အခန်း (၂၇၆)
Vol. 19 Ch. 276
နောက်ထပ် တစ်ပတ်လောက် စောင့်နေရပြီနောက်။
ရှောင်းကောသည် သူမ၏ ပြင်ဆင်မှုများဖြင့် ပြီးမြောက်ခဲ့သည်။ သူမသည် ကျွမ်းကျွမ်း၏ ကျောင်းလွယ်အိတ်၊ အဝတ်အစား၊ ဖိနပ်များနှင့် အသုံးအဆောင်စာအုပ်များကို ဝယ်ယူခဲ့သည်။ ဆန်စက္ကူ၊ စုတ်တံနဲ့ မှင်အသစ်တွေတောင် ဝယ်ထားသည်။
သူမဘာမှပြန်မပြောသော်လည်း ကျွမ်းကျွမ်း၏ မျက်နှာကနေ ဘာတွေဖြစ်နေသည်ကို သူသိပြီးနေပြီဖြစ်ကြောင်းကို သူမ သိသည်။
"ကျွမ်းကျွမ်း၊ ထတော့"
ရှောင်းကော မနက်စာပြင်ဆင်ပြီး အိမ်ထဲသို့ပြန်ဝင်လာခဲ့သည်။ ကျွမ်းကျွမ်း အိပ်ရာပေါ်တွင် လဲလျောင်းနေသေးသည်ကို သူမ မြင်သောအခါတွင် သူမ ဘာမှမတွေးဘဲ အေးစက်နေသော လက်များကို စောင်အောက်ထဲ ထိုးထည့်လိုက်သည်။
“အား…”
တခဏအတွင်းမှာပဲ ကျွမ်းကျွမ်း ကုတင်ပေါ်က ခုန်ဆင်းပြီး အော်နေခဲ့သည်။
"ထတော့!"
ရှောင်းကော ပြုံးပြီး သူ့ပါးပြင်ကို ပွတ်သပ်လိုက်သည်။ အဲဒါနဲ့ သူမထပြီး ထွက်သွားခဲ့သည်။
မီးဖိုချောင်သို့ ပြန်သွားပြီး ဆန်ပြုတ်ကို ကောက်ယူလိုက်သည်။ စားပွဲပေါ်တင်လိုက်သည်နှင့် တံခါးခေါက်သံကြားလိုက်ရသည်။
"ဘယ်သူလဲ"
ရှောင်းကော မီးဖိုချောင်ထဲကနေ အလိုလိုမေးလိုက်သော်လည်း နောက်တခဏတွင် သူမ ဘာလုပ်ခဲ့သည်ကို သဘောပေါက်ပြီး ရယ်မောလိုက်သည်။ အိမ်အတွင်းထဲကနေမေးတာက ဘယ်လောက်တုံးလိုက်လဲ။ သူမအသံကို ဘယ်သူမှ မကြားနိုင်ခဲ့ပေ။
တံခါးခေါက်သံက ဆက်ပြီးထွက်ပေါ်လာသည်။ ရှောင်းကော သူမ၏ တူတွေကို ချပြီး ဝင်းထဲသို့ လျှောက်သွားရင်းအော်ခဲ့သည်။ "လာပြီ!"
တံခါးဖွင့်လိုက်သည်နှင့် ရင်းနှီးသော မျက်နှာကို တွေ့လိုက်ရသည်။ ရှောင်းကော စောင့်မျှော်နေသော မျက်နှာဖြစ်သည်။
"နောက်ဆုံးတော့ ဒီကိုရောက်လာပြီပဲ!"
"ဟမ်။ အိုး ဟုတ်တယ်။"
ရှောင်းကော၏ စိတ်အားထက်သန်မှုကြောင့် စာဆက်သားက အနည်းငယ် လန့်သွားခဲ့ပြီး စာကိုထုတ်ကာ ကြောင်တက်တက်ဖြင့် သူမဆီသို့ ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”
သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် ရှောင်းကော စိတ်အားထက်သန်စွာ တံခါးကိုပိတ်ခါနီးတွင် စာဆက်သားက လက်လှမ်း၍ တံခါးပိတ်တာကို တားလိုက်သည်။ "ခဏလေးနေပါဦး!"
ရှောင်းကော ထိတ်လန့်သွားပြီး သူ့လက်ကို ဒဏ်ရာရလုနီးပါး ဖြစ်သွားသည်။ ကံကောင်းထောက်မစွာ၊ သူမအချိန်မီတုံ့ပြန်ခဲ့သည်။
စာဆက်သားက ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။ စောစောက သူမရဲ့ စိတ်အားထက်သန်မှုကြောင့် သူ လန့်ဖျပ်သွားခဲ့ပြီး သူမကို စာတစ်စောင်ပဲ ပေးလိုက်မိသည်။ သူ့အိတ်ကပ်ထဲက နောက်ထပ်စာတစ်စောင်ကို ထုတ်ပြီး သူမဆီ ပေးလိုက်သည်။ “နောက်တစ်ခုရှိသေးတယ်။”
"နောက်ထပ်ရှိသေးတာလား" ယခုတစ်ကြိမ်သည် ရှောင်းကော ပဟေဋ္ဌိဖြစ်ရမည့်အလှည့်ဖြစ်သည်။ ကျန်းတန်းဟယ်ကလွဲပြီး တခြားဘယ်သူက သူမဆီစာရေးမှာလဲ။
ရှောင်းကော စာအိတ်ကိုယူ၍ မရင်းနှီးသော လက်ရေးကို လေ့လာခဲ့သည်။ အဲ့တာက ဘယ်သူဖြစ်နိုင်မလဲလို့ တွေးလိုက်မိသည်။
ကျန်းတန်းဟယ် မှလွဲ၍ ရှောက်ယိက သူမကို ဆက်သွယ်မည့် မြို့တော်မှ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။
ဘယ်သူလဲဆိုတာ ခန့်မှန်းပြီးနောက် ရှောင်းကောက စာကို စိတ်သက်သာရာရစွာ လက်ခံလိုက်သည်။ သေချာစေရန်အတွက် သူမအတွက် နောက်ထပ်စာများ မရှိတော့ကြောင်းကို အတည်ပြုပြီးနောက် သူမ သူ့ကို လက်ပြနှုတ်ဆက်လိုက်သည်။
စာကိုဖတ်ရန် အိပ်ခန်းသို့ တန်းတန်းပြန်သွားချင်သော်လည်း မီးဖိုချောင်မှဖြတ်သွားသောအခါ စူးရှနေတဲ့မျက်လုံးနဲ့ကြည့်နေသည့် ကျွမ်းကျွမ်း၏ရပ်တန့်ခြင်းကို ခံခဲ့ရသည်။
"မေမေ၊ အစားစားချိန်ရောက်နေပြီ"
"ဟား၊ မေမေလာခဲ့မယ်။ သား အရင်စားနှင့်လိုက်"
ရှောင်းကောက မရပ်ခဲ့ပေ။ ကောင်လေးကို ပေါ့ပေါ့ပါးပါး တုံ့ပြန်ပြီး အိပ်ခန်းထဲပြန်ဝင်သွားခဲ့သည်။ အခုစာဖတ်တာထက် ပိုအရေးကြီးတာ ဘာမှမရှိပေ။
ကျွမ်းကျွမ်းက ကြက်ဥတွေကို စားပွဲပေါ်လှိမ့်နေကာ နှုတ်ခမ်းစူပြီး သူ့ပန်းကန်လုံးထဲကြည့်လိုက်သည်။ ဒါက သူ့မေမေဆီ ပြန်စာရောက်မလာစေချင်ခဲ့တာ ဒါသူ့ရဲ့ပထမဆုံးဆန္ဒပဲ။
ရှောင်းကော အိမ်ထဲပြန်ရောက်လာသောအခါ သူမကျန်းတန်းဟယ်၏ စာအိတ်ကို ပထမဆုံးဖွင့်လိုက်သည်။ အထဲမှာ စာလုံးနှစ်စောင်ရှိမှန်း သူမ သိလိုက်ရသည်။ သူမ တစ်စောင်ကိုဖွင့်လိုက်ပြီး ၎င်းတွင် စာကြောင်းနှစ်ကြောင်းသာရှိသည်။ ပထမစာကြောင်းက လိပ်စာတစ်ခုလိုပါပဲ။ ရှောင်းကော စာကိုချ၍ အခြားတစ်စောင်ကို မဖွင့်မီ ဒုတိယစာကြောင်းကို ခဏဖတ်လိုက်သည်။
ကျန်းတန်းဟယ်၏ စာကိုဖတ်ပြီးနောက် ရှောင်းကော သည် အခြေအနေနှင့် ပတ်သက်၍ ပိုကောင်းမွန်သော အကြံဥာဏ်တစ်ခုရရှိခဲ့သည်။ သူမသည် အခြားစာတစ်စောင်ကို ထပ်မံကောက်ယူပြီး ဒုတိယစာကြောင်းကို သေချာလေ့လာခဲ့သည်။ သူမ၏ အတွေးနှင့် ကျန်းတန်းဟယ်၏ မှန်းဆချက်အပေါ် အခြေခံ၍ ဤဝါကျသည် ကျွမ်းကျွမ်းအတွက် ရည်ရွယ်ခြင်းဖြစ်နိုင်သည်။
ဒါကိုတွေးပြီး သူမ တခြားစာတစ်စောင်ရှိသေးတယ်ဆိုတာကို ရုတ်တရက် သတိရသွားချိန်မှာတော့ သူမ ကျွမ်းကျွမ်းကို လိုက်ရှာတော့မည်။
သူက စာအိတ်ကိုဖွင့်ပြီး အထဲက စာတစ်စောင်ကို ဖွင့်လိုက်သည်။ လက်ရေးက ရင့်ကျက်တည်ငြိမ်သည်။ ရှောက်ယိရဲ့ လက်ရေးနဲ့ လုံးဝမတူပေ။ ထို့အပြင် ပထမဝါကျမှာ သူ့ကိုယ်သူ နိဒါန်းပျိုးထားတာဖြစ်သည်။
"အိုးဘုရားရေ!"
ရှောင်းကော အာမေဋိတ်သံပြုလိုက်သည်။ တကယ်တော့ ဒါက ဧကရာဇ် ရှောက်ကျန့်ရဲ့စာပဲ။ သူ ဘာအကြောင်းတွေ ရေးထားနိုင်မလဲ။ သူတို့ နှစ်ယောက်လုံးက လုံး၀ ရင်းရင်းနှီးနှီး မရှိခဲ့ကြပေ။
ရှောင်းကော ပိုဖတ်ကြည့်လေလေ၊ သူမ မျက်မှောင် ပိုကျုံ့လာလေပင်။ ဒီတော့ ဒါက အကူအညီတောင်းတဲ့စာပင်။
စာထဲမှာ ရှောက်ကျန့်က ကျန်းတန်းဟယ် အိမ်ပြန်ရမည့် အကြောင်းရင်းကို ရှောင်းကောကို ပြောပြထားသည်။ ကျန်းတန်းဟယ်ရာထူးမှ နှုတ်ထွက်မသွားဖို့ ကူဖြောင်းဖြပေးရန် ရှောင်းကောကို တောင်းဆိုထားသည်။ ကျန်းတန်းဟယ်ကို စစ်စခန်းမှ ထွက်ခွာခွင့်ပြုရန် အမှန်တကယ် ဆန္ဒမရှိကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
အစောပိုင်းတွင် ရှောင်းကောသည် ကျန်းတန်းဟယ်၏ ဆုံးဖြတ်ချက်တွင် ပါဝင်ရန်မရည်ရွယ်ခဲ့သော်လည်း သူပြောခဲ့သောစကားကြောင့် သူမ အာရုံပြောင်းသွားခဲ့သည်။
အချုပ်အားဖြင့်ဆိုရသော် ကျန်းတန်းဟယ်၏ရာထူးကို ပြန်ခန့်အပ်မည်ဟု သူပြောနေသည်။ စစ်မြေပြင်ကို သွားစရာ မလိုတာကလွဲရင် ကျန်တာအားလုံး အတူတူပါပဲ။ ထို့အပြင် သူသည် ခွင့်ရက်များစွာ ခံစားခွင့်ရှိသည်။ သူဆန္ဒရှိလျှင် လတိုင်းပြန်လာလို့ရနိုင်သည်။
ရှောင်းကော ဒါကို မြင်လိုက်သောအခါတွင် သူမ၏ ပထမဆုံး အတွေးမှာ မကောင်းတဲ့ အကြံတစ်ခု ဖြစ်သည်။ အဆိုပြုချက်နှင့် အဆိုပြုသူက မယုံနိုင်စရာပင်။
ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာလဲ။ ဧကရာဇ်ဆီကနေ အဲ့လိုမကောင်းတဲ့အကြံအစည်က ဘယ်လိုပေါ်ပေါက်လာနိုင်တာလဲ။
ရှောင်းကော ခေါင်းခါလိုက်သည်။ ကျန်းတန်းဟယ် ဒါကို သဘောတူလိုက်ရင် သူက အသုံးမကျတဲ့ စစ်သူကြီးတစ်ယောက် ဖြစ်လာလိမ့်မည်။
ရှောက်ကျန့်လည်း ဒါတွေအားလုံးကို တွေးနေခဲ့သည်။ သူက ဦးနှောက်မဲ့တဲ့ ငတုံးမဟုတ်ပေ။ ထိုကဲ့သို့ အကြံဥာဏ်ကို တင်သွင်းဖို့ အကြောင်းပြချက်တော့ ရှိရမည်။
လက်ရှိအခြေအနေအရ နောင်ဆယ်နှစ်၊ နှစ်ဆယ် သို့မဟုတ် သုံးဆယ်အတွင်း ကြီးကြီးမားမားတိုက်ပွဲများ ဖြစ်လာမည်မဟုတ်ကြောင်း စိတ်ချယုံကြည်စွာ ပြောနိုင်သည်။ အသေးအဖွဲ့ အငြင်းပွားမှုများနှင့် တိုက်ပွဲများအတွက် သူ့တွင် အခြားစစ်သူကြီးများစွာက အသင့်အနေအထားရှိနေသည်။ နယ်စပ်တစ်ခုစီတွင် တပ်စွဲထားသော အတွေ့အကြုံရင့် စစ်မှုထမ်းဟောင်းများစွာလည်း ရှိသည်။
ကျန်းတန်းဟယ်သာ မြို့တော်တွင် စစ်သူကြီးတစ်ဦးအဖြစ် ဆက်နေခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံခြားသားများက ကျန်းတန်းဟယ်ရဲ့ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခြင်းကိုခံခဲ့ရသည်။ သူ့ဂုဏ်သတင်းကြောင့် ထိုလူတွေက ရှောက် ဘုရင့်နိုင်ငံကို ရူးရူးမိုက်မိုက် မကျူးကျော်ဝံ့ရကြပေ။ ထို့အတွက်ကြောင့် ကျန်းတန်းဟယ်သည် လက်ရှိတပ်များကို ပြုစုပျိုးထောင်ပြီး စစ်ဘက်ဆိုင်ရာ အရည်အချင်းများကို စုဆောင်းရန်သာ လုပ်ဆောင်ရမည်ဖြစ်သည်။
စစ်ပွဲမရှိရင် အသက်ကြီးတဲ့အထိ တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ကျန်းတန်းဟယ် ထွက်ခွာခြင်းကို တားဆီးရန်အတွက် ရှောက်ကျန့်သည် အစီအစဉ်များစွာကို တွေးခဲ့သည်။ ကျန်းတန်းဟယ်က သူ့မိသားစုနဲ့ အချိန်အများကြီး မဖြုန်းနိုင်ခဲ့ဘူးလို့ ပြောထားတဲ့အတွက် အဲ့လူကို သူအားလပ်ချိန်အများကြီးပေးမည်။ သူ့မိသားစုအတွက် တောင့်တမှုကို ဖြေလျှော့ဖို့ ဒါကလုံလောက်သည်။
ဤပြီးပြည့်စုံသောအဖြေကို သူတွေးပြီးသည်နှင့် သူ ရှောင်းကောဆီ စာရေးရန် မစောင့်နိုင်တော့ပေ။ ကျန်းတန်းဟယ်ကို ဖြောင်းဖြဖို့ သူမက ပိုကောင်းပါသည်။
ဒါပေမယ့် သူသည် တစ်ခုသောအချက်ကို မှားယွင်းစွာ တွက်ချက်ခဲ့သည်။ ရှောင်းကောက ကျန်းတန်းဟယ် အပေါ် သူမ၏ အတွေးအမြင်များကို တွန်းအားပေးမည်မဟုတ်ပေ။
ရှောင်းကောသည် ဤအကြံက အလွန်ဆွဲဆောင်မှုရှိကြောင်း တွေ့ရှိခဲ့သည်။ ဒါကိုနားထောင်ကြည့်ရတာက ငွေကောင်းကောင်းနဲ့ တာဝန်နည်းနည်းနဲ့ လွယ်ကူတဲ့အလုပ်လို့ ထင်ရသည်။ ထို့အပြင် သူအရာတစ်ခုကို ထိမှန်ခဲ့သည်။ အိမ်ခေါင်မိုးတစ်ခုအောက်မှာ လူတိုင်း နစ်မြုပ်နေမယ်ဆိုရင် မိသားစုတစ်စုက တစ်ယောက်နဲ့တစ်ယောက် ခြေဖျားထောက်ဖို့က မလွဲမသွေပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အကွာအဝေးကို ထိန်းထားရင် ပိုကောင်းမည်။ မရှိတာက နှလုံးသားကို ကြီးထွားစေသည်။
ဒါပေမယ့်လည်း ကျန်းတန်းဟယ်ကို သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချခွင့်ပေးရန် သူမ ဆုံးဖြတ်ခဲ့သည်။ ဒါက သူ့ကိစ္စနဲ့ သူ့ရွေးချယ်ခွင့်ပင်။ ဘယ်သူမှ ဝင်မစွက်ဖက်သင့်ဘူး။ သူ့မိသားစုအနေနဲ့တောင် ဒီလိုလုပ်ပိုင်ခွင့်မရှိဘူး။
သူမသည် စာကို အေးအေးဆေးဆေး ဖယ်ထားလိုက်ပြီး ဆရာခုံး၏ စာနှင့်အတူ မီးဖိုချောင်သို့ ပြန်သွားခဲ့သည်။
သူမ ဝင်သွားသောအခါ ကျွမ်းကျွမ်းက ဆန်ပြုတ် တစ်ဝက်အတိ ပန်းကန်လုံးတစ်လုံးကို ကိုင်ထားကာ သူမအား မကျေမနပ်ဖြင့် ကြည့်နေသည်။ “ကုန်ခါနီးနေပြီ။”
"ဒီအချိန်မှာ သား အရမ်းစိတ်ဒုက္ခရောက်နေရတာကို မေမေ သိလား"
"ဟဲဟဲ၊ ဒါက အချိန်မှန်ပါပဲ"
ရှောင်းကောက ပြုံးပြီး ဆန်ပြုတ် တစ်ဝက်ကို တစ်ကြိမ်တည်း သောက်လ်ု့ကုန်သွားသည်။ သူမ ကျွမ်းကျွမ်းနှင့် ချက်ခြင်းပင် ဖမ်းမိသွားသည်။
ဇလုံကိုချလိုက်ပြီး သူမ ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် သုတ်ကာ ကျွမ်းကျွမ်းကို ငြိမ်သက်စွာ ကြည့်လိုက်သည်။ "ကျွမ်းကျွမ်း၊ ဆရာ့ဆီကနေ ပညာသင်ယူချင်လား"
မမျှော်လင့်ဘဲ ကျွမ်းကျွမ်းက ထူးထူးခြားခြား စိတ်ခံစားချက်ရှိနေခဲ့သည်။
"ဟင့်အင်း၊ မသင်ဘူး! မသင်ဘူး"
ကျွမ်းကျွမ်း တုန်လှုပ်ခြောက်ခြားစွာဖြင့် တုံ့ပြန်လိုက်သည်။ သူ့ခံစားချက်တွေကို မျိုသိပ်ထားခဲ့တာ ကြာပြီ။
ရှောင်းကော အံ့သြလွန်းလို့ မြေပြင်ပေါ် အမြစ်တွယ်ကာရပ်နေခဲ့သည်။ ကျွမ်းကျွမ်း ဒီလိုမျိုး ဒေါသထွက်နေတာကို သူမ မမြင်ဖူးပေ။
ကျွမ်းကျွမ်းက သူ့လက်ထဲက တူတွေကို အားကုန်လွှင့်ပစ်လိုက်သည်။ မြေပြင်ပေါ်မပြုတ်ကျခင် နံရံပေါ်ထိပြီး ခုန်ထွက်သွားခဲ့သည်။ ထိုမှပင် သူစိတ်ငြိမ်သွားသည်။
နောက်ဆက်တွဲက အပြစ်ရှိခြင်းပင်။ ဒေါသထွက်မိလိုက်လို့ ချက်ချင်း နောင်တရသွားသည်။ ထိုအတွေးဖြင့် သူ နွမ်းလျသွားခဲ့သည်။ စားပွဲအောက်သို့ ပြုတ်ကျလုမတတ် သူခေါင်းငိုက်စိုက်ကျနေသည်။ သူ့မျက်ရည်တွေက ပဲစေ့တွေလို ကြွေဆင်းကျလာသည်။ သူ၏ လက်တုတ်တုတ်လေးတွေက တစ်ချိန်လုံး တွန့်လိမ်နေပြီး မျက်ရည်များကို သုတ်ဖို့ မြှောက်ခဲ့သည်။
ရှောင်းကော ကယ်ချင်နေတာကို ထိန်းထားခဲ့သည်။ ကျွမ်းကျွမ်း ဒေါသထွက်တာက တွေ့ရခဲသည်။ အခြားအချိန်များတွင် စိတ်အနှောင့်အယှက်ဖြစ်သည့်အခါ အများစုမှာ ညည်းညူးတဲ့အသံ သို့မဟုတ် ဆွံ့အနေသလိုမျိုးပဲ နေတတ်သည်။ ဒီနေ့က သူ့ရဲ့ ပထမဆုံး ဝုန်းဒိုင်းကြဲမှုပဲ။ အကြောင်းတစ်ခုခုကြောင့် အထိမ်းအမှတ်ပြုထိုက်သည်ဟု သူမ ခံစားမိသည်။ ဒီနေ့ကို ကျွမ်းကျွမ်းရဲ့ ပထမဆုံး ဝုန်းဒိုင်းကြဲခဲ့တဲ့ နှစ်ပတ်လည်နေ့အဖြစ် သူမ အထိမ်းအမှတ် ပြုသင့်လား။
ဒီရယ်စရာကောင်းတဲ့ မြင်ကွင်းကို တွေးပြီး ရှောင်းကော မကူညီနိုင်ဘဲ ရယ်လိုက်မိသည်။