← Chapters

အခန်း (၂၇၉)

Vol. 19 Ch. 279

အခန်း (၂၇၉)

Vol. 19 Ch. 279

ရှောင်းကော အနီးကပ်ကြည့်ရန် မှန်ဆီသို့ ချဉ်းကပ်လိုက်သည်။ သူမကိုယ်တိုင် ခရင်မ်မလိမ်းဘူးဆိုရင် ကယောင်ချောက်ချားဖြစ်နေလိမ့်မည်။ မကြာသေးခင်က သူမရဲ့အသားအရေ ခြောက်နေပြီလား?

ဒီအတွေးတွေကို စိတ်ထဲမှာ မှတ်ထားပြီး ရှောင်းကောက နောက်ဆုံးမှာ သူမရဲ့ အသားအရေကို အာရုံစိုက်နေခဲ့သည်။ သူမ မှန်နားသို့ ချဉ်းကပ်ကာ ကောင်းကောင်းကြည့်ခဲ့သည်။ သူမ၏ အသားအရေက အမှန်တကယ် ခြောက်သွေ့ပြီးကြမ်းနေမှန်း သူမ သိလိုက်ရသည်။

ကမ္ဘာပျက်ကပ်ခေတ်ကတည်းက သူမ အသားအရေထိန်းသိမ်းမှုကို ရပ်တန့်ထားပုံရသည်။ ဒါပေမယ့် သူမ မီးဖိုချောင်တွင် အချိန်များစွာ ကုန်ဆုံးနေသောကြောင့် သူမ၏ မျက်နှာမှာ အဆီဖုံးလေ့ရှိသောကြောင့် ထိုအချိန်တွင် သူမ၏ အသားအရေက အလွန်ခြောက်သွေ့ခြင်းမရှိခဲ့ပေ။

သူမ ဒီကိုရောက်ပြီးနောက်မှာ သူမအသားအရေကို သိပ်ဂရုမစိုက်ခဲ့ပေ။ မျက်နှာသစ်ပြီးရင် အသားအရေထိန်းသိမ်းတဲ့ဟာတာတွေကို လုံးဝမလိမ်းခဲ့ပေ။ အခုမှ တွေးကြည့်လိုက်တော့ သူမရဲ့ ပေါ့လျော့မှုကြောင့် အသားအရေက ဒီလို ဖြစ်သွားတာ။ သူမ အသားအရေ လုံးဝမခြောက်သွားတာပဲ ကံကောင်းနေပြီ။

ယခင်က ကျန်းတန်းဟယ်သည် သူမအား ပုလင်းများနှင့် ဘူးများစွာ ပေးခဲ့ဖူးသော်လည်း ၎င်းတို့ကို သူမ အနီးကပ် မကြည့်ခဲ့ပေ။ သူတို့အားလုံးကို ဘီရိုထဲမှာ သိမ်းထားပြီး မဖွင့်ခဲ့ပေ။

ဒီနေ့ ဆရာကြီးခုံးကို သွားတွေ့မလို့သာမဟုတ်ရင် သူမရဲ့ အသားအရေ အခြေအနေကို သတိထားမိမှာ မဟုတ်သလို ပုလင်းတွေကို ဖွင့်ကြည့်မိမှာ မဟုတ်ပါချေ။

သူမသည် အရာအားလုံးကို ထုတ်ယူပြီး အပြင်တွင် ထားကာ သူမ၏ အသားအရေကို ဂရုစိုက်ရန် သတိပေးခဲ့သည်။ လက်ကျန်အလှကုန်တွေကို ဗီရိုထဲထည့်ကာ အပြင်ကိုပြန်မထုတ်ခင် ခဏလောက်စဉ်းစားလိုက်သည်။

မကြာသေးမီကပင် သူမသည် ပို၍ ပျင်းလာသလို ခံစားလာရသည်။ သူမ အသက်နှစ်ဆယ်ကျော်သာရှိသေးသည်။ ဒီခေတ်ကြီးမှာ သူမရဲ့ အသွင်အပြင်ကို ပိုဂရုစိုက်သင့်သည်။ သူမက မိခင်တစ်ယောက်ဖြစ်လာပေမယ့် ဒါဟာ သူမရဲ့ ပျင်းရိမှုအတွက် ဆင်ခြေမဖြစ်သင့်ပါဘူး။

“မဖြစ်ဘူး!”

ရှောင်းကော စုန်းမအိုကြီးဖြစ်လာမှာကို တွေးကာ တုန်လှုပ်သွားသည်။ သူမ ဒီလိုတော့ဖြစ်လာခွင့်မပြုနိုင်ဘူး!

ထို့ကြောင့် သူမသည် ပုလင်းများနှင့် ဘူးအားလုံးကို မှန်ရှေ့တွင် တမင်တကာ ချထားလိုက်သည်။ သူမ အနာဂတ်မှာ နေ့တိုင်း skincare လိမ်းဖို့ ဆုံးဖြတ်ခဲ့သည်။ ဒီအရွယ်မှာ ကပေကရေနိုင်တဲ့ အဖွားကြီး ဖြစ်လာလို့မရဘူး။

ထို့အပြင် အရေးကြီးဆုံးအချက်မှာ ကျန်းတန်းဟယ် ဖြစ်သည်။ ကျန်းတန်းဟယ်ကို သူမ၏ခင်ပွန်းအဖြစ် လက်ခံထားသောကြောင့်၊ သူမ အနည်းဆုံး အကျပ်အတည်းဆိုင်ရာ အသိတရားမျိုး ရှိသင့်သည်။

ကျန်းတန်းဟယ်က ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်သူကြီးဖြစ်လာတာ။ သူက ရုပ်ရည်ချောမောပြီး ကြည့်ကောင်းသည်။ အရေးအကြီးဆုံးကတော့ သူကအရမ်းအာရုံစိုက်စရာကောင်းတဲ့သူဖြစ်သည်။ သူ အခြားအမျိုးသမီးအချို့၏ သွေးဆောင်မှုကို ခံရပါက၊ သူမအတွက် ဝမ်းနည်းစရာဖြစ်လိမ့်မည်။

"အမေ ပြီးခါနီးပြီလား"

ကျွမ်းကျွမ်း ရှောင်းကောဆီ အလျင်စလို အပြေးအလွှားဝင်ရောက်လာတာက တတိယအကြိမ်ဖြစ်သည်။ အများအားဖြင့်တော့ သူမက သူ့ကို အိမ်ကနေ သွားဖို့ တိုက်တွန်းတဲ့သူပင်။ ဒီနေ့တော့ တစ်ဖက်ကဖြစ်နေသည်။

“တစ်မိနစ်ပဲစောင့်”

ကျွမ်းကျွမ်း မကျေမနပ်ဖြစ်ကာနှာမှုတ်ပြီး လှည့်ထွက်လာခဲ့သည်။ သူ့ကိုယ်သူ သုံးခါ ထပ်ခါထပ်ခါ ပြောခဲ့ရသည်။ သူရလိုက်တဲ့ အဖြေတိုင်းက အတူတူပါပဲ။ အခု သူမကို စောင့်နေတဲ့ မြည်းပေါ်တွင် သူ ထိုင်နေပြီဖြစ်သည်။

ရှောင်းကောသည် သူမ၏ နှုတ်ခမ်းများကို ပွတ်သပ်ကာ သူမ၏ ပုံကို ကျေနပ်စွာ ကြည့်နေလေသည်။ နှုတ်ခမ်းနီ ဆိုးတာက သူမမျက်နှာကို အရောင်ပိုလှစေသည်။

သူမအဝတ်အစားလဲပြီးသောအခါ ရှောင်းကော မတ်တပ်ထရပ်လိုက်ပြီး သူမ၏ အဝတ်အစားများကို သေချာစစ်ဆေးခဲ့သည်။ သူမကိုယ်တိုင် ဖန်တီးထားတဲ့ ရိုးရှင်းတဲ့ ၀တ်စုံကို ၀တ်ဆင်ထားသည်။ အပေါ်ဝတ်အင်္ကျီနှင့် ဒဲ့ပွ ဘောင်းဘီတို့ကို ဝတ်ဆင်ထားသည်။ သူမရဲ့ မျက်နှာမှာ ထူထဲတဲ့ မိတ်ကပ်လိမ်းခြယ်မှု မရှိပါဘူး။ နောက်ဆုံးတော့ သူမက လျှောက်လှမ်းပေါ်မှာ လျှောက်ရမယ့်သူမဟုတ်ပေ။ ယနေ့ သူမ၏ ဝတ်စုံအတွက် ဆောင်ပုဒ်သည် ရိုးရှင်းပြီး ကျက်သရေရှိသည်။

"မြည်းကျောပေါ်မှာ ဘာလုပ်နေတာလဲ၊ မြန်မြန်ဆင်းလာ!"

ရှောင်းကော တစ်စက္ကန့်မျှ အသက်ရှူရပ်သွားသည်။ သူမ တံခါးမှ ထွက်သွားသည်နှင့် တပြိုင်နက် ကျွမ်းကျွမ်းကြောင့် သူမ တုန်လှုပ်သွားသည်။ ဒီကောင်လေးက မြည်းကျောပေါ်တက်ဖို့ သတ္တိရှိလိုက်တာ။ သူ ရဲရင့်လွန်းတယ်။

"နောက်ဆုံးတော့ မေမေ ထွက်လာပြီပေါ့!"

ကျွမ်းကျွမ်း သူ့ကိုယ်ပေါ်ပိုင်းကို ကြွလိုက်သည်။ သူ၏ ရဲရင့်သော အပြုအမူများက ရှောင်းကောကို အလွန်ထိတ်လန့်စေကာ ချွေးအေးတွေ ထွက်လာစေသည်။ သူမ သူ့ကို အမြန်ဆွဲချပြီး မြေကြီးပေါ် လုံခြုံစွာ ချပေလိုက်သည်။ ထိုမှပင် သူမ သက်ပြင်းချမိသည်။

"မေမေ ဒီနေ့ အရမ်းလှတယ်"

ကျွမ်းကျွမ်းကတော့ သိပ်ပြီး မစဉ်းစားမိပါချေ။ ဒီနေ့ သူ့အမေ ထူးထူးခြားခြား လှတယ်လို့ပဲ ခံစားရသည်။

“သား…” ရှောင်းကော အစပိုင်းတွင် ဒေါသထွက်ခဲ့သော်လည်း ကျွမ်းကျွမ်း၏ ရိုးသားသောလေသံကို ကြားလိုက်ရပြီးနောက် သူမ ချက်ချင်း တက်ကြွသွားခဲ့သည်။ သူ့အပေါ် စိတ်ဆိုးနေဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။

“…....” လုံးဝဂရုမစိုက်တဲ့ပုံပေါ်တဲ့ ကျွမ်းကျွမ်း ကိုကြည့်လိုက်တော့ ရှောင်းကောက ငြိမ်သက်သွားပြီးပြောခဲ့သည်။ “သား မေမေ့ရဲ့ကြီးကြပ်မှုမရှိဘဲ မမြင့်တွေမတက်ရဘူးနော်။ အထူးသဖြင့် မြည်းကျောနဲ့ နွားကျောပေါ် မတက်သင့်ဘူး”

ရှောင်းကော ခြံဝင်းအတွင်းရှိ နွားနှစ်ကောင်အကြောင်း ရုတ်တရက် တွေးလိုက်မိသည်။ သူတို့ရဲ့ အရပ်ပို၍ ကြီးလာသည်။ ကျွမ်းကျွမ်း က သူတို့ခြေထောက်လောက်တောင် အရပ်မရှည်ဘူး။

ကျွမ်းကျွမ်း သူတို့နောက်က လိုက်သွားပြီး သူတို့ရဲ့ တင်ပါးတွေကို ထိတာ ဒါမှမဟုတ် ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့အတိုင်း လည်ပင်းကနေ လွှဲတာမျိုးလုပ်လိုက်ရင် သူတို့ကြောင့် သူလဲကျသွားနိုင်သည်။ ဒါမှမဟုတ် ဒဏ်ရာရသွားနိုင်သည်။ ဒါမျိုးဘယ်တော့မှမဖြစ်စေရဘူး!

ကျွမ်းကျွမ်း၏ ရှုပ်ယှက်ခတ်နေသော အမူအရာကိုကြည့်ရင်း ရှောင်းကောသည် သူ့အား ကျောင်းသို့ ပို့တာက အကောင်းဆုံးအစီအစဥ်ဖြစ်ကြောင်း ထပ်မံခံစားမိပြန်သည်။

ကျွမ်းကျွမ်းက အသက်အရွယ်ရလာသည်နှင့်အမျှ သူ ပို၍ သွက်လက်တက်ကြွလာသည်။ သူမ မကြည့်မတဲ့အချိန် မတော်တဆတွေ ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ...

ရှောင်းကော သူမ၏ ကိုယ်ပိုင်စိတ်ကူးကြောင့် ထိတ်လန့်သွားပြီး တုန်တုန်ယင်ယင်ဖြစသွားခဲ့သည်။ တွေးလိုက်ရုံနဲ့ သူမအတွက် ကြောက်စရာကြီးပင်။

" မှတ်မိရဲ့လား"

ရှောင်းကောသည် ပေါ့ပေါ့ပါးပါး ရယ်မောကာ သူမ၏ စကားများကို ပေါ့ပေါ့တန်တန် ပြောနေသော သူ့ရှေ့မှ လူလေးကို ကြည့်လိုက်သည်။ သူမ ယခုအချိန်တွင် အလွန်အလေးအနက် ထားနေသည်။ သူမ၏ သာမာန် လေးနက်မှု နှင့် မတူပေ။ ဒီတစ်ခါတော့ သူမရဲ့စကားနဲ့ သူမ တော်တော်ကို ကြမ်းတမ်းသည်။

“…...” ကျွမ်းကျွမ်း ရှောင်းကော၏ လေသံကြောင့် ထိတ်လန့်သွားသည်။ မျက်ရည်စက်ကြီးတွေဝိုင်းနေတဲ့မျက်လုံးများဖြင့် သူမကိုကြည့်ကာ နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။ သူတိုးတိုးလေး ပြောလိုက်သည်။ “မှတ်မိပါတယ်”

ရှောင်းကောလည်း သူမရဲ့ သဘောထားက အခု အစွန်းရောက်လွန်းတယ်လို့ ခံစားရသည်။ ဒါပေမယ့် ဒုတိယအတွေးတွင်၊ ကျွမ်းကျွမ်းသည် သူမ၏စကားများကို မှတ်မိခြင်းအတွက် အံ့အားသင့်နေမည်ဆိုလျှင် အနည်းဆုံး သူမကိုယ်တိုင် ထပ်မံရှင်းပြနေစရာ မလိုတော့ပေ။

ဒါပေမယ့် ရှောင်းကော သည် သူ၏ ထိတ်လန့်သော အကြည့်ကို မြင်လိုက်သောအခါတွင် သူမသည် သူ့အတွက် စိတ်မကောင်းဖြစ်ရုံမျှသာ ဖြစ်သည်။ ခုနကဆောက်ခဲ့တဲ့ အထပ်မြင့်တိုက်တွေက သူမ နောက်တခဏမှာ ပြိုကျသွားသည်။

သူမထိုင်ချလိုက်ပြီး သူမရဲ့လက်နှစ်ဖက်နဲ့ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ အခုတော့ ကျွမ်းကျွမ်းကို မချီနိုင်တော့ဘဲ ထိုင်ကာ သူ့ကို နွေးထွေးမှုပေးရန် တင်းတင်းကြပ်ကြပ် ဖက်ထားနိုင်ခဲ့သည်။

"မေမေ။ စိတ်ဆိုးနေတာလား"

ခဏအကြာတွင် ကျွမ်းကျွမ်း၏ တုန်တုန်ယင်ယင်နှင့် သတိထားနေသော အသံထွက်ပေါ်လာသည်။ ရှောင်းကော အမြဲနှစ်သိမ့်ပေးသလိုမျိုး သူ့လက်သေးသေးလေးက သူမကို ပြတ်တောင်းပြတ်တောင်းနဲ့ ပွတ်သပ်ပေးနေသည်။

"မေမေ စိတ်မဆိုးပါဘူး၊ သားကို စိုးရိမ်ပြီး စိတ်ပူနေတာ၊ သားကို မေမေက ကိုယ့်ကိုကိုယ်ထက် ပိုပြီးတန်ဖိုးထားတာ"

ရှောင်းကော က သူ့ကို သားအဖြစ်လက်ခံပြီးကတည်းက သူမက သူ့အပေါ် နှလုံးသားတစ်ခုလုံးကို မြှုပ်နှံထားခဲ့သည်။ မသိလိုက်ဘဲ၊ သူက သူမဘဝထက် ပိုအရေးကြီးလာသည်။ ကျွမ်းကျွမ်း ဒဏ်ရာရမည်ဆိုတဲ့အတွေးက သူမကို ရင်ဘက်အောင့်သွားစေသည်။

ထို့အတွက်ကြောင့် သူမ၏ ကိုယ်ပိုင်အတွေးကြောင့် ထိတ်လန့်သွားသည်။ မသိလိုက်ဘဲ သူမသည် အန္တရာယ်အပေါင်းမှ ကင်းဝေးအောင် ထိန်းထားရသူ ဖြစ်လာသည်။ သူမသည် ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို အလွန်ခံနိုင်ရည်ရှိခဲ့သည်။ တစ်ခုခုဖြစ်ခဲ့တိုင်း၊ ကျွမ်းကျွမ်းကို အန္တရာယ်အားလုံးမှ ဝေးဝေးသို့ ပို့ဆောင်ရန်မှာ သူမ၏ ပထမဆုံး အတွေးဖြစ်သည်။

သူမသည် အနည်းငယ် အကာအကွယ် လွန်ကဲနေပုံပေါ်ကြောင်း သူမ ဝန်ခံလိုသည်...

"တောင်းပန်ပါတယ် သား နောက်တစ်ခါအန္တရာယ်ရှိတဲ့အရာဘာကိုမှ မလုပ်တော့ပါဘူး"

ကျွမ်းကျွမ်းက သူ ရှောင်းကောကို နားလည်နိုင်သည်ဟု ခံစားမိသည်။ အဲ့တာက သူ သူ့အမေကို သဘောကျတဲ့ပုံစံနဲ့ တူတယ်လို့ သူတွေးခဲ့သည်။ သူ့အမေနဲ့ နေရတာ အရမ်းကြိုက်သည်။ အကယ်၍ သူမသည် သူ့ဘေးနားမှ ခဏမျှ ထွက်ခွာသွားခဲ့ပါက၊ သူ စိတ်မသက်မသာဖြစ်မိတော့သည်။ ထို့ကြောင့် သူ့အမေက သူ့အပေါ် အလားတူ ခံစားနေရမည်ဖြစ်သည်။

ရှောင်းကော ထိုစကားကို ကြားလိုက်သောအခါ သူမ၏ နှလုံးသားက နူးညံ့မှုအပြည့်နှင့် ပြည့်နေခဲ့သည်။ “ဒီကောင်လေးက ချည်သားဘောင်းဘီကောင်းကောင်းတစ်ထည်နဲ့တူတယ်။ သူတို့က နွေးထွေးပြီး အအေးဒဏ်ကို ခံနိုင်ရည်ရှိတယ်”

"ကောင်းပြီ၊ သွားကြရအောင်။"

"ဟီးဟီး သွားရအောင်!"

သားအမိနှစ်ယောက် တံခါးကို သော့ခတ်ပြီး ခရိုင်ကို ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့ကြသည်။

–

ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့သည် လိပ်စာအတိုင်း မြစ်ကမ်းစပ်ရှိ ခမ်းနားသောအိမ်သို့ ရောက်ရှိလာကြသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်လှသည်။ ထိုနေရာသည် ဆောင်းရာသီတွင် နွေးထွေးပြီး နွေရာသီတွင် အေးမြသည်။ သက်တောင့်သက်သာ အနားယူရန် အလွန်သင့်တော်သော နေရာတစ်ခုဖြစ်သည်။

“မေမေ၊ ဘယ်သူမှ မရှိဘူး”

ကျွမ်းကျွမ်း သူ့လက်ကို မြှောက်လိုက်ပြီး ရှောင်းကော မြင်နိုင်ရန် သစ်သားတံခါးရှိ သံသော့ခလောက်ကို ညွှန်ပြလိုက်သည်။

“ဟုတ်တယ်…” ရှောင်းကော သည် မြည်းလှည်းကို ရပ်လိုက်ပြီး သူမသွားကြည့်ဖို့ သွားစဉ်တွင် ကျွမ်းကျွမ်းကို စောင့်နေဖို့ပြောခဲ့သည်။

...

သော့ခလောက်ကို ဆွဲဖို့ သူမ လက်လှမ်းခဲ့ပေမယ့် မလှုပ်ခဲ့ပါဘူး။ သူမတံခါးပေါက်ကြားမှ လှမ်းကြည့်လိုက်သည်။ အတွင်းပတ်ဝန်းကျင်က အရမ်းသပ်ရပ်ပေမယ့် ပတ်ပတ်လည်မှာ ဘယ်သူမှမရှိပေ။ အဲဒီမှာခုထိ ဘယ်သူမှ မနေသေးဘူး။

"အရင်ဆုံးသွားကြရအောင်။"

ရွေးချယ်စရာမရှိတော့ဘဲ ရှောင်းကောသည် မြည်းလှည်းဖြင့် လှည့်လိုက်သည်။ ဆရာကြီးခုံး မရောက်သေးဘူးလို့ သူမ မှန်းမိတာကြောင့် သူမ အရင်ထွက်သွားတာက ပိုကောင်းသည်။ သူတို့အိမ်တံခါးမှာ ရူးသွပ်စွာ စောင့်ဆိုင်းရတာက အဆင်မပြေပေ။

"မေမေ၊ သားတို့အိမ်ပြန်ကြမှာလား"

ကျွမ်းကျွမ်းသည် လှည်းပေါ်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရှောင်းကောကို လှည့်ကြည့်လိုက်သည်။

"မေမေတို့ အိမ်မပြန်ဘူး။ ဦးလေးကို သွားရှာကြမယ်။ နောက်မှပြန်လာကြည့်ကြတာပေါ့"

ဆရာကြီးခုံး ယနေ့တွင် ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။ သူမ ခရိုင်ကိုရောက်နေပြီဆိုတော့ မပြန်သင့်ပေ။ အသွားအပြန် ခရီးထွက်ရတာ ပင်ပန်းလွန်းသည်။ သူတို့ ခေါက်ဆွဲဆိုင်မှာ စောင့်ပြီး စစ်ဆေးဖို့ ကြားထဲမှာ ခရီးအနည်းငယ် သွားနိုင်သည်။

"ဟုတ်တယ် ဦးလေးကို သွားရှာရအောင်!"

ကျွမ်းကျွမ်းက သူ့လက်တွေကို မြင့်မြင့်မြှောက်လိုက်ပြီး ဝမ်းသာအားရဖြင့် သူ့ဖင်လေးကို လှုပ်ရှားလိုက်သည်။

All Chapters