Inner Truths
Vol. 16 Ch. 152
စိတ်ကြွဆေးလုံးတဲ့…
နာမည်ကို ကြားရုံနဲ့ အတွေးပေါက်စရာကောင်းလှသည်။ သို့သော်…
ကျန်းကျီမြောင်ကို ယွဲ့လင်း သေချာကြည့်လိုက်သည်။ သူမ မျက်နှာက အလွန်လေးနက်နေသဖြင့် တခြား ဘာအဓိပ္ပာယ်မှပင် မမြင်နိုင်ပါ။
ယွဲ့လင်း အသက်ဝဝ ရှူလိုက်မိသည်။
ယခုချိန်ထိ သူအတွေးတွေ လွန်နေဆဲဖြစ်သည်။ ထို့ ကြောင့် ရင်ထဲမှာ ကိုယ့်ကိုကိုယ် အပြစ်တင်မိတော့သည်။
ဒီနေ့သူဘာတွေဖြစ်နေတာလဲ…
တစ်နေကုန် သူ့ခေါင်းထဲ ပေါက်ကရအတွေးတွေနဲ့သာ ပြည့်နှက်နေခဲ့သည်။ ဒီလိုမျိုးတွေ တွေးနေတာက မြောင်မြောင့် စေတနာကို စော်ကားရာကျစေသည်။
“အရှင်မင်းကြီး၊ ရေနွေးပြင်ဆင်ထားပြီးပါပြီ၊ အရှင်မင်း ကြီး ခန္ဓာကိုယ်လန်းဆန်းသွားအောင် ရေနွေးလေး စိမ်လိုက်ပါဦး”
ကျန်းကျီမြောင် နူးညံ့သိမ်မွေ့စွာ လျှောက်တင်လိုက်ပါသည်။
ဘာကြောင့်မှန်းမသိဘဲ ယွဲ့လင်း ရင်ခုန်သံတွေ မြန်ဆန်လာခဲ့ပြန်သည်။ ဒီနှစ်ရက်အတွင်း မယ်တော်ကြီးက သံဝါသ ပြုသည့်ကိစ္စကိုပဲ မေးခွန်းထုတ်နေခဲ့သည်။ သူ့ကို တိုက် ခိုက်ဖို့ မယ်တော်ကြီး ရည်ရွယ်နေတာဖြစ်မှန်း သိသာသော် လည်း ယွဲ့လင်းဦးနှောက်ထဲ မဝင်သင့်သည့် အတွေးတွေ ဝင်လာခဲ့ရသည်။
ကျန်းကျီမြောင်ကို ရှေ့ကိုရောက်သောအခါ ယခင်တုန်းကလို သူမကို ရဲရဲဝံ့ဝံ့ရင်မဆိုင်ရဲတော့ချေ။
“ကောင်းပြီ”
သူထူးဆန်းနေတာကို ကျန်းကျီမြောင်မမြင်စေဖို့အတွက် ယွဲ့လင်း ခေါင်းငုံ့ထားလိုက်သည်။
သို့သော်လည်း ကျန်းကျီမြောင်ကတော့ ယွဲ့လင်း နားရွက်တွေ နီနေမှန်းမြင်သွားပြီး အနည်းငယ် စိတ်ပူပန်သွားသည်။
[အမ်… အရှင်မင်းကြီး ဘာတွေဖြစ်နေတာလဲ ? နားရွက်တွေ နီနေပါ့လား ? ခြင်ကိုက်ခံရတာလား]
ကျန်းကျီမြောင် အနားကပ်ပြီး သေချာစစ်ကြည့်ဖို့ကြံလိုက်စဉ် ယွဲ့လင်း ထိတ်လန့်တကြား ထွက်ပြေးသွားတော့လေ သည်။
ကျန်းကျီမြောင် မေးပွတ်ရင်း သေချာစဉ်းစားလိုက်ပါသည်။
“စနစ်! မနက်တုန်းက သူ့မာနကို ထိခိုက်စေမယ့် စကားလုံးတွေ ငါပြောခဲ့မိတယ်၊ ငါးရက်ဆက်တိုက် မှီဝဲပြီးရင် နင့်ဆေးလုံး အာနိသင်ပြလာတာ ပိုကောင်းမယ်နော်၊ မဟုတ်လို့ကတော့…”
စနစ်က မကျေမနပ် အာမခံလိုက်သည်။
“ငါးရက်နေရင် အနည်းနဲ့အများတော့ အာနိသင်ရှိလာမှာပါ”
ထိုအခါမှ ကျန်းကျီမြောင် ခေါင်းညိတ်နိုင်တော့သည်။
အချိန်အတန်ကြာသောအခါ ယွဲ့လင်း ခန္ဓာကိုယ်သန့်စင်ပြီးပြီဖြစ်ကာ အိပ်ရာဝင်အဝတ်အစားအများလဲပြီးပြန်ရောက် လာခဲ့ပြီဖြစ်သည်။ သို့သော် ကျန်းကျီမြောင်မျက်နှာကို မကြည့်ရဲသေးဘဲ ခေါင်းငုံ့ကာမိန့်လိုက်ပါသည်။
“အိပ်ရာဝင်ကြစို့ မြောင်မြောင်”
ကျန်းကျီမြောင် ခေါင်းညိတ်လိုက်ပြီး ယွဲ့လင်းကို ကြည့်လိုက်သည်။
[နာရီဝက်ပြည့်တော့မယ်… အဲ့ကျရင် ဒီဆေးလုံး အာနိသင်တကယ်ရှိ၊ မရှိ သိရလိမ့်မယ်]
ယွဲ့လင်းတစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။
ဘယ်လို အာနိသင်မျိုးကို မြောင်မြောင်ပြောနေတာလဲ…
ယွဲ့လင်း မတွေးဝံ့တော့ပါ။
ထို့နောက် သူတို့နှစ်ယောက် ကုတင်ပေါ်မှာ ဘေးချင်းကပ်လျက် လှဲလျောင်းလိုက်သည်။ ဒါက ထူးဆန်းသည့်ကိစ္စ မဟုတ်တော့ပါ။ အနောက်နန်းဆောင်သို့ ယွဲ့လင်းကြွမြန်းလာတိုင်း ဖုန့်ယီနန်းဆောင်မှာသာ အိပ်စက်လေ့ ရှိသည်။
ထို့ကြောင့် သာမန်ညလေးတစ်ညသာ ဖြစ်သည်။ သို့သော် ယခုတော့ ယွဲ့လင်းအတော် စိတ်လှုပ်ရှားနေမိပါသည်။
ကျန်းကျီမြောင်ကတော့ ယွဲ့လင်းအခြေအနေကို ရိပ်စားမိပုံမရဘဲ စနစ်မျက်နှာပြင်ပေါ်က အချိန်ရေတွက်မှုကို စောင့်ကြည့်နေခဲ့ပသါည်။
[တစ်ဆယ်… ကိုး… ရှစ်… ခွန်…]
[သုံး… နှစ်… တစ်…]
[အချိန်ပြည့်သွားပြီ! ဒါပေမယ့် စနစ်ရဲ့အချိန်က တိကျရဲ့လား မသိဘူး…]
စနစ်က မကျေမနပ်ဖြင့် အော်ပြောလိုက်သည်။
“စနစ်ကိုယ်တိုင် သတ်မှတ်ထားတာ! နာရီဝက်ဆို နာရီဝက်ပဲ! တစ်စက္ကန့်လေးတောင် မစွန်းစေရဘူး!”
“အေးပါ အေးပါ အေးပါ”
စနစ်ကို ကျန်းကျီမြောင် လျစ်လျူရှုလိုက်ပြီး ယွဲ့လင်းကို လှည့်ကြည့်လိုက်ပါသည်။
“အရှင်မင်းကြီး ခန္ဓာကိုယ်တစ်ခုခု အပြောင်းအလဲဖြစ်သွားသလို ခံစားရလား”
ကျန်းကျီမြောင်၏မျက်နှာက မျှော်လင့်ချက်များဖြင့် ပြည့်ဝနေခဲ့ပါသည်။
ယွဲ့လင်း တစ်ကိုယ်လုံး တင်းမာသွားသည်။ သူရုတ်တရက်ကြီး ရူးချင်စိတ်ပေါက်သွားသည်။
မြောင်မြောင် အချိန်ရေတွက်လို့ ပြီးဆုံးတာနဲ့တစ်ပြိုင်နက် ဘာဖြစ်သွားမှန်းမသိဘဲ သူ့တစ်ကိုယ်လုံး ထူးထူးဆန်းဆန်း ဂနာမငြိမ်ဖြစ်လာခဲ့သည်။ လောလောဆယ်တော့ သူသည်းခံထားလို့ ရပါသေးသည်။
ကျန်းကျီမြောင်ကို ယွဲ့လင်းလှည့်မကြည့်ရဲပါ။ လှည့်ကြည့်လိုက်လျှင် သူ့စိတ်တွေမထိန်းနိုင်မှာ စိုးရိမ်မိသည်။
ယွဲ့လင်း တိုးညှင်းစွာ ပြန်ဖြေလိုက်ပါသည်။
“ဘာမှ မဖြစ်ပါဘူး”
[ထင်တဲ့အတိုင်းပဲ၊ ပထမဆုံးအကြိမ်ဆိုတော့ အာနိသင်မသိသာသေးတာဖြစ်မယ်၊ ရပါတယ် ကိစ္စမရှိဘူး၊ ဖြည်း ဖြည်းပေါ့၊ ဆေးလုံး ၄ လုံးတောင် ကျန်ပါသေးတယ်]
စနစ်က အမြန်ရှင်းပြလိုက်သည်။
“စနစ်ပိုင်ရှင် စိတ်မလျှော့လိုက်ပါနဲ့ဦး၊ ဒီဆေးလုံးရဲ့ အာနိ သင်က ၂ နာရီတိတိ ကြာမြင့်မှာ၊ အဲ့ဒီ ၂ နာရီအတွင်း အာနိသင်က တဖြည်းဖြည်းတက်လာဖို့ပဲ ရှိတယ်”
[၂ နာရီအတွင်း အာနိသင်က တဖြည်းဖြည်း တက်လာဖို့ပဲ ရှိတယ်ဟုတ်လား… အဲ့တာဆို ခဏလောက် ဆက်စောင့်ကြည့်ရဦးမှာပေါ့]
ယွဲ့လင်း မျက်လုံးပြူးသွားသည်။
နှစ်နာရီအတွင်း အာနိသင်တွေ ထပ်တက်လာမှာတဲ့….
ဘာအာနိသင်လဲ!
သူ့တစ်ကိုယ်လုံးကို ပူပြင်းတောက်လောင်လာစေတဲ့ အာနိသင်လား!
“အရှင်မင်းကြီး… ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ ဒီမိဖုရား အမှားလုပ်မိခဲ့ပါတယ်”
ကျန်းကျီမြောင် တောင်းပန်လိုက်သည်။ ဘော့စ်တစ်ယောက်ကို ကိုင်တွယ်သည့်နေရာမှာ စိတ်ခံစားချက်ပိုင်းကလည်း အရေးကြီးသည်။
“တကယ်တော့ လင်းချင်ချင်ရဲ့ကိစ္စအတွက် တခြားနည်းလမ်းတွေ ရှိပါသေးတယ်၊ အဲ့ဒီနည်းလမ်းတွေအတွက် အတူတူ ဆွေးနွေးတိုင်ပင်ကြရအောင်၊ အရှင်မင်းကြီး ဘယ်လိုသဘောရလဲ”
ကျန်းကျီမြောင် ခန္ဓာကိုယ်ကို တစ်ဖက်သို့ လှည့်ကာ အိပ်လိုက်ပြီး ယွဲ့လင်းမျက်နှာကို ငေးကြည့်လိုက်ပါသည်။
ယွဲ့လင်းတစ်ကိုယ်လုံး ပိုတောင့်တင်းသွားခဲ့သည်။
ဘယ်လိုသဘောရလဲ ဟုတ်လား…
အခု ပါးစပ်တောင် မဟရဲဘူး!
“အရှင်မင်းကြီးက ဒီမိဖုရားကို စိတ်ခုနေတာလား”
ကျန်းကျီမြောင် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး ယွဲ့လင်းလက်ကို ဆုပ်ကိုင်ဖို့ လက်လှမ်းလိုက်ပါသည်။
ထိုအခါ ယွဲ့လင်း ခံနိုင်ရည်မရှိတော့ဘဲ ဝုန်းခနဲမြည်အောင် ကုတင်ပေါ်မှ ထထိုင်လိုက်တော့သည်။
ကျန်းကျီမြောင် မျက်နှာလည်း ကြောင်စီစီဖြစ်သွားခဲ့ဪသည်။
ဘာလဲ ဟ…
ငါ့ကို ကြောက်စရာ အသားစားသတ္တဝါလို့များ ထင်နေတာလား!
“အရှင်မင်းကြီး ဘာဖြစ်လို့လဲ”
ကျန်းကျီမြောင်လည်း ထထိုင်လိုက်သည်။
“ဒီမိဖုရားကို စက်ဆုပ်ရွံရှာတယ်ဆိုရင် အရှင်မင်းကြီး ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်”
[အနည်းဆုံးတော့ ငါက ဝန်ထမ်းကောင်းတစ်ယောက်နော်၊စကားနည်းနည်းမှားတာနဲ့ပဲ အလုပ်ထုတ်လိုက်တာမျိုးမဖြစ်သင့်ဘူးမလား]
ကျန်းကျီမြောင် အခက်တွေ့သွားသည်။
[ဒီယွဲ့လင်း အဲ့လောက် သဘောထားသေးသိမ်နေရင် မူလအစီအစဉ်အတိုင်း နန်းတော်ပြင်ပက ကလေးတစ်ယောက်ရှာပြီး ငါ့ဖာသာ ငါ မယ်တော်ကြီးအဖြစ်ပဲ နေလိုက်တာ ပိုကောင်းမလား]
ယွဲ့လင်းလည်း စိတ်ဖိစီးသွားသည်။ မြောင်မြောင် ကလေးမွေးစားဖို့ကိစ္စ စဉ်းစားနေပြန်ပါပြီ။
ထို့ကြောင့် အံကြိတ်ကာ ပါးစပ်ကို ခက်ခက်ခဲခဲ ဖွင့်လိုက်သည်။ စက်ဆုပ်ရွံရှာဖို့ နေနေသာသာ ဒေါသပင် မထွက်မိကြောင်း ရှင်းပြချင်ခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲ ထူးထူးဆန်းဆန်း ခံစားနေရတာကြောင့် ဒီလိုပြုမူနေတာဖြစ်ကြောင်း ရှင်းပြချင်ခဲ့သည်။
သူ့ရင်ထဲမှာတော့ ဒီလိုကြံရွယ်ထားခဲ့ပါသည်။ သို့သော် ယွဲ့လင်း ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် ထွက်လာသည့် စကားလုံးတွေကို မထိန်းချုပ်နိုင်တော့ပေ။
“စက်ဆုပ်ရွံရှာတယ် ဟုတ်လား ? မြောင်မြောင့်အပေါ် ဘယ်တော့မှ အဲ့လိုခံစားချက်မျိုး ကျန်း ထားရှိမှာ မဟုတ်ဘူး”
“ကျန်းနှလုံးသားထဲမှာ မြောင်မြောင်တစ်ဦးတည်းပဲရှိတယ်”
“ဒီနေ့ ကျန်း စိတ်ခုမိတာကလည်း မြောင်မြောင့်ကို ဒေါသထွက်လို့ မဟုတ်ပါဘူး၊ ကျန်းကို မြောင်မြောင် နည်းနည်းလောက်ပိုပြီး တန်ဖိုးထားလာတတ်အောင်၊ နည်းနည်းလောက်ပိုပြီး မေတ္တာရှိလာအောင် ကျန်း မကြိုးစားခဲ့နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိတာပါ”
ထိုစကားတွေ ယွဲ့လင်းပြောမိလေလေ ပိုမိုကြောက်ရွံ့လာမိလေလေဖြစ်သည်။
သူ့ရင်ထဲမှာပဲ ရှိတဲ့စကားတွေကို ဘာလို့ ထုတ်ပြောနေမိတာလဲ!
မပြောပြနိုင်တာ မဟုတ်သော်လည်း ဒီလိုနည်းနဲ့ ပြောလို့မဖြစ်ပါ။ မြောင်မြောင်က သူ့အပေါ် တခြားခံစားချက် မရှိသေးပေ။ ဒီလိုစကားတွေ ရုတ်တရက်ကြီးပြောလိုက်ပါက မြောင်မြောင်လန့်ပြေးသွားမည်ကို ယွဲ့လင်းစိုးရိမ်မိလာသည်။
သူ့ပါးစပ် သူ ပိတ်ချင်သော်လည်း လုံးဝထိန်းမရခဲ့ပေ။
“တခြားဘယ်သူ့ကိုမှ ကျန်း အလိုမရှိပါဘူး၊ မြောင်မြောင် တစ်ယောက်တည်းကိုပဲ တစ်ဘဝလုံး ကြင်နာချင်တယ်”
“အဲ့ဒီ ချူးဟယ်လင်းကို ကျန်းရဲ့လူတွေ စစ်ဆေးမေးမြန်းနေပြီ၊ သူ့ဆီမှာ ယွဲ့ဟွာ ပေးထားတဲ့ စီးပွားရေးစီမံခန့်ခွဲမှု စာအုပ်တစ်အုပ်ရှိတယ်၊ အဲ့ဒီစာအုပ်ကို ကျန်းသေသေချာ ချာ လေ့လာနေတာ၊ နောက်ဆို ရွှေငွေစည်းစိမ်တွေ အများကြီး ကျန်းရှာပေးပြီး မြောင်မြောင့်ကိုပဲ အပ်နှင်းမှာပါ”
“မြောင်မြောင်လည်း… ကျန်းအပေါ် နည်းနည်းလောက် မေတ္တာရှိနိုင်အောင် ကြိုးစားပေးပါနော်”
ယွဲ့လင်း ပါးစပ်မပိတ်သေးပါ။ သူ့မျက်နှာ အလွန်ချောက် ချားနေပြီဖြစ်သည်။
ကျန်းကျီမြောင်၏မျက်နှာမှာ သူ့ထက်ပင် ပိုချောက်ချားနေပြီး ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။
သူ့ရှေ့ရှိ ယွဲ့လင်းသည် တစ်ခုခုကိုနာနာကျင်ကျင်ချုပ်တည်းနေရပုံပေါ်သည်။ သို့သော် မျက်ရည်ဝဲနေသည့် သူ့မျက်နှာက မီးရောင်အောက်မှာ အတော်လေး ဆွဲဆောင်မှုရှိနေပြန်သည်။
ကျန်းကျီမြောင်လည်း ကိုယ့်အတွေးနဲ့ကိုယ် ထိတ်လန့်သွားရသည်။ စနစ်ကို သူ အမြန် ဆက်သွယ်လိုက်ပါသည်။
“ခွေးစနစ်! ဒါဘယ်လို ဆေးလုံးလဲ! ယွဲ့လင်း ဘာလို့ ရုတ်တရက်ကြီး ရူးသွားတာလဲ!”
ဒီကာလတွေအတွင်း သူတို့ တစ်ယောက်ကိုတစ်ယောက် အကျိုးပြုနိုင်ခဲ့ကြသည်။ တစ်သက်လုံး မဟာမိတ်တွေလို လုပ်ဖော်ကိုင်ဖက်တွေလို ဖြစ်နိုင်မည်အထင်နှင့်ယွဲ့လင်းကို ကျန်းကျီမြောင် ဘော့စ်တစ်ယောက်လို ဆက်ဆံခဲ့သည်။
အခု ဘော့စ်က သူ့ကို ချစ်ကြိုက်ချင်နေတယ်တဲ့လား!!
မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး။ ယွဲ့လင်းသည် ဆင်ခြင် တုံတရား ပြည့်ဝသူဖြစ်သည်။ ဒီလို စိတ်လိုက်မာန်ပါ လုပ်ရပ်မျိုး လုပ်မှာ မဟုတ်ပါ။ ခွေးစနစ်၏ ဆေးထိုးမှုကြောင့်သာ ဖြစ်လိမ့်မည်။
စနစ်လည်း ကြောင်တောင်တောင်ဖြစ်သွားပြီး ဆေးလုံး၏ အညွှန်းကို သေချာပြန်ဖတ်ပြလိုက်ပါသည်။
“ဒီမှာ ဖော်ပြထားတာတော့… ဒီဆေးလုံးကို သောက်သုံးလိုက်ရင် စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူးတဲ့…”
“သောက်တလွဲတွေ! ဒါစိတ်ခံစားချက် မထိန်းချုပ်နိုင်တာ မဟုတ်တော့ဘူး! ယွဲ့လင်း ဂယောင်ချောက်ချားတွေ ဖြစ်နေတာ!”
ကျန်းကျီမြောင် ငေါက်လိုက်လေသည်။
စနစ်ကလည်း အလျှော့မပေးပါ။
“ကျွန်ုပ်ကို ကြိုက်သလောက် ကျိန်ဆဲလို့ရတယ် စနစ်ပိုင် ရှင်၊ ဒါပေမယ့် စနစ်စတိုးဆိုင်ထဲက ဆေးလုံးတွေကိုတော့ မေးခွန်းထုတ်စရာ မလိုဘူးလေ!”