အခန်း (၂၇၅)
Vol. 19 Ch. 275
လူအနည်းငယ်က ချဉ်းကပ်လာသော ရထားလုံးကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။ ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသော မိန်းမစိုးစု ပြေးလာပြီး သူတို့ကို ဦးညွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။
ဆရာကြီးခုံးက သူ့မိန်းမကိုဦးဆောင်ပြီး ရထားလူံးပေါ်ကနေ အမြန်ဆင်းခဲ့သည်။ ဒီမှာ မိန်းမစိုးစုနဲ့ အတူ ရထားလုံးပေါ်မှာ ထိုင်နေတဲ့သူကဘယ်သူဆိိုတာ သိသာပါသည်။
"အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်"
ရှောက်ကျန့်က သူတို့ကို တားဖို့ ရထားလုံးထဲက အလျင်အမြန် ဆင်းလာချိန်မှာတော့ အုပ်စုက ဦးညွှတ်တော့မည်။
"ဆရာ ခုံး၊ ဒီလိုလုပ်စရာ မလိုပါဘူး"
ရှောက်ကျန့်က ဆရာကြီးခုံးကို လက်နှစ်ဖက်နဲ့ ထူပေးခဲ့သည်။ "ကျွန်တော်က ဆရာ့ကို စာသင်ဖို့ ဖိတ်ခေါ်ခဲ့တဲ့သူပဲ၊ ကျွန်တော် ဆရာ့ကို အခု လူကိုယ်တိုင် လိုက်ပို့သင့်တာပေါ့"
ရှောက်ကျန့်ကိုကြည့်ရင်း ဆရာ ခုံး အလွန်ထိမိသွားသည်။ ထိုလူကို သူ ပထမဆုံးမြင်တဲ့အချိန်တုန်းက သူက နို့စို့အရွယ်ပင်။ ရှောက်လူမျိုးတို့ ကျူးကျော်ခံလိုက်ရသောအခါ ဆရာကြီးခုံးက တောင်ပေါ်၌ နေထိုင်ရန် ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။ တောင်တွေဆီ ထွက်သွားရတဲ့ အကြောင်းအရင်းကတော့ ရှောက်ကျန့်က သူ့ကို မြို့တော်ကို သွားဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ထားလို့ပါပဲ။ ရှောက်ကျန့် းက သူ့ကို လာကြည့်ဖို့ သူကိုယ်တိုင်လာလိမ့်မယ်လို့ သူ မထင်ထားမိပေ။
ဆရာကြီးခုံး ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ တခါတရံ ခေါင်းညိတ်ပြပြီး သူ့အမှတ်တရတွေထဲလုံး၀ နစ်မြှုပ်နေပုံရသည်။
အမျိုးသမီးခုံးက အဲ့တာကို မခံနိုင်တော့ဘဲ သူ့ကို တိတ်တိတ်လေး ဆွဲဆိတ်ဖို့ လက်လှမ်းလိုက်သည်။
“အား!”
သူတို့ထဲမှ အနည်းငယ်က ရုတ်တရက် အော်လိုက်သည့်အသံကြောင့် ထိတ်လန့်သွားပြီး သူ့ကို ပွင့်ပွင့်လင်းလင်း ကြည့်လာသည်။
ဆရာကြီးခုံးက သူ့လက်တွေကို ပွတ်သပ်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ “နောက်ကျနေပြီ၊ ငါတို့ ခရီးထွက်သင့်ပြီ ”
ရှောက်ကျန့်သည် ခုံးမိသားစုမှ လူကြီးနှစ်ဦးအား ရုံဟိုင် ခရိုင်သို့ ခေါ်ဆောင်သွားရန် လူအနည်းငယ်ကို တာဝန်ပေးအပ်ခဲ့သည်။ ကမ်းလှမ်းမှုကို ဝမ်းမြောက်စွာလက်ခံပြီးနောက် စုံတွဲသည် ရထားလုံးပေါ်သို့တက်ကာ ထွက်ခွာမသွားမီ လူတိုင်းအား နှုတ်ဆက်ခဲ့သည်။
ရထားလုံးထွက်သွားတာကိုကြည့်ပြီး ရှောက်ကျန့်က အရင်ထွက်လာခဲ့သည်။ သူ အရင်မထွက်သွားရင် ဘယ်သူမှ ထွက်သွားမှာမဟုတ်ဘူး။
ကျန်းတန်းဟယ်သည် ရှောင်းကောဆီသို့ စာတစ်စောင်ရေးရန် အလျင်လိုနေသောကြောင့် သူသိပ်အကြာကြီးမနေခဲ့ပေ။ နှုတ်ဆက်ပြီးနောက် အိမ်ပြန်ခဲ့သည်။
တံခါးဝသို့ ရောက်သည်နှင့် ထွက်ခွာသွားတော့မည့် ရထားလုံးတစ်စင်းကို တွေ့လိုက်ရသည်။
ကျန်းတန်းဟယ် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်တယ်။ မြင်းပေါ်ကဆင်းပြီး သူ့ဘေးနားက အစောင့်အား မြင်းဇက်ကြိုးကို ပေးလိုက်သည်။
မိန်းမစိုးစုသည် ကျန်းတန်းဟယ်ကို မြင်သောအခါတွင် သူသည် ဧကရာဇ် စောင့်မျှော်နေသောသူရောက်လာကြောင်း သတင်းပေးရန် ရထားလုံးကိုခေါက်လိုက်သည်။
ဤအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် မိန်းမစိုးစုသည် လူတစ်စုကို ဦးဆောင်ကာ ဘေးဖယ်ပေးထားပြီး ၎င်းတို့နှစ်ဦး စကားပြောဆိုရန် နေရာလွတ်တစ်ခု ထားပေးခဲ့သည်။
"ဘယ်လိုလဲ၊ မင်းစဉ်းစားပြီးပြီလား"
ရှောက်ကျန့်၏ ယုံကြည်ချက်ရှိသောလေသံကိုကြားတော့ ကျန်းတန်းဟယ် ရုတ်တရက် ရယ်မိသွားခဲ့သည်။
"မင်းကဘာရယ်တာလဲ"
ရှောက်ကျန့် ခေါင်းကိုစောင်းပြီး သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ "သူရူးသွားပြီလား"
ကျန်းတန်းဟယ် ရယ်နေတာကိုရပ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ကျွန်တော်မျိုး တကယ်စဉ်းစားထားပြီးပါပြီ"
“ကောင်းပြီ ” ရှောက်ကျန့် ခေါင်းညိတ်လိုက်သည်။ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေသည်။
ကျန်းတန့းဟယ်က သူ့ယုံကြည်မှုကို လှောင်ပြောင်ခဲ့သည်။ "အရှင်မင်းကြီးပြောတာမှန်တယ်ထင်တယ်၊ စစ်တပ်က ကျွန်တော်မျိုးအတွက် တကယ်အရေးကြီးတယ်"
ဒါကိုကြားတော့ ရှောက်ကျန့် ကျေနပ်စွာ ခေါင်းညိတ်ပြသော်လည်း သူနောက်ထပ်ပြောလာသည့်စကားက သူ့ကို အသက်ရှူကြပ်သွားစေသည်။
"ဒါပေမယ့်၊ အရှင်မင်းကြီးက ရှောင်းကောနဲ့ ကျွမ်းကျွမ်းအတွက် ကျွန်တော်မျိုးရဲ့အချစ်ကို လျှော့တွက်ခဲ့တယ်။"
“…....” ရှောက်ကျန့် ဇဝေဇဝါဖြစ်သွားပြီး အံ့အားသင့်စွာမေးလိုက်သည်။ “မင်းက ဘာကိုဆိုလိုတာလဲ”
ကျန်းတန်းဟယ် ခုန်ပြီး ရထားလုံးပေါ်ထိုင်လိုက်သည်။ ထို့နောက် အဝေးကို လှမ်းကြည့်ရင်း တောင့်တမိသည်။ “ကျွန်တော်မျိုးလုပ်ခဲ့သမျှက သူတို့နဲ့အတူ လုံလုံခြုံခြုံ အိမ်ပြန်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်အပေါ်မှာ အခြေခံထားတာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့မျိုးရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ ခွဲခွာဖို့မခံနိုင်ခဲ့ပေမယ့် သူတို့နဲ့ ယှဉ်လိုက်ရင် ဒါက သိပ်အရေးမပါဘူးလို့ ထင်မိပါတယ်”
“…....” ရှောက်ကျန့် ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း သူ ဘာပြောရမှန်းမသိပေ။
ကျန်းတန်းဟယ် ဆက်ပြောလိုက်သည်။ "ကျွန်တော်မျိုး မနေ့ညက တော်တော်လေး ချီတုံချတုံ ဖြစ်နေခဲ့ပေမယ့် သံသယတွေက မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားခဲ့တယ်။ သူတို့နဲ့ လေးနှစ်လောက်အတူနေဖို့ အခွင့်ကောင်းကို လွတ်သွားခဲ့ရတယ်။ သူတို့ဘဝရဲ့ အခက်ခဲဆုံးကာလကို ဖြတ်သန်းနေခဲ့ရတဲ့အချိန်မှာ ကျွန်တော်မျိုးက သူတို့အနားမှာ မရှိခဲ့ဘူး။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အဲဒီအချိန်ကို ကျွန်တော်မျိုး လွတ်သွားခဲ့ပြီးပြီ။ သူတို့ဘဝတွေက အခုချိန်မှာ ပိုကောင်းလာပေမယ့် ခင်ပွန်းဖြစ်သူအနေနဲ့ ဖခင်တစ်ယောက်အနေနဲ့ ဒီအကြောင်းပြချက်ကိုသုံးပြီး ကျွန်တော်မျိုးထပ်ပြီး ဆင်ခြေမပေးနိုင်တော့ဘူး။"
"ဒါ့အပြင် ဒီအလုပ်က အန္တရာယ်များတယ်။ ကျွန်တော်မျိုးက လူပျိုဖြစ်နေရင်တော့ ကိစ္စမရှိဘူး။ ဒါပေမယ့် ကျွန်တော်မျိုးမှာ မိန်းမနဲ့ သားတစ်ယောက်ရှိတယ်။ သူတို့အားလုံး ကျွန်တော်မျိုးကို လိုအပ်တယ်။ ကျွန်တော်မျိုး တစ်ကိုယ်ကောင်းဆန်လွန်းပြီး တာဝန်တွေအားလုံးကို ရှောင်းကောဆီမှာ ထားခဲ့တယ်။ ဒါက သူမအတွက် အရမ်းမတရားဘူး။ ပြီးတော့ အနာဂတ်မှာ ဘယ်လိုနေထိုင်မလဲ၊ဒါကို သဘာဝတရားပဲလို့ ကျွန်တော်မှတ်ယူတယ်။ မိသားစုအနေနဲ့ အတူတူနေကြရင် ကျွန်တော်မျိုးတို့လမ်းမှာဘာတွေပဲ ရောက်လာပါစေ ကျွန်တော်ယုံကြည်တယ်။ အနာဂတ်မှာ သူတို့နဲ့အတူတူ လယ်လုပ်ရမယ်ဆိုရင်တောင် အတူတူပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပါ”
သူတို့နဲ့ ပြန်ဆုံဖို့ အိမ်ပြန်ဖို့အကြောင်း တွေးပြီး သူ မပြုံးဘဲမနေနိုင်ခဲ့ပေ။ အနာဂတ်ကို ဘယ်သူမှ ခန့်မှန်းလို့ မရဘူး။ သဘာဝတရားကို သူ့လမ်းစဉ်အတိုင်းပဲ ထားသင့်သည်။
“အရာရာတိုင်းက စေ့စပ်ညှိနှိုင်းဖို့ လမ်းဖွင့်ထားတာ။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်မှာပဲ အကြွင်းမဲ့ မနေနဲ့။”
ရှောက်ကျန့်က ဖခင်တစ်ယောက်ဖြစ်ရခြင်း၏ ခံစားချက်ကို နားလည်သည်။ ရှောက်ယိရဲ့ ကလေးဘဝတုန်းက လွတ်သွားခဲ့တဲ့အချိန်ကို သူ နှစ်အတော်ကြာအောင် ပြုပြင်ဖို့ ကြိုးစားခဲ့ပေမယ့် တစ်ခုခုတော့ လွဲချော်နေတယ်လို့ သူအမြဲတမ်း ခံစားခဲ့ရသည်။ ကျန်းတန်းဟယ်ပြောတာ မှန်သည်။ ပျောက်ဆုံးနေတဲ့အရာတွေကို ဘယ်တော့မှ ပြန်မရနိုင်ဘူး။ ဒါပေမယ့် နောင်တတွေ ထပ်မတိုးလာစေဖို့ သူသေချာနေရမည်။
ဒါပေမယ့် သူ သူ့ကိုတော့ထွက်သွားခွင့်မပြုနိုင်ခဲ့ပေ။ သင့်တင့်လျှော့ပေါ့မှုနဲ့ စေ့စပ်ညှိနှိုင်းမှုကို ရည်ရွယ်သည့်လမ်းကြောင်းရှိရမည်။ အရာအားလုံးကို ညှိနှိုင်းလို့ရနိုင်သည်။
"ဒါဆို စစ်သူကြီး မလုပ်နဲ့တော့။ ငါ မင်းကိုအသက်အန္တရာယ် မစိုးရိမ်ရတဲ့ ရာထူးတစ်ခု ပေးမယ်။ မင်းကို အချိန်နဲ့ အားလပ်ရက်တွေ အများကြီးပေးမယ့် ရာထူးတစ်ခုပေါ့"
ရှောက်ကျန့်၏ စိတ်က လျင်မြန်စွာ လည်ပတ်နေသည်။ ကျန်းတန်းဟယ်က လူတွေကို လေ့ကျင့်ပေးရာတွင် အရမ်းတော်သည်။ သူသည် စစ်သူကြီးမဟုတ်တော့သည့်တိုင် သူဖြည့်စွက်နိုင်သော အခြားရာထူးများလည်း ရှိသေးသည်။ မြို့တော်မှာနေဖို့ပဲလိုသည်။ နန်းတော်ထဲမှာ ကျန်းတန်းဟယ် မရှိရင် အဆင်မပြေပေ။
"အရပ်ဘက်အရာရှိတော့ မဖြစ်ချင်ဘူး"
“မင်းကို ဘယ်သူက အရပ်ဘက်အရာရှိ လုပ်ခိုင်းနေလို့လဲ၊ အဲဒါ မင်းရဲ့အရည်အချင်းတွေကို ဖြုန်းတီးနေတာမဟုတ်ဘူးလား"
ရှောက်ကျန့် ခေါင်းယမ်းလိုက်သည်။ "မင်းအတွက် ပိုသင့်တော်တဲ့ ရာထူးတစ်ခု ရှိရမယ်။ အဲ့တာက လုံခြုံပြီး မင်းရဲ့ အရည်အချင်းတွေကို ပြသခွင့်ရမယ်။ငါ အဲ့တာကို စဉ်းစားကြည့်မယ်..."
ကျန်းတန်းဟယ် သက်ပြင်းရှည်ကြီးထုတ်လိုက်ပြီး သူ့စကားတွေကို အလေးအနက်မထားခဲ့ပေ။
တစ်ယောက်နဲ့တစ်ယောက် သိတာကြာပြီဆိုပေမယ့် သူတို့ရဲ့ဆက်ဆံရေးက တကယ့်ကို နက်ရှိုင်းလွန်းလှပါသည်။
ရှောက်ကျန့်၏ စိတ်မသက်မသာဖြစ်ရခြင်းမှာ သူငယ်စဉ်က ရေခဲပါးပါးပေါ်တွင် ချည်နှောင်ခံထားရခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သူနားလည်ခဲ့သည်။ အရွယ်ရောက်လာသောအခါတွင် အမျိုးမျိုးသော အတားအဆီးများအောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။
ယခုအချိန်တွင် သူသည် သူ၏ အထင်အမြင်များကို ဝေမျှနိုင်သည့် သူငယ်ချင်း မရှိသလောက်ပင်။ ရာဇပလ္လင်ပေါ်၌ သူ့ရာထူးသည် များစွာသောသွေးဆောင်မှုများဖြင့် ရောက်လာသည်။ မိမိကိုယ်ကို သစ္စာရှိဖို့ ခက်ခဲနိုင်သည်။ ရှောက်ကျန့်သည် သူနှင့်အတူ မှန်ကန်သောလမ်းကြောင်းပေါ်၌ ရှိနေရင် အဲ့တာက ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။
ကျန်းတန်းဟယ်၏ အတွေးတွေက ရှောက်ကျန့်နှင့် ဆင်တူသည်။ ကျန်းတန်းဟယ်နှင့်အတူ ရှောက်ဘုရင့်နိုင်ငံကို ပြန်လည်သိမ်းပိုက်ရန် သူ၏ ကနဦးပန်းတိုင်ကို အဆက်မပြတ် အမှတ်ရနေခဲ့သည်။
လက်စားချေခြင်းအပြင် ငယ်စဉ်ကတည်းက တိုင်းပြည်နှင့်လူမျိုးကို ဂရုစိုက်သော မင်းကောင်းမင်းမြတ်တစ်ဦးဖြစ်ရန် ဆုံးဖြတ်ခဲ့သည်။
ကျန်းတန်းဟယ်သာ အခု ထွက်သွားလိုက်မယ်ဆိုရင် သူ့မူလ ရည်ရွယ်ချက် ပျက်သုဉ်းသွားပြီး ရှုပ်ယှက်ခတ်နေတဲ့ ဧကရာဇ်တစ်ပါး ဖြစ်သွားမှာကို သူတကယ် ကြောက်နေခဲ့သည်။ ထိုအချိန်တွင် သူ့ နှလုံးသားနှင့် ကံကြမ္မာသည် သူ့ထိန်းချုပ်မှုမှ လွတ်မြောက်သွားပေလိမ့်မည်။
အဆုံးတွင် ရှောက်ကျန့် တစ်ခုခုကို တွေးနေပုံရသည်။ သူ ကျန်းတန်းဟယ်ကို တွန်းထုတ်ပြီး မိန်းမစိုးစုနဲ့ တခြားသူတွေကို ပြန်ခေါ်လိုက်သည်။ "နန်းတော် အမြန်ပြန်ရအောင်"
“မှန်လှပါ!” မိန်းမစိုးစုမြေပြင်မှ ချက်ချင်းထ၍ သူ့တင်ပါးမှ ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။" သွားကြမယ် "လို့ တခြားလူတွေကို ညွှန်ကြားလိုက်သည်။
အဲဒါနဲ့ သူက ကျန်းတန်းဟယ်ကို ဦးညွှတ်ခဲ့ပြီး ရထားလုံးနဲ့ ထွက်ခွာသွားခဲ့သည်။
ကျန်းတန်းဟယ် ကူကယ်ရာမဲ့ ရယ်မောလိုက်သည်။ အဲဒါက ရုတ်တရက်ဆတ်သည်။ သူ ဘာအကြံအစည်တွေ ပေါ်လာလဲလို့ တွေးမိသည်။
"အိုး မဟုတ်ဘူး!"
ကျန်းတန်းဟယ် ရုတ်တရက် အာမေဋိတ်သံပြုလိုက်သည်။
.....
"စစ်သူကြီး"
အစောင့်က ချက်ချင်း ရှေ့တိုးလာပြီး မေးခဲ့သည်။
"ဘာမှမဟုတ်ဘူး။" ကျန်းတန်းဟယ် ခေါင်းယမ်းကာ စာကြည့်ခန်းသို့ ပြန်ပြေးသွားခဲ့သည်။ သူ ရှောင်းကောဆီ စာပြန်မရေးရသေးကြောင်း သတိရသွားသည်။ သူမ သတင်းကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလိမ့်မည်။
စာရေးပြီးတာနဲ့ အစောင့်ကို အမြန်ပို့ပေးဖို့ တောင်းဆိုခဲ့သည်။ အောင်အောင်မြင်မြင် ပို့လိုက်ကြောင်း ကြားလိုက်ရတော့ သူ စိတ်သက်သာရာ ရသွားသည်။
–
ရှောင်းကော စောင့်မျှော်နေခြင်းမှ အမှန်ပင် စိုးရိမ်နေမိသည်။ ကျန်းတန်းဟယ်၏ စာကိုလက်ခံရရှိပြီး ဆရာကြီးခုံးက ရုံဟိုင်ခရိုင်သို့ လာမည်ကိုအတည်ပြုပြီးကတည်းက သူမ နှလုံးသားက ပါးစပ်ထဲက ထွက်တော့မလိုနှင့် ရက်များစွာကို ဖြတ်သန်းခဲ့ရသည်။ ရက်အနည်းငယ်ကြာခဲ့ပြီ။ သူမ မကြာမီ အကြောင်းပြန်စာရမည် မဟုတ်ကြောင်း သူမ သိသော်လည်း စာဆက်သားက တံခါးလာခေါက်လိမ့်မည်ဟု သူမ မျှော်လင့်နေဆဲဖြစ်သည်။
စာကိုစောင့်နေစဉ်တွင် သူမသည် ကျွမ်းကျွမ်း၏ ကျောင်းလွယ်အိတ်ကို ချုပ်ခဲ့ပြီး အဝတ်အစားအသစ်များစွာကိုလည်း ပြုလုပ်ခဲ့သည်။ သူမသည် အခြားသော ပညာရှင်တို့၏ ၀တ်စားဆင်ယင်မှုကိုလည်း ထည့်သွင်းစဉ်းစားခဲ့သော်လည်း ၎င်းတို့သည် အနည်းငယ် ဖျားယောင်းနေပြီး စာရင်းမဝင်ဘူးဟု ခံစားမိသောကြောင့် အဝတ်အစား ဒီဇိုင်းများကို ပြုပြင်ခဲ့သည်။
ကျွမ်းကျွမ်းလည်း တစ်ခုခုကို ခံစားမိပုံရသည်။ သူ စိတ်လွတ်နေပြီး ထုံထိုင်းနေပုံရသည်။ ရှောင်းကောက သူ့ကို သယ်သွားမှ ဒါမှမဟုတ် ကုန်းပိုးသွားရမည်။ သူ၏ ခြေလက်တွေ ချွတ်ယွင်းနေပုံရသည်။ သူက သူမကို အိမ်သာသို့သာ သယ်သွားခွင့် မပြုပေ။
ရှောင်းကောက သူ၏ အမူအကျင့် အပြောင်းအလဲကို သူမကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသော်လည်း သူမ လုပ်နိုင်သောအရာ မရှိပေ။ ဒါက ဒဏ္ဍာရီလာကျောင်းကို ကြောက်စိတ်လွန်နေတဲ့သူ ဖြစ်နိုင်သည်။
ထိုသို့သော ရောဂါလက္ခဏာများကို ကုသရန် သုံးနိုင်သော အရာတစ်ခုသာရှိကြောင်း၊ ၎င်းမှာ အလေ့အကျင့်ဖြစ်သည်ဟု ဆိုနိုင်သည်။
တကယ်တော့ ဒါဟာ ငှက်ငယ်တစ်ကောင်က ငှက်ကြီးတစ်ကောင်ရဲ့ အတောင်ပံကနေ ထွက်ခွာခဲ့ရတာ ပထမဆုံးအကြိမ်ပဲ။ ကမ္ဘာသစ်ကို အလေ့အကျင့်ရရန် အချိန်လိုအပ်သည်မှာ မလွဲမသွေပင်ဖြစ်သည်။ လူတိုင်းက ဘဝရဲ့ ပထမဆုံးခြေလှမ်းတွေကို ဖြတ်ကျော်ရမှာ ဖြစ်သည်။