တာ့ယွဲ့ မှောင်ခိုဈေး
Vol. 6 Ch. 76
~အမှန်တရား ခန်းမဆောင်မှ ထွက်ခွာပြီးနောက် စုယွီသည် ဝူထုံ ဆေးလုံးမျှော်စင်သို့ တိုက်ရိုက် ပြန်သွားခဲ့ပြီး ယွီခယ်အာကို ခေါ်လိုက်လေ၏။
ဆေးလုံးမျှော်စင် နောက်ဖေး ခြံဝင်းအောက်ရှိ လျှို့ဝှက် ခန်းမဆောင် အတွင်း၊
စုယွီနှင့် ယွီခယ်အာ တို့သည် ကြမ်းပြင်ပေါ်တွင် ထိုင်နေကြ၏။ စုယွီ၏ မျက်နှာထားမှာ လေးနက်နေပြီး ပြောလိုက်သည်။
"မကြာသေးခင်က အမှန်တရား ခန်းမဆောင်က ခန်းမဆောင် သခင် ရွှီဝမ်ရှန်းက လူလွှတ်ပြီး ငါ့ကို ခေါ်ခိုင်းတယ်... ငါလည်း သူတို့နဲ့ အတူ လိုက်သွားပြီး သူနဲ့ တွေ့ခဲ့တယ်"
ထိုအခါ၊ ယွီခယ်အာ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ပြန်မေးလိုက်သည်။
"သူက နင့်ကို အမှန်တရား ခန်းမဆောင်ထဲ ဝင်စေချင်တာလား"
စုယွီ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ဒါပေမဲ့ ငါ လက်မခံခဲ့ဘူး"
ယွီခယ်အာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"အမှန်တရား ခန်းမဆောင်က မကြာသေးခင်ကပဲ ပညာရပ် အသီးသီးက လက်မှုပညာရှင်တွေကို လိုက်ရှာနေတာ... အထူးသဖြင့် ဆေးပညာ၊ လက်နက်သွန်းလုပ်ခြင်း၊ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်း၊ ရုပ်သေးပညာ၊ အခင်းအကျင်း၊ သားရဲထိန်းသိမ်းခြင်း စတဲ့ ပညာရပ်တွေမှာ ကျွမ်းကျင်တဲ့သူတွေကိုပေါ့... ငါ သိရသလောက် ဆိုရင် သူတို့ထဲက တစ်ဝက်ကျော်လောက်က ဝင်ဖို့ ရွေးချယ်လိုက်ကြပြီ"
"ဒီကိစ္စတွေ အားလုံးမှာ အမှန်တရား ခန်းမဆောင်ရဲ့ လက်ချက်တွေ အထင်အရှား ရှိနေတယ်"
"ပံ့ပိုးမှု တန်ဖိုးနဲ့ လဲလှယ်တာတွေကို ကန့်သတ်တာ၊ ဝင်ရောက်ပြီးမှ ဆုလာဘ်တွေ ပေးတာ အပါအဝင်ပေါ့"
"တခြား ပြင်ပ နည်းလမ်းတွေ သုံးမသုံး ဆိုတာတော့ မသိရသေးဘူး"
စုယွီ အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ သူ ကြိုးစားပမ်းစား စုဆောင်းခဲ့သော ပံ့ပိုးမှု တန်ဖိုး
( ၁၀၀၀ ) ကို တွေးမိပြီး ရင်နာနေမိသည်။ ယခုတော့ အလဟသ ဖြစ်သွားရသည်။
အမြတ်ထုတ်ခံလိုက်ရသဖြင့် စုယွီ မျက်နှာထား ပုပ်သိုးသွားရ၏။
မူလက သူသည် အမှန်တရား ခန်းမဆောင်မှ ဒုတိယအဆင့် အဆင့်မြင့် ဆေးပညာရှင် အမွေအနှစ်ကို ရရှိရန် မျှော်လင့်ထားခဲ့သည်။
အမှန်တရား ခန်းမဆောင်ကဲ့သို့သော အင်အားစု တစ်ခုက သူ ထင်ထားသည်ထက် ပိုမို ယုတ်မာလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။
သူ ပံ့ပိုးမှု တန်ဖိုးများကို လဲလှယ်ခွင့်ပင် မရသေးခင် သူတို့က အကျိုးအမြတ် ရယူရန် ကြံစည်နေကြပြီ။
"သူတို့တွေ လူမှားပြီး ရန်စမိမှာကို မကြောက်ကြဘူးလား မသိ"
ဟု စုယွီက မထီမဲ့မြင် ပြုလိုက်သည်။
ယွီခယ်အာ ခေါင်းခါလိုက်သည်။
"တတိယ နယ်ပယ် (အမြုတေ ဖွဲ့စည်းခြင်း အဆင့်) ရှိတဲ့သူတွေက လွဲရင် သူတို့ ဘယ်သူ့ကို ကြောက်ရမှာလဲ... ဒုတိယအဆင့် ထိပ်သီးတွေ ဆိုရင်တော့ ငါ သိသလောက် အမှန်တရား ခန်းမဆောင်က ရန်စဖို့ မကြိုးစားပါဘူး... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ရဲ့ ကျောထောက်နောက်ခံ ရှိနေသရွေ့ အမှန်တရား ခန်းမဆောင်က တကယ်ပဲ ဘာမှ ကြောက်စရာ မရှိပါဘူး"
သို့သော် စုယွီက ပြန်လည် ချေပလိုက်သည်။
"ကောင်းကင်ဘုံ ဆိုတာ လှည့်ပတ်နေတာပါ... အခု မသိသာပေမဲ့ နောင် နှစ် ၅၀၊ နှစ် ၁၀၀ ကြာရင် ရှင်းသွားမှာပါ"
ထိုစကားကြောင့် ယွီခယ်အာ လန့်ဖျပ်သွားပြီး စုယွီကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
စုယွီ၏ စကားလုံးများ၏ အဓိပ္ပာယ်ကို သူမ နားလည်လိုက်သည်။
အခြားသူများ မသိသော်လည်း အနည်းဆုံးတော့ အမှန်တရား ခန်းမဆောင်သည် သူမ ရှေ့တွင် ထိုင်နေသော ဤအမျိုးသားကို ရန်စမိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ ဆေးပညာ ပါရမီနှင့် ဆိုလျှင် အကယ်၍ သူသာ အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါက အနာဂတ်တွင် အမှန်တရား ခန်းမဆောင် အတွက် တကယ့် ပြဿနာကြီး ဖြစ်လာနိုင်ပေသည်။
ထို့နောက်၊ စုယွီက ခေါင်းခါလိုက်ပြီး ခေါင်းစဉ် ပြောင်းလိုက်သည်။
"ခယ်အာ... ဝူယန် တောင်တန်းက ဆေးပညာရှင် ပိုင်ယန် အကြောင်း သိလား... တကယ်လို့ ငါက သူ့လိုမျိုး နေရာတစ်ခု ထူထောင်ချင်တယ် ဆိုရင် သင့်တော်မယ့် နေရာမျိုး သိလား"
အိမ်နီးချင်း ဝမ်ဟုန်၏ ကံကြမ္မာကို မြင်တွေ့ခဲ့ရပြီးနောက် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သည် ဖော်ရွေသော နေရာ မဟုတ်ကြောင်း စုယွီ သဘောပေါက်ခဲ့သည်။
ထိုအချိန်ကတည်းက သူသည် နောက်ဆုံး ထွက်ပေါက် တစ်ခု ပြင်ဆင်ထားရန် စိတ်ကူးရှိခဲ့သည်။
ယခု ရွှီဝမ်ရှန်းနှင့် တွေ့ဆုံပြီးနောက် စုယွီသည် သူ၏ အတွေးများကို မထိန်းချုပ်နိုင်တော့ပေ။
ရွှီဝမ်ရှန်းတွင် အတင်းအကြပ် ဖိအားပေးမည့် ရည်ရွယ်ချက် မရှိသော်လည်း စုယွီ အနေဖြင့် ရွေးချယ်စရာ လမ်းမရှိတော့သည့် အခြေအနေအထိ စောင့်ဆိုင်းမနေချင်ပါ။
ခြေလှမ်း နောက်တစ်လှမ်းကို စတင် စဉ်းစားသင့်ပြီ ဖြစ်သည်။
ယွင်ရှန်း ဈေးမြို့တော်တွင် ရှိစဉ်က သူ၏ အစ်မ စုဇီထံမှ ဝူယန် တောင်တန်းတွင် နေထိုင်သော ဆေးပညာရှင် ပိုင်ယန် အကြောင်း သူ ကြားဖူးခဲ့သည်။ ထိုနေရာသည် တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ပိုင်ယန်၏ နေထိုင်ရာ ဖြစ်သော်လည်း နေရာအနှံ့ ကျော်ကြားပြီး ကျင့်ကြံသူ အများအပြား ဆေးလာတောင်းကြသည်ဟု သိရသည်။
ဤ အချက်ကို စဉ်းစားကြည့်လျှင် အနည်းဆုံးတော့ မိမိ၏ အရင်းအမြစ်များနှင့် အသက်မွေးဝမ်းကျောင်း အတွက် စိုးရိမ်စရာ မလိုတော့ပေ။
ဤသည်မှာ စုယွီ စီစဉ်လိုသော အခြား ရွေးချယ်စရာ လမ်းကြောင်း ဖြစ်သည်။
ယွီခယ်အာ အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် ပြန်လည် ဖြေကြားလိုက်သည်။
"အဲ့ဒီလို နေရာမျိုးတွေက ရှားပါးတယ်... ရှာဖွေလို့ တွေ့တာထက် ကံကြမ္မာ အရ တွေ့ရတာမျိုးလို့ ပြောလို့ ရတယ်... ဒါပေမဲ့ နေရာကောင်း တစ်ခုတော့ စဉ်းစားမိတယ်... တာ့ယွဲ့ တောင်ထွတ်တွေ အပြင်ဘက်က တာ့ယွဲ့ မှောင်ခိုဈေးလေ... အဲ့ဒါက ပိုင်ရှင်မဲ့ နယ်မြေ ဖြစ်ပေမဲ့ တာ့ယွဲ့ နန်းတော်က အမြုတေ ဖွဲ့စည်းခြင်း အဆင့် အကြီးအကဲ တစ်ယောက် ရေရှည် တပ်စွဲထားလို့ လုံခြုံရေးက ပြဿနာ မရှိပါဘူး"
"ဒါ့အပြင် ခိုင်ရန် နန်းတော်၊ ဓားမြို့တော် ချင်မိသားစုနဲ့ တခြား အင်အားစုတွေ အားလုံး အဲ့ဒီမှာ အခြေစိုက်စခန်းတွေ ရှိကြပြီး အင်အား မျှခြေ တစ်ခု ဖြစ်နေတယ်"
"ဒီနှစ်တွေ အတွင်း အဲ့ဒီမှာ ဆိုးဆိုးရွားရွား ဖြစ်တယ်လို့ မကြားမိဖူးဘူး"
"ပြီးတော့ ငါ့ ယွီမိသားစုမှာလည်း အဲ့ဒီမှာ သီးသန့် ဒုတိယအဆင့် ဂူစံအိမ် တစ်ခု ရှိတယ်... ဝိညာဉ် တောင်တန်း တစ်ခုနဲ့ ဝိညာဉ် စိုက်ခင်း အသေးစားလေး တစ်ခု ပါတယ်... နင် လိုချင်ရင် ငါ လျှောက်ထားပေးလို့ ရတယ်"
ဤ စကားသည် "ငါ့ပစ္စည်းက နင့်ပစ္စည်းပဲ... နင် လိုချင်ရင် ငါ ပေးမယ်" ဟု ပြောလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေ၏။
‘တာ့ယွဲ့ မှောင်ခိုဈေး….’
စုယွီ တွေဝေသွား၏။ ထိုနေရာကို သူ ရင်းနှီးသော်လည်း သိပ်အများကြီး မသိပေ။
သို့သော် တာ့ယွဲ့ တောင်တန်းသည် ကျော်ကြားသည်မှာ ကြာပြီ ဖြစ်သည်။ ထိုနေရာသည် တာ့ယွဲ့ ပြည်နယ်တွင် အကြီးဆုံးသော သားရဲများနှင့် မိစ္ဆာများ ကျက်စားရာ တောရိုင်း တောင်တန်းကြီး ဖြစ်ပြီး မိစ္ဆာ မျိုးနွယ်စုများ အမှန်တကယ် တည်ရှိနေသော နေရာလည်း ဖြစ်သည်။
တာ့ယွဲ့ မှောင်ခိုဈေးသည် တာ့ယွဲ့ တောင်တန်း၏ အရင်းအမြစ်များကို အခြေခံပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။
ထိုနေရာသည် တာ့ယွဲ့ ပြည်နယ်၏ အလယ်ဗဟိုတွင် တည်ရှိပြီး ယွင်ကျန်းဂိုဏ်းနှင့် ပိုမို ဝေးကွာလေ၏။
ယွီခယ်အာနှင့် အချိန်ကြာမြင့်စွာ ဆွေးနွေးပြီးနောက် စုယွီသည် ဆုံးဖြတ်ချက် မချနိုင်သေးဘဲ ပိုမို စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။
အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၏ ဒုတိယ စက်ဝန်းသို့ တက်လှမ်းရန် မဝေးတော့သလို အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိရန်လည်း နီးကပ်နေပြီ ဖြစ်သည်။
တာ့ယွဲ့ မှောင်ခိုဈေးသို့ သွားမလား၊ သို့မဟုတ် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်ပြီးမှ ဆုံးဖြတ်မလား ဆိုသည်ကို နောက်မှ ကြည့်ရပေမည်။
နောက်တစ်နေ့တွင်၊ စုယွီသည် လဲလှယ်မှု ပြုလုပ်ရန် အမှန်တရား ခန်းမဆောင်သို့ သွားရောက်ခဲ့သော်လည်း ဆေးပညာရှင် အမွေအနှစ် မဆိုထားနှင့် ၊ အခြား ပစ္စည်းများကိုပင် လဲလှယ်၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
ဟူရှို့၏ ပြုံးဖြီးဖြီး မျက်နှာနှင့် အမှန်တရား ခန်းမဆောင်သို့ ဝင်ရောက်ရန် အမြဲတစေ အရိပ်အမြွက် ပြောဆိုမှုများ၊ ရွှီဝမ်ရှန်း အတွက် ကြိုးစား လုပ်ကိုင်ပေးပါက ပိုမို တန်ဖိုးရှိသော အရာများ ရရှိနိုင်မည် ဟူသော ကတိစကားများကို မြင်လိုက်ရသောအခါ စုယွီ ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ မပြောဘဲ ပြန်လှည့်ထွက်လာခဲ့သည်။
စုယွီ ပြဿနာ မရှာဘဲ ထွက်ခွာသွားသည်ကို ကြည့်ပြီး ဤကိစ္စကို ဂရုမစိုက်သကဲ့သို့ ဖြစ်နေသဖြင့် ဟူရှို့၏ မျက်နှာထား အနည်းငယ် မည်းမှောင်သွား၏။
"ဒီကောင်က ကိုင်တွယ်ရ ခက်တယ်... ခေါင်းမာတဲ့ ကောင်ပဲ"
သို့သော် စုယွီ၏ ကျင့်စဉ်သည် ချီစွမ်းအင် စုစည်းခြင်း အဆင့်သာ ရှိသေးကြောင်း တွေးမိသောအခါ ဟူရှို့ နှာမှုတ်လိုက်ပြီး ခေါင်းခါကာ စိတ်လျှော့လိုက်သည်။
သူတို့ အမှန်တရား ခန်းမဆောင် ရှေ့မှာ သာမန် ချီစွမ်းအင် စုစည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က ဘယ်လောက် ခေါင်းမာနိုင်မှာလဲ။ တကယ် အမြော်အမြင် မရှိတဲ့ကောင်။
"မင်း မကြာခင် ငိုရလိမ့်မယ်"
ဟူရှို့ လှောင်ပြုံး ပြုံးလိုက်သည်။
‘ခွေးက ပြန်လှည့်လာချင်တဲ့ အချိန်ကျရင် အရိုးကျွေးမယ့်သူ ရှိမှာ မဟုတ်တော့ဘူး။
အမှန်တရား ခန်းမဆောင်ကို ပရဟိတ အသင်းလို့ ထင်နေတာလား။
သူ့ဘာသာ အခြေခံ တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းနိုင်ရင်တော့ တစ်မျိုးပေါ့။’
—------
အမှန်တရား ခန်းမဆောင်မှ ထွက်ခွာပြီးနောက် စုယွီသည် သူ၏ ခြံဝင်းသို့ ပြန်လာပြီး နေ့စဉ် ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်သည်။
နောက်ရက်များတွင် သူသည် အမှန်တရား ခန်းမဆောင်ကို လစ်လျူရှုထားပုံ ရလေ၏။
သူ့မှာ အချိန်မရှားပါ.. ထို့အပြင်၊ သည်းခံနိုင်စွမ်းလည်း ရှိပါ၏။
နေ့စဉ် ကျင့်ကြံပြီးနောက် ဆေးလုံးမျှော်စင်သို့ သွားရောက်ကာ ယွီချန်ချင်းကို ဆေးပညာ လမ်းညွှန်ပေးခြင်း၊ ယွီခယ်အာနှင့် တာအို အကြောင်း ဆွေးနွေးခြင်း၊ တာ့ယွဲ့ မှောင်ခိုဈေး အခြေအနေကို စုံစမ်းခြင်းနှင့် တာ့ယွဲ့ မှောင်ခိုဈေးသို့ သွားရောက်ဖြစ်ပါက ဘာလုပ်ရမည်ကို ဆွေးနွေးခြင်းများ ပြုလုပ်လေ့ ရှိသည်။
နောက်ထပ် ခြောက်လ ကြာပြီးနောက်၊ သူ၏ ခြံဝင်း အတွင်း၌၊
စုယွီသည် ပြားချပ်သော အသီး၏ မျိုးစေ့ကို ကိုင်ထားပြီး အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်ကို အဆက်မပြတ် လည်ပတ်ကာ သူ၏ ဝိညာဉ် စွမ်းအင်ဖြင့် အာဟာရဖြည့်နေလေ၏။ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့သော်လည်း မျိုးစေ့သည် အနည်းငယ်မျှသော ပြောင်းလဲမှုသာ ရှိခဲ့ပြီး ၎င်း၏ အသက်စွမ်းအား အနည်းငယ် ပိုမို သန်စွမ်းလာရုံသာ ရှိသည်။
သို့သော် ပြီးပြည့်စုံစွာ ပြုစုပျိုးထောင်နိုင်ရန် အချိန် အတော်အတန် ကြာမြင့်ဦးမည်ဟု ခန့်မှန်းရသည်။ ပြုစုပျိုးထောင်ပြီးနောက် မျိုးစေ့ကို ကျောက်စိမ်း သေတ္တာထဲသို့ ပြန်ထည့်ပြီး ချန်ခွန်းအိတ်ထဲတွင် သိမ်းဆည်းလိုက်သည်။
ထို့နောက် ဒုတိယအဆင့် ကနဦး အဆင့် ပြီးပြည့်စုံသော အရည်အသွေးရှိသည့် သားရဲ ဆေးလုံး နှစ်လုံးနှင့် အစာရှောင် ဆေးလုံး နှစ်လုံးကို ထုတ်ယူလိုက်ပြီး သားရဲအိတ်ထဲမှ မြေကမ္ဘာ မီးလျှံ မျောက်ဝံနှင့် တောင်ပံနက် သိမ်းငှက် (အကြေးခွံနက် သိမ်းငှက်) တို့ကို လွှတ်ပေးလိုက်ကာ အစာကျွေးပြီး လေကောင်းလေသန့် ရှူစေလိုက်သည်။
ညအချိန်တွင် အခန်းအောက်ရှိ လျှို့ဝှက် ခန်းမဆောင် အတွင်း၌၊
စုယွီ ဝင်ရောက်လာသောအခါ သူ၏ တာအို ကိုယ်ပွား ရုပ်သေးသည် မိမိကိုယ်ကို အဆင့်မြှင့်တင်ရန် ဝိညာဉ် သတ္တု ပစ္စည်းများ၏ အဆီအနှစ်ကို စားသုံးနေလေ၏။ လျှို့ဝှက် ခန်းမဆောင် အတွင်း ခြောက်လကြာ တံခါးပိတ် နေပြီးနောက် ၎င်း၏ အရှိန်အဝါသည် ယခင်ကထက် သိသိသာသာ အားကောင်းလာခဲ့သည်။
တာအို ကိုယ်ပွား ရုပ်သေးကို တစ်ချက် ကြည့်ပြီးနောက် စုယွီသည် ဘေးတစ်ဖက်သို့ သွားလိုက်ပြီး ချီစွမ်းအင် စုစည်းခြင်း ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံး တစ်ပုံကို ထုတ်ယူကာ ကျင့်ကြံခြင်း စတင်လိုက်သည်။
"ဝုန်း"
အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် လည်ပတ်နေစဥ်၊ ဖျော့တော့သော အစိမ်းရောင် အလင်းတန်း တစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ရုန်းကြွလာသည်။
တစ်ချိန်တည်းမှာပင် စုယွီသည် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို ထုတ်လွှတ်လိုက်သည်။
ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်၏ ဝိညာဉ် ရွှေရောင် အလင်းတန်းများ တောက်ပလာပြီး သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် တိုးဝင်သွားသောအခါ စုယွီသည် သူ၏ စိတ်အာရုံ ဗလာ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ ရွှေပုစဉ်း ဝိညာဉ် စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ် စွမ်းအင်များ သန့်စင်သွားပြီး လွန်ခဲ့သော နှစ်အနည်းငယ်ကနှင့် နှိုင်းယှဉ်ပါက အပြောင်းအလဲ အချို့ ဖြစ်ပေါ်လာခဲ့သည်။
တကယ်တော့ စုယွီ သတိမထားမိသည်မှာ သူ၏ အဆင့်နိမ့် ဝိညာဉ်အမြစ်သည် အနည်းငယ် တိုးတက်လာပြီး ပိုမို သန့်စင်လာခြင်းပင် ဖြစ်သည်။
စုယွီ ဆက်လက် ကျင့်ကြံနေစဉ် အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၏ ကျွမ်းကျင်မှုသည် နယ်ပယ် ချိုးဖြတ်ရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။