အခန်း (၂၈၀)
Vol. 19 Ch. 280
ရှောင်းကော တခစ်ခစ်ရယ်ပြီးပြောလိုက်သည်။ “ထိုင်နေ”
“ဟုတ်!”
ကျွမ်းကျွမ်း ပြုံးပြီး ခေါင်းညိတ်ပြကာ မြည်းလှည်းကို နာခံစွာ ကိုင်လိုက်သည်။
ချင်းအန့်မင်ကို သူ မတွေ့ရတာကြာပြီ။ ကျွမ်းကျွမ်း အလွန်စိတ်လှုပ်ရှားနေပုံရသည်။
!!
ချင်းအန့်မင်ကိုမြင်သောအခါ သူအလုပ်ရှုပ်သည်ဖြစ်စေ၊ မရှုပ်နေသည်ဖြစ်စေ ဂရုမစိုက်ဘဲ သူ့ကိုယ်ပေါ် ချက်ခြင်းခုန်တက်ခဲ့သည်။ သူ့ပါးစပ်သေးသေးလေးက အချိန်အတော်ကြာအောင် စကားစမြည်ပြောနေတော့ ဘယ်သူမှ စကားဝင်မပြောနိုင်ခဲ့ပေ။
“ကျွမ်းကျွမ်း…”
“ဦးလေး သိလား။ သား ဒီနေ့ဝတ်ထားတဲ့ အဝတ်အစားတွေ အကုန်လုံး မေမေချုပ်ပေးထားတာ…”
“… ကျွမ်းကျွမ်း…”
"စကားမစပ်၊ ဖက်တီးနဲ့ ပန်ပန် အိမ်မှာ ခွေးမည်းနဲ့ ရန်ဖြစ်ကြတယ်..."
“ကျွမ်းကျွမ်း…”
"ပြီးတော့ မေမေက ဖိနပ်တစ်ရံလည်းချုပ်ပေးတယ်။ ဦးလေးအတွက်တစ်ရံ၊ သားအတွက်တစ်ခု၊ ဖေ့ဖေအတွက်တစရံ..."
“ကျွမ်းကျွမ်း…”
"သား တပည့်ဖြစ်လာတော့မယ်"
"ကျွမ်း... ဟမ်?!"
ကျွမ်းကျွမ်းကို မယုံကြည်နိုင်စွာ ကြည့်နေသောအခါ ချင်းအန့်မင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် အဓိပ္ပါယ်မဲ့စွာ ပြောနေခြင်းမဟုတ်ကြောင်း အတည်ပြုပြီးနောက် ရှောင်းကောကို အံ့သြစွာကြည့်လိုက်သည်။ "ကျွမ်းကျွမ်းက တပည့်ဖြစ်တော့မှာလား။"
သူပြောပြီးသည်နှင့် အားလုံး၏ အာရုံက သူ့ဘက်သို့ လှည့်သွားသည်။ ရူယီက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ကောင်လေးအနားမှာ မယုံကြည်နိုင်စွာ ဝင်ထိုင်လိုက်သည်။ "အစ်မ ရှောင်းကော ဒါအမှန်ပဲလား"
"ဟုတ်တယ် အမှန်ပဲ။" ရှောင်းကော ခေါင်းညိတ်လိုက်ပြီး သူတို့ ဘာကြောင့် ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်နေကြတာလဲလို့ တွေးမိသည်။
"ကျွမ်းကျွမ်းက အရမ်းငယ်သေးတယ်လေ"
ကျောင်းတက်တဲ့ တခြားကလေးတွေက ကျွမ်းကျွမ်း ထက် အများကြီး အသက်ပိုကြီးတာကို ရူယီ မြင်ဖူးသည်။
ချင်းအန့်မင် ခေါင်းညိတ်သဘောတူလိုက်သည်။ ကျွမ်းကျွမ်းက လေးနှစ်သာရှိသေးသည်။ အလျင်လိုစရာ မရှိပေ။
“သူက မငယ်တော့ဘူး။ ကလေးတွေက အသက်ငယ်ငယ်လေးကတည်းက ပညာသင်ယူသင့်တာ”
ရှောင်းကော က သူ ကျောင်းတက်ဖို့ အလွန်ငယ်သည်ဟု မထင်ခဲ့ပေ။ ကျောင်းတက်ရတဲ့ ရည်ရွယ်ချက်က ဗဟုသုတ ရဖို့ပါ။ ထို့အပြင်၊ ကျွမ်းကျွမ်း၏ တတ်မြောက်ကျွမ်းကျင်မှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှုက သူ့ရွယ်တူများထက် အဆများစွာ မြင့်မားသည်။
"ပြီးတော့ သူ့အသက်က သိသာတယ်။ တခြားကလေးတွေက ရှစ်နှစ်သားမှာ ကျောင်းတက်ကြတာ။ ကျွမ်းကျွမ်းမှာ တခြားကလေးတွေနဲ့ ပေါင်းဖို့ အခက်အခဲရှိနိုင်တယ်။"
ဦးလေးရှု့ က ကောင်တာနောက်ကနေ စကားစမြည်ပြောလာသည်။ ကျောင်းတက်ဖို့ဆိုတာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ကျောင်းတက်ချိန်ကို သူ သိသည်။ သူက ရှစ်နှစ်သားအရွယ်မှာ ကျောင်းတက်ခဲ့တာ။
"မှန်တယ်၊ အစ်မရှောင်းကော၊ ဒီကလေးတွေက ကျွမ်းကျွမ်းကို အနိုင်ကျင့်ကြရင် ဘယ်လိုလုပ်မလဲ။"
ရူယီသည် ကျွမ်းကျွမ်း၏ ခေါင်းကို ပုတ်လိုက်ပြီး သူ့အတွက် စိတ်ပူသွားသည်။
"ဟိုင်း အဆင်ပြေပါတယ်။ ဟားဟား၊ ငါ ကိုယ့်ကိုယ့်ကိုယ်တောင် ရှင်းရှင်းလင်းလင်း မပြောရသေးဘူး" ရှောင်းကော ပြုံးလိုက်သည်။ လူတိုင်းထံမှ ဘာကြောင့် ဒီလောက် ကြီးမားသော တုံ့ပြန်မှုမျိုး ရှိတာလဲလို့ သူမ တွေးနေမိသည်။ ကျွမ်းကျွမ်းကို ကျောင်းမှာ စာရင်းသွင်းမှာလို့ သူတို့ တွေးထင်နေကြသည်။ "သူက အကယ်ဒမီ(အထူးပညာရပ်သင်ကျောင်း) တက်မှာမဟုတ်ဘူး။ အဲဒါက ဆရာတစ်ယောက်နဲ့တပည့်တစ်ယောက်ချင်း လေ့ကျင့်တာလေးပဲ"
“အိုး…”
သူမ ပြောပြီးတာနဲ့ အားလုံးက သဘောပေါက်သွားကြသည်။ ထိုသို့ဆိုလျှင် လက်ခံနိုင်သေးသည်။ ကောင်လေးက ဆရာ့ဆီက တိုက်ရိုက်သင်ယူမယ်ဆိုရင် အသက်အရွယ်က အရေးမကြီးပါဘူး။ ကျွမ်းကျွမ်းအနိုင်ကျင့်ခံရမှာကို စိတ်ပူစရာမလိုတော့ပေ။
"သူ့ဆရာက ဘယ်သူလဲ"
ချင်းအန့်မင်က ကျွမ်းကျွမ်းကို နံဘေးသို့ ချီသွားပြီး ထိုင်လိုက်သည်။ ရှောင်းကော၏ လျှို့ဝှက်ဆန်းကြယ်သော အမူအရာကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးခဲ့သည်။
ရှောင်းကော ရယ်လိုက်သည်။ သူတို့ရဲ့ စူးစူးရှရှ အကြည့်တွေကို ကြည့်ပြီး သူမ စိတ်ထဲမှာ ရယ်နေမိသည်။ ဒါပေမယ့်လည်း သူမသည် ထိုသို့ပြောရန် အစပျိုးခြင်း မပြုခဲ့ပေ။ ယင်းအစား၊ သူမသည် သူတို့ကို "ခုံး..." ဟု မပြောမီ သူတို့ကိုရင်ဖိုထိတ်လန့်စွာကြည့်နေခဲ့သည်။
"ဆရာ ခုံးလား"
ရှောင်းကောက ခုံး ဟူသော စကားလုံးကို ပြောပြီးသည်နှင့် ဦးလေးရှု့က စိတ်လှုပ်ရှားစွာဖြင့် ကောင်တာမှ ခုန်ထွက်လုနီးပါးပင်။
မျိုးရိုးအမည်ကိုကြားတော့ လူတိုင်းက ပင့်သက်ရှိုက်ပြီး အတည်ပြုချက်ရယူရန် ရှောင်းကောကို ကြည့်ခဲ့ကြသည်။
ရှောင်းကောက နှုတ်ခမ်းကို ဖိကာ ပြုံးပြလိုက်သည်။ သူမ ငြိမ်သက်ချင်ယောင်ဆောင်ကာ ခေါင်းညိတ်ခဲ့သည်။ "မှန်တယ်၊ ဆရာခုံးပဲ"
"ဝိုး!!"
အနည်းစုက တအံ့တသြ အော်ဟစ်ကြသည်။ သူတို့ရှေ့တွင်ရှိနေသည့် ရှောင်းကောသည် သူမနားတွေ အသံမြည်လာသည်ကို ခံစားလိုက်ရသည်။
နားရွက်များကို ပွတ်သပ်ကာ ကူကယ်ရာမဲ့ ကြည့်လိုက်သည်။ "ဆရာခုံးဆီ သွားလည်ဖို့ အခွင့်အရေးရလိုက်တာ၊ ကျွမ်းကျွမ်းကို လက်ခံမလားဆိုတာက သူ့အပေါ်မှာပဲ မူတည်လိမ့်မယ်။"
"ဟုတ်တာပေါ့ သူ ကောင်လေးကို လက်ခံလိမ့်မယ်၊ ငါတို့ရဲ့ ကျွမ်းကျွမ်းက အရမ်းဉာဏ်ကောင်းတာ"
ကျွမ်းကျွမ်းသည် သူ့နာမည်ကိုကြားသောအခါ ခေါင်းညိတ်သဘောတူခဲ့သည်။ 'မှန်တယ်၊ သူက တော်တော် ဉာဏ်ကောင်းတယ်။'
"အဲဒါက ပြောရခက်တယ်။ သူ့ကို မြှောက်ပင့်မနေနဲ့၊ သူစိတ်မကျေမနပ်ဖြစ်မှာစိုးလို့ နှိမ့်ချထားတာက ပိုကောင်းတယ်။"
ရှောင်းကော ပြောနေစဉ်တွင်မရပ်တန့်မီ သူ၏ ဖြောင့်တန်းသော ပုခုံးလေးကို အကြိမ်အနည်းငယ် ဖိချလိုက်သည်။
သူမက ကျွမ်းကျွမ်းကို ချီးကျူးရတာ နှစ်သက်ပြီး လူတွေက သူ့ကို ချီးကျူးတာကို ကြားရတာ နှစ်သက်ပေမယ့် ဒီလို ချီးကျူးမှုမျိုးက ဒီအရွယ်မှာ သူ့အတွက် နည်းနည်း လွန်လွန်းသည်။ တကယ်တော့၊ ပိုတော်တဲ့သူဆိုတာ အမြဲရှိသည်။ ဤကမ္ဘာပေါ်တွင် ထူးချွန်သူများ အများအပြားရှိသောကြောင့် ချီးမွမ်းခြင်းကို ထိန်းသိမ်းထားဖို့က ပိုကောင်းသည်။
ရှောင်းကောကလည်း သူ့ကိုယ်သူ အမြဲသတိပေးနေသည်။ အကြိမ်များစွာ၊ သူမသည် ကျွမ်းကျွမ်းအား အဆုံးမရှိ ချီးကျူးစကားများဖြင့်လည်း မြှောက်ပေးနေသည်။ ဒါက မကောင်းပေ။ မျှတအောင် လုပ်တတ်အောင် သင်ယူတာက ပိုကောင်းသည်။
"စကားမစပ်၊ ရှောင်းကော၊ ဆရာ ခုံးက ဒီမှာနေတာလား။ ငါ တစ်ခါမှ မကြားဖူးဘူး။"
ချင်းအန့်မင် စပ်စုကာမေးလိုက်သည်။ ဤနေရာ၌ နေထိုင်သော ဆရာကြီးခုံးအကြောင်းကို ဘယ်သူမှမသိကြဘူးဆိုတာက မဖြစ်နိုင်ပေ။ ဒါ့ထက် သူ့အဆင့်အတန်းနဲ့ သူ ဘယ်လိုနေမှာလဲ။
ရူယီနှင့် အခြားသူတွေက ၎င်းတို့၏ စူးစမ်းလိုစိတ်ကို ပြသပြီး အထပ်ထပ်အခါခါ ခေါင်းညိတ်ခဲ့ကြသည်။
"ဆရာ ခုံးရဲ့ မွေးရပ်မြေက ရုံဟိုင် ခရိုင်။ အခု သူက ဂုဏ်ထူးဆောင်တစ်ယောက်ဖြစ်နေပြီ အငြိမ်းစားယူပြီး ပျော်ပျော်ရွှင်ရွှင်နေဖို့ သူ့ဇနီးကို ပြန်ခေါ်လာနေပြီ"
ရှောင်းကော ပြောပြီးနောက် သူတို့အားလုံး နားလည်သွားကြသည်။ အဲဒါက အကြောင်းပြချက်ပဲ။ ဆရာကြီးခုံးရဲ့ မွေးရပ်မြေက ဒီမှာရှိတယ်ဆိုတာ သူတို့ဘယ်တုန်းကမှ မသိခဲ့ကြပေ။
"ကောင်းပြီ၊ညီမ အစ်ကိုတို့နဲ့ စကားမပြောတော့ဘူး။ ဆရာခုံးရောက်ပြီလားဆိုတာ စစ်ဆေးဖို့ ကျွမ်းကျွမ်းနဲ့ သွားရအုံးမယ်"
"ဒါဆို ဘာလို့ ဒီလောက်အလျင်လိုနေတာလဲ"
ရူယီ အနည်းငယ်ပဟေဠိဖြစ်သွားသည်။ ခုထိ ဆရာ ခုံး မရောက်သေးဘူးဆိုရင်သူမ ဘာလို့ဒီလောက်အစောလာရတာလဲ။
"သူတို့တွေက လူကြီးလင်မယားတွေလေ။ ငါ ကူညီနိုင်တာ တစ်ခုခုရှိမရှိ စစ်ဆေးဖို့ စဉ်းစားနေတာ။ နောက်ဆုံး ဆရာခုံးက ကျွမ်းကျွမ်းကို လူတွေ့မေးမြန်းဖို့ ကျေကျေနပ်နပ်ကြီး အခွင့်အရေးပေးခဲ့တဲ့အတွက် သူ့ကိုကျေးဇူးတင်ရမယ်လို့ ခံစားရတယ်လေ။"
...
“သွားကြတော့၊ သွားကြတော့”
ဒါကိုကြားတော့ ရှောင်းကောနဲ့ သဘောတူလိုက်သည်။ ရှောင်းကောက တကယ်ကို အရည်အချင်းရှိတယ်လို့တွေးဖို့ သူတို့ကိုယ်သူတို့ သက်ပြင်းချခဲ့ကြသည်။ အချိန်မလွတ်စေဘဲ မြန်မြန်သွားကြဖို့ တိုက်တွန်းလိုက်ကြသည်။
ရှောင်းကောသည် ကျွမ်းကျွမ်း၏လက်ကို ဆုပ်ကိုင်ထားပြီး ဆရာခုံး၏ နေအိမ်ဆီသို့ မောင်းနှင်မသွားမီ မြည်းလှည်းပေါ်သို့ တက်ခဲ့သည်။
အဝေးကကြည့်ရင်း အိမ်ကလေးက တိတ်ဆိတ်နေသေးတာကို သူမ သိလိုက်ရသည်။ တံခါးက သော့ခတ်ထားဆဲပင်။
ရှောင်းကော မြည်းလှည်းကို ရပ်လိုက်ပြီး ရှေ့သို့မရွေ့ခဲ့ပေ။ သူတို့ရောက်မလာသေးပုံရသည်။ အဲဒါ ကောင်းသည်။ သူမသည် မြည်းလှည်းအတွက် ရထားလုံးတစ်စီးရရန် ဤအချိန်ကို အသုံးပြုခဲ့သည်။
သူမသည် ယခုအချိန်တွင် လဲရန် စီစဉ်နေခြင်းဖြစ်သည်။ သူမတွင်ရှိသောမြည်းလှည်းက လေနှင့်မိုးကိုမကာကွယ်နိုင်ပေ။ နွေရာသီတွင် နေရောင်အောက်မှာရှိရင် ပူပြင်းလှသည်။ ဆောင်းရာသီမှာ လေတိုက်လို့ အေးလွန်းတော့ သူမအရိုးတွေ နာကျင်ရသည်။ လှည်းကို အစားထိုးသင့်တာ ကြာပြီ။
အကယ်၍ ကျွမ်းကျွမ်းကို ဆရာကြီးခုံး၏ တပည့်အဖြစ် ခေါ်ဆောင်သွားပါက အသွားအပြန် အပို့အကြိုလုပ်ရန် ရထားလုံးတစ်စီးရှိလျှင် ပိုကောင်းသည်။
ရထားလုံးပြောင်းဖို့ လမ်း၌ ခေါက်ဆွဲဆိုင်ကို ဖြတ်သွားခဲ့သည်။ ရှောင်းကောသည် ကျွမ်းကျွမ်းကို ချပေးကာ သူအ ရထားလုံးဝယ်ရန် သွားစဉ် သူ့အား ချင်းအန့်မင်ရဲ့နောက်သို့ လိုက်ရန် ပြောခဲ့သည်။
ရှောင်းကောသည် ရထားလုံးများ တပ်ဆင်ရန် အထူးပြုသည့် နေရာကို သွားခဲ့သည်။ ဟိုးအရင်ကတည်းက စျေးမေးဖူးပြီး ကြိုက်တဲ့ ဒီဇိုင်းကို ရွေးပြီးပြီ။ စျေးနှုန်းက အလယ်အလတ်တန်းစားဖြစ်ပြီး ရထားလုံးအရွယ်အစားမှာ သေးငယ်သည်။ မဟုတ်ပါက မြည်းသည် ၎င်းကို ရွှေ့ရန် အခက်အခဲရှိနိုင်သည်။
ရှောင်းကောသည် ယခင်က အလေးချိန်ကို စမ်းကြည့်ဖူးသည်။ သူမသည် ရထားလုံးကို ကိုယ့်ဘာသာ အလွယ်တကူ မနိုင်သောကြောင့် မြည်းသည် ဆွဲရမည့်အလေးချိန်ကို ခံနိုင်ရည်ရှိသင့်သည်။
"မင်္ဂလာပါ သခင်မ ရောက်လာပြီလား။"
...
သူဌေးက ရှောင်းကောကို တစ်ချက်ကြည့်ကာ မှတ်မိသွားပြီး သူမကို နှုတ်ဆက်ခဲ့သည်။
ရှောင်းကော အံ့အားသင့်စွာ ခေါင်းညိတ်လိုက်သည်။ သူ့ကို မှတ်မိဖို့ သူမ မမျှော်လင့်ထားပေ။
"ဒီနေ့ ရထားလုံး တပ်ဆင်ဖို့ စိတ်ကူးရှိလာလို့လား။"
သူဌေးက သူမကို အပြုံးနဲ့ နှုတ်ဆက်သည်။ သူမကို ဘယ်လိုလုပ် မမှတ်မိနိုင်ရမှာလဲ။ သူမ ဒီနေရာကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးပေမယ့် အကြိမ်တိုင်း ဝင်လာဖို့ ငြင်းဆန်ခဲ့သည်။ ဒီနေ့တော့ သူမ ဆိုင်ထဲကို ဝင်လာသည်။
"ဟုတ်တယ် ကျွန်မကြိုက်တဲ့ပုံစံကို ပြောင်းကြည့်တော့မို့လေ"
ရှောင်းကော မြည်းလှည်းကို ရပ်လိုက်သည်။ သူ မမှတ်မိတော့ဘူးလို့ ထင်ပြီး ဒီဇိုင်းကို ညွှန်ပြချင်နေသည်။ မထင်မှတ်ပဲ သူဌေးက အလျင်အမြန် ခေါင်းညိတ်ပြပြီး ရှောင်းကောကို ဆိုင်ထဲကို ဝင်မသွားဖို့ တားလိုက်သည်။ ဘယ်ဟာလဲဆိုတာ သူ သိကြောင်း သူမကို လက်ပြခဲ့သည်။
"ကျွန်တော် အခုပဲ သခင်မအတွက် လဲပေးမယ်။"
အဲဒါနဲ့ သူဌေးက ရထားခုံးကို ဆွဲထုတ်ဖို့ သူ့ဆိုင်လက်ထောက်ကို ခေါ်သွားသည်။ ရှောင်းကော ဘာမှပြောစရာမလိုဘဲ သူမ လိုချင်သောရထားလုံးကို ဆွဲထုတ်လာသည်။
သူတို့အလုပ်လုပ်တဲ့ အရှိန်ကိုမြင်တော့ ရှောင်းကော အနည်းငယ် ပဟေဠိဖြစ်သွားသည်။ သူတို့ဘာကြောင့် ဒီလောက်မြန်မြန် ရွေ့နေတာလဲ။ သူမရဲ့စကားတွေကို ပြန်ရုတ်သိမ်းလိုက်မှာ သူ ကြောက်ရွံ့နေပုံပဲ။
ရှောင်းကောက ကပျာကယာနဲ့ သူတို့အစားထိုးပေးနေတာကို ကြည့်နေလိုက်သည်။ သူမသည် သတိထားပြီး ချို့ယွင်းချက်ရှိမရှိ စစ်ဆေးရန် ရှေ့ကို ငုံ့ကြည့်လိုက်သည်။
သူဌေးက ရှောင်းကော ရထားလုံးဆီ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူ့နှလုံးသားက သူ့လည်ချောင်းထဲတွင် ရှိနေသည်။ မျက်နှာပေါ်တွင် အေးစက်နေသော ချွေးများက တစ်စုံတစ်ရာ လွဲချော်နေသည်ကို သူမ သတိပြုမိမည်ကို ကြောက်နေပုံရသည်။
ထိုအချိန်တွင် ရှောင်းကော တစ်ခုခုကို သတိပြုမိသွားပုံရပြီး သူ့ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည်။ ဆိုင်ရှင်က အံ့သြလွန်းလို့ အသက်ရှုကြပ်သွားသည်။ ထို့နောက် ဘာမှမဖြစ်ခဲ့ဟန်တူပြီး ဆိုင်တစ်ဝိုက်ကို အမှုမဲ့အမှတ်မဲ့ ကြည့်လိုက်သည်။ သူဘာကို ဖုံးကွယ်ထားလဲဆိုတာ သူမ မသိနိုင်ပေ။
သူ့အပြုအမူကိုမြင်တော့ ရှောင်းကောသည် ဤရထားလုံးတွင် တစ်ခုခုမှားနေပြီဟု ပို၍ပင်သေချာသွားခဲ့သည်။ သူမအတွက် ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်တစ်ခုကို တပ်ဆင်ထားတာပဲဖြစ်ရမည်။