← Chapters

အခန်း (၂၇၈)

Vol. 19 Ch. 278

အခန်း (၂၇၈)

Vol. 19 Ch. 278

ဒီနေ့တော့ သူ့အမေက သူနဲ့အဖော်လုပ်ပြီး ကစားပေးခဲ့သည်။ သူမရဲ့ရည်ရွယ်ချက်တွေကို သူ ဘယ်လိုမှ နားမလည်နိုင်ခဲ့ပါဘူး။

“… တကယ်တော့ ဒါက ဘာမှမဟုတ်ပါဘူး”

ကျွမ်းကျွမ်းက သူ့မျက်နှာကို ပွတ်သပ်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ဆက်ပြောခဲ့သည်။ "တကယ်လို့ သားက တပည့်ဖြစ်သွားရင် မေမေ့ဘေးမှာ သား တစ်ချိန်လုံး နေနိုင်တော့မှာ မဟုတ်ဘူး"

ရှောင်းကော၏လက်က ရပ်တန့်သွားသည်။ သူမ၏ မျက်ဝန်းတွေမှာ အံ့သြတုန်လှုပ်နေကြသည်။ သူမ ဘေးနားက ခေါင်းလေးကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ အဲဒါကြောင့်မို့လို့ပေါ့။

အခုတော့ သူမ သိသွားပြီ။ သူ့ကို ကျောင်းပို့ဖို့ ပြောနေတဲ့အချိန်တွေကို ပြန်စဥ်းစားကြည့်လိုက်တော့ သူက အမြဲတမ်း အကြောင်းအရာကို ရှောင်ရှားခဲ့သည်။ မကြာသေးမီက သူ ပို၍ပင် လူကပ်လာခဲ့သည်။ ဒီတော့ ဒါက အကြောင်းပြချက်ပဲ။

"မေမေ တစ်ယောက်တည်းဖြစ်နေမှာကို သား စိတ်ပူနေတာလား"

“ဟုတ်တယ်” ကျွမ်းကျွမ်းခေါင်းညိတ်ပြီး စိတ်တိုတိုနဲ့ ဆက်ပြောခဲ့သည်။ " သား ခရိုင်မှာ ကျောင်းသွားတက်ရင် မေမေအိမ်မှာ တစ်ယောက်ထဲ ကျန်နေလိမ့်မယ်။ မေမေ့မှာ စကားပြောစရာအဖော် တစ်ယောက်မှ မရှိရင် မေမေ စိတ်မကောင်းဖြစ်နေရလိမ့်မယ် "

ကျွမ်းကျွမ်းက အကြောင်းအရာများစွာကို စဉ်းစားခဲ့သည်။ သူ ကျောင်းတက်ရင် သူ့အမေက အိမ်မှာ တစ်ယောက်တည်း ကျန်နေလိမ့်မည်။ တွေးကြည့်ရုံဖြင့် ဝမ်းနည်းကြေကွဲရသည်။ မတော်တဆ ထိခိုက်ဒဏ်ရာရရင် ဘယ်လိုလုပ်မလဲ။ သူမ နေမကောင်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ...?

"သားက ကျောင်းတက်နေတာလေ၊ ဘယ်တော့မှ ပြန်မလာတော့တာမှ မဟုတ်တာ၊ နေ့ခင်းဘက် အပြင်ထွက်ရမယ်။ မနက်ရော ညနေရော သားမေမေ့ရဲ့ ဟင်းတွေကို စားလို့ရနိုင်တုန်းပဲလေ"

ထိုစကားကို ပြောပြီးနောက် သူမ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ တကယ်တော့ ဒီကျောင်းတက်ချိန်ကို သူမ သေချာမသိပေ။ သူမပြောသမျှသည် သူမ၏ ထင်မြင်ယူဆချက်များအပေါ် အခြေခံသည်။ ဘာပဲဖြစ်ဖြစ် ကျောင်းသားတွေကို ညဘက် အိမ်ပြန်အိပ်ခွင့်ပေးရမည်။

သူမအဲ့တာကို တွေးကြည့်ဖူးသည်။ ကျွမ်းကျွမ်း အတွက် သူတို့ ဆရာတစ်ယောက်ကို အောင်အောင်မြင်မြင်ရခဲ့မယ်ဆိုလျှင် သူမသည် နေ့တိုင်း သူ့ကို ကျောင်းပို့ပေးမည်၊ သူမကြုံလာရမည့် အခက်အခဲအားလုံးကို ကျော်လွှားရန် ပြင်ဆင်နေပြီဖြစ်သည်။

"တကယ်လား"

ကျွမ်းကျွမ်းက အသေးစိတ် အချက်အလက်များကို မသိသော်လည်း ရှောင်းကော ပြန်သွားမည့် စိတ်ကူးကို သူ မခံစားနိုင်ပေ။ သူမအနားမှာသူ အချိန်တိုင်းရှိချင်နေပြီး သူမနဲ့ ဘယ်တော့မှ မခွဲခွာချင်ပေ။

“ဟုတ်တယ်…”အဲ့လိုခန့်မှန်းရတာပဲ။

ရှောင်းကော မျက်တောင်မခတ်ဘဲ ပြောလိုက်သည်။ လောလောဆယ်တော့ ကျွမ်းကျွမ်းကို အာမခံရမှာပေါ့။ တခြားအရာတွေက စောင့်လို့ရသည်။

ကျွမ်းကျွမ်း အနည်းငယ်ယုံကြည်သွားပုံရသည်။

သူ့ကိုဒီလိုမြင်လိုက်ရတော့ ရှောင်းကော ဆက်ပြောခဲ့သည်။ "စဉ်းစားကြည့်လိုက်။ သားမှာ ဆရာတစ်ယောက်ရှိပြီးသွားရင် အဲဒီအသိပညာက တစ်ဖက်သတ်မဟုတ်တော့ဘူး။ သားမှာ အဖြေရှာလို့မရတဲ့အရာတွေ အများကြီးရှိလာမှာမဟုတ်တော့ဘူး။ ဆရာက သားကို အကုန်ရှင်းပြပေးနိုင်တယ်။"

ကျွမ်းကျွမ်းသည် ရှောင်းကော၏အနားတွင် ဆက်ရှိနေနိုင်သည်ကို သိလိုက်ရသဖြင့် ကျေနပ်သွားသည်။ ခုနကပြောခဲ့တဲ့စကားကိုကြားတော့ သူပိုပြီးကျေနပ်သွားသလို ခံစားရသည်။

ကျွမ်းကျွမ်း အတွက်တော့ သူ့ဘဝရဲ့ အရေးကြီးဆုံးအရာက သူ့အမေနဲ့ အဖေကလွဲလို့ တခြားအရာတွေက ဘာမှ မဟုတ်ဘူး။ သူ့အတွက် ဒုတိယအရေးကြီးဆုံးက အသိပညာ—အဆုံးမရှိတဲ့အသိပညာပင်။

သူ့ကို ဉာဏ်အလင်းပေးနိုင်မယ့်သူက သူ့မျက်လုံးထဲက ဘုရားဖြစ်ရမည်။ ထို့ကြောင့် ရှောင်းကော၏နောက်ဆုံးစကားက သူ့နှလုံးသားကို လေးလေးနက်နက် ထိမိသွားခဲ့သည်။

"မေမေ၊ ဆရာ့ဆီက သား ပညာ သင်ယူချင်တယ်!!"

ကျွမ်းကျွမ်း၏ မျက်လုံးများ တောက်ပလာသည်။ သူထထိုင်ပြီး ရှောင်းကောရဲ့လက်တွေကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းလိုက်သည်။ တပည့်ဖြစ်ချင်ကြောင်း ထပ်ခါတလဲလဲ ပြောနေသည်။

ရှောင်းကောမှာ သူ့လှုပ်ရမ်းမှုကြောင့် စိတ်ရှုပ်ထွေးသွားပြီး သူ့ကို အမြန်တားလိုက်သည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ၊ သား မေမေ့ကို ဒီလိုဆက်လှုပ်နေမယ်ဆိုရင် မေမေခေါင်း ပြုတ်ထွက်သွားလိမ့်မယ်..."

ကျွမ်းကျွမ်းသည် ဤစကားကိုကြားသောအခါ ရှောင်းကောကို အမြန်ဖက်လိုက်သည်။ "မဖြစ်ရပါဘူး၊ မဖြစ်ရဘူး၊ မေမေက သားဆီ သားရဲ့ဆရာကို ခေါ်လာရဦးမှာ။"

“ဟေး!” သူမရှေ့ရှိ စိတ်ပြောင်းလွယ်တဲ့ ကလေးအား စကားမပြောနိုင်ဘဲ ကြည့်နေချိန်တွင် ရှောင်းကော၏ မျက်လုံးများ ပြူးကျယ်သွားသည်။ မကြာသေးမီကပင် သူက တပည့်လုပ်ဖို့ ငြင်းဆန်ခဲ့သည်။ အခု သူက ဆန့်ကျင်ဘက်ကိုပြောင်းသွားပြီး အော်ဟစ်နေသည်။ အမျိုးသမီးတွေက စိတ်အပြောင်းအလဲ အဖြစ်ဆုံး သတ္တဝါတွေလို့ ဘယ်သူပြောတာလဲ။ ကျွမ်းကျွမ်းက အမြဲတမ်း စိတ်အပြောင်းအလွယ်အဖြစ်ဆုံးလူဖြစ်သည်မှာ ထင်ရှားသည်။

“ဟီးဟီး…” ကျွမ်းကျွမ်းက ရှောင်းကောကို ပွေ့ဖက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ "မေမေ၊ ဆရာ့ကို ဘယ်တော့တွေ့ရမှာလဲ"

ရှောင်းကော သူ့ကို နှာမှုတ်လိုက်သည်။ "အလျင်မလိုပါနဲ့ဦး၊ မေမေတို့နှစ်ရက်အတွင်း သွားတွေ့ကြမယ်။"

ကျွမ်းကျွမ်း၏ စိတ်လှုပ်ရှားမှုကိုမြင်လျှင် ရှောင်းကောမှာ သူ၏ချီတက်ပွဲကို သည်းမခံနိုင်တော့ဘဲ အမှန်အတိုင်းပြောလိုက်သည်။ "ဆရာက သားကို လက်ခံမလားဆိုတာတော့ မသိရသေးဘူး"

"ဟင်? အဲဒါက ဘာကိုဆိုလိုတာလဲ"

ကျွမ်းကျွမ်း နားမလည်ပေ။

"ဆရာ့ရဲ့မျိုးရိုးနာမည်က ခုံး။ သား ဖတ်နေတဲ့ 'စကားလုံးမဲ့'ဆိုတဲ့ စာအုပ်ကို သူရေးထားတာ..."

ရှောင်းကော သူ့မေးခွန်းကို အရင်ဆုံးမဖြေခဲ့ပေ။ ယင်းအစား သူမသည် မစ္စတာခုံး၏ နောက်ခံသမိုင်းကြောင်းကို ကျွမ်းကျွမ်းအား ရှင်းပြခဲ့သည်။ ဆရာသည် ဤမျှလောက် အထင်ကြီးစရာကောင်းသော နောက်ခံရှိသူဖြစ်သောကြောင့် မည်သူကိုမျှ သူ့တပည့်အဖြစ် ခံယူမည်မဟုတ်ကြောင်းက အဓိပ္ပါယ်ရှိပေသည်။

မထင်မှတ်ပဲ သူမ စတော့မည့်အချိန်မှာ ကျွမ်းကျွမ်းက သူမကို ကြားဖြတ်ပြောခဲ့သည်။

ကျွမ်းကျွမ်းက အမည်ကိုကြားသောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။ 'အဲ့ဒါဘယ်သူလဲ?! သူကြားတာများ မှားနေတာလား။ တကယ်လား ဆရာ ခုံးဆိုတာ?'

ဆရာက သူ၏ အိုင်ဒေါ ဖြစ်သည်ကို သူသိလိုက်ရသောအခါ ရှောင်းကော အတွက် နိဒါန်းကို မသိစိတ်က အဆုံးသတ်ပေးခဲ့သည်။ “ဆရာခုံး၊ မျိုးရိုးနာမည်က ခုံး၊ သူ့ရဲ့နောက်ဆုံးနာမည်က ပန်။ သူကတော့ ရှောက်နိုင်ငံရဲ့ အတွေးအခေါ်ပညာရှင်ကြီးဖြစ်ပြီး နည်းပေးလမ်းပြပေးတဲ့သူတစ်ယောက်။ "စကားလုံးမဲ့"ဆိုတာထက် သူ့ကိုကိုယ်စားပြုနိုင်တဲ့အလုပ်တွေက 'ဥပဒေ' နဲ့ 'ထုံးတမ်းစာအုပ်' တွေ"

ရှောင်းကောလည်း အလွန်စိတ်လှုပ်ရှားနေသည်။ တကယ်တော့၊ ဆရာကြီးခုံးက ရုံဟိုင် ခရိုင်ကို ပြန်လာမယ်ဆိုတာ သူမ သိပြီးကတည်းက သူမ စိတ်လှုပ်ရှားနေခဲ့တာပါ။

စာအုပ်ဆိုင်မှာ ဆရာကြီးခုံးရဲ့ နာမည်ကို သူမ မကြာခဏ တွေ့ဖူးသည်။ သူမ မြင်ဖူးတဲ့စာအုပ်ငါးအုပ်တိုင်းမှာ သူ့နာမည်က အဲဒီထဲက တစ်အုပ်မှာ သေချာပေါက် ပေါ်လာလိမ့်မည်။ ထိုစာအုပ်များ၏ နာမည်ကြီးစာရေးဆရာက ကျွမ်းကျွမ်း ကို ပညာသင်ကြားပေးနိုင်မည်ဟု တွေးကာ သူမ၏နှလုံးသားက ရင်ဘတ်ထဲမှ ထွက်လာသလို ခံစားလိုက်ရသည်။

အကယ်၍ ကျွမ်းကျွမ်းသည် အလွန်ထူးချွန်သော ဆရာတစ်ဦး၏ လက်ခံသင်ကြားခြင်းကို ခံရလောက်အောင် ကံကောင်းခဲ့ပါက သူသည် အနာဂတ်တွင် ထူးထူးခြားခြား ဖြစ်လာမည်မှာ သေချာသည်။

သူသည် တွေးခေါ်ရှင်ကြီးနှင့် ပညာတတ်ကြီး၏ အနားမှာ နှစ်အနည်းငယ်ကြာအောင် နေနိုင်သော်လည်း လုပ်ငန်းစဉ်က အလွန်အကျိုးရှိသင့်သည်။

ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့ အလွန်စိတ်လှုပ်ရှားနေသဖြင့် တစ်ညလုံး မျက်လုံးမမှိတ်ခဲ့ကြပေ။

မျှော်လင့်ထားသလိုပဲ၊ နောက်တစ်နေ့မနက် နေထွက်ပြီး သူတို့အခန်းထဲကို အလင်းရောင် ရောက်လာတဲ့အခါ သူတို့နှစ်ယောက် အိပ်ရာထဲမှာ အိပ်ပျော်နေတုန်းပင်။

အများကြီးလုပ်စရာမရှိပေ။ ကျန်းတန်းဟယ်က သူ့စာထဲမှာ လူကြီး နှစ်ယောက်က အသက်ကြီးနေပြီဖြစ်ပြီး သူတို့ရောက်လာဖို့ အချိန်တစ်ခု ယူရလိမ့်မယ်လို့လည်း ပြောထားသည်။ နောက်ဆုံးတော့ ရှည်လျားတဲ့ခရီးက သူတို့အတွက် ရုပ်ပိုင်းဆိုင်ရာ ခက်ခဲလိမ့်မည်။ ခရီးသွားနေစဉ်အတွင်း ၎င်းတို့၏ သက်တောင့်သက်သာနှင့် အနားယူခြင်းက အရေးကြီးဆုံးဖြစ်သင့်သည်။ ထို့ကြောင့် ဆိုက်ရောက်မည့်အချိန်သည် ပုံမှန်ခရီးသွားချိန်ထက် နှစ်ဆဖြစ်သင့်သည်။

ရှောင်းကော တွက်ချက်မှုအချို့ ပြုလုပ်ခဲ့သည်။ ပုံမှန်ခုနစ်ရက်ခရီးကို အခြေခံ၍ ခရိုင်သို့ရောက်ရန် ဆယ့်လေးရက်ကြာသင့်သည်။ နောက်ဆုံးတော့ သူတို့က ခဏခဏ ရပ်ရမည်။ အဲဒီထက် ပိုကြာမနေသင့်ပါဘူး။

၎င်းတို့၏ ခန့်မှန်းရောက်ရှိမည့်ရက်ကို တွက်ချက်ပြီးနောက် ရှောင်းကော အလျင်စလိုမဖြစ်တော့ပေ။ သူမ ထပြီး မနက်စာပြင်ခဲ့သည်။ ထို့နောက် ဆရာခုံး၏စာကို ကျွမ်းကျွမ်းသို့ ပေးခဲ့သည်။

ကျွမ်းကျွမ်းက လေးနက်စွာခံယူခဲ့သည်။ ဒီစာကို သူလေးစားသဘောကျရတဲ့ ဆရာကြီးခုံးက ရေးထားတာ။ အချိန်ရရင် သူက သူ့အမေကို အဲ့တာကို ဘောင်ခတ်ပြီး သိမ်းပေးခိုင်းမည်။

သူ စာကိုဖွင့်ပြီး အောက်ပါစကားလုံးများကို ဖတတ်ခဲ့သည်။ "အစပိုင်းမှာ၊ လူတစ်ယောက်က ဝင်ဖို့ရှာရမည်။ နောက်ဆုံး၌ ထွက်ဖို့ရှာရမည်။"

ရှောင်းကောက သူ့ကို မနှောင့်ယှက်ခဲ့ပေ။ သူမသည် ဘေးမှ ကျွမ်းကျွမ်းကို တိတ်တဆိတ်ကြည့်နေသည်။ သူ့ကိုကြည့်လေ ပိုပျော်လေလေပါပဲ။ လေးနှစ်အရွယ်ကလေးက ဘယ်လိုများ ဒီလောက်တောင် ဉာဏ်ကောင်းနိုင်မလဲ။

ကျွမ်းကျွမ်းသည် မျက်နှာပြင်ပေါ်ရှိ စကားလုံးများ၏ အဓိပ္ပါယ်ကို နားလည်သော်လည်း ဆရာကြီးခုံးက သူ့အား ဤကဲ့သို့ စာကြောင်းကို ဘာကြောင့် ရေးပေးသည်ကို နားမလည်ပေ။

ရှောင်းကောသည် ကျွမ်းကျွမ်းကို မနှောင့်ယှက်ပေ။ သူမ ထသွားပြီး စဉ်းစားဖို့အတွက် သူ့ကို တစ်ယောက်တည်း ထားခဲ့လိုက်သည်။ နောက်ဆုံးတော့၊ ဒါက ကျွမ်းကျွမ်းရဲ့ ဝင်ခွင့်စာမေးပွဲ ဖြစ်နိုင်သည်။

ဆရာကြီးခုံးက ဘယ်ကျောင်းသားကိုမှ မခေါ်ပေ။ ကျွမ်းကျွမ်းနဲ့ တွေ့ပေးဖို့ ဆန္ဒရှိခဲ့တဲ့ ကျန်းတန်းဟယ်ရဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်သည်။ ကြိုးကို ချပေးထားပြီ။ အခုတော့ ကျွမ်းကျွမ်းက ၎င်းကို ဖမ်းဖို့သာကျန်သည်။

ဒါကို ဘယ်သူမှ မကူညီနိုင်ဘူး။

အချိန်ကြာလာသည်နှင့်အမျှ ရှောင်းကော ပို၍စိုးရိမ်လာသည်။ တစ်ဖက်တွင်၊ ကျွမ်းကျွမ်း၏နှလုံးက တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ထိုစကားများက ဆရာခုံး၏ ဆိုလိုရင်းဖြစ်သည်ကို သူနားလည်သင့်သည်။ တကယ်တော့ ဒီစကားက သူဘာကိုဆိုလိုတယ်ဆိုတာ အရေးမကြီးပါဘူး။ ပိုအရေးကြီးတာက ဆရာခုံးက သူ့ထံတင်ပြလိုတဲ့ အယူဝါဒပါပဲ။

–

...

ဆိုက်ရောက်မည့် ခန့်မှန်းရက်ကို အခြေခံ၍ ရှောင်းကော သည် မနေ့ညက အိပ်မပျော်သောညတစ်ညဖြစ်ခဲ့သည်။ ဆန့်ကျင်ဘက်တွင်၊ ကျွမ်းကျွမ်းမှာ စွမ်းအင်အပြည့်ရှိနေသည်။

ရှောင်းကော ထပြီး အရသာရှိတဲ့ မနက်စာပြင်လိုက်သည်။ ကျွမ်းကျွမ်းအများကြီးစားသည်ကိုမြင်တော့ သူမ အနည်းငယ်စိတ်သက်သာရာရသွားသည်။

တကယ့်ကို ထူးဆန်းသည်။ ဤသည်မှာ ကျွမ်းကျွမ်း၏ ဝင်ခွင့်စာမေးပွဲဟု ယူဆရသော်လည်း သူမက တစ်ညလုံး အိပ်မပျော်တဲ့တစ်ယောက်တည်းသောသူဖြစ်သည်။

မှန်ထဲမှာ နီရဲနေတဲ့ သူမရဲ့ မျက်နှာကို ကြည့်လိုက်တော့ ရှောင်းကောက စိတ်ပျက်လက်ပျက်နဲ့ သူမရဲ့ ဆံပင်တွေကို သပ်လိုက်သည်။ ကျန်းတန်းဟယ် သူမကို ပေးထားတဲ့ အလှကုန်ပစ္စည်းတစ်ပုံတပင်ကြီးကို ရုတ်တရက် တွေးမိသွားသည်။

သူမသည် ဘီရိုကိုဖွင့်ကာ တစ်စုံတစ်ခုကို မရှာဖွေမီ အရာအားလုံးကို စူးစမ်းလေ့လာခဲ့သည်။ ပုလင်းမှာ ကျောက်စိမ်းအသားအရေပြန်လည်အသက်ဝင်လာစေမည့်အနှစ် လို့ရေးထားသည်။

“အဲဒါက တော်တော်လေးလှတဲ့နာမည်ပဲ”

ရှောင်းကော ပြုံးပြီး ဘူးကို ဖွင့်လိုက်သည်။ ဖန်ဘူးထဲတွင် အဖြူရောင် ခရင်မ်အနှစ်ဖြင့် ပြည့်နှက်နေသည်။ သူမ အနားကပ်လာပြီး အနံ့ခံလိုက်သည်။ မြက်နံ့က သူမနှာခေါင်းထဲ အပြည့်ဝင်ရောက်လာသည်။ လက်ချောင်းများဖြင့် ယူကာ မျက်နှာပေါ် ပွတ်သပ်ပေးလိုက်သည်။ ခရင်မ်က ချက်ချင်း သူမ၏ အရေပြားထဲသို့ စိမ့်ဝင်သွားသည်။

All Chapters