အခန်း (၂၈၄)
Vol. 19 Ch. 284
သူတို့ကဘယ်သူလဲဆိုတာ သူ သိသွားပြီပင်။
"ဘာဖြစ်လို့လဲ"
သခင်မကြီးခုံးက သူ့အပြုံးကိုမြင်တော့ ပဟေဠိဖြစ်သွားသည်။
"အဆင်ပြေတယ်၊ ငါ ငွေရှင်းဖို့ နည်းလမ်းရှာတွေ့ပြီ"
!!
ဆရာကြီးခုံးက အပျော်သဘောဖြင့် သူတို့ကိုစနောက်ရန် ဆုံးဖြတ်ခဲ့သည်။ စိတ်ကိုပြင်ဆင်ပြီးနောက် သူ့ရဲ့ မုတ်ဆိတ်မွေးကို သပ်လိုက်သည်။ သခင်မကြီးခုံး ကြက်သေသေသွားသည်။ သူ့မှာ ပိုက်ဆံရှိလို့လား
သခင်မကြီးခုံးက တစ်ဖက်ကလူကို အသေးစိတ်မေးတော့မယ့်အချိန်မှာ သူက သူမကိုတားဖို့ လက်တစ်ဖက်ကို မြှောက်လိုက်သည်။
ကူကယ်ရာမဲ့စွာဖြင့် သူမ အရှုံးမပေးဘဲ သူဖျော်ဖြေနေတာကို ငြိမ်ငြိမ်လေးသာ ကြည့်နိုင်ခဲ့သည်။
"စားပြီးပြီလား"
ရှောင်းကောက သူမရဲ့ ဆာလောင်မွတ်သိပ်နေသော ဗိုက်ကို ပွတ်သပ်ပြီး မေးလိုက်သည်။
ရူယီက သူမအား မျက်လုံးများဖြင့် ထောင့်ဆီသို့ လှမ်းကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “မစားရသေးဘူး”
ရှောင်းကောက လှည့်မကြည့်ပေ။ သူမမြင်ခဲ့တဲ့လူနှစ်ယောက်ကို တွေးကြည့်လိုက်တော့ သူတို့နှစ်ယောက်က အပြင်ထွက်ဖို့ ငြင်းဆန်နေကြသည့် ထမင်းစားသူများဖြစ်ကြောင်း သူမသိလိုက်ရသည်။
ဖောက်သည်တွေရှိနေတုန်း စားသောက်ဖို့က တကယ်ကို မသင့်တော်ပေမယ့် နေ့လည်စာစားချိန်ကစပြီး သူတို့ စားနေခဲ့တာတော့ သေချာပါသည်။ သူမက အိမ်ရွေ့ဖို့ ကူညီပေးခဲ့ပြီး ဗိုက်အတော်လေးဆာနေပြီ ရူယီ၊ ချင်းအန့်မင်နှင့် အခြားသူတွေဆို ပြောမနေနဲ့တော့ သူတို့ ဆာနေပြီဖြစ်သည်။ သူတို့ တစ်မနက်လုံး အလုပ်ရှုပ်နေကြပြီး မကြာမီ နေ့လည်ပိုင်းတွင် အလုပ်စလုပ်ရပေတော့မည်။ အခုအချိန်မှာ ဗိုက်ဆာနေကြရမည်။
ရှောင်းကောက သူမနောက်ကနေ အသံတစ်ခုကြားလိုက်ချိန်မှာ သူမစားတော့မယ်လို့ပြောတော့မည်။
"ကျေးဇူးပြုပြီး ကျသင့်ငွေလေးပြောပေးပါ"
ဒါကို ရူယီ ကြားတော့ သူမမျက်နှာကလင်းလက်သွားသည်။ နောက်တချက်တွင် သူမသည် ဖဲချပ် မျက်နှာကို အမြန်ဆင်မြန်းကာ ရှေ့သို့ လှမ်းခဲ့သည်။
“ဟုတ်ကဲ့… စုစုပေါင်း ကြေးနီဒင်္ဂါးခြောက်ဆယ့်ငါးပြားကျပါတယ်”
ဆရာကြီးခုံးက ခေါင်းညိတ်ပြပြီး သူ့အိတ်ကပ်ထဲက ပိုက်ဆံကို ယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ရင်ဘတ်နှင့် အင်္ကျီလက်ကို ထိခဲ့သည်။ သခင်မကြီးခုံးက သူ့ကို ဖျော်ဖြေနေတာကို ဘေးကနေ ကြည့်နေသည်။ ရိုးရိုးသားသားပြောရရင် သူဘာဆက်လုပ်မယ်မှန်း သူမ မသိပေ။ သူ့ကိုယ်သူ အရှက်ရစရာလုပ်နေတယ်လို့ သူမ ခံစားရသည်။
ရူယီ၏ နှုတ်ခမ်းထောင့်တွေက တောင့်တင်းလာသည်။ ဒီအကြောင်းကို သူမဘာကြောင့် ဆိုးဆိုးရွားရွားခံစားနေရတာလဲ။
သူမနောက်မှာ ရှောင်းကောလည်း တစ်ခုခုလွဲနေတာကို သတိထားမိသွားသည်။ သူ ပိုက်ဆံရှာနေတဲ့နည်းက သူ့မှာ ပိုက်ဆံမရှိသလိုပဲ။
အားလုံးက သူ့လုပ်ရပ်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။ သူ့မှာ လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရတာကို မြင်တော့ ဆရာကြီးခုံးက သူ့လက်ကို ပြန်ရုတ်လိုက်ပြီး စားပွဲပေါ် တင်လိုက်သည်။ သူ၏ ရင့်ကျက်သော သရုပ်ဆောင်စွမ်းရည်ကို အသုံးပြု၍ သခင်မကြီးခုံးကို ရှက်ရွံ့စွာ ကြည့်နေခဲ့သည်။ "မင်းယူလာလား"
ဒါကို သခင်မကြီးခုံးက ကြားတော့ သူဘာတွေလုပ်နေလဲဆိုတာ သူမ နားမလည်ပေမယ့် သူမရဲ့အိတ်ကပ်ကို ထိပြီး ခေါင်းယမ်းလိုက်တုန်းပါပဲ။ “မယူလာဘူး”
ရူယီ မပြောနိုင်သေးရင် ဒါက တော်တော်ကို ဝေးသွားလိမ့်မည်။ ဆိုင်ဖွင့်ကတည်းက ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးပေ။ ဒါပထမဆုံးအကြိမ်မို့ သူမဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
ဒါက ပိုက်ဆံမယူဘဲ စားသောက်ဆိုင်မှာစားတာ သူမအတွက် အသစ်အဆန်းပါပဲ။
တခြားသူတွေလည်း ခုဆို နားလည်နေပြီ။ သူတို့ လင်မယားနှစ်ယောက် ဒီမှာ အလကား လာစားကြတာ။
ရှောင်းကော သူတို့နှစ်ဦးကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူမသည် ၎င်းတို့ကို ခေါင်းမှ ခြေဖျားအထိ ကြည့်လိုက်သည်။ သူမ သူတို့ကို ကြည့်လေ ပိုရင်းနှီးလေပါပဲ။
ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူ။ သန့်သန့်ရှင်းရှင်း ရိုးရှင်းသောအဝတ်အစားကို ၀တ်ဆင်ထားသော လူကြီးစုံတွဲတစ်တွဲ။ သူတို့ရဲ့အဝတ်အစားပုံစံက ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် အထည်တွေက ဈေးပေါမယ့်ပုံမပေါ်ပေ။ သူတို့က သပ်သပ်ရပ်ရပ်နဲ့ ကောင်းကောင်းမွန်မွန် ဝတ်စားထားကြသည်။ စားသုံးပြီးနောက် စားပွဲက သန့်ရှင်းနေသေးသည်။ စားပွဲပေါ်တွင် အရည်တစ်စက်လေးမျှပင်ပေနေခြင်းမရှိပေ။ တူတွေကို အတွင်းဘက်သို့ မျက်နှာမူကာ ပန်းကန်လုံးဘေးတွင် သပ်သပ်ရပ်ရပ် ကပ်ထားသည်။
ဆရာကြီးခုံး၏ နေအိမ်သို့ပစ္စည်းတွေ ရွှေ့ရန် ကူညီခဲ့တုန်းက ဆရာကြီးခုံးနှင့် သခင်မကြီးခုံး၏ ၀တ်စားဆင်ယင်မှုအကြောင်း အထူးမေးမြန်းခဲ့သည်။ သူ့ရှေ့က စုံတွဲလေးရဲ့ အသွင်အပြင်က ဖော်ပြချက်နဲ့ လိုက်ဖက်ပုံရသည်။ ဒါက တိုက်ဆိုင်လွန်းသည်။
"ဘယ်လိုမှမဖြစ်နိုင်ဘူး…"
“ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့အရာတွေ အမျိုးမျိုးရှိနေတယ်” ချင်းအန့်မင်က ဒီလိုအဖြစ်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးပေမယ့် တိုးတိုးလေးပြောခဲ့သည်။
ရှောင်းကောက ဘာမှ မပြောခဲ့ပေ။ သူမက ခေါင်းတညိတ်ညိတ်နဲ့ ရှင်းပြမနေခဲ့ပေ။ သူမသည် သက်ကြီးရွယ်အို ဇနီးမောင်နှံကို ဆက်ကြည့်ခဲ့သည်။
ရုတ်တရက် သူမရဲ့မျက်လုံးတွေက ဆရာကြီးခုံး၏ မျက်လုံးများနှင့် ဆုံသွားသည်။ ထို့နောက် ရေနွေးပူလောင်ထားသလို သူ ချက်ခြင်း အဝေးကိုကြည့်လိုက်သည်။
သူမအကြည့်တွေကို သူ ရှောင်လိုက်တော့ ရှောင်းကောက တစ်ခုခုမှားနေပြီဆိုတာ သိနိုင်သည်။ အိမ်ထဲကို စဝင်တုန်းက အခိုက်အတန့်ကို သတိရမိသွားသည်။ တစ်ဖက်က ဆရာကြီစခုံးဆိုရင်၊ သူတို့ပြောနေတာကို သူကြားနေရမည်။ သူမကို စမ်းသပ်ဖို့ ကြိုးစားနေတာလား။
သူမက တကယ်ပဲကြင်နာတာလား ဒါမှမဟုတ် ကြင်နာချင်ယောင်ဆောင်နေတာလားဆိုတာ သူရှာဖွေဖို့ ကြိုးစားနေတာလား။
ရှောင်းကော အနည်းငယ် ချီတုံချတုံနှင့် မသေချာပေ။ အခြေနေ ဘယ်လို တိုးတက်လာမလဲဆိုတာကို သတိပြုရမည်။
"မိန်းကလေး၊ တကယ်ပဲတောင်းပန်ပါတယ်။ အမြန်ထွက်လာခဲ့မိပြီး ပိုက်ဆံမယူခဲ့မိဘူး..."
ဆရာကြီးခုံး၏ မျက်နှာမှာ သံသယရှိစွာ နီရဲသွားသည်။ သူ ရှက်ရွံ့စွာ တုန်လှုပ်နေမိသည်။ သူ ရူယီကို ကြည့်နေတာတောင် နည်းနည်းတော့ ....မနှစ်မြို့စရာကောင်းသည်။ သူ့မျက်နှာမှာ ဒီလိုပုံစံလေး ဆင်မြန်းထားပြီး ချစ်စရာကောင်းတယ်လို့ သူထင်နေတာလား။
သခင်မကြီးခုံးက သူ့လုပ်ရပ်ကြောင့် အံ့ဩသွားသည်။ သူဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ အစားအသောက်အတွက်ပိုက်ဆံပေးတာကို ရှောင်ဖို့ ကြိုးစားနေတာလား။
ဒါကို တွေးလိုက်တိုင်း သူမတစ်ကိုယ်လုံး ယားယံသွားသည်။ အဲဒါကို တွေးကြည့်ရုံနဲ့ သူမကို ရွံရှာသွားသည်။ သူက အခု အသက်ဘယ်လောက်ရှိပြီလဲ။ ဘယ်လောက်အရှက်မရှိလိုက်လဲ။
ရူယီက သူ့စကားကြားတော့ သူမက အားကိုးရာမဲ့ပုံရပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ သူမ ဘာလုပ်သင့်လဲ။
သူမ မသိစိတ်က ချင်းအန့်မင်ကို ကြည့်လိုက်ပြီး ချင်းအန့်မင်က ရှောင်းကောကို ကြည့်နေသည်။
ဆရာကြီးခုံးက သူတို့၏ အကြည့်နောက်သို့လိုက်ကာ ရှောင်းကောကိုကြည့်လိုက်သည်။ သူသည် သူ၏ လှည့်စားမှုအဟောင်းကို ထပ်ခါတလဲလဲ ဆင်မြန်းနေသော မျက်နှာဖြင့် သူမကို ဆက်ကြည့်နေသည်။
သခင်မကြီးခုံးက သူမရဲ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူမ သူ့မျက်နှာကို ရိုက်လိုက်မိမှာ စိုးရသည်။ ဒီအချိန်မှာ သူမ တကယ်ပဲ သူ့ကို နိုးထစေချင်နေပြီ။ "ရှင့်ရဲ့မျက်နှာက လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက ရေပန်းစားနေနိုင်ပေမယ့် အခုတကယ်ကို ရွံမုန်းစရာကောင်းတဲ့ပုံပေါ်နေတယ်!"
ရှောင်းကော ဝါးလုံးကွဲ ရယ်မောလိုက်သည်။ နာမည်ကျော် ပညာရှိခုံးသည် ယခုအခါ ချစ်စရာကောင်းချင်ယောင်ဆောင်ကာ ငွေပေးချေခြင်းမှ လွတ်မြောက်ဖို့ ကြိုးစားနေသည်။ တွေးလိုက်ရုံနဲ့ သူမကို ရယ်မောသွားစေသည် ။
"ရှောင်းကော ဘာဖြစ်နေတာလဲ"
ချင်းအန့်မင်း ရယ်မောခြင်းမှ လဲကျတော့မည့်သူကို စိတ်ပူစွာ ကူညီပေးခဲ့သည်။ သူမ ရုတ်တရက် ဘာဖြစ်သွားမှန်းမသိပေ။ တစ်စုံတစ်ယောက်က သူမရဲ့ ရယ်ကြောကိုထိမိသွားလို့လား။
တခြားသူတွေလည်း စိတ်ရှုပ်ကုန်သည်။ သူမ ဘာကြောင့် ဒီလောက်ရယ်စရာကောင်းတဲ့ အခြေအနေကို တွေ့လိုက်ရလို့လဲလို့ အားလုံးက အံ့သြနေကြသည်။
"ရူယီ၊ နေ့လည်စာစားကြရအောင်"
ရှောင်းကော ရယ်နေတာကို ပြန်ထိန်းချုပ်လိုက်သည်။ ဒါကို ရူယီ ကြားတော့ သူမဘေးနားက စုံတွဲကို တိတ်တဆိတ် လက်ပြလိုက်သည်။ သူမ ရှောင်းကောကို တစ်ချက်ကြည့်လိုက်သည်။ "ညီမတို့ ဘာလုပ်သင့်လဲ"
ရှောင်းကော သူမကို စူးစူးစိုက်စိုက်ကြည့်နေသည့် ဆရာကြီးခုံးကိုကြည့်လိုက်သည်။ ယုတ်မာသော အတွေးတစ်ခုဖြင့် သူမခေါင်းကို ပြန်လှည့်ကာ မကောင်းဆိုးဝါးဆန်ဆန် ရယ်လိုက်သည်။ ထို့နောက်သူမ ဟိန်းဟောက်ခဲ့သည်။ "တံခါးပိတ်လိုက်!"
"လတ်တလော ငါတို့ အသားတွေ ပြတ်ကုန်ပြီ။ ဒီအသားက နည်းနည်းတော့ ရင့်နေပြီဆိုပေမယ့် ဟင်းရည်ချက်လို့ကောင်းတုန်းပဲ၊ ဟားဟား…"
သူမ၏ ရုတ်တရက် စိတ်ကစဥ့်ကလျား ဖျော်ဖြေမှုလုပ်ပြီးနောက် သူမသည် သက်ကြီးရွယ်အိုနှစ်ဦးကို ခြောက်လှန့်ခဲ့ရုံသာမက ရူယီနှင့် အခြားသူများလည်း ပွဲချင်းပြီး ထိတ်လန့်သွားခဲ့ကြသည်။
"အစ်မ ရှောင်းကော"
ရူယီ မဝံ့မရဲ လှမ်းအော်သည်။ သူမ တစ်ခုခုပြောဖို့လုပ်နေပုံရပြီး ရှောင်းကောက စိတ်လှုပ်ရှားနေပြီး လင်မယားနှစ်ယောက်ကို စနောက်နေတာ မပြီးသေးပေ။ ထုံးစံအတိုင်း သူမသည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်။ ထို့ကြောင့် သူမသည် အခြားသူများကို ကမန်းကတန်း မျက်စိမှိတ်ပြလိုက်သည်။
ချင်းအန့်မင်က အချက်ပြမှုကို ပထမဆုံးလက်ခံရရှိသူဖြစ်သည်။ သူ့အာရုံတွေ ချက်ချင်းပြန်ရောက်လာပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
“ဟုတ်တယ်။ ရင့်တဲ့ အသားတွေက အကောင်းဆုံးဟင်းရည်တွေလုပ်လို့ရတယ်…”
ဒါကိုကြားတော့ ရူယီ တုန်လှုပ်သွားသည်။ သူမ သူတို့ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ ဘာတွေဖြစ်နေတာလဲ?
ချင်းအန့်မင်က ရှောင်းကော၏ ရည်ရွယ်ချက်ကို မသိသော်လည်း သူမမှာ အကြောင်းပြချက် ရှိကြောင်း သူသိသည်။ သူမကို သူကူညီဖို့ပဲလိုသည်။
လင်းလုံ၊ ဖူအာ၊ ဦးလေး ရှု့နှင့် ရှောင်ချိုင်တို့အားလုံး ကြောင်တောင်တောင် ပူးပေါင်းခဲ့ကြသည်။ ရူယီ စိတ်ရှုပ်သွားသည်။ သူတို့ဘာတွေဖြစ်ကုန်ကြတာလဲ။ သူတို့ ဘယ်တုန်းက လူသားစားတဲ့သူတွေ ဖြစ်ကုန်တာလဲ။
ရှောင်းကောက ရူယီ ကို တစ်ချက်ကြည့်ပြီး ကျွမ်းကျွမ်း ကို အရင်ဆုံးခေါ်သွားခိုင်းလိုက်သည်။
ရူယီသည် ရှောင်းကော၏ မျက်လုံးထဲရှိ အရိပ်အယောင်ကို နားလည်သောကြောင့် မိန်းမောတွေဝေစွာဖြင့် ကျွမ်းကျွမ်းကို မီးဖိုခန်းသို့ ပြန်ခေါ်သွားခဲ့သည်။
ရှောင်းကော၏ စကားကို သခင်မကြီးခုံး ကြားလိုက်သောအခါတွင် သူမ၏ နှလုံးက တင်းကြပ်လာကာ ချွေးအေးတွေ ထွက်လာသည်။ သူမ ပထမဆုံးလုပ်တာကတော့ ဆရာကြီးခုံးကို ဖမ်းကိုင်လိုက်ပြီး တုန်တုန်ယင်ယင်နဲ့ သူ့နောက်မှာ ပုန်းဖို့ပါပဲ။ “အဖိုးကြီး…”
"မကြောက်နဲ့ မကြောက်နဲ့။" ဆရာကြီးခုံးက သူမကို ချက်ချင်းနှစ်သိမ့်ပေးလိုက်သည်။ သူလည်း နည်းနည်းတော့ကြောက်ပေမယ့် သူက မုန်တိုင်းတွေ အများကြီးကြုံဖူးတဲ့ အဖိုးကြီးတစ်ယောက်ပင်။ သူ့ကိုယ်သူ လျင်မြန်စွာ ငြိမ်သက်သွားအောင်လုပ်ခဲ့သည်။
"နေ့ခင်းကြောင်တောင်ကြီး။ နောက်နေတာ ရပ်လိုက်"
ဆရာကြီးခုံးသည် ရှောင်းကော၏ လှုပ်ရှားမှုတိုင်းကို စူးရှသော မျက်လုံးများဖြင့် ကြည့်နေသည်။ စစ်သူကြီးရဲ့ ဇနီးက ဘယ်လို ပုဂ္ဂိုလ်မျိုးဖြစ်နိုင်မလဲ။ သူမကို တခြားတစ်ယောက်နဲ့ သူ မှားနေတာများလား...?
"ဟမ့်!" ရှောင်းကော မတ်တပ်ထရပ်ပြီး သူတို့ဆီ ဖြည်းညှင်းစွာ လျှောက်လာသည်။ "နောက်နေတာတဲ့လား။ ကျွန်မ နောက်နေတာလို့ တကယ်ပဲထင်နေတာလား"
ဆရာကြီးခုံး၏နှလုံးက တင်းကျပ်လာသည်။ သူက အသက်ကြီးပြီး အားနည်းသည်။ သူ့မိန်းမနဲ့တောင် ထိပ်တိုက်ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ သူတို့နှင့် ကျိုးကြောင်းဆင်ခြင်ရန် ပို၍ပင် မဖြစ်နိုင်ပေ—ဤလူတွေက ဤအလုပ်တွင် ပုံမှန်လုပ်နေတာဖြစ်ကောင်းဖြစ်နိုင်သည်။ သူ တကယ်ပဲ ဒီမှာ သေရတော့မှာလား။
" ပိုက်ဆံမရှိရင် အသက်နဲ့ ပေးလိုက်!"
ရှောင်းကောက သူတို့ကို ကြောက်အောင်လုပ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့သည်။
"ငါတို့မှာ ပိုက်ဆံရှိတယ်၊ ဒါပေမယ့် မင်း ငါတို့နဲ့အတူ လိုက်လာမှရမယ်။"
"ကျွန်မကို အရူးတစ်ယောက်လို့ ထင်နေတာလား"
ရှောင်းကောသည် သခင်မကြီးခုံးကို အထင်အမြင်သေးသည့် အကြည့်ဖြင့်ကြည့်ကာ နောက်သို့ လျှောက်သွားလိုက်ပြီး သူမ၏ လက်ကို ပခုံးပေါ် ညင်သာစွာ တင်လိုက်သည်။ ဆရာကြီးခုံး၏ မျက်ဝန်းတွေက ကျဉ်းမြောင်းလာသည်။ "သူမကို ထိခိုက်အောင်မလုပ်နဲ့!"