Bold and Unafraid
Vol. 16 Ch. 157
ကျန်းကျီမြောင် စက္ကန့်တိုင်းအား ရေတွက်ရင်း အလုပ်များနေခဲ့သည်။
အစက ပွဲကြီးပွဲကောင်း ကြည့်ချင်တာကြောင့်သာ အစီ ရင်ခံမှုတွေကို အမြန်ဆုံးပြီးစေချင်တာဖြစ်သော အရာရှိအမတ်များလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ယှဉ်ပြိုင်လိုစိတ်များ ပြင်းထန်လာကြသည်။
စကားပြော အမြန်နှုန်းကို နှိုင်းယှဉ်ရမယ်ဟုတ်လား…
လုံးဝ မရှုံးနိမ့်စေရဘူး!
[ဘဏ္ဍာရေးဝန်ကြီး: အမြင့်ဆုံး အမြန်နှုန်း: တစ်မိနစ် ၄၀၀ လုံး! သူစံချိန်တင်သွားပါပြီ! စံချိန်အသစ် တင်သွားပါပြီ မိတ်ဆွေတို့! ဧကန္တ ‘ယုံမင်းဆက်ရဲ့ အမြန်ဆုံးလျှာပိုင် ရှင်’က ဘဏ္ဍာရေး ဝန်ကြီးဖြစ်သွားပြီလား ? သူ့ကို စိန်ခေါ်နိုင်မယ့်လူတွေ မရှိကြတော့ဘူးလား!]
တစ်မိနစ် အလုံး ၄၀၀ တဲ့!
ဘဏ္ဍာရေးဝန်ကြီးက ကြောက်စရာကောင်းလိုက်တာ!
အခြားဝန်ကြီးများ၏မျက်နှာ အလွန်လေးနက် ခက်ထန်သွားကြသည်။ သူတို့လည်း ဒီတိုက်ပွဲကို မကြိုးစားကြည့်ဘဲ အရှုံးမပေးချင်ပါ။
[ဘဏ္ဍာရေးဒုဝန်ကြီး: သူက ငယ်ပေမယ့် လူကြီးကိုတော့ မယှဉ်နိုင်ဘူးပဲ၊ တစ်မိနစ် အလုံး ၃၅၀ ပဲရတယ်၊ ချင်းက အိုလေလေ စပ်လေလေဆိုတာ ဒါကိုဆိုလိုတာဖြစ်မဘ်!]
[ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက နောက်တစ်ယောက် ထွက်လာပြီ၊ သူဘာတွေ ပြောနေတာလဲ နားမလည်ပေမယ့် အမြန်နှုန်းကကြောက်ဖို့ကောင်းသားပဲ၊ ကြည့်ရအောင်… တစ်မိနစ် အလုံး ၃၈၀ တဲ့၊ နည်းနည်း လိုနေသေးတယ်]
[ဘဏ္ဍာရေးဝန်ကြီးဌာနအဖွဲ့ရဲ့ အမြင့်ဆုံးအမှတ်ကတော့ တစ်မိနစ် အလုံး ၄၀၀ ပါ၊ အခု ဘဏ္ဍာရေးဝန်ကြီးက စံချိန်အမြင့်ဆုံးဖြစ်နေပါပြီ!]
ဘဏ္ဍာရေးဝန်ကြီး မုတ်ဆိတ်မွေးကိုပွတ်သပ်ရင်း ကျေနပ် အားရစွာပြုံးလိုက်ပါသည်။
တွေ့ကြလား… ဒါမှ ခွန်အားလို့ ခေါ်တယ်!
တရားရေးရာဝန်ကြီးမျက်နှာ အလွန်လေးနက်သွားသည်။ တရားရေးရာဝန်ကြီးဌာနမှာ သူတစ်ယောက်တည်း ယှဉ် ပြိုင်ရသေးပြီး အမှတ်ကလည်းဘဏ္ဍာရေးဝန်ကြီးအောက် အလွန်နည်းနေပါသည်။ ဒီလိုဖြစ်ခွင့်မပေးနိုင်ပါ။
ထို့ကြောင့် တရားရေးရာဝန်ကြီးဌာနမှ လူတွေကို သူလှည့်ကြည့်လိုက်ပြီး မျက်လုံးဖြင့် အချက်ပေးလိုက်သည်။ ထို အခါ တရားရေးရာဝန်ကြီးဌာနမှ လူတွေတစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြပါသည်။
‘ယုံမင်းဆက်၏အမြန်ဆုံးလျှာပိုင်ရှင်’ဘွဲ့ကို ရရှိဖို့အတွက် အရာရှိအမတ်တွေအားလုံး အလွန်စိတ်အား ထက်သန်လာကြသည်။ ဝန်ကြီးဌာနခြောက်ခုက ဦးဆောင်ယှဉ်ပြိုင်နေပြီဖြစ်သဖြင့် အခြားဌာနတွေလည်း အလျှော့မပေးချင်ကြပါ။
ထို့ကြောင့် ထိုက်ကျီခန်းမတစ်ခုလုံး စစ်မြေပြင်တစ်ခုဖြစ်သွားခဲ့ရသည်။
ယွဲ့လင်းကတော့ တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်နားထောင်နေခဲ့သည်။ သူ့အရာရှိအမတ်တွေ ဒီလောက်ထိယှဉ်ပြိုင်လိုစိတ်ကြီးမှန်း အခုမှ သိခဲ့ရတာဖြစ်သည်။
အရှင်မင်ကြီးရှေ့မှာ အစီရင်ထွက်ခံချင်လွန်းသဖြင့် ဂနာမငြိမ်ဖြစ်နေသော ယွဲ့ချန်းကိုကြည့်ရင်း ယွဲ့ဟွာ တီးတိုးမေးလိုက်ပါသည်။
“စတုတ္ထအစ်ကိုတော် ဘာတွေဖြစ်နေတာလဲ”
ယွဲ့ချန်း မကျေမနပ် ပြောလိုက်ပါသည်။
“လူတစ်ယောက်ဆိုတာ ဘာလုပ်လုပ် မြန်မြန်ဆန်ဆန်လုပ်တတ်ရတယ်! ပဉ္စမညီတော် နားမလည်ပါဘူး!”
ထိုသို့ပြောပြီးနောက် ယွဲ့ချန်း ပြေးထွက်သွားခဲ့သည်။ ယွဲ့ဟွာ အံ့ဩမှင်သက်စွာကျန်ခဲ့လေသည်။ ယွဲ့ချန်း၏ အဓိပ္ပာယ်မရှိသည့် စကားတွေကို သူတကယ် ယုံကြည်ပါ သည်။
တခြားဝန်ကြီးအမတ်တွေ စကားပြောတာမြန်ဆန်သော် လည်း သေသေချာချာနားထောင်ကြည့်ပါက နန်းတွင်းရေးရာကိစ္စတွေကို အမှန်အကန် အစီရင်ခံနေတာဖြစ်မှန်း ကြားနိုင်ပါသည်။
သို့သော် ယွဲ့ချန်းကတော့… ယွဲ့လင်းရှေ့မှာ ထန်မင်းဆက် ကဗျာအပုဒ် သုံးရာကိုသွားရွတ်ပြနေတာဖြစ်သည်။ ယွဲ့ချန်း ရည်ရွယ်ချက်ရှိရှိ ဒီလိုလုပ်နေတာဟု ယွဲ့ဟွာ သံသယဖြစ်မိသည်။ ထန်မင်းဆက် ကဗျာအပုဒ်သုံးရာကို သူခိုးကူးထားသည့်ကိစ္စအား လူတိုင်းသိကြသည်။
[ယွဲ့ချန်းရဲ့ရလဒ်က… တစ်မိနစ် ၄၁၀ လုံး! စံချိန်တင်သွားပါပြီ! စံချိန်အသစ်ထပ်တင်သွားပါပြီ! ယွဲ့ချန်းက ပြိုင်စံ ရှားပဲ!]
မနာလိုနေသည့် အကြည့်တွေကြားထဲမှာ ယွဲ့ချန်း နှုတ်ခမ်းများကွေးတက်သွားရသည်။
စတုတ္ထမင်းသားက ဉာဏ်နီဉာဏ်နက်များလွန်းပါသည်။ အရှင်မင်းကြီးရှေ့မှာ ကဗျာတွေရွတ်ပြလို့ရမှန်း သူတို့မသိခဲ့ပေ။
[‘ယုံမင်းဆက်ရဲ့ အမြန်ဆုံးလျှာပိုင်ရှင်’ ပထမအကြိမ် ပြိုင်ပွဲကြီး ပြီးဆုံးသွားပါပြီ၊ ချန်ပီယံဆုကို ရရှိသွားသူကတော့ ယွဲ့ချန်းပဲ ဖြစ်ပါတယ်! အားလုံး အတူတူလက် ခုပ်လက်ဝါးတီးပြီး အားပေးလိုက်ကြရအောင်!]
ကျန်းကျီမြောင် ကိုယ့်ကိုယ်ကိုယ်ဖျော်ဖြေနေစဉ် ယွဲ့ချန်းမျက်နှာပေါ်မှ အပြုံးကပိုမိုတောက်ပလာခဲ့ပါသည်။ အခြားဝန်ကြီးအမတ်တွေကတော့ မနာလိုမှု၊ အားကျမှု၊ မုန်းတီးမှုတွေနဲ့ သက်ပြင်းချလိုက် ညည်းညူလိုက်လုပ်နေကြသည်။
သူတို့အိမ်ပြန်ရောက်ခါမှ စကားပြောနှုန်းမြန်ဆန်ဖို့ လေ့ကျင့်ရမည်။ နောက်တစ်ခါ ပြိုင်ပွဲစတင်လျှင် သူတို့လုံးဝ မရှုံးနိမ့်စေရပါ။
ငယ်သားတွေကို ကြည့်ရင်း ယွဲ့လင်းလည်း ဆွံ့အသွားရသည်။ ချန်ပီယံပေါ်လာပြီးနောက် ယွဲ့လင်း ဖြည်းညှင်းစွာ မေးလိုက်သည်။
“အစီရင်ခံစရာ ရှိကြသေးလား”
ဘယ်သူမှ မဖြေကြပေ။ သူတို့ဘက်က လုပ်စရာရှိတာ လုပ်ပြီးသွားပါပြီ။ ယခု အရှင်မင်းကြီးအလှည့်ကို ရောက်ရှိလာပြီဖြစ်သည်။
ကျန်းကျီမြောင်လည်း ခါးမတ်သွားခဲ့ပါသည်။
[လာပြီ လာပြီ၊ ပွဲကြီးပွဲကောင်းပြသချိန် ရောက်လာပါပြီ]
“အစီရင်ခံဖို့ မရှိကြတော့ဘူးလား ? ဒါဆို ဒီနေ့ညီလာခံကို…”
ယွဲ့လင်း ညီလာခံ ဖြုတ်သိမ်းဖို့ ဟန်ပြင်လိုက်သည်။
ယွဲ့ဟွာ အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်ရာ စိစစ်ကွပ်ကဲရေးဌာနမှ အရာရှိတစ်ဦးရှေ့ထွက်လာခဲ့ပါသည်။
“အရှင်မင်းကြီး ဒီငယ်သား အစီရင်ခံစရာတစ်ခု ရှိပါသေးတယ်”
“လျှောက်တင်စေ”
ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။
အရာရှိ ခါးမတ်လိုက်ပြီး တိုင်းပြည်အပေါ် သစ္စာရှိသည့် အမှုထမ်းတစ်ဦးသဖွယ် အသွင်ဆောင်လိုက်ကာ လျှောက်တင်လိုက်သည်။
“ခုတလော မြို့တော်ထဲမှာ ထူးထူးဆန်းဆန်း ကောလဟာလတွေပြန့်နေပါတယ်၊ အရှင်မင်းကြီးကော ကြားမိရဲ့လားမသိဘူး”
“ထူးထူးဆန်းဆန်း ကောလဟာလဆိုမှတော့ ဘာပြောနေစရာလိုသေးလို့လဲ”
ကျန်းဝေလည်း မျက်ခုံးပင့်လျက် ရှေ့ထွက်လာခဲ့ပါသည်။
“ဒီလိုစကားမျိုးပြောတယ်ဆိုတော့ ဝန်ကြီးချုပ်ကျန်းလည်း ကြားပြီးသွားပြီထင်တယ်၊ အဲ့ဒီအရေးကိစ္စက တိုင်း ပြည်ရဲ့ အခြေခံအုတ်မြစ်နဲ့ သက်ဆိုင်နေတယ်လေ၊ ဒီငယ် သားကွပ်မျက်ခံရမယ်ဆိုရင်တောင် ဒီနေ့အရာရာရှင်းရှင်း လင်းလင်းဖြစ်သွားစေဖို့ အရှင်မင်းကြီးကို မေးမြန်းရပါလိမ့်မယ်”
ထိုအရာရှိ ခေါင်းမော့ ရင်ကော့လျက် မေးလိုက်သည်။
“အရှင်မင်းကြီး! အရှင်မင်းကြီး အခုချိန်ထိ ဆက်ခံသူ မရ ရှိနိုင်သေးဘူးလို့ တိုင်းသူပြည်သားတွေအကြားမှာ ကောလဟာလ ပြန့်နေပါတယ်၊ ဒီငယ်သား မေးချင်တာကတော့ အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်မှာ ပြဿနာတစ်ခုခုများရှိနေလို့လား”
ထိုစကားလုံးတွေထွက်လာနဲ့ တစ်ပြိုင်နက် ညီလာခံတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ သို့သော်လည်း အများစုက ကျန်းကျီမြောင်၏အတွေးသံကြောင့် ယွဲ့လင်း၏အစီအစဉ်ကို သိထားပြီးသားဖြစ်သောကြောင့် ငြိမ်နေရခြင်းဖြစ် သည်။
ဒီလူက ယွဲ့ဟွာဘက်တော်သားဖြစ်ပါသည်။ သို့သော် ဒီနေ့ သူပေါ်လာရခြင်းက ယွဲ့လင်း အစီအစဉ်အရဖြစ်လိမ့်မည်။ အရှင်မင်းကြီးက ပိုပိုပြီးခန့်မှန်းရခက်လာပြီဖြစ်သည်။
“ဪ…”
ယွဲ့လင်း မျက်နှာထား မပြောင်းလဲသေးပါ။
“ကျန်းမှာ ဘယ်လိုပြဿနာမျိုး ရှိနေတယ်လို့ ငယ်သားက ထင်လို့လဲ”
အရာရှိအမတ်က ကျယ်လောင်စွာ လျှောက်တင်လိုက်သည်။
“ဧကရာဇ်မင်းတစ်ပါး ဆက်ခံသူရရှိနိုင်ဖို့ဆိုတာ တိုင်းပြည်တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ အရေးကိစ္စပါ အရှင်မင်းကြီး၊ အရှင်မင်းကြီးမှာ ပြဿနာတစ်ခုခု ရှိနေရင် စောစောစီးစီး ကုသနိုင်အောင်လို့ ဖုံးကွယ်မထားသင့်ပါဘူး၊ ကမ္ဘာတစ်ဝှမ်းလုံးက နာမည်ကျော် သမားတော်ကြီးတွေကို ရှာဖွေသင့်ပါတယ်၊ ဒါမှ အလုပ်မဖြစ်သေးဘူးဆိုရင် တော်ဝင်မျိုးနွယ်စုတွေထဲက တပည့်သားတစ်ယောက်ကို မွေးစားသင့်ပါတယ်၊ ဒီလိုမှ မဟုတ်ရင် ကြီးမြတ်တဲ့ ယုံမင်းဆက်တစ်ခုလုံး အခြေမခိုင်တော့ဘဲ ကပ်ဘေးတွေ ဆိုက်ရောက်လာနိုင်တယ်လို့ ဒီငယ်သား ခံစားမိပါတယ် အရှင်မင်းကြီး”
ထိုအရာရှိ အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သော အခါ အားလုံးက သူ့အား လူသေတစ်ယောက်လိုဝိုင်းကြည့်နေကြပါပြီ။
လွန်ခဲ့သည့် ၂ ရက်အတွင်းထိုကောလဟာလများ တကယ် ထွက်လာခဲ့ပါသည်။ သို့သော် သူတို့ ဂရုမစိုက်ခဲ့ကြပါ။ အရှင်မင်းကြီးမှာ ဒီလိုပြဿနာရှိနေလျှင်တောင် နတ်စွမ်း အင်တွေ ပိုင်ဆိုင်ထားသည့် မိဖုရားကြီးက အကူအညီမပေးဘဲနေမည် မဟုတ်ပေ။
ယွဲ့ဟွာက သမားတော်တွေကို အမြန်ရှာဖွေနေပြီဖြစ်သည်။ ဒီကိစ္စကို အသုံးချပြီး အရှင်မင်းကြီးအား တိုက်ခိုက်ဖို့ အမှန်တကယ် စီစဉ်ထားခြင်းဖြစ်သည်။ ယခု တိုင်းသူ ပြည်သားများက ယခင်တုန်းကလိုမျိုး သူ့ဘက်မှာ ရှိမနေတော့ပါ။ ထို့ကြောင့် ထိုကောလဟာလတွေကို လွှင့်လျှင်ပင် သက်ရောက်မှုသိပ်ရှိလှမည် မဟုတ်ပေ။
ဒါကို ယွဲ့ဟွာ နားလည်သဖြင့် ညီလာခံမှာ အရင်ဆုံး တင်ပြလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
“ကျန်း နန်းတက်ဖြင့် လပိုင်းပဲရှိပါသေးတယ် ငယ်သားက အရမ်းလောနေပြီလား ? ငယ်သားဝမ်ချမ့်ရဲ့စကားတွေက ကျန်းကို ကျိန်စာတိုက်နေသလိုပဲ”
ယွဲ့လင်း ပြုံးတစ်ဝက် မဲ့တစ်ဝက်ဖြင့် မိန့်လိုက်သည်။
“ဒီငယ်သား အဲ့လိုမလုပ်ဝံ့ပါဘူး အရှင်မင်းကြီး!”
ဝမ်ချမ့် ဖြောင့်မတ်မှန်ကန်သည့် မျက်နှာထားမျိုးဖြင့် လျှောက်တင်လိုက်သည်။
“ဒီငယ်သားမှာ နာမည်ကျော်သမားတော်ကြီးတစ်ဦးဖြစ်တဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်၊ မယ်တော်ကြီးက အရှင် မင်းကြီးရဲ့ အခြေအနေကို စိုးရိမ်ပူပန်နေတာကြောင့် အဲ့ဒီ သမားတော်ကြီးကို ရှာဖွေဆင့်ခေါ်ဖို့ ဒီငယ်သားကို လျှို့ ဝှက်အမိန့်ပေးထားပါတယ် အရှင်မင်းကြီး၊ ဒါပေမယ့် အဲ့ဒီ သမားတော်ကြီး အခုလက်ရှိ ဘယ်နေရာမှာ ရှိနေသလဲဆိုတာ ရှာဖွေဖို့ ခက်ခဲနေပါတယ်၊ ဒီလိုလျှို့ဝှက်ရှာဖွေတာမျိုးက အာနိသင်မရှိနိုင်လို့ အရှင်မင်းကြီးအတွက် စိုးရိမ်စရာမရှိရလေအောင် တစ်တိုင်းပြည်လုံးရဲ့ အင်အားကိုအသုံးချပြီး ပိုက်စိပ်တိုက်ရှာဖွေလိုက်တာက ပိုပြီး သက်ရောက်မှု ရှိစေပါလိမ့်မယ်”
ယွဲ့လင်း အပြုံး ပိုမိုနက်ရှိုင်းသွားခဲ့သည်။
“ဪ… မယ်တော်ကြီးက ငယ်သားကို လျှို့ဝှက်အမိန့်ပေးထားတာပေါ့”
“မှန်ပါတယ်”
ဝမ်ချမ့်က အမိန့်စာလွှာတစ်စောင်ကို ထုတ်ပြန်လိုက်သည်။ စာပေါ်မှာ မယ်တော်ကြီး၏တံဆိပ် အမှန်တကယ် ပါဝင်နေပါသည်။
ယွဲ့လင်း တည်ငြိမ်နေဆဲဖြစ်သည်။ သူ့ကို ကျန်းကျီမြောင်လှည့်ကြည့်ကာ တွေးလိုက်ပါသည်။
[ယွဲ့လင်းခန္ဓာကိုယ်မှာ ပြဿနာရှိနေတဲ့အကြောင်း သက် သေပြနိုင်ဖို့အတွက် မယ်တော်ကြီးက လျှို့ဝှက်အမိန့်ပါ ထုတ်ပြန်ထားတာပဲ! ယွဲ့လင်းနဲ့ အဆင်ပြေပြေနေဖို့ မယ် တော်ကြီး စိတ်ကူးလုံးဝကိုမရှိတာ၊ ပြီးတော့ သူဘာပဲလုပ်လုပ် ယွဲ့လင်း တုန့်ပြန်နိုင်မှာမဟုတ်ဘူးလို့ ထင်နေပုံရတယ်၊ တော်တော် ရဲတင်းပြီး အကြောက်တရားမရှိတဲ့ မယ်တော်ကြီးပါလား!”
“မယ်တော်က အမိန့်ပေးထားတာ ဟုတ်လား ? မယ်တော်ကိုယ်တိုင်အမိန့်ပေးခဲ့တာလား?အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်မှာ တကယ်ပဲ ပြဿနာတစ်ခုခုရှိနေလို့လား”
အံ့အားသင့်နေသည့် မျက်နှာဖြင့် ယွဲ့ဟွာ ရှေ့ထွက်လာခဲ့သည်။
“ဒီကိစ္စက ပေါ့သေးသေး မဟုတ်ပါဘူး အရှင်မင်းကြီး၊ အမှန်တကယ်သာဆို ဖုံးကွယ်မထားသင့်ပါဘူး၊ ပွင့်ပွင့် လင်းလင်း မိန့်ကြားပြီး အားလုံးကို နည်းလမ်းအတူတူ ရှာခိုင်းသင့်ပါတယ်”
ယွဲ့ဟွာမျက်လုံးများထဲ အောင်နိုင်သူတစ်ဦး၏ဘဝင်ခိုက်မှု အရိပ်အယောင်များ ထင်ဟပ်လာခဲ့ပါသည်။