အခန်း (၂၇၃)
Vol. 19 Ch. 273
"သွားတော့မယ်"
ကျန်းတန်းဟယ်က သူ့ပါးစပ်ကို လက်ကိုင်ပုဝါနဲ့ သုတ်လိုက်သည်။ ပါးစပ်ကို အင်္ကျီလက်နဲ့ သုတ်ထားတဲ့ လီရှို့ကျီနဲ့ ယှဉ်ရင် သူက ပိုယဉ်ကျေးပုံရသည်။
"ဘာလို့ဒီလောက်စောပြီးသွားမှာလဲ"
လီရှို့ကျီသည် ဒီနေ့ ထူးထူးခြားခြား စိတ်အားထက်သန်နေပုံရသော ကျန်းတန်းဟယ်ကို ကြည့်ပြီး အနည်းငယ် ပဟေဋ္ဌိဖြစ်မှုကို ခံစားလိုက်ရသည်။
ကျန်းတန်းဟယ် စကားမပြောခဲ့ပေ။ သူ အကြောဆန့်ပြီး ထွက်သွားခဲ့သည်။
မနေ့က သူသည် ပုံမှန်အိပ်ရာဝင်ချိန်ထက် နှစ်နာရီအလိုမှာ တမင် အိပ်ခဲ့သည်။ ဒီမနက် သူ့မှာ ထမင်းတစ်ပန်းကန် အပိုရှိသည်။ ရှောင်းကော သူ့အတွက် ဖန်တီးထားတဲ့ ပေါ့ပေါ့ပါးပါး ပုံစံ အဝတ်အစားကိုလည်း ၀တ်ထားသည်။
ပေါ့ပေါ့ပါးပါးပုံစံက ဘယ်လိုပုံစံလဲဆိုတာ သူ မသိပေမယ့် အဝတ်အစားက တကယ်ကို သက်တောင့်သက်သာရှိသည်။
ပေးထားသည့်လိပ်စာအတိုင်း ဆရာခုံး၏ နေအိမ်သို့ ရောက်ရှိလာသည်။
ကျန်းတန်းဟယ် ရောက်ရှိလာသောအခါ နေအိမ်အဝင်ပေါက်တွင် ရထားလုံးတွဲများစွာ ရပ်နေပြီဖြစ်သည်။ သစ်သားသေတ္တာတွေကို ရွှေ့နေကြတဲ့ အစေခံတွေတောင် ရှိသေးသည်။
ကျန်းတန်းဟယ်က ဆရာခုံးကို သူရောက်လာပြီဖြစ်တဲ့အကြောင်း တစ်စုံတစ်ယောက်ဆီ အကြောင်းကြားချင်ပေမယ့် သူ့ကို ဘယ်သူမှ သတိထားမိပုံမပေါ်ပေ။ အဆုံးမှာ သူကိုယ်တိုင်ပဲလျှောက်လှမ်းခဲ့သည်။
...
ကျန်းတန်းဟယ်သည် အလုပ်ရှုပ်နေကြသော လူအုပ်ကို ဖြတ်၍ ခန်းမထဲသို့ ရောက်လာသည်။ တိုက်ဆိုင်စွာပင် သူသည် ဆရာကြီးခုံး၏အနားတွင် အမြဲရှိနေသော အစေခံနဲ့ တိုးခဲ့သည်။
အစေခံကလည်း ကျန်းတန်းဟယ်ကိုတွေ့သည်။ တကယ်တော့ သူက စစ်သူကြီးကို စောင့်နေဖို့ တံခါးဆီ အထူးတလည်သွားခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ သူနဲ့တိုးခဲ့သည်။
ကျန်းတန်းဟယ်က အစေခံရဲ့နောက်ကနေ ဆရာခုံး၏ အခန်းသို့ လိုက်သွားခဲ့သည်။
ထိုအချိန်တွင် ဆရာကြီးက သူ၏ ခရီးဆောင်အိတ်တွေကို ဇနီးဖြစ်သူနှင့်အတူ ထုပ်ပိုးနေသည်။ အခြားသူများ၏ ကိုယ်ရေးကိုယ်တာပစ္စည်းများကို ကိုင်တွယ်ရန် မသင့်လျော်ပေ။
အိမ်သို့ယူဆောင်သွားရမည့် ပစ္စည်းများအားလုံးကို ၎င်းတို့၏ ခရီးဆောင်အိတ်များတွင် ထုပ်ပိုးထားပြီး ကျန်ရစ်ခဲ့သော ပစ္စည်းများကို ၎င်းတို့၏ မှန်ကန်သော အနေအထားတွင် ထားရှိခဲ့သည်။
"အဖွားကြီး၊ ဘာကိုမှ မမေ့ကျန်ခဲ့စေနဲ့ဦး၊ ငါတို့ ဒီကို ပြန်လာရမယ်လို့ မထင်ဘူး။ အရာအားလုံး ထည့်ပြီးပြီဆိုတာ သေချာအောင်လုပ်"
"ဟူး သိပါတယ်၊ ပွစိပွစိပြောမနေစမ်းပါနဲ့တော်"
ယခုအချိန်တွင် ဇနီးမောင်နှံနှစ်ဦးသည် နန်းတွင်းအဝတ်အစားများကို လဲထားပြီး သာမန်အ၀တ်အစားများကို ဝတ်ဆင်ထားကြသည်။ ယခုသူတို့၏ ၀တ်စားဆင်ယင်ပုံ ကိုကြည့်လျှင် သူတို့၏ ပင်ကိုယ်စရိုက်အစစ်အမှန်ကို ဘယ်သူမှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။
နန်းတော်က ထွက်သွားပြီး နောက်တဖန် ပြန်မလာတော့ပေ။ ဒီအရွယ်မှာ မြို့တော်ကို ခရီးရှည်ကြီးထွက်ဖို့ မခံနိုင်ကြတော့ပေ။ သူတို့ရဲ့ နောက်ဆုံးထွက်သက်ကို မွေးရပ်မြေမှာပဲ ခံယူပြီးရင် သူတို့ရဲ့ ရုပ်အလောင်းတွေကို အဲဒီနေရာမှာ မြှုပ်နှံမည်။
ထိုအချိန်တွင် အစေခံသည် ကျန်းတန်းဟယ် ရောက်ရှိလာခြင်းအား အသိပေးခဲ့သည်။ ထိုမှသာလျှင် ဇနီးမောင်နှံသည် တံခါးဝတွင် သူ့ကို မြင်လိုက်ရသည်။
"ဆရာကြီး"
...
"မဟုတ်ဘူး၊ ငါက ဆရာကြီး မဟုတ်တော့ဘူး။ စစ်သူကြီး၊ ကျုပ်ကို ဆရာလို့ပဲ ခေါ်"
ဆရာခုံးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ မနေ့ကဆရာကြီးအဖြစ် သူ့ရဲ့နောက်ဆုံးနေ့ပင်။ ယနေ့နံနက်တွင် သူ့တရားဝင်ဝတ်စုံကို ချွတ်ပြီးနောက်တွင် သူသည် ကြီးကျယ်ခမ်းနားတဲ့ ဆရာကြီး မဟုတ်တော့ပေ။ ဆရာဆိုတဲ့ဘွဲ့ကိုတော့ သူ သဘောကျတုန်းပင်။
အမျိုးသမီးခုံးက သူ့ကို စိုက်ကြည့်ရင်း သူမရဲ့အသက်ရှုသံအောက်မှာရေရွတ်လိုက်သည်။ “ အရမ်းဒုက္ခပေးတဲ့သူပဲ”
ဆရာခုံးက အသက်ကြီးသော်လည်း အကြင်လင်မယားအဖြစ် နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာအောင် နေခဲ့ပြီး သူ့အကြားအာရုံမှာ ကောင်းမွန်နေဆဲဖြစ်သည်။ တစ်ဖက်သား၏ အဓိပ္ပါယ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူပြောနိုင်သည်။
ဒါကိုကြားတော့ ဆရာခုံးက ဂရုမစိုက်ပေ။ ဒါပေမယ့် သူ၏ မုတ်ဆိတ်ဖြူအောက်တွင် ဝှက်ထားသော သူ့ပါးစပ်က အနည်းငယ် လှုပ်ယမ်းသွားသည်။ သူ့မကျေနပ်မှုတွေကို ပြောင်ပြောင်တင်းတင်း မပြောဝံ့တဲ့အတွက် သိမ်မွေ့တဲ့ အပြုအမူလေးတွေနဲ့သာ ကန့်ကွက်နိုင်ခဲ့သည်။
ဒါပေမယ့် သူ့ရဲ့ဆန္ဒပြမှုကို သတိမပြုမိခဲ့ပေ။ အမျိုးသမီးခုံးက သူမဘေးနားက အဖိုးအိုကို ကြည့်တောင် မကြည့်ပေ။ အဲဒီအစား သူမ တောက်ပစွာပြုံးပြီး အခန်းထဲက မထွက်ခင် ကျန်းတန်းဟယ်ကို ခေါင်းညိတ်ပြခဲ့သည်။ မထွက်သွားခင်မှာ ဆရာကြီးခုံးကို စိုက်ကြည့်နေခဲ့သည်။
အဘိုးကြီး ဘာတွေ တွေးနေမှန်း သူမ မသိပေ။ သူဘာကြောင့် စစ်သူကြီးကို အလုပ်ကြမ်းလုပ်ခိုင်းဖို့ခေါ်ရတာလဲ။ သူ့အသက်အရွယ်ကို အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးပြုပြီး သူ့ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာလား။ သူမသာ စစ်သူကြီးဖြစ်ခဲ့ရင် သူ့ကို ရိုက်နှက်ပြီး သင်ခန်းစာ ပေးလိမ့်မည်။
ဆရာကြီးခုံးသည် ထွက်ခွာသွားသောရုပ်သွင်အား ကျယ်လောင်စွာနှာမှုတ်ခဲ့သည်။ “မင်းက ငါ့ကို ဘယ်လို ဆူရမယ်ဆိုတာပဲသိတယ်”
သူ့ဇနီးအတွက် ဒေါသစိတ်က ကျန်းတန်းဟယ် အပေါ်မှာ လုံး၀ ပုံချမိသွားသည်။
သူ့ကိုညွှန်ကြားပြီးတာနဲ့ အဘိုးကြီးက အခန်းထဲက ထွက်သွားသည်။
ကျန်းတန်းဟယ် အခန်းကျယ်ကြီးထဲတွင် တစ်ယောက်တည်းကျန်ခဲ့ပြီး သူ့ရှေ့ရှိ သေတ္တာများကို စိုက်ကြည့်နေသည်။
...
အခု ကြားတာက မမှားဘူးဆိုရင် ဆရာကြီးခုံးက သူ့ကို ဒါတွေအကုန်လုံးကို အပြင်ဘက်က ရထားလုံးဆီ အကုန်ရွှေ့ခိုင်းလိုက်တာ။
ကျန်းတန်းဟယ် တံတွေးမျိုးချလိုက်သည်။ ရှောက်ကျန့်၏ ဆိုလိုရင်းကို သူ နောက်ဆုံးတော့ နားလည်သွားပြီ။
သူ ဒီနေ့အလုပ်ကြမ်း လုပ်ရတော့မယ်ဆိုတာ သူသိပြီးသားဖြစ်မှာ။
“ဟူး…”
ကျန်းတန်းဟယ် သက်ပြင်းရှည်ကြီးချလိုက်သည်။ "ထားလိုက်ပါတော့၊ ငါ့သားအတွက် ငါလုပ်ရမယ်"
ကျန်းတန်းဟယ် သူ့အင်္ကျီလက်တွေကို လှန်တင်ပြီး နေ့ခင်းအထိ အလုပ်လုပ်ခဲ့သည်။ ယနေ့ ထွက်ခွာသွားတော့မည့် ဆရာကြီး ခုံးသည် ၎င်း၏ ထွက်ခွာမှုကို နောက်တစ်နေ့ နံနက်အထိ ပြန်လည် တွန်းအားပေးခဲ့သည်။
တနေကုန်အလုပ်များနေသော ကျန်းတန်းဟယ်ကိုကြည့်ရင်း အမျိုးသမီးခုံး၏နှလုံးသားက သူ့အတွက် နာကျင်လာသည်။ သူ့အတွက် လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပေးလိုက်သည်။ ဆရာကြီးခုံးက သူမကို မျက်စောင်းထိုးခဲ့သည်။ ချောမောသော ယောက်ျားများကို သူမ၏ နှစ်သက်မှုက သူမ၏ ဒီအသက်အရွယ်တွင်ပင် မပြောင်းလဲခဲ့ပေ။ ခင်ပွန်းဖြစ်သူ အလုပ်လုပ်နေချိန်မှာ သူမဘာကြောင့် ဂရုမစိုက်တာလဲ။
အမျိုးသမီးခုံးသည် တံခါးဝတွင်ရပ်နေကာ စစ်သူကြီး၏ ထွက်ခွာသွားသောရုပ်သွင်ကို နာကျင်စွာကြည့်နေသည်။ သူမက ဆရာကြီးခုံးကို ဆူလိုက်သည်။
"အဖိုးကြီး၊ ရှင့်ကိုယ်ရှင်ကြည့်ပါဦး။ ရှင့်မှာ အစက ရွှေ့စရာတွေ အများကြီးမရှိပါဘူး၊ သူ့အတွက် အသုံးမဝင်တဲ့အရာတွေအားလုံးကို အဲဒီသေတ္တာတွေထဲ ဘာလို့ထည့်ထားရတာလဲ။ နောက်ပိုင်းမှာ အစေခံတွေက ထပ်ရွှေ့ပေးရဦးမယ်။"
ထိုအချိန်တွင် သူမသည် ဒေါသတကြီးဖြင့် သူ့ကိုဆိတ်ဆွဲလိုက်သည်။ "ပြဿနာရှာဖို့ ကြိုးစားနေတာလား။"
ဆရာကြီးခုံး နာကျင်စွာ ဆုတ်ခွာသွားသည်။ “ငါ့ကို ပြဿနာရှာနေတယ်လို့ ဘယ်သူပြောလဲ၊ ငါ ဒါကို ရည်ရွယ်ချက်နဲ့ လုပ်တာ။”
"ဘယ်အဆုံးထိလဲ"
...
"ငါ မင်းကိုပြောခဲ့ရင်တောင် မင်းနားမလည်ပါဘူး" ဆရာကြီးခုံး ဒါကိုပြောလိုက်တာနဲ့ တစ်ခုခုမှားနေပြီဆိုတာ သူသိသည်။ ချက်ချင်းဆိုသလို အခြေအနေကို ကယ်တင်ဖို့ ကြိုးစားခဲ့သည်။ “ငါ မဟုတ်ဘူး…”
"ကောင်းပြီလေ ခုံးတနျို! တကယ်တော့ ရှင်က ကျွန်မကို ပညာမတတ်လို့ဆိုပြီး အထင်သေးနေတာပဲ!"
"မင်းကို ဘယ်သူက အထင်သေးနေတာလဲ။ ငါတို့က တစ်ယောက်နဲ့တစ်ယောက် နာမည်ပြောင်တွေ ထပ်မပြောဖို့ သဘောတူထားကြတယ်လေ!"
" ခုံးတနျို၊ ခုံးတနျို၊ ခုံးတနျို၊ ရှင် ကျွန်မကို အခုတကယ်အထင်သေးလိုက်တာ။ အဲ့တုန်းက ကျွန်မ ရှင့်ကို ရေပုပ်ကန်ထဲကနေ ပြန်မဆွဲထုတ်ခဲ့ရင် ရှင်ဒီနေ့ရဲ့ ရှင်ဖြစ်လာပါ့မလား "
အမျိုးသမီးခုံးသည် ဆရာကြီးခုံး၏ စကားကို လျစ်လျူရှုကာ ဆရာကြီးခုံးကို သူ့အမည်ပြောင်ဖြင့် ဆက်ခေါ်ခဲ့သည်။ သူမ သူ့ကို တွန်းဖယ်လိုက်ပြီး နှာခေါင်းကို လက်ညှိုးထိုးရင်း သူ့ကို စပြီး ပွစိပွစိပြောလိုက်သည်။ သူမက အသက်ကြီးပေမယ့် သူမရဲ့ အဆုတ်စွမ်းရည်က တော်တော်လေးကို အားကောင်းနေသည်။
စာကြောင်းတိုင်းကို ခုံးတနျိုဟူသော စကားလုံးများဖြင့် ဖော်ပြထားသည်။ ဒါကိုကြားတော့ ဆရာကြီးခုံးက နားရွက်ကို အုပ်ပြီး အိမ်ထဲကို ပြေးသွားသည်။ အမျိုးသမီးခုံးက နောက်ကနေ အနီးကပ်လိုက်သွားသည်။ သူ့နောက်ကို လိုက်လာရင်း သူနာမည်ကို မရပ်မနားခေါ်နေသည်။
ထို့ကြောင့် နေအိမ်၌ အောက်ပါ မြင်ကွင်း ပေါ်လာသည်။
သက်ကြီးရွယ်အို နှစ်ယောက်သည် အရှိန်အဟုန်ဖြင့် ပြေးလာကြသည်။ တစ်ယောက်က သူ့နားကို အုပ်ထားပြီး မကြားချင်ယောင်ဆောင်ကာ နောက်တစ်ယောက်က သူမရဲ့စကတ်ကို မပြီး မရပ်မနား ကျိန်ဆဲနေသည်။
တခြားသူတွေ မြင်ခဲ့ရတာကတော့ လူကြီး စုံတွဲက လိပ်အရှိန်နဲ့ ရှေ့ကို တိုးလာနေတာကိုပဲ။
လူကြီး နှစ်ယောက်ကို လိုက်ရှာနေသည့် ခုံးနီက သူ့အငယ်ဆုံးသားရဲ့ နားရွက်ကို တိတ်တဆိတ် အုပ်ပေးထားသည်။ လူကြီး စုံတွဲတွေကို မမြင်ရတော့တဲ့ အချိန်မှာပဲ သူလွှတ်ပေးလိုက်သည်။
"ဖေဖေ၊ ဖိုးဖိုးနဲ့ ဖွားဖွား ဘာလုပ်နေကြတာလဲ"
ကလေးက ခုံးနီကို ဘာ့ကြောင့် သူ့ရဲ့နားနှင့်ပါးစပ်ကိုအုပ်ထားရတာလဲဆိုတာကို သံသယကင်းကင်းဖြင့် ကြည့်နေသည်။
"ဘာမှမဟုတ်ပါဘူး။ သားရဲ့ဖိုးဖိုးနဲ့ဖွားဖွားတို့က လမ်းလျှောက်နေကြတာ။"
သူ့သားငယ်က ခေါင်းညိတ်ပြခဲ့သည်။ "သားသိပြီ။ သူတို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာတာက အံ့သြစရာ မဟုတ်ဘူးပဲ။ ဒါက သူတို့ လမ်းလျှောက်နေကြတာပဲ"
"ဒါပေမယ့် ဖေဖေ သားရဲ့နားနဲ့ ပါးစပ်ကို ဘာလို့ အုပ်ထားတာလဲ။"
“...…” ခုံးနီက သူ့သားငယ်ကို တစ်ဖက်သို့ ဆွဲထုတ်သွားလိုက်သည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူတွေးတောကာ ပြောလိုက်သည်။ “ဒါက ဘဝ အတွေ့အကြုံတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ”
သူ့သားအငယ်ဆုံးကတော့ ဘာတွေဖြစ်နေတာလဲဆိုတာကို လုံးလုံးနားလည်ပုံမပေါ်ပေ။ ခုံးနီက တခြားဘာမှ မပြောခဲ့ပေ။ သူ့ရဲ့ခေါင်းကို ပွတ်သပ်ပြီး ရှေ့ကို မျှော်ကြည့်ရင်း သူ့အတွေးတွေကို လုံးလုံးလျားလျားစုပ်ယူခံလိုက်ရသည်။
သူငယ်ငယ်က ဒီလို လှပတဲ့ စကားလုံးတွေ ကြားခဲ့ရတာကို မှတ်မိနေသေးသည်။ ဟိုတုန်းက မြင်ကွင်းကို ပြန်သတိရမိတော့ အဲ့တာက ရင်ခုန်စရာ ကောင်းသည်။
ထိုနေ့မှစ၍ နူးညံ့သိမ်မွေ့သော၊ သဘောထားကြီးသော၊ နားလည်မှုရှိသော မိခင်ကြီးက ထာဝရ ကွယ်ပျောက်သွားခဲ့သည်။
–
ကျန်းတန်းဟယ် သူ့အိမ်တော်သို့ ပြန်ရောက်သောအခါ နောက်ကျနေပြီဖြစ်သည်။
အစောင့်က မောပန်းနွမ်းနယ်နေသော စစ်သူကြီးကို ကြည့်နေသည်။ သူ၏ နှလုံးသားထဲတွင် မြတ်နိုးမှုက တဟုန်ထိုးတက်လာသော မြစ်တစ်စင်းလိုပင်။ စစ်သူကြီးသည် ဒီနေ့ စစ်စခန်းမှာ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ပုံရသည်။
ကျန်းတန်းဟယ် သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။ အနားမှာ ဘယ်သူမှမရှိတဲ့အခါ သူ့လက်မောင်းကို ပင်ပန်းနွမ်းနယ်စွာ ပွတ်ခဲ့သည်။ အရင်က သူ့လက်မောင်းမှာ ဝေဒနာဟောင်းရှိခဲ့ပြီး သူ့လက်မောင်းကို တနေကုန် အလေးအပင်တွေ မခဲ့ရသည်။ တစ်လလုံး နာကျင်နေပုံရသည်။
တံခါးဝသို့ ရောက်သည်နှင့် ထိုနေရာတွင် မဖြစ်သင့်သော တည်ရှိနေခြင်းကို သူ သိသိသာသာ သတိပြုမိသွားသည်။
"ဘယ်သူလဲ!"
ခါးက သူ့လက်နက်ကို မသိစိတ်က လှမ်းယူလိုက်ပေမယ့် ဘာမှ မရှိနေပေ။အဲ့တော့မှ ဒီနေ့ သူ့ရဲ့ပုံမှန်အဝတ်အစားတွေ မဝတ်ထားမိဘူးဆိုတာ သတိရမိသွားသည်။ ထို့ကြောင့် သူ့ခါးတွင် မကြာခဏ ဆောင်ထားသည့် ဓားကို ကိုင်ဆောင်ထားခြင်း မရှိခဲ့ပေ။
"ငါပါ"
ထိုအသံကိုကြားလိုက်သည်နှင့် ကျန်းတန်းဟယ် စိတ်သက်သာရာရသွားသည်။ "ဘာလို့ မီးမထွန်းတာလဲ"
သူပြောသည့်အတိုင်း သူသည် နေ့ဘက်နှင့်မတူဘဲ အမှောင်ထဲတွင် အလွယ်တကူ ရွေ့လျားသွားခဲ့သည်။
သူ မီးတုတ်ကို ထုတ်ယူပြီး ဖယောင်းတိုင်များကို မီးထွန်းညှိလိုက်သည်။ အခန်းက ချက်ချင်း မီးလင်းသွားသည်။ ရှောက်ကျန့် စားပွဲမှာထိုင်နေတာကို မြင်လိုက်ရပြီး သူ့ရှေ့က စားပွဲမှာ စားစရာတွေနဲ့ ပြည့်နေသည်။