← Chapters

The Letters

Vol. 16 Ch. 158

The Letters

Vol. 16 Ch. 158

ဒီကိစ္စက သူ့အကြံအစည်ဖြစ်ကြောင်း ယွဲ့လင်း သံသယဖြစ်မှာကို ယွဲ့ဟွာ မကြောက်ပါ။

သူတို့နှစ်ယောက်အကြားက အားပြိုင်မှု ပဋိပက္ခမှာ အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်သည်။ ယွဲ့လင်းကလည်း သားသတ်ဓားတစ်ချောင်းဖြင့် နန်းတော်အတွင်းက ယွဲ့ဟွာ၏ထောက်ခံသူတွေကို ရှာဖွေ ရှင်းလင်းပစ်နေတာ အတော်ကြာပါပြီ။

ထို့ကြောင့် သူ့ဘက်က တန်ပြန်တိုက်ခိုက်လာတာ မမှားပါ။ သူကိုယ်ထင်ထွက်ပြသည်ဖြစ်စေ မထွက်ပြသည်ဖြစ်စေ ယွဲ့လင်းက အမှန်တရားကို သိပြီးသား ဖြစ်လောက်သည်။

ချန်ကျင်းမင်ကို ယွဲ့လင်းက စုံစမ်းစစ်ဆေးချင်တယ်ပေါ့ဟုတ်လား…

ငယ်သားတွေရှေ့မှာ ယွဲ့လင်း မျက်နှာမဖော်ဝံ့တော့အောင် သူလုပ်ပြပါမည်။ ယောက်ျားတစ်ဦး၊ ဧကရာဇ်မင်းတစ်ပါး ဖြစ်နေပါလျက်နဲ့ ဒီကဏ္ဍမှာ မယ်တော်အရင်းကပင် သူ့စွမ်းဆောင်နိုင်စွမ်းကို စိတ်ပူပေးနေရသည်။

ထိုကဲ့သို့ သတင်းမျိုးသာ ထွက်သွားပါက အရာရှိအမတ်တွေအားလုံး ဘယ်လိုထင်ကြမလဲ ယွဲ့ဟွာ သိချင်နေပါပြီ။ ယွဲ့လင်း မျက်နှာဘယ်ထားရမှန်းမသိ ဖြစ်သွားလိမ့်မည်။ သူက အမြဲတမ်းငြိမ်ခံနေမည့်လူ မဟုတ်ကြောင်း ယွဲ့လင်းကို ပြသဖို့အချိန်တန်ပါပြီ။ သူ့မှာတန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းတွေ အများကြီးရှိမှန်း ယွဲ့လင်း သိသွားစေရမည်။

ဘဝင်ခိုက်နေသော ယွဲ့ဟွာကို ယွဲ့လင်း အပြုံးမပျက်ကြည့်လိုက်ပြီး တည်ငြိမ်စွာမိန့်လိုက်သည်။

“မယ်တော်ကြီးက အဲ့ကိစ္စတွေအတွက် တွေးပူနေတယ်ဟုတ်လား၊ ကျန်းမသိခဲ့ပါလား ? မင်းသားအန်းဟယ်ကော သိနေတာလား”

ယွဲ့ဟွာ မျက်မှောင်ကြုတ်သွားသည်။ ယွဲ့လင်းက နောက် ဆုံးအချိန်ထိ အလျှော့ပေးမည့်ပုံမပေါ်ပါ။ လင်းချင်ချင် အပျိုစင်အဖြစ် ရှိနေသေးသည့် အကြောင်းအရာက ရှက်စရာကောင်းလွန်းသဖြင့် ယွဲ့ဟွာ ညီလာခံထဲမှာ ဖွင့်မပြောချင်ခဲ့ပါ။ သို့သော် ယွဲ့လင်းက ခေါင်းမာနေသဖြင့် ထိုအကြောင်းအရာကို ကြားချင်လွန်းလို့ ဖြစ်နိုင်ပါသည်။

ဒါဆိုလည်း သူ့ဘက်က အားလုံးအကျည်းတန်သွားအောင် လုပ်ပေးလိုက်ပါမည်။

ယွဲ့ဟွာ အဓိပ္ပာယ်ပါပါ လှည့်ကြည့်လိုက်ရာ ဝမ်ချမ့် ရှေ့ထွက်လာပြန်သည်။

“အရှင်မင်းကြီး၊ ဒါတွေကို မင်းသားအန်းဟယ် မသိခဲ့ပါဘူး အရှင်မင်းကြီး၊ ဒီငယ်သားကိုပဲ မယ်တော်ကြီး ပြောပြထားတာပါ၊ အရှင်မင်းကြီးရဲ့ အနောက်နန်းဆောင်ထဲမှာ တစ်ချိန်တုန်းက ရံရွေတော်လင်းကို အရှင်မင်းကြီး အလွန်အရေးပေးကြင်နာခဲ့တဲ့အကြောင်း ကြားသိရပါတယ်၊ သို့ပေမယ့် ရံရွေတော်လင်းက… အခုချိန်ထိ အပျိုစင်အဖြစ် ရှိနေဆဲပါပဲ၊ အဲ့တာကြောင့် မယ်တော်ကြီးလည်း ဒီလို ခန့်မှန်းလိုက်ရတာပါ”

ထိုသို့လျှောက်တင်ပြီးနောက် ဝမ်ချမ့် ဒူးထောက်ချလိုက်ပါသည်။

“ငယ်သားတစ်ဦးအနေနဲ့ ဒီလိုစကားတွေ မပြောခဲ့သင့်ဘူး၊ သို့ပေမယ့် အရှင်မင်းကြီးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကလည်း တိုင်းပြည်တစ်ခုလုံးနဲ့ သက်ဆိုင်နေတာပါ! အရှင်မင်းကြီးမှာသာ ဆက်ခံသူမရှိရင် နန်းတွင်းမှာကော နန်းပြင်မှာကော မတည်မငြိမ် ဖြစ်လာနိုင်ပါတယ်၊ အချိန်ရှိတုန်းမှာ အစီအစဉ်တွေ ချမှတ်ထားသင့်ပါတယ် အရှင်မင်းကြီး!”

ဝမ်ချမ့်၏ပုံစံက တိုင်းပြည်အပေါ် အလွန်သစ္စာစောင့်သိသည့် အမှုထမ်းတစ်ဦးသဖွယ် ထင်ရသည်။ ယွဲ့ဟွာ၏ အပြုံးများလည်း ပိုနက်ရှိုင်းသွားပြီး ယွဲ့လင်းကို စိတ်မရှည်လက်မရှည်လှည့်ကြည့်လိုက်သည်။ ယွဲ့လင်း တုန်လှုပ် ဒေါသထွက်သွားမည့် မျက်နှာကို သူမြင်ချင်လွန်းလှပါပြီ။

ထိုအခါ ယွဲ့ဟွာ ရင်တုန်သွားခဲ့ရသည်။

ဒီလိုအကြောင်းအရာမျိုး ငယ်သားတွေရှေ့မှာ စွပ်စွဲပြော ဆိုခံရတာတောင် ယွဲ့လင်းက ခံစားချက်မဲ့ တည်ငြိမ်နေဆဲ ဖြစ်သည်။

သူ ဘာလို့ ဒီလောက် ယုံကြည်မှုရှိနေတာလဲ…

ယွဲ့လင်းပြုံးကာ မိန့်ကြားလိုက်သည်။ “ဒါဆို အဲ့ဒီကိစ္စကြောင့် မယ်တော်ကြီး နားလည်မှုလွဲနေတာကိုး…”

“နားလည်မှုလွဲတယ်ဟုတ်လား”

ယွဲ့ဟွာ မျက်မှောင်ကြုတ်သွားသည်။

“အစ်ကိုတော်… ဒီကိစ္စက ပြောလို့ဆိုလို့ မပြောင်းပေမယ့် ဖြစ်ပြီးသွားပြီဆိုတော့လည်း အနှေးနဲ့အမြန် ဖြေရှင်းလိုက်တာ ပိုကောင်းမယ်ထင်တယ်”

ယွဲ့လင်း သက်ပြင်းချလိုက်သည်။

“မင်းသားအန်းဟယ်၊ ရံရွေတော်လင်း ဒီနေ့ဒီအချိန်ထိ အပျိုစင်အဖြစ်ပဲ ရှိနေသေးတာ ဘာကြောင့်လဲ ဆိုတာကို… မင်းသားအန်းဟယ် အမှန်တကယ် မသိဘူးလား”

ယွဲ့ဟွာ ကြက်သေသေသွားသည်။

သူက သိရမှာလား… သူက ဘာလို့ သိရမှာလဲ!

ယွဲ့ဟွာ ရင်ထဲ ရုတ်တရက် နိမိတ်မရှိသလို ခံစားလာရသည်။

ယွဲ့လင်း ဆက်မိန့်လိုက်ပါသည်။

“မင်းသားအန်းဟယ်တို့ နှစ်ယောက်ရဲ့ ဆန္ဒတွေကို ဖြည့် ဆည်းပေးဖို့အတွက် ကျန်း ဒီလောက်ထိ အနစ်နာခံကြိုး စားအားထုတ်ခဲ့ရတာ မဟုတ်ဘူးလား”

[လာပြီ လာပြီ!]

ကျန်းကျီမြောင် ရုတ်တရက် ခါးမတ်သွားခဲ့သည်။ အရာရှိအမတ်တွေလည်း ခါးမတ်မတ် ရပ်လိုက်ကြပြီး ယွဲ့ဟွာကို ဝိုင်းကြည့်လိုက်ကြပါသည်။

ယွဲ့ဟွာ အနည်းငယ် မျက်နှာပျက်လာပြီး အမြန်လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး ဘာကို ဆိုလိုချင်တာလဲ၊ ဒီညီတော် ဘာမှ နားမလည်နိုင်ဘူး”

“မင်းသားအန်းဟယ် တကယ် နားမလည်ဘူးလား”

ယွဲ့လင်း နွေးထွေးစွာ ကြည့်လိုက်သည်။

“တစ်ချိန်တုန်းက ရံရွေတော်လင်းဆိုတာ ရှောင်းဟယ်ရွာမှာ နေထိုင်တဲ့ သာမန်ရွာသူလေးတစ်ဦးပဲ၊ အဲ့ဒီနေ့က တောင်ပေါ်တက်ရင် အန္တရာယ်တစ်ခု ကြုံလာရတော့ မင်းသားအန်းဟယ်က ကယ်တင်ပေးခဲ့တာ မဟုတ်လား”

ယွဲ့ဟွာ မျက်နှာအေးခဲသွားခဲ့သည်။ လင်းချင်ချင်ကို ယွဲ့လင်းဘေးသို့ ပို့ဆောင်ပေးလိုက်သည့်အချိန်ကစလို့ သူတို့ နှစ်ဦး ဆုံတွေ့ခဲ့သည့် သက်သေတွေအားလုံးကို ဖျက်ဆီးခဲ့တာဖြစ်သည်။

ယွဲ့လင်း ဘယ်လို စုံစမ်းလိုက်တာလဲ!

“စုံစမ်းဖို့က လွယ်ပါတယ်၊ အဲ့ဒီနေ့တုန်းက မျက်လုံးနဲ့တပ် အပ်မြင်ခဲ့တဲ့ ရှောင်းဟယ်ရွာသားတွေ အများကြီးရှိတယ်၊ ရံရွေတော်လင်း ရွာကိုပြန်ရောက်လာတော့ ယောက်ျားတစ်ယောက်က ပွေ့ချီလာခဲ့တာတဲ့၊အဲ့ဒီယောက်ျားက တခြားသူ မဟုတ်ဘဲ မင်းသားအန်းဟယ်ဖြစ်နေကြောင်း သက်သေပြဖို့အတွက် ရှောင်းဟယ်ရွာသားတွေကို ဆင့်ခေါ်လိုက်ရမလား”

ယွဲ့ဟွာ စိတ်ချောက်ချားသွားပြီး အမြန်လျှောက်တင်လိုက် ပါသည်။

“မလိုပါဘူး အစ်ကိုတော်၊ ရံရွေတော်လင်းကို ဒီညီတော် တစ်ချိန်တုန်းက ကယ်တင်ပေးခဲ့ဖူးတာ မှန်ပါတယ်၊ သို့ပေမယ့် အစ်ကိုတော်ရဲ့အနောက်နန်းဆောင်ထဲကကို သူရောက်တဲ့အချိန်ကစပြီး အဆက်သွယ် မလုပ်ခဲ့တာ အခုချိန်အထိပါပဲ”

“ဟုတ်ရဲ့လား”

ယွဲ့လင်း သက်ပြင်းချလိုက်သည်။

“အားလုံးကို ဝေပေးလိုက်ပါ လီသဲ့ဟွိုက်”

လီသဲ့ဟွိုက် အသံကျယ်ကျယ်ဖြင့် အမိန့်နာခံလိုက်ပါသည်။ ယွဲ့ဟွာ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားသည်။

ဝေပေးရမယ်… ဘာကိုဝေပေးရမှာလဲ!

လီသဲ့ဟွိုက် စာရွက်အထပ်လိုက်တွေကို ကိုင်ဆောင်ပြီး အရာရှိအမတ်တိုင်းကို ဝေငှပေးလိုက်ပါသည်။ ကျန်းကျီမြောင်ပင် တစ်စောင် ရလိုက်သေးသည်။

ထိုစာတွေကို အရာရှိအမတ်များ ဖွင့်ဖတ်ကြည့်လိုက်ကြသောအခါ မျက်လုံးများပြူးကျယ်သွားကြပြီး အလွန် မျက်စိမျက်နှာ ပျက်သွားခဲ့ကြပါသည်။

ဒါ… ဒါ… ဒါဘယ်လိုဖြစ်တာလဲ!

ဒီလောက် အန္တရာယ်များတဲ့ လျှို့ဝှက်ချက်တွေကို သူတို့ကိုပေါ်တင်ကြီး ပြလိုက်တာလား!

ယွဲ့လင်းက ပြရဲတယ်ဆိုရင်တောင် သူတို့ ကြည့်ရဲပါ့မလား!

ကြည့်ရဲပါသည်။

[OMG!!! အဲ့လောက်တောင် အသည်းယားစရာကောင်းတာလား]

ကျန်းကျီမြောင်လည်း စိတ်အားထက်သန်စွာဖြင့် စာကို ဖတ်ကြည့်လိုက်ပါသည်။

[ဒီမှာ ရေးထားတာက လင်းချင်ချင်ကို နေ့တိုင်း ညတိုင်း လွမ်းဆွတ်သတိရနေပါတယ်တဲ့၊ ဒါပေမယ့် တိုင်းသူပြည် သားတွေရဲ့ အကျိုးအတွက် မင်းဆိုးမင်းညစ် ယွဲ့လင်းကို ဖယ်ရှားဖို့ သူ့အကူအညီကို လိုအပ်တယ်တဲ့၊ တစ်ဖက်ကလည်းစာပြန်တယ်၊ သူ့နှလုံးသားနဲ့ ခန္ဓာကိုယ်က တစ်သက်လုံး ယွဲ့ဟွာ အပိုင်ပါပဲတဲ့! အခုချိန် သူတို့နှစ်ယောက်ကို မျက်နှာချင်းဆိုင်‌ တွေ့ပေးလိုက်ရင် ပွေ့ဖက်ငိုယိုသွားကြမလား မသိဘူးနော်!]

ယွဲ့ဟွာလက်ထဲကိုလည်း စာတစ်စောင် ရောက်လာခဲ့ပါ သည်။ ထိပ်ပိုင်းနားလေးကို ဖတ်ကြည့်ရုံနဲ့ သူ့မျက်နှာတစ်ခုလုံး ပြာနှမ်းသွားလေတော့သည်။

ဒီစာတွေ… ဒီစာတွေ ယွဲ့လင်း ဘယ်ကရလာတာလဲ!

စာတွေကို ဖတ်ပြီးရင် မီးရှို့လိုက်ဖို့ လင်းချင်ချင်ကို သေချာမှာထားတာ မဟုတ်ဘူးလား!

ဒီငတုံးမက မီးမရှို့တဲ့အပြင် သေသေချာချာပါ သိမ်းထားသေးတာလား!

လင်းချင်ချင် သေချင်နေတာလား!!

ယွဲ့ဟွာ တစ်ကိုယ်လုံး တုန်ယင်သွားကြီး ကြက်သေသေသွားခဲ့ပါသည်။

အရာရှိအမတ်တွေလည်း လက်ထဲက စာကိုဖတ်ရှုပြီးနောက် ဘေးကလူတွေနဲ့ စာချင်းလဲလှယ်ကာ စိတ်ဝင်တစား ဖတ်ရှုလိုက်ကြပါသည်။ ညီလာခံတစ်ခုလုံး ဖရဲသီးသာသာယာယာ စားနေကြသည်။

“မင်းသားအန်းဟယ်” ယွဲ့ချန်းက ဝင်ပြောလိုက်သည်။

“ဒီလက်ရေးက ညီတော့်လက်ရေးနဲ့တူတယ်နော်၊ အရှင် မင်းကြီးဘေးနား အဲ့ဒီရံရွေတော်လင်းကို ပို့ဖို့… ညီတော် ကြံစည်ခဲ့တာလး”

ယွဲ့ဟွာ မျက်နှာ ‌သွေးမဲ့ဖြူရော်နေပြီး အင်အားချည့်နဲ့စွာ ပြောလိုက်သည်။

“အဲ့လိုမဟုတ်ပါဘူး၊ ဒီစာတွေက အတုတွေပဲ ဖြစ်မယ် အရှင်မင်းကြီး! ဒီညီတော်က အရှင်မင်းကြီးအပေါ်မှာ သစ္စာစောင့်သိပြီးသားပါ! ဒီလိုလုပ်ရပ်မျိုး လုံးဝ မလုပ်ဝံ့ပါဘူး အရှင်မင်းကြီး!”

“ဟုတ်လား…”

ယွဲ့လင်း ခံစားချက်မဲ့စွာ မိန့်လိုက်သည်။

ထို့နောက် သူဘာမှ ဆက်မမိန့်နိုင်ခင် အရာရှိအမတ်တွေ သည်းမခံနိုင်ကြတော့ပေ။

ကျန်းဝေမျက်လုံးထဲ ဒေါသအရိပ်အယောင်များ ထပ်ဟပ်လာပြီး စူးရှခက်ထန်စွာပြောလိုက်သည်။

“ကျုပ်ရထားတဲ့ စာထဲမှာ မင်းသားအန်းဟယ်က မယ်တော်ကြီးဆီ ဂါဝရလာပြုတယ်ဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး ရံရွေတော်လင်းနဲ့ အမြဲတမ်းလျှို့ဝှက်တွေ့ဆုံခဲ့တာတဲ့၊ တွေ့ဆုံတဲ့အချိန်၊ တွေ့ဆုံတဲ့‌နေရာတွေကိုတောင် ရှင်းရှင်း လင်းလင်း ရေးထားသေးတယ်! ဒီစာတွေ အမှန်ဟုတ်မဟုတ် သိချင်ရင် လွန်ခဲ့တဲ့ လတွေတုန်းက မင်းသားအန်းဟယ် နန်းတော်အတွင်း ဝင်လာတဲ့အချိန်တွေကိုပြန်စစ်ကြည့်ဖို့ပဲ လိုအပ်တယ်!”

မြို့စားရှဲ့ကလည်း ဝင်ပြောလိုက်သည်။

“မယ်တော်ကြီးကို သွားတွေ့ခဲ့တာဆိုတော့ ရှို့အန်းနန်းဆောင်မှာ မှတ်တမ်းတွေ ရှိနေမှာပေါ့ အဲ့အချိန်တွေတုန်းက မင်းသားအန်းဟယ် ရှို့အန်းနန်းဆောင်မှာ အမှန်တကယ် ရှိနေသလား၊ ဒါမှမဟုတ် အနောက်နန်းဆောင် ကိုယ်လုပ်တော်တစ်ယောက်နဲ့ ဖောက်ပြားနေသလားဆိုတာ သိရဖို့ တစ်ချက်လောက် စုံစမ်းကြည့်ရုံနဲ့ သဲလွန်စ ပေါ်လာမှာပါ”

“ဂုဏ်သရေရှိတဲ့ မင်းသားတစ်ပါးဖြစ်ပြီးတော့ မယ်တော်ကြီးနဲ့ တွေ့ဆုံမယ်ဆိုတဲ့ အကြောင်းပြချက်သုံးပြီး အရှင် မင်းကြီးရဲ့ ကိုယ်လုပ်တော်နဲ့ဖောက်ပြားနေတယ်ပေါ့! မင်းသားအန်းဟယ်ရဲ့ လုပ်ရပ်က သည်းမခံနိုင်စရာပဲ! ရံရွေတော်လင်းကို ချက်ချင်းကွပ်မျက်ပေးဖို့ တောင်းဆိုပါတယ်! မင်းသားအန်းဟယ်ကိုလည်း ခုံရုံးတင်ပြီး သေသေ ချာချာစစ်ဆေးမေးမြန်းရပါမယ် အရှင်မင်းကြီး!”

“အရှင်မင်းကြီး! မင်းသားအန်းဟယ်က အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာကိုတောင် ထည့်မတွက်ဘဲ ဒီလို ယုတ်ညံ့တဲ့ လုပ်ရပ်မျိုး လုပ်ခဲ့တာပါ၊ ဒီလိုပြစ်မှုကို သေဒဏ်ပေးမှ တော်ရာကျပါလိမ့်မယ်!”

“စာတွေထဲမှာ မင်းသားအန်းဟယ်က အရှင်မင်းကြီးကို သတင်းမှားတွေပေးပြီး ဇဝေဇဝါဖြစ်အောင်လုပ်ဖို့ ရံရွေ တော်လင်းကို ညွှန်ကြားထားမှန်းဝန်ခံထားပါတယ်! အရှင်မင်းကြီးကို မင်းဆိုးမင်းညစ်လို့တောင် အတင့်ရဲပြီး ခေါ်ဝေါ်ရဲတယ်! ဒါပုန်ကန်မှုမြောက်ပါတယ် အရှင် မင်းကြီး!”

“မင်းသားအန်းဟယ်ရဲ့စံအိမ်ကို ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးဖို့ ဒီငယ်သား တောင်းဆိုချင်ပါတယ်!”

အရာရှိအမတ်တွေ တစ်ဦးပြီးတစ်ဦး ရှေ့ထွက်လာကြပြီး အပြိုင်အဆိုင် လျှောက်တင်ကြလေသည်။

All Chapters