← Chapters

Takes Effect in Half an Hour

Vol. 16 Ch. 151

Takes Effect in Half an Hour

Vol. 16 Ch. 151

“ဒီမိဖုရားရဲ့ အကြံက…”

ကျန်းကျီမြောင်၏ အသံက တဖြည်းဖြည်းတိုးညှင်းသွားခဲ့သည်။

အနီးနားမှာ ဘယ်သူမှ ရှိမနေသော်လည်း ဒီလိုအကြောင်း အရာဆိုတာ အကျယ်ကြီးပြောလို့မကောင်းမှန်း သူမ နားလည်သည်။ ထို့ကြောင့် သူ့ နှုတ်ခမ်းကို ယွဲ့လင်း၏ နားရွက်နှင့် ထိမိမတတ်ကပ်လိုက်ပြီး တီးတိုးလေး လျှောက်တင်လိုက်ပါသည်။

“အချိန်အခါရောက်လို့ တကယ်အလုပ်မဖြစ်ဘူးဆိုရင် ပစ္စည်းကိရိယာတချို့သုံးပြီး ရံရွေတော်လင်းကို အပျို ရည်ပျက်အောင်လုပ်လိုက်ပါ၊ အရေးကြီးတာက မယ်တော်ကြီးရဲ့လူတွေ စစ်ဆေးတဲ့အခါ ရံရွေတော်လင်း အပျိုစင်မဟုတ်တော့ပဲ”

“ရံရွေတော်လင်းကတော့ တစ်ခုခု ရိပ်စားမိနိုင်ပေမယ့် သူထုတ်ပြောရဲမှာ မဟုတ်လောက်ဘူး”

မယ်တော်ကြီးက လင်းချင်ချင်၏ခန္ဓာကိုယ်ကို အတင်း အဓမ္မ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လင်းချင်ချင် ကိုယ်တိုင်က မဟုတ်တမ်းတရားပြောရဲမည် မဟုတ်ပါ။

ပြောရဲလျှင် သူမအတွက် သေလမ်းတစ်လမ်းသာ စောင့်ကြိုနေလိမ့်မည်။

လင်းချင်ချင်မှာ အာဏာပါဝါလည်း မရှိသလို အရှင်မင်း ကြီး၏ မျက်နှာသာပေးမှုကိုလည်း ခံရသူမဟုတ်ပေ။ ထို့ကြောင့် မသင့်လျော်သည့် စကားလုံးတစ်လုံးကိုပင် ပြောမိပါက သေသည်အထိ ကြိမ်ဒဏ်ပေးခံရဖို့သေချာသည်။

လင်းချင်ချင် အပျိုစင်အဖြစ်ရှိနေသေးသည်ဟူသည့် သက်သေကို သူမတို့ဘက်က ဖျက်ဆီးဖို့သာလိုအပ်သည်။

ကျန်းကျီမြောင် အသေးစိတ်ရှင်းပြနေသော်လည်း ယွဲ့လင်းကမူ တစ်ကိုယ်လုံးတောင့်တင်းနေပြီး ဘာမှ အာရုံမစိုက်နိုင်ခဲ့ပေ။ ကျန်းကျီမြောင်၏အသက်ရှူသံတိုင်းကို သူခံစားနေရသည်။ နှစ်ယောက်သား အလွန်နီးကပ်လွန်းလို့သည်။

ကျန်းကျီမြောင်ရှင်းပြပြီးသွားသောအခါ ယွဲ့လင်းအာရုံထဲ စကားတစ်ခွန်းသာ မှတ်မိပါသည်။

ပစ္စည်းကိရိယာတွေ သုံးရမယ်တဲ့…

ဘယ်လိုပစ္စည်းကိရိယာမျိုးလဲဟု ယွဲ့လင်းပြန်မေးချင်ခဲ့သည်။ သို့သော် သူ့ဖာသာ သူ ခန့်မှန်းကြည့်ရင်း မျက်နှာတစ်ခုလုံး ချက်ချင်းနီမြန်သွားခဲ့ပါသည်။

“မြောင်မြောင်!”

ယွဲ့လင်း ခြေလှမ်းများ နောက်တွန့်သွားခဲ့ရသည်။

ကျန်းကျီမြောင် မျက်တောင်တဖျပ်ဖျပ်ခတ်လျက် ဖြူစင်ရိုးသားသော မျက်နှာထားလေးဖြင့် မေးလိုက်ပါသည်။ “ဘာများဖြစ်လို့လဲ အရှင်မင်းကြီး။ နာမကျန်းဖြစ်နေတာလား”

နာမကျန်းဖြစ်နေလို့ မျက်နှာကြီး နီလာတာလား…

ယွဲ့လင်း ခေါင်းငုံ့လိုက်သည်။

“တော်ဝင်စာကြည့်ဆောင်မှာ ဆောင်ရွက်စရာအရေးကိစ္စတွေ ရှိသေးမှန်း ရုတ်တရက် သတိရသွားလို့၊ အဲ့တာကြောင့်…”

ကျန်းကျီမြောင်ကလည်း အလွန်နားလည်မှုရှိသည်။

“အဲ့တာဆို အရှင်မင်းကြီး ဆောင်ရွက်စရာရှိတာ အရင် သွားဆောင်ရွက်သင့်တာပေါ့၊ ဒါပေမယ့် ရံရွေတော်လင်းရဲ့ ကိစ္စကလည်း အရေးကြီးတဲ့အတွက် အရှင်မင်းကြီး အမြန်ဆုံးဖြေရှင်းသင့်တယ်နော်”

ယွဲ့လင်း ခေါင်းညိတ်လိုက်ပြီး စိတ်ချောက်ချားစွာလစ်ထွက်လာခဲ့တော့သည်။

ကျန်းကျီမြောင် သက်ပြင်းချလိုက်မိသည်။ ယွဲ့လင်း ဧကရာဇ်မင်းတစ်ပါး ဖြစ်ရတာလည်း မလွယ်ကူလှပါ။ ဘာပဲလုပ်လုပ် အမှားအယွင်းတစ်ခုတောင် ဖြစ်ခွင့်မရှိပေ။

-

တော်ဝင်စာကြည့်ဆောင်ထဲတွင်…

ရှေ့က အစီရင်ခံစာတွေကို ယွဲ့လင်း ငိုင်တိုင်တိုင်ငေးကြည့်နေမိသည်။

သူ့ခန္ဓာကိုယ်အား ကုသပေးနိုင်မည့် နည်းလမ်းတစ်ခုခုရှိနိုင်သည်ဟု မြောင်မြောင်တွေးခဲ့သည်။ သူက အမြင်လှပြီး စားလို့မရသည့် အသီးဖြစ်နေတာကြောင့် နှမျောစရာကောင်းသည်ဟုလည်း မြောင်မြောင်တွေးခဲ့သည်။

ထိုစကားနှစ်ခွန်းကို ပြန်ကြားယောင်မိရုံနဲ့ ယွဲ့လင်းမျက်နှာတွေ နီမြန်းလာခဲ့ပြန်သည်။

ဒါကိုကြည့်ခြင်းအားဖြင့် အချက်တစ်ချက်ကိုတော့ အတည်ပြုနိုင်ခဲ့သည်။ သူ့အပေါ် မြောင်မြောင် တပ်မက်မှုတချို့ ရှိနေသည့်သဘောဖြစ်သည်။

ယွဲ့လင်းကလည်း ကလေးမရနိုင်တာသာဖြစ်ပြီး ‘မစွမ်းဆောင်’နိုင်တာ မဟုတ်ပေ။ စိတ်ကိုတည်ငြိမ်အောင်မနည်း ထိန်းလိုက်ပြီး အစီရင်ခံစာတွေကို ယွဲ့လင်းအမြန်ဖတ်ရှုလိုက်သည်။

အနားမှာကျန်းကျီမြောင်ရှိမနေသော်လည်း သူမ၏ ပူပူ နွေးနွေး အသက်ရှူသံတွေကို သူ့နားရွက်ပေါ်မှာခံစားမိနေဆဲဖြစ်ကာ ယွဲ့လင်းတစ်ကိုယ်လုံး ထုံကျင်နေခဲ့ပါသည်။

ထိုခံစားချက်တွေကို ချုပ်တည်းဖို့ ယွဲ့လင်း အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး နန်းတွင်းရေးရာကိစ္စတွေကိုသာ အမြန်ဆုံး ‌ဆောင်ရွက်ခဲ့ပါသည်။

အချိန်အတန်ကြာသောအခါ တော်ဝင်စာကြည့်ဆောင်ထဲ လီသဲ့ဟွိုက် ခပ်သုတ်သုတ်ဝင်လာခဲ့သည်။

“မှောင်ရီပျိုးစပြုလာပါပြီ အရှင်မင်းကြီး၊ ဒီနေ့ည ဖုန့်ယီနန်းဆောင်ကို အရှင်မင်းကြီးကြွမြန်းဖို့ အစီအစဉ်ရှိမရှိ မိဖုရားကြီးက လူလွှတ်မေးမြန်းခိုင်းလိုက်ပါတယ်”

မြောင်မြောင်…

ယွဲ့လင်း နားရွက်များနီမြန်းသွားပြီး တည်ငြိမ်စွာ မိန့်လိုက်သည်။

“အချိန်က အဲ့လောက်တောင် ရှိသွားပြီလား ? ဖုန့်ယီနန်းဆောင်ကိုကြွမြန်းဖို့ ဝေါယာဉ်အမြန်ဆုံး ပြင်ဆင်လိုက်ပါ”

လီသဲ့ဟွိုက် ချက်ချင်း အမိန့်နာခံလိုက်ပါသည်။

ဖုန့်ယီနန်းဆောင်ထဲတွင်…

ကျန်းကျီမြောင် စနစ်နှင့်အကြိတ်အနယ်ဆွေးနွေးနေသည်။

“အခု သေချာပြန်စဉ်းစားကြည့်မှ မနက်တုန်းက ယွဲ့လင်းရဲ့ ကျန်းမာရေးအခြေအနေကို တိုင်ပင်တော့ သူတော်တော် စိတ်ထိခိုက်သွားတဲ့ပုံပဲနော်”

စနစ်ကလည်း ကျန်းကျီမြောင်အတွက် သုံးသပ်ပေးလိုက်ပါသည်။

“ကျွန်ုပ် ဝေဖန်တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် စနစ်ပိုင်ရှင်က ယောက်ျားတွေကို အရမ်းအထင်သေးလွန်းနေတယ်လို့ မြင်မိတယ်၊ ယောက်ျားတွေက အဲ့ဒီကဏ္ဍမှာ အရမ်း အထိမခံအောင် ဂရုစိုက်ကြတယ်၊ အဲ့လို တဲ့တိုးကြီးပြောလိုက်တော့ သူစိတ်ထိခိုက်သွားတာ မဆန်းပါဘူး”

ကျန်းကျီမြောင်လည်း ဝန်ခံပါသည်။

“အင်း အဲ့တာတော့ ဟုတ်ပါတယ်”

ထို့နောက် သူမသေချာစဉ်းစားကြည့်လိုက်သည်။ ယွဲ့လင်း ၏ပုံစံကို ကြည့်ရသလောက်တော့ သူ့ အကြံပြုချက်ကို အတော်လေး လက်မခံနိုင်သည့်ပုံစံဖြစ်နေသည်။

လင်းချင်ချင်နဲ့ သူအမှန်တကယ် မပတ်သတ်ချင်တာဖြစ်ပါလိမ့်မည်။

ရှိပါစေတော့လေ…

ဒီလိုနည်းလမ်းမျိုးက အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံးဟု ဆိုသော်လည်း အခြားနည်းလမ်းတွေ မရှိတော့တာမျိုးတော့ မဟုတ်ပေ။ ထို့ကြောင့် ယွဲ့လင်းကို အခက်တွေ့အောင် လုပ်စရာမလိုပါ။

ဘာကြောင့်မှန်းမသိဘဲ ထိုသို့တွေးမိသောအခါ ကျန်းကျီမြောင်ရင်ထဲ အနည်းငယ် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရပါသည်။

“ယွဲ့လင်းရဲ့အခြေအနေအတွက် တခြားဘာနည်းလမ်းမှ မရှိဘူးလား စနစ်၊ စနစ်စတိုးဆိုင်ကို အဆင့်မမြှင့်ရသေးခင် ဒီအတိုင်းပဲ ထားနိုင်မှာလား”

ကျန်းကျီမြောင် မေးကြည့်လိုက်သည်။

“လက်ရှိ စနစ်စတိုးဆိုင်အဆင့်နဲ့ အရှင်းပျောက်အောင် ကုသပေးဖို့ကတော့တကယ်မဖြစ်နိုင်ပါဘူး၊ အနည်းဆုံးတော့ မျိုးပွားနိုင်အောင် ကုသပေးလို့ မရသေးဘူးပေါ့၊ ဒါပေမယ့်… မျိုးမပွားနိုင်တာနဲ့ပဲ မစွမ်းဆောင်နိုင်ဘူးလို့ မဆိုလိုပါဘူး”

စနစ်က အကြံတစ်ခု ပေးလိုက်သည်။

“စနစ်ပိုင်ရှင် စိတ်ကြွဆေးလုံးတစ်လုံးဝယ်ပြီး စမ်းသပ်ကြည့်လိုက်ပါလား၊ အဲ့ဒီ ဆေးလုံးကို သောက်သုံးလိုက်မယ်ဆိုရင် သူ့နှလုံးသားထဲက အနက်ရှိုင်းဆုံးခံစားချက်တွေနဲ့ ဆန္ဒတွေကို မထိန်းချုပ်နိုင်တော့ဘဲ အကုန်ထုတ် ဖော်လာလိမ့်မယ်၊ ဧကန္တ ဒီလို နှိုးဆွပေးလိုက်ရင် ‘အဲ့လို’ ခံစားချက်မျိုးလေးလည်း နည်းနည်းလောက်ဖြစ်ပေါ်လာနိုင်ပါတယ်”

စနစ်၏စကားက အဓိပ္ပာယ်ပါလှသည်။ ထိုစိတ်ကြွဆေးလုံး တန်ဖိုးကို ကျန်းကျီမြောင်အမြန်စစ်ကြည့်လိုက်ပါသည်။ ဆေးလုံးက ၁၀ မှတ်သာ ရှိသဖြင့် သူ တတ်နိုင် သည်ပင်။

ဒီဆေးလုံး အာနိသင်ရှိပါ့မလား မပြောနိုင်သော်လည်း ဒီနေ့ သူမကြောင့် ယွဲ့လင်း မာနထိခိုက်သွားသဖြင့် ဒီဆေး လုံးဖြင့် ပြန်ကူညီပေးသင့်သည်။

တကယ် အာနိသင်ရှိသွားရင် ဘယ်လိုလုပ်မလဲ…

“စနစ်ပိုင်ရှင် အရမ်းကြီးတော့ မျှော်လင့်မထားသင့်ပါဘူး၊ သူ့အခြေအနေအတွက် ဆေးတစ်လုံးတည်းနဲ့ အာနိသင်ရှိချင်မှ ရှိနိုင်လိမ့်မယ်၊ စနစ်ပိုင်ရှင်သာ ရက်ရောမယ်ဆိုရင် သူ့ကို တစ်နေ့တစ်လုံး မှီဝဲခိုင်းနိုင်ပါတယ်၊ ရေရှည်မှန်မှန် မှီဝဲလိုက်မယ်ဆိုရင်တော့ အာနိသင်က သိသာလာနိုင်ပါတယ်”

စနစ်က အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုက်ပါသည်။

“ဒီလိုဆိုရင်ကော… ဆေးလုံးတစ်လုံးကို ၁၀ မှတ်ဆိုပေမယ့် ငါးလုံးတစ်ပြိုင်တည်း ဝယ်ယူမယ်ဆိုရင်တော့ လျှော့ ဈေးအနေနဲ့ ၄၀ မှတ်သာ ကျသင့်ပါမယ်၊ စနစ်ပိုင်ရှင် ဘယ်လိုသဘောရလဲ ? မတန်လွန်းဘူးလား”

ကျန်းကျီမြောင် ရီဝေသွားခဲ့သည်။

အဲ့လိုကျတော့လည်း… တန်သလိုလိုပဲ

ဒါဆို ဆေးငါးလုံးဝယ်ပြီး စမ်းသပ်ကြည့်တာပေါ့!

စနစ်စတိုးဆိုင်ထဲက ‘ဝယ်ယူမည်’ဟူသည့် ခလုတ်ကို ကျန်းကျီမြောင် နှိပ်လိုက်သည်။ ထိုအခါ သူ့လက်ထဲ ကြွေပုလင်းလေးတစ်လုံး ရောက်ရှိလာခဲ့ပါသည်။

ထိုကြွေပုလင်းလေးထဲမှာ ဆေးလုံး ငါးလုံးရှိနေသည်။

ကိုယ့်အတွက် ကိုယ် ပရိုမိုးရှင်းဆင်းလိုက်နိုင်သည့်အတွက် စနစ်လည်း အလွန်ကျေနပ်သွားခဲ့သည်။

“ဒီဆေးလုံးက အရောင်မဲ့ အရသာမဲ့ပါတယ် စနစ်ပိုင်ရှင်၊ နှစ်သက်ရာ အရည်ထဲကို ရောဖျော်စပ်လိုက်လို့ ရပါတယ်”

ကျန်းကျီမြောင် ခေါင်းညိတ်လိုက်ပြီး စတင်စဉ်းစားလေသည်။

ထိုစဉ် နန်းဆောင်ပြင်ပမှ ယွဲ့လင်းကြွမြန်းလာပြီဖြစ် ကြောင်း ကြေညာသံထွက်ပေါ်လာခဲ့ပါသည်။

ကျန်းကျီမြောင် ရင်တုန်သွားပြီး ဆေးလုံးတစ်လုံး အမြန်ထုတ်ကာ ရေတစ်ခွက်ထဲ အမြန်ရောဖျော်လိုက်သည်။ စနစ်ပြောသလိုပဲ ဆေးလုံးက အရောင်မဲ့အရသာမဲ့သည်။ စက္ကန့်ပိုင်းအတွင်း ရေထဲ လုံးဝပျောက်ကွယ်သွားခဲ့သည်။

ကျန်းကျီမြောင်လက်စသတ်ပြီးသောအခါ ယွဲ့လင်းလည်း ဝင်ရောက်လာပြီဖြစ်သည်။ ကျန်းကျီမြောင်ရင်ထဲ အနည်း ငယ်လိပ်ပြာမလုံဖြစ်မိသော်လည်း ယွဲ့လင်းကို အမြန်ဂါဝရပြုလိုက်ပါသည်။

ယွဲ့လင်းက သူမကို ပြန်ထူပေးလိုက်သည်။

“အရှင်မ၊ နောက်ဆို ကျန်းကို တွေ့ရင် ဒီလိုဂါဝရပြုဖို့ မလိုတော့ဘူး”

ယွဲ့လင်း မိန့်ကြားလိုက်သည်။

ကျန်းကျီမြောင် ခေါင်းခါလိုက်ပါသည်။

“ထုံးတမ်းအစဉ်အလာဆိုတာ လျစ်လျူမရှုကောင်းပါဘူး”

ယွဲ့လင်းမျက်လုံးများ အနည်းငယ် မှေးမှိန်သွားခဲ့သည်။

ထုံးတမ်းအစဉ်အလာတွေကို လျစ်လျူမရှုကောင်းဘူးတဲ့…

ဆိုလိုတာက သူ့ကို ဧကရာဇ်မင်းတစ်ပါးအဖြစ်သာ မြောင်မြောင် မြင်နေဆဲဖြစ်သည်။ သူ့ကိုယ် သူလည်း မိဖုရားကြီးတစ်ပါးအဖြစ်သာ ခံယူထားဆဲဖြစ်သည်။

“အရှင်မင်းကြီး ကြွမြန်းလာရတာ ပင်ပန်းနေရောပေါ့၊ လည်ချောင်းရှင်းဖို့ ရေလေးတစ်ခွက်လောက် သုံးဆောင်ပါဦးလား”

ကျန်းကျီမြောင် ဆေးခတ်ထားသည့် ရေခွက်ကို အမြန်ဆက်သလိုက်ပါသည်။ စိတ်တွေလည်း အတော်လေးဖိစီးနေသည်။

[သောက် သောက်၊ မြန်မြန်သောက်လိုက်စမ်းပါ! မဟုတ်ရင် ရောဂါပျောက်ဆေး အလကားဖြစ်သွားမယ်]

ယွဲ့လင်း မျက်လုံးများ အရောင်တောက်သွားသည်။

ရောဂါပျောက်ဆေးဟုတ်လား…

ချန်ကျင်းမင်၏အရေးကိစ္စတွေကို အပြည့်အဝ ဖော်ထုတ်နိုင်မှ သူ့ခန္ဓာကိုယ်ကို ကုသပေးနိုင်မှာဖြစ်ကြောင်း မနက်တုန်းက မြောင်မြောင်ကိုယ်တိုင် တွေးခဲ့တာဖြစ်သည်။

အခုတော့ ရောဂါပျောက်ဆေး ရှိသွားပြီတဲ့လား…

ယွဲ့လင်း ရင်ထဲ ပျော်ရွှင်မှုတချို့ လှိုက်တက်လာခဲ့ပြန် သည်။ မြောင်မြောင့်ရင်ထဲမှာ သူရှိနေတာ သေချာသည်။ မဟုတ်ပါက ဒီလောက်ထိ အပင်ပန်းခံပေးနေမည်မဟုတ်ပါ။

ထိုအတွေးဖြင့် ယွဲ့လင်း တွန့်ဆုတ်မှုမရှိဘဲ ရေကိုတစ်ကျိုက်တည်း မော့သောက်လိုက်လေတော့သည်။

[သောက်ပြီးပြီလား၊ ကောင်းတယ် ကောင်းတယ်၊ ကြည့်ရအောင်… စိတ်ကြွဆေးလုံးကို သောက်သုံးပြီးရင် နာရီ ဝက်အတွင်း အာနိသင်ပြလာမယ်တဲ့… ဟုတ်ပြီ နာရီဝက်ကြာရင် အခြေအနေ စောင့်ကြည့်ရတာပေါ့]

ယွဲ့လင်း: “???”

စိတ်ကြွဆေးလုံးတဲ့…

ဆေးလုံးနာမည်က တစ်မျိုးကြီးပါလား ?

ရောဂါပျောက်တဲ့ ဆေးလုံးဟုတ်ရဲ့လား…

ဘာကြောင့်မှန်းမသိဘဲ ယွဲ့လင်းရင်ထဲ နိမိတ်မရှိသလို ခံစားချက်ကြီးတစ်ခု ဖြစ်ပေါ်လာလေတော့သည်။

All Chapters