှတစ်ပါး မတတ်နိုင်ကြချေ။

မိုင်ထောင်ချီ အကွာအဝေး၌...

အစစ်အမှန် ဧကရာဇ် ဇီယွင်၏ အာရုံခံနိုင်စွမ်း အပြင်ဘက်သို့ ရောက်သည်နှင့် တပြိုင်နက်၊ အစစ်အမှန် ဧကရာဇ် မီးတောက်နက်သည် ဟားတိုက် ရယ်မောလိုက်လေတော့သည်။

သူသည် စွမ်းအားအပြည့် ထုတ်ဖော်လိုက်ရာ၊ မီးနက်များ တောက်လောင်နေသော မိစ္ဆာနဂါးကြီးများသည် ဟင်းလင်းပြင်ထဲမှ ပျံတက်လာကြပြီး၊ ကွေ့ချန်ချင်းကို မြဲမြံစွာ ချုပ်နှောင်လိုက်ကြ၏။ ကြောက်မက်ဖွယ် အပူရှိန်သည် သူ၏ ခန္ဓာကိုယ်ကို အရည်ပျော်ကျမတတ် ဖြစ်စေ၏။

ကွေ့ချန်ချင်း ထိတ်လန့်သွားသည်။

ဤလူသည် အစကတည်းက စွမ်းအားများကို ထိန်းထားခဲ့ကြောင်း သူ ယခုမှ သဘောပေါက်လိုက်သည်။ အကယ်၍ စောစောကတည်းကသာ အစွမ်းကုန် တိုက်ခိုက်ခဲ့လျှင် သူ ယခုအချိန်ထိ တောင့်ခံနိုင်ခဲ့မည် မဟုတ်ချေ။

သူသည် မိစ္ဆာကောင်၏ ရည်ရွယ်ချက်ကို မသိနိုင်ပေ။

သို့သော် နောက်အခိုက်အတန့်တွင်...

အစစ်အမှန် ဧကရာဇ် မီးတောက်နက်၏ စကားကြောင့် သူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရ၏။

"လိပ်ကလေး... မင်းက ဝိညာဉ် ကမ္ဘာ က လာတာ မဟုတ်လား"

ကွေ့ချန်ချင်း၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ၊ သူက ရယ်မောလိုက်၏။

"ငါ သိတယ်... ငါ သိတယ်... ငါ ထင်တာ ဟုတ်နေတာပဲ။ ငါ ခန့်မှန်းကြည့်မယ်... မင်းလို လိပ်ကလေး တစ်ကောင်က ဘယ်လိုလုပ်ပြီး ဒီလို ခေါင်းပါးတဲ့ ကမ္ဘာငယ်လေးဆီ ရောက်လာတာလဲ"

"မင်းသခင် မသေခင် ခေါ်လာပြီးမှ သေသွားတာလား... ဒါမှမဟုတ် အထွတ်အထိပ် ရတနာ တစ်ခုခုထဲ မှားဝင်မိပြီး ဒီကမ္ဘာကို ပါလာတာလား... ဘယ်တစ်ခုလဲ... စိတ်ဝင်စားစရာပဲ"

ကွေ့ချန်ချင်း နှုတ်ဆိတ်နေသော်လည်း၊ ရင်ထဲတွင်မူ မုန်တိုင်းထန်နေ၏။ ရှေ့မှ လူ၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင် သူ နားလည်သွားတော့၏။

အစစ်အမှန် ဧကရာဇ် မီးတောက်နက်က ကောက်ကျစ်စွာ ပြုံးလိုက်၏။

"လိပ်ကလေး... မျှော်လင့်ချက် မရှိတော့တဲ့ အရသာက သိပ်မကောင်းလှဘူး မဟုတ်လား။ မင်းရဲ့ သွေးမျိုးဆက်က သာမည မဟုတ်ဘူး... ဝိညာဉ် ကမ္ဘာမှာ ဆိုရင် ငါနဲ့တောင် ရင်ပေါင်တန်းနိုင်လောက်တယ်။ ဒါပေမဲ့ အခုတော့ မင်း ဒီရေတိမ်ထဲမှာ ပိတ်မိနေရှာပါလား"

"ငါ အကြံတစ်ခု ပေးမယ်... ငါ့ကို သစ္စာခံလိုက်... ပြီးရင် အကုန် ပြောပြ... ငါ မင်းကို တောင်နှင့် ပင်လယ် နယ်မြေဆီ ခေါ်သွားပေးမယ်။ အဲဒီရောက်ရင် ငါတို့ သခင်နဲ့ ကျွန် ပူးပေါင်းပြီး တောင်နှင့် ပင်လယ် နယ်မြေကို လွှမ်းမိုးကြတာပေါ့... ဘယ်လိုလဲ"

ထိုစဉ်၊ သူ၏ ခန္ဓာကိုယ်တွင် မီးနက်များ တောက်လောင်လာပြီး၊ ကွေ့ချန်ချင်း၏ ကျောကုန်းပေါ်သို့ ဖြည်းညှင်းစွာ တက်နင်းကာ ဖိချလိုက်၏။ လိပ်ခွံပေါ်တွင် မီးလောင်ရာ အမည်းကွက်များ ပေါ်လာပြီး၊ နာကျင်မှုသည် ဝိညာဉ်အထိ စူးရှသွားသဖြင့် ကွေ့ချန်ချင်း မကျေမနပ် ဟိန်းဟောက်လိုက်မိသည်။

သူသည် ခန္ဓာကိုယ်ကို လိပ်ခွံထဲ ဝင်ရောက် ပုန်းအောင်းချင်မိသည်။

သို့သော် အစစ်အမှန် ဧကရာဇ် မီးတောက်နက်က ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

မိစ္ဆာနဂါး မီးတောက် သံကြိုးများသည် ကွေ့ချန်ချင်း၏ ခေါင်း၊ အမြီးနှင့် ခြေလက်လေးဖက်လုံးကို တင်းကြပ်စွာ ချည်နှောင်ထား၏။ ကွေ့ချန်ချင်း မည်မျှပင် ရုန်းကန်ပါစေ အလကားသာ ဖြစ်နေ၏။ မည်သူမျှ မသိကြသော်လည်း၊ အစစ်အမှန် ဧကရာဇ် မီးတောက်နက်သည် မိစ္ဆာနက်ဂိုဏ်းတွင် ဒုတိယ အသန်မာဆုံး ဖြစ်ပြီး၊ မူလဝိညာဉ် နယ်ပယ် (ပြည့်စုံခြင်း) အဆင့်သို့ ရောက်ရှိနေသူ ဖြစ်ပေသည်။

စွမ်းအား ဖိနှိပ်ခံထားရလျှင်ပင်၊ သူ၏ အစွမ်းကုန် အင်အားသည် ကွေ့ချန်ချင်းကို အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိပေသည်။

“ဝေါ..”

ပြင်းထန်သော မီးနက်များ တောက်လောင်လာပြီး၊ ကြောက်မက်ဖွယ် အပူရှိန်သည် ချည်နှောင်ထားသော နေရာများမှ တစ်ကိုယ်လုံးသို့ စီးဆင်းသွား၏။

ရုပ်ခန္ဓာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ နာကျင်မှုများကြောင့် ကွေ့ချန်ချင်း သတိလစ်မတတ် ဖြစ်သွားသော်လည်း၊ အစစ်အမှန် ဧကရာဇ် မီးတောက်နက်၏ မူလဝိညာဉ် စွမ်းအားက သူ့ကို သတိမလစ်အောင် ထိန်းထားပေး၏။

"ဟီးဟီး.. လိပ်ကလေး... သေချာ စဉ်းစားနော်"

သူက အေးစက်စွာ ရယ်မောလိုက်ပြီး၊ စိတ်ရှည်သည်းခံမှုများ တဖြည်းဖြည်း ကုန်ဆုံးလာ၏။

ကွေ့ချန်ချင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"ငါ သေရင်တောင် မင်း ဘာမှ သိရမှာ မဟုတ်ဘူး"

အစစ်အမှန် ဧကရာဇ် မီးတောက်နက်က ရက်စက်စွာ ပြောလိုက်သည်။

"သေခြင်းတရားက အဆုံးသတ် မဟုတ်ဘူးကွ... သေတာထက် ပိုကြောက်စရာကောင်းတာတွေ ရှိသေးတယ်... ငါ မင်းကို နောက်ဆုံး အခွင့်အရေး ပေးမယ်"

သူက ခြေထောက်ဖြင့် ဖိနင်းလိုက်ရာ လိပ်ခွံပေါ်တွင် အက်ကွဲကြောင်းများ ထင်ဟပ်လာ၏။

ကွေ့ချန်ချင်းသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး မီးတောက်များကြောင့် အရည်ပျော်ကျတော့မည်ဟု ခံစားလိုက်ရသည်။

"ဂိုဏ်းချုပ်... ကျွန်တော် ဂိုဏ်းချုပ် လာတဲ့အထိ တောင့်ခံနိုင်မယ် မထင်တော့ဘူး" သူ၏ ရင်ထဲတွင် ခါးသီးနေသော်လည်း နှုတ်ဆိတ်နေလိုက်သည်။

အစစ်အမှန် ဧကရာဇ် မီးတောက်နက် ဒေါသပေါက်ကွဲသွား၏။

"ကောင်းပြီလေ... မင်းပဲ တောင်းဆိုတာနော်"

အချိန် မရှိတော့သဖြင့်၊ ကွေ့ချန်ချင်း ဤမျှ နာကျင်နေသည့်တိုင် ဖွင့်မပြောသောကြောင့်၊ သူ၏ နောက်ဆုံး နည်းလမ်းကို သုံးရတော့မည် ဖြစ်သည်။

ဝိညာဉ် ရှာဖွေခြင်း။

ဤနည်းလမ်းသည် ကျင့်ကြံသူ တစ်ဦး၏ ဝိညာဉ်မှ အသုံးဝင်သော သတင်းအချက်အလက်များကို ဆွဲထုတ်နိုင်သော်လည်း၊ ပြင်းထန်သော ခုခံမှုနှင့် ကြုံတွေ့ရပါက သတင်းအချက်အလက် အချို့ ပျောက်ဆုံးသွားတတ်သည်။ သို့သော် ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ဖြည်းဖြည်းချင်း စစ်မေးနေ၍ မရတော့သဖြင့်၊ ဤနည်းလမ်းကိုသာ သုံးရတော့မည်။

သူ၏ မူလဝိညာဉ် စွမ်းအားများ စုစည်းလာပြီး၊ "ဝိညာဉ်ရှာဖွေ သရဲကောင်လေး"တစ်ကောင် အသွင်ပြောင်းလဲကာ ကွေ့ချန်ချင်း၏ ဝိညာဉ်ကို ဝါးမြိုရန် ပြင်ဆင်လိုက်၏။

သို့သော် နောက်အခိုက်အတန့်တွင်...

ကြီးမားလေးလံသော ဖိအားတစ်ခု ကျရောက်လာသဖြင့် သူ၏ နှလုံးသား တုန်ခါသွားရ၏။ သူ၏ လှုပ်ရှားမှု အားလုံး ရပ်တန့်သွားပြီး ခန္ဓာကိုယ် တောင့်တင်းသွားရ၏။

အစစ်အမှန် ဧကရာဇ် မီးတောက်နက်.. အလိုအလျောက် လှည့်ကြည့်လိုက်ရာ၊ ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ခံစားချက် မရှိသော မျက်နှာဖြင့် သူ၏ ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ ထိုလူငယ်က လက်သီးဖြင့် ဖွဖွလေး ထိုးလိုက်ရာ အကန့်အသတ်မဲ့ စွမ်းအားများ ပါဝင်သွားပြီး၊ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် မိုင်ပေါင်းများစွာ အကွာသို့ ထိန်းချုပ်မရဘဲ လွင့်စင်သွားရ၏။ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်များပင် အက်ကွဲကုန်ကြ၏။

ကွေ့ချန်ချင်း ဝမ်းသာအားရ အော်ဟစ်လိုက်၏။

"ခန်းမသခင်"

နင်ချီက ညင်သာစွာ နှစ်သိမ့်လိုက်သည်။

"ချန်ချင်း... ခင်ဗျားအတွက် ဒီခန်းမသခင် လက်စားချေပေးပါမယ်"

သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ တောက်လောင်လာလေတော့သည်။

All Chapters