← Chapters

စုမိသားစုထံ ပြန်ရောက်ခြင်း

Vol. 6 Ch. 82

စုမိသားစုထံ ပြန်ရောက်ခြင်း

Vol. 6 Ch. 82

~လေလံပွဲအတွင်း တာအိုကိုယ်ပွားရုပ်သေးက ဒုတိယအဆင့် အဆောင်လက်ဖွဲ့အဆောင် ပစ္စည်းအမြောက်အမြား၊ ရေခဲနှလုံးသား ကြာပန်းတစ်ပွင့်နှင့် သန့်စင်သော သားရဲအမြုတေတစ်ခု ရရှိခဲ့၏။ ထို့ပြင် ချန်ခွန်းအိတ်ထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၇၀၀) ကျန်ရှိနေသေးပေသည်။

ရေနဂါးလှံရှည်နှင့် ရုပ်သေးပစ္စည်းများကိုမူ တာအိုကိုယ်ပွားရုပ်သေးထံတွင် ထားရစ်ခဲ့၏။

'နောက်တစ်ဆင့်က သေမင်းဝိညာဉ် ချပ်ဝတ်နဲ့ ကျန်နေတဲ့ အဆောင်ပစ္စည်းတွေကို အသုံးချပြီး ဒုတိယအဆင့် အလယ်အလတ် အဆောင် ဘယ်နှစ်ခုလောက် ရေးဆွဲနိုင်မလဲ စမ်းသပ်ကြည့်ရမယ်'

စုယွီ ခြံဝင်းငယ်လေးထဲတွင် တံခါးပိတ် ကျင့်ကြံနေရင်း ဆုံးဖြတ်လိုက်ပေသည်။

တာ့ယွဲ့ မှောင်ခိုဈေးသို့ သွားရန် ကိစ္စမှာ သိပ်အရေးကြီးသေးသည်တော့ မဟုတ်ချေ။

ဤကိစ္စအတွက် ယွီမိသားစုခေါင်းဆောင်၏ ဆုံးဖြတ်ချက် လိုအပ်နေသေး၏။ သူက ယခု ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများဆီသို့ ရောက်ရှိနေသောကြောင့် ဖြစ်ပေသည်။ စုယွီကမူ ယွီခယ်အာနှင့်အတူ အဆိုပါနေရာသို့ ပြန်သွားရင်း လမ်းကြုံဝင်၍ သူ၏မိသားစုထံ အလည်သွားရန် စီစဉ်ထားခြင်း ဖြစ်၏။

(၆) လ ကြာပြီးနောက်...

ခြံဝင်းငယ်လေးအောက်ရှိ မြေအောက်ခန်းထဲ၌ ဖြစ်ပေသည်။ စုယွီက ဧရာမ မျောက်ဝံကြီးနှင့်တူသော (၃) ကိုက်ခန့်မြင့်သည့် ရုပ်သေးသားရဲကြီးကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။

"မဆိုးဘူး... ဒုတိယအဆင့် ကနဦး အဆင့် ရုပ်သေးသားရဲပဲ... အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့်လောက်နဲ့ ယှဉ်နိုင်လောက်တယ်... ဒါကို လက်ရာမြောက် အနုပညာလက်ရာလေး တစ်ခုလို့ သတ်မှတ်လို့ ရတာပေါ့"

ပစ္စည်းကန့်သတ်ချက်ကြောင့် ဤရုပ်သေးသားရဲက ဒုတိယအဆင့် ကနဦး အဆင့် အထွတ်အထိပ်သို့ မရောက်နိုင်ရှာချေ။

သို့သော် သူ၏ ရုပ်သေးဖန်တီးမှု စွမ်းရည်များက နေ့စဉ် တိုးတက်နေခြင်းကြောင့်လည်းကောင်း၊ တာအိုကိုယ်ပွားရုပ်သေးနှင့် ရုပ်သေးဝိညာဉ် ရှိနေခြင်းကြောင့်လည်းကောင်း ရုပ်သေးသားရဲများကို နားလည်ရန် ပိုမို လွယ်ကူလာခဲ့ပေသည်။

သာမန်ပစ္စည်းများ ဖြစ်နေသော်လည်း သူက အဆိုပါပစ္စည်းများ၏ စွမ်းရည်ကို အကုန်အစင် ထုတ်ယူ အသုံးချနိုင်စွမ်း ရှိ၏။

လွန်ခဲ့သော (၂) လခန့်က စုယွီသည် ဒုတိယအဆင့် အလယ်အလတ် အဆောင်ပစ္စည်း (၄၂) စုံလုံးကို သုံးစွဲပစ်လိုက်ပြီး အောင်မြင်သော အဆောင် (၈) ခု ရရှိခဲ့လေ၏။

သူက ဒုတိယအဆင့် အလယ်အလတ် ရှောင်တိမ်းခြင်းအဆောင် (၂) ခု၊ ကိုယ်ပျောက်အဆောင် (၂) ခုနှင့် အခင်းအကျင်းဖျက်ဆီးခြင်းအဆောင် (၂) ခု ဖန်တီးခဲ့၏။ ထို့ပြင် အမြန်နှုန်းအဆောင် (၁) ခုနှင့် နဂါးသတ်ဖြတ်ခြင်းအဆောင် (၁) ခုလည်း ရရှိခဲ့သေးပေသည်။

ဤပစ္စည်းများ ရှိနေသောကြောင့် စုယွီ ညဘက်များတွင် ပို၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာခဲ့၏။

ဤရုပ်သေးသားရဲကို ချန်ခွန်းအိတ်ထဲ ထည့်လိုက်ပြီးနောက် စုယွီက အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့်ခန့် ရောက်လုနီးပါး ဖြစ်နေသည့် တာအိုကိုယ်ပွားရုပ်သေးကို သူ၏ ဒန်တျန်ထဲ ပြန်လည် သိမ်းဆည်းလိုက်သည်။ ပြီးမှ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး ဝူထုံဆေးလုံးမျှော်စင်ဆီ ဦးတည် သွားလိုက်တော့၏။

(၂) ရက် ကြာပြီးနောက်...

ပိုင်ယွဲ့ အင်မော်တယ်မြို့တော် အပြင်ဘက်၌ ဖြစ်ပေသည်။

တောင်ပံနက် သိမ်းငှက် (အကြေးခွံနက် သိမ်းငှက်) ကြီးက မိုးထိအောင် မြင့်မားသော တိမ်တိုက်များကြားထဲ ထိုးဖောက် ပျံသန်းနေလေ၏။ သူ၏ ကျောပေါ်တွင်မူ စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့ ထိုင်လိုက်ပါလာကြ၏။ သူတို့က ယွင်ကျန်းဂိုဏ်း နယ်မြေဆီ ဦးတည် ပျံသန်းနေကြခြင်း ဖြစ်ပေသည်။

ဒုတိယအဆင့် အစောပိုင်း မိစ္ဆာသားရဲအဖြစ် နယ်ပယ် ချိုးဖြတ်ပြီး (၈) နှစ်၊ (၉) နှစ်ခန့် ကြာသည့်အခါ တောင်ပံနက် သိမ်းငှက်ကြီး၏ အရှိန်အဝါက သိသိသာသာ ပြောင်းလဲလာခဲ့ပေသည်။

အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့်လောက်နှင့် ယှဉ်လျှင် ဘာမှ မလျော့ချေ။

ယွီခယ်အာက အံ့အားသင့်စွာ ရေရွတ်လိုက်မိ၏။

"နင့်ရဲ့ သားရဲ ကြီးထွားနှုန်းက တကယ်ကို အံ့မခန်းပါဟယ်"

စုယွီက ပြုံးလိုက်ပေသည်။

"နေ့တိုင်း သားရဲဆေးလုံး (၁၀၀) ကျွေးထားတာလေကွာ... ပိုက်ဆံနဲ့ ပျိုးထောင်ထားတာ... ဒီကောင်တွေ (၂) ကောင်တည်းကို ကျွေးရတာတင် ကုန်ကျစရိတ်က နည်းတာ မဟုတ်ဘူး"

ယွီခယ်အာက ခေါင်းငြိမ့် ထောက်ခံလိုက်၏။ သားရဲထိန်းသိမ်းသော မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သဖြင့် သူမက သည်အချက်ကို တခြားသူများထက် ပိုမိုနားလည်ပေသည်။

သားရဲထိန်းသိမ်းခြင်းမှာ သားရဲထိန်းသိမ်းရေး တံဆိပ်ပြားတစ်ခု ပြုလုပ်ပြီး သားရဲတစ်ကောင် ဖမ်းလိုက်လျှင် ရပြီဟု ထင်ရသော်လည်း ကုန်ကျစရိတ်က မသေးလှပေ။

တကယ်တမ်းမူ သားရဲတစ်ကောင်ချင်းမှာ ရွှေမြိုသော ကောင်များချည်းပင် ဖြစ်ပေသည်။

ယွီမိသားစု၏ အင်အားကြီးမားမှု နောက်ကွယ်တွင် မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများနှင့် အရင်းအမြစ်များကို ပံ့ပိုးပေးထားရခြင်း ဖြစ်၏။

ရက်အနည်းငယ် ကြာပြီးနောက်...

စုယွီနှင့် ယွီချန်ချင်းတို့က တောင်ပံနက် သိမ်းငှက်ကို စီးပြီး စုမိသားစုဆီ ပျံသန်းသွားကြ၏။ ယွီခယ်အာကမူ ခေါင်းနှစ်လုံး သွေးလင်းယုန်ကို စီးပြီး တာ့ယွဲ့ မှောင်ခိုဈေးမှ ဂူစံအိမ်ကိစ္စ စီစဉ်ရန် ယွီမိသားစုဆီ ပြန်သွားလေ၏။

လမ်းတွင် စုယွီက တောင်ပံနက် သိမ်းငှက် (အကြေးခွံနက် သိမ်းငှက်) ကို လမ်းကြောင်းပြောင်းပြီး ချန်မိသားစုဆီ ပျံသန်းခိုင်းလိုက်၏။

အနောက်ရေစီးမြို့၊ ချန်မိသားစု...

တောင်ပံနက် သိမ်းငှက်က အနောက်ရေစီးမြို့နား ကပ်လာသည့်အခါ သတိကြီးစွာ ထားနေသော ချန်မိသားစု ဘိုးဘေး၏ အသံက လေးလေးနက်နက် ထွက်ပေါ်လာလေ၏။

"ဘယ် မိတ်ဆွေများ လာလည်တာပါလဲ"

"ဝှစ်"

သိမ်းငှက်ကြီး၏ အော်သံက အနောက်ရေစီးမြို့ တစ်မြို့လုံး ပဲ့တင်ထပ်သွားပြီး မြို့ထဲမှ ကျင့်ကြံသူများ အားလုံး မျက်နှာပျက်သွားကြ၏။ ချန်မိသားစု အိမ်တော် အတွင်းပိုင်းတွင်မူ ချန်မိသားစု ဘိုးဘေး ချန်ရှုက မြို့ပြင်သို့ လေးနက်သော မျက်နှာထားနှင့် လှမ်းကြည့်နေပေသည်။ သို့သော် တောင်ပံနက် သိမ်းငှက်ကြီး အနောက်ရေစီးမြို့ ဂိတ်တံခါးဝတွင် ဆင်းသက်လိုက်သည်ကို မြင်သော် ချန်ရှု အံ့အားသင့်သွားမိ၏။

ဤသည်မှာ ဧည့်သည်သည် သူ၏ အနောက်ရေစီးမြို့ ချန်မိသားစုအပေါ် မကောင်းသော ရည်ရွယ်ချက် မရှိခြင်း၊ လေးစားမှုပင် ရှိသေးသည်ဟူသော သဘောပင် ဖြစ်ပေသည်။

ဘာပဲဖြစ်ဖြစ် ဤသည်မှာ ဒုတိယအဆင့် အစောပိုင်း ထိန်းချုပ်ထားသော သားရဲ မဟုတ်ပါလော။

အကယ်၍ ဧည့်သည်ကသာ ချန်မိသားစုကို မလေးစားလျှင် အနောက်ရေစီးမြို့ထဲ တန်းဆင်းလာမည်၊ သို့မဟုတ် ချန်မိသားစု အိမ်တော်ပေါ်မှ ဖြတ်ပျံသန်းသွားမည်မှာ သေချာ၏။

ချန်ရှု ခေတ္တမျှ စဉ်းစားလိုက်ပေသည်။

'ဘယ်သူများပါလိမ့်'

သို့သော် သူ၏ လှုပ်ရှားမှုမှာ မနှေးကွေးပါချေ။ တောင်ပံနက် သိမ်းငှက် (အကြေးခွံနက် သိမ်းငှက်) ကြီး မြို့ဂိတ်ဝတွင် ဆင်းသက်သည်ကို မြင်သည်နှင့် ကိုယ်တိုင် ကိုယ်ကျ သွားရောက် ကြိုဆိုလိုက်လေ၏။

မကြာခင်မှာပင်...

လူငယ်လေးတစ်ယောက်ကဲ့သို့ နုပျိုနေဆဲဖြစ်သည့် စုယွီနှင့် သူ၏နောက်တွင် ရပ်နေသော ထူးခြားထက်မြက်သည့် ယွီချန်ချင်းတို့ကို တွေ့လိုက်ရ၏။

ချန်ရှု၏ အံ့ဩပြီး နားမလည်နိုင်သော မျက်လုံးများကို ကြည့်ရင်း စုယွီက ပြုံးလိုက်ပြီး အရိုအသေ ပေးလိုက်လေ၏။

"စုမိသားစုရဲ့ ပဉ္စမအကြီးအကဲ စုယွီက အကြီးအကဲချန်ကို ဂါရဝပြုပါတယ်"

"စုမိသားစုရဲ့ ပဉ္စမအကြီးအကဲ ဟုတ်လား"

ချန်ရှု အံ့ဩသွားပြီး…

"စုယွီ... မင်းက စီစီ ပြောဖူးတဲ့ စုမိသားစုက တစ်ယောက်လား... အာ... တောင်းပန်ပါတယ် မောင်ရင်စုရယ်... ပြီးတော့ ဒီဘက်က စီနီယာ... မြို့ထဲ ကြွပါ... အထဲရောက်မှ အေးဆေး စကားပြောကြတာပေါ့"

တောင်ပံနက် သိမ်းငှက်ကြီးက ငှက်ကလေး အရွယ်အစားလောက် ကျုံ့ဝင်သွားပြီး စုယွီ၏ ပခုံးပေါ် နားလိုက်၏။

ချန်ရှုက သိမ်းငှက်ကို တစ်ချက်ကြည့်၊ စုယွီကို တစ်ချက်ကြည့်နှင့် စုယွီထံမှ ထွက်ပေါ်နေသော အခြေခံတည်ဆောက်ခြင်း ပထမအဆင့် အရှိန်အဝါကြောင့် ကြိတ်၍ အံ့အားသင့်နေမိပေသည်။

စုယွီ၏ နာမည်ကို သူ ကြားဖူး၏။ အရင်တုန်းက သူ၏ ချန်မိသားစု သုံးစွဲခဲ့သော ဆေးလုံးများနှင့် ပထမအဆင့် ထိပ်တန်း ရုပ်သေးသားရဲတချို့မှာ သူ၏ရှေ့မှ လူငယ် ဖန်တီးခဲ့ခြင်းပင်။

သို့သော် အဆိုပါအချိန်တွင် စုယွီမှာ ချီစွမ်းအင်စုစည်းခြင်း အဆင့်လောက်သာ ရှိသေးသည့် လူငယ်လေး တစ်ယောက် ဖြစ်၏။

ယခု မတွေ့ရတာ ကြာသောအခါ၊ စုယွီက အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိနေလေပြီ။

ဒုတိယအဆင့် ကနဦး အဆင့် ပျံသန်းသားရဲပင် ပိုင်ဆိုင်ထားသေးပေသည်။

စဉ်းစားရင်းနှင့် ၊ ချန်ရှု ရုတ်တရက် သဘောပေါက်သွား၏။

'အရင်တုန်းကတောင် ဒီ‌ကလေးက ပထမအဆင့် ထိပ်တန်း ဆေးပညာရှင်နဲ့ ရုပ်သေးပညာရှင် ဖြစ်နေပြီ... အခုဆိုရင် ဘယ်အဆင့် ရောက်နေပြီပါလိမ့်…'

—---------

သူတို့အဖွဲ့သည် ချန်မိသားစု အိမ်တော်သို့ ရောက်ရှိလာကြလေ၏။

ချန်မိသားစု ခေါင်းဆောင်နှင့် တခြားသူများလည်း ထွက်ကြိုကြ၏။ ချန်မိသားစု ဘိုးဘေးနှင့်အတူ စုယွီတို့အဖွဲ့ ရုတ်တရက် ရောက်ရှိလာခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြလေ၏။

ဤသည်မှာ ဒုတိယအဆင့် သားရဲဖြစ်သော တောင်ပံနက် သိမ်းငှက်၏ စွမ်းအားကြီးမားမှုကြောင့်တင် မကပါချေ၊ စုယွီ ကိုယ်တိုင်က အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်လည်း ဖြစ်ပေသည်။

ဤကဲ့သို့ အင်အားမျိုး ရှိနေခြင်းမှာ ချန်မိသားစုအနေဖြင့် အမြင့်ဆုံး ဂုဏ်ပြုမှုနှင့် ကြိုဆိုထိုက်သည် မဟုတ်ပါလော။

သာမန် စကားစမြည် ပြောဆိုပြီးနောက်...၊

ချန်ရှုက စုယွီကို စဉ်းစားဟန်နှင့် ကြည့်ပြီး မေးလိုက်၏။

"မောင်ရင်စု... ဘာကိစ္စများ ရှိလို့ ငါတို့ ချန်မိသားစုဆီ လာလည်တာပါလဲ"

လက်ဖက်ရည်ခွက်ကို ချရင်း စုယွီက တည်ငြိမ်စွာ ပြောလိုက်ပေသည်။

"စီစီနဲ့ ကျွန်တော်က နှစ်ပေါင်း (၂၀) ကျော်ကြာ ခင်မင်ခဲ့တဲ့ မိတ်ဆွေတွေပါ... သူက ကျွန်တော့် မရီးလည်း တော်ပါတယ်... သူ မဆုံးခင်မှာ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး မှာခဲ့ပါတယ်... ကျွန်တော့်မှာ စွမ်းရည်ရှိလာတဲ့အခါ ချန်မိသားစုကို ကူညီပေးပါဆိုပြီးတော့ပေါ့"

ဤစကား ကြားသော် ချန်ရှုနှင့် တခြား မိသားစုဝင်များ၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားပြီး ဝမ်းနည်းကြေကွဲမှုများ ဖြစ်ပေါ်လာကြ၏။

ဤသို့သော အကြောင်းပြချက်မျိုး သူတို့ မမျှော်လင့်ခဲ့ကြဘူးလေ။

ချန်မိသားစု အကြီးအကဲများကို ဝေ့ဝဲကြည့်ပြီးနောက် စုယွီ ခဏလောက် စဉ်းစားလိုက်ပေသည်။

ထို့နောက်မှ ဒုတိယအဆင့် ကနဦး အဆင့် ရုပ်သေးသားရဲ တစ်ကောင်ကို ထုတ်ယူလိုက်ပြီး ပြောပြလိုက်၏။

"ဒါက ဒုတိယအဆင့် ကနဦး အဆင့် ရုပ်သေးသားရဲပါ... သူ့ရဲ့ စွမ်းအားက အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့်ထက် မလျော့ပါဘူးဗျ"

"အကြီးအကဲချန် ဝယ်ယူဖို့ စိတ်ဝင်စားမလားဗျ"

သိုနှင့်၊ (၂) ရက် ကြာပြီးနောက်...

စုယွီနှင့် ယွီချန်ချင်းတို့ အနောက်ရေစီးမြို့မှ ထွက်ခွာပြီး တောင်ပံနက် သိမ်းငှက်ကို စီးကာ မြစ်ရေစီးမြို့မှ ချန်တောင်တန်းဆီ ပျံသန်းသွားကြလေ၏။

ဒုတိယအဆင့် ကနဦး အဆင့် ရုပ်သေးသားရဲကိုမူ ချန်မိသားစုဆီ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၅,၀၀၀) ဖြင့် ရောင်းချခဲ့၏။ ဤသည်မှာ တကယ့်ကို တန်ဖိုးရှိသော ဈေးပင် ဖြစ်ပေသည်။

ချန်မိသားစုခမျာ မယုံနိုင်လောက်အောင် ဖြစ်နေရှာ၏။ ဒါက အိမ်တိုင်ရာရောက် လာပို့သည့် အခွင့်အရေးကြီး မဟုတ်ပါလော။

ယင်းကို ချန်စီစီ ပေးခဲ့သော ရုပ်သေးဝိညာဉ် လက်ဆောင်အတွက် အကြွေးနည်းနည်း ပြန်ဆပ်သည်ဟု မှတ်ယူလိုက်ခြင်း ဖြစ်ပေသည်။

ကုန်ကျစရိတ်များ နုတ်လိုက်လျှင်ပင် သူ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) ကျော် အမြတ်ကျန်ရှိပါသေးသည်။

ဒါဆိုလျှင် နောက်ထပ် ဒုတိယအဆင့် ကနဦး အဆင့် ရုပ်သေးသားရဲ (၃) ကောင်ခန့် ထပ်မံလုပ်ဆောင်ရန် ဖြစ်နိုင်ပေပြီ။

ညနေပိုင်းတွင်မူ စုယွီ ချန်တောင်တန်းသို့ ပြန်ရောက်လာခဲ့၏။

စုမိသားစုဝင်များက စုယွီ ရုတ်တရက် ပြန်ရောက်လာသောကြောင့် အံ့ဩသွားကြ၏။ စုယွီ အခြေခံတည်ဆောက်ခြင်း အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီ ဆိုသည်ကို သိလိုက်ရသည့်အခါတွင်မူ ပါးစပ်အဟောင်းသားနှင့် မှင်သက်သွားကြတော့၏။

အချိန် မည်မျှတောင် ကြာသွားသောကြောင့်နည်း။

ချီစွမ်းအင်စုစည်းခြင်း ပထမအဆင့်မှ (၇) ဆင့် ရောက်ရန် စုယွီ နှစ် (၂၀) ကျော် အချိန်ယူခဲ့ရပေသည်။

သို့သော် ချီစွမ်းအင်စုစည်းခြင်း (၇) ဆင့်မှ အခြေခံတည်ဆောက်ခြင်း ပထမအဆင့် ရောက်ရန်မှာမူ (၁၀) နှစ်တောင် မပြည့်လိုက်ချေ။

သို့သော် အံ့ဩမှုများ ပြီးဆုံးသွားသည့်အခါ စုပင်း၊ စုယွင်နှင့် တခြားသူများ အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားကြလေတော့သည်။

စုပင်း၊ စုဇီ၊ စုကျင်းပန်းတို့ပြီးလျှင် သူတို့ စုမိသားစုတွင် နောက်ထပ် အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက် ထပ်တိုးလာခဲ့ပြီ မဟုတ်ပါလော။

All Chapters