← Chapters

အခန်း (၇၈)

Vol. 8 Ch. 78

အခန်း (၇၈)

Vol. 8 Ch. 78

စဖင့် ခေါ် လူခေါင်းခြင်္သေ့ကိုယ် ယမမင်းသတ္တဝါကြီး၏ မူလအစကို ခြေရာခံကြည့်မည်ဆိုလျှင် ရှေးဦးရေမြေတည်စအချိန် ဟွမ်ရှားလူမျိုးများကို ဖန်တီးခဲ့သူ နတ်ဘုရားဖာရိုဘုရင် ပေါ်ပေါက်ခဲ့သော ခေတ်ကိုပြန်သွားရမည်။ စဖင့်သည် ရွှေမျှော်စင်ဘုရားကျောင်း၏ အစောင့်အရှောက် သတ္တဝါဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး လူမျိုးနွယ်ပေါင်းစုံ၏ ရှေးဟောင်းမှတ်တမ်းများတွင် သူ၏အကြောင်းကို အသေးစိတ် ဖော်ပြထားသည်။

ဒဏ္ဍာရီများအရ စဖင့်သည် လူနှင့်မြွေ ပေါင်းစပ်ရာမှ မွေးဖွားလာသူဖြစ်ပြီး ပဟေဠိ ဥာဏ်စမ်းများကို နှစ်သက်ကာပြိုင်ဘက်များကို မေးခွန်းမေးလေ့ရှိသည်။ အဖြေမှန်ရင် အသက်ရှင်ခွင့်ရမည်ဖြစ်ပြီး မှားဖြေမိလျှင် အသတ်ခံရပေမည်။

ထိုကဲ့သို့ စဖင့်၏ ပုံပြင်ဆန်ဆန် ဒဏ္ဍာရီဆန်ဆန်အ ကြောင်းအရာတို့ကြောင့် သူနှင့်ပတ်သက်သော ပုံပြင်များသည် ဟွမ်ရှားလူမျိုးစုများကြားတွင်သာမက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်များစွာကြားတွင်ပါ ပျံ့နှံ့‌ ကျော်ကြားလေ၏။

ယခုအချိန်၌ ထိုပုံပြင်ထဲတွင်သာ ရှိသော သတ္တဝါကြီးသည် သူတို့ရှေ့တွင် အကောင်လိုက်ကြီး ထွက်ပေါ်လာစည်။

"တယ်သတ္တိကောင်းလှချည်လား... ဒီထိတောင်‌ ရောက်လာပြီး ကိုယ်တိုင်ကိုယ်ကျ အသေခံတာပေါ့လေ..."

လင်ချန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ အစောက ရွှေမျှော်စင်ဘုရားကျောင်းထဲတွင် ရှိနေစဉ် နတ်ဘုရားစိတ်အာရုံအသုံးပြုခြင်း ကန့်သတ်ခံထားရသဖြင့် ကျုံးကျဲတို့ ရောက်နေသည်ကို သတိမပြုမိခဲ့ပေ။

ယခု စဖင့်ကို ယဇ်ပူဇော်ဆင့်ခေါ်မှု အောင်မြင်ပြီး ရွှေမျှော်စင်ဘုရားကျောင်းကြီးအပေါ် နေမင်းစွမ်းအားများ ဂယက်ရိုက်ခတ်မှုကြောင့် ပျက်စီးသွားသောအခါမှသာ ကောင်းကင်ပေါ်ရှိ ကျုံးရှန်နှင့် ကျုံးကျဲတို့ကို တွေ့လိုက်ရခြင်းပင် ဖြစ်သည်။

ထို့နောက် မြေပြင်ပေါ်ရှိ မြေလှန်ခံလိုက်ရသော ရှားထူလူမျိုးစုကြီးကို တွေ့လိုက်ရကာ ဒေါသထွက်ခြင်းနှင့်အံ့ဩခြင်းတို့ တစ်ပြိုင်နက် ခံစားလိုက်ရ၏။ စဖင့်ကြီးသည် ကျုံးကျဲထံမှ ရန်လိုသော အငွေ့အသက်များကို အာရုံခံမိသွားပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

ထို့နောက် သူ ကျောဘက်မှ အတောင်ပံတစ်စုံကို ဖြည်းညှင်းစွာ ခတ်လိုက်လျှင် လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး ပေတစ်သောင်းခန့် မြင့်မားသော ခန္ဓာကိုယ်ကြီးသည် လေပေါ်သို့ ကြွတက်လာလေကာ ကျုံးရှန်တို့ ရှိရာသို့ ပျံသန်းလာတော့သည်။

ကျုံးရှန်သည်မူလနေရာတွင် လက်ပိုက်လျက် ရပ်နေဆဲပင်။ ထို့နောက်ကျုံးကျဲကို တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"အောက်က ကောင်လေးကို မင်း သွားရှင်းလိုက်... ဒီအကောင်ကြီးကိုတော့ ဘိုးဘေး တာဝန်ယူမယ်..."

ထိုသို့ ပြောလိုက်ပြီး လက်တစ်ချက်အဝှေ့တွင် ကျုံးကျဲ တစ်ယောက် လင်ချန်ရှိရာသို့ရောက်သွားလေသည်။ စဖင့်ကြီးသည် သူ၏ကြီးမားသော ခြင်္သေ့လက်ဖဝါးကြီး နှစ်ဖက်တွင် နေမင်းစွမ်းအားများ စုစည်းလျက် ကျုံးရှန်ဆီသို့ တိုးဝင်လာလေ၏။

ပေတစ်သောင်းခန့် မြင့်မားသော မီးတောက်လှိုင်းလုံးကြီးများလည်း လိုက်ပါလာကာ သူ့လက်ဝါးကြီးများကို မြှောက်ထားသည်မှာ အချိန်မရွေး ရိုက်ချတော့မည့်ဟန်ရှိသည်။ ထို့နောက်မျက်‌တောင်တစ်ခတ်အချိန်အတွင်း ပေတစ်သောင်းခရီးကို ဖြတ်ကျော်လိုက်ကာ ကျုံးရှန်၏ ရှေ့သို့ ရောက်ရှိလာတော့သည်။

"လူသား... ငါ့မေးခွန်းကို ဖြေစမ်း..."

"အဖြေမှန်ရင် မင်းအသက်ကို ချမ်းသာပေးမယ်..."

သူ့အမြင်တွင် သက်ရှိများကို ပဟေဠိဖြေခိုင်းခြင်းသည် သူပေးသော ဆုလာဘ်တစ်ခုပင်။ ကျုံးရှန်က ဘာမှပြန်မပြောဘဲ ပြုံးလျက်ပင် ညာဘက်လက်သီးကို ဆုပ်လိုက်ပြီး စဖင့်ကြီး၏ မျက်နှာတည့်တည့်ကို ထိုးချလိုက်သည်။

စဖင့်ကြီး ဒေါသထွက်သွားပြီး ကျုံးရှန်ကိုလက်သည်းဖြင့် ကုတ်ချလိုက်ရာ ကြောက်မက်ဖွယ်စွမ်းအားကြောင့် မိုးနှင့်မြေပင်တုန်ခါသွားလေသည်။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များပင် နေမင်း၏ပူပြင်းသောစွမ်းအားနှင့် ကြောက်မက်ဖွယ် လက်သည်းစွမ်းအားတို့ကြောင့် တွန့်ရှုံ့အရည်ပျော်ကျကုန်၏။

"ဘုန်း..."

အထူးသဖြင့်သူတို့နှစ်ဦး တိုက်ခိုက်ရာနေရာရှိဟင်းလင်းပြင်သည် လုံးဝပြိုကျသွားရာပေါက်ကွဲထွက်လာသော စွမ်းအင်အများစုသည် နေရာလွတ်အက်ကွဲ‌ကြောင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။

ကျုံးရှန်၏ ခန္ဓာကိုယ်သည် မူလနေရာတွင်ပင် ကျောက်ဆောင်တစ်ခုကဲ့သို့ ခိုင်မြဲစွာ ရပ်တည်နေသော်လည်း လူခေါင်းခြင်္သေ့ကိုယ် စဖင့်ကြီးမှာမူ ကြယ်တစ်လုံးနှင့် ဝင်တိုက်မိသကဲ့သို့ အရှိန်ပြင်းစွာဖြင့် နောက်သို့ လွင့်ထွက်သွားပြီး ပေတစ်သိန်းအမြင့်ရှိ ရွှေမျှော်စင်ဘုရားကျောင်း၏ အပျက်အစီးများပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

"ခရက်....ခရက်..."

ရွှေမျှော်စင်ဘုရားကျောင်း၏ အုတ်မြစ်သည် အလွန်ခိုင်မာသော်လည်း ပြင်းထန်လွန်းသည့်အရှိန်ဖြင့် ဝင်တိုက်မှုကြောင့် အက်ကြောင်းများပင်လိုက်လာတော့သည်။

"ဝေါင်း..." စဖင့်ကြီးခေါင်းမော့ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကာ သူ့နောက်တွင် ကပ်ပါလာသော မီးတောက်ပင်လယ်ကြီးသည် မီးပွားများအဖြစ် ပြိုကွဲကာ ပျောက်ကွယ်သွားလေသည်။

အဖြစ်ပျက်များဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှကာ အဝေးမှ ကျုံးကျဲနှင့် လင်ချန်တို့ပင် ဘာဖြစ်သွားမှန်းလိုက်မမီလိုက်ကြပေ။ သူတို့ သတိပြန်ဝင်လာချိန်တွင် စဖင့်ကြီးသည် ရွှေမျှော်စင်ဘုရားကျောင်း အပျက်အစီးပုံမှ ဒေါသတကြီးခုန်ထွက်လာသည်ကိုမြင်လိုက်ရ၏။

သူ၏ အစွမ်းကုန် တိုက်ခိုက်မှုကို တစ်ဖက်လူက တိုက်ရိုက် ချေမှုန်းပစ်လိုက်ခြင်းသည် ကြီးမားသော အရှက်ကွဲမှုပင်။ ကောင်းကင်ကို လောင်ကျွမ်းစေနိုင်သော မီးတောက်များသည် သူ့ခန္ဓာကိုယ်မှ ရူးသွပ်စွာ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားရာ နေမင်းစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ပင်လယ်ကြီးတစ်ခုကဲ့သို့ပင်။

စဖင့်က တစ်ဖန် ပါးစပ်ကြီးကို ဖွင့်လိုက်ကာ ရွှေရောင်မီးတောက်ငှက် ၉ ကောင်ကို ထွေးထုတ်လိုက်သည်။

မီးတောက်ငှက်တိုင်းသည် ဟင်းလင်းပြင်ကို အရည်ပျော်စေနိုင်သော လမ်းကြောင်းများကို ချန်ထားရစ်လျက် ကောင်းကင်ယံတွင်သွက်လက်လှုပ်ရှားစွာ ပျံသန်းနေကြသည်။ စဖင့်ကြီး တကယ် ဒေါသထွက်သွား၏။

"အို..."

ကျုံးရှန် အနည်းငယ်အံ့ဩသင့်သွားကာ နေနတ်ဘုရား ကိုယ်ထင်ပြသကဲ့သို့ ကောင်းကင်သို့ပျံတက်လာသည့် စဖင့်ကြီးကို ကြည့်လိုက်သည်။

"ကိုးသွယ်မီးတောက် နတ်ငှက်ကျိန်စာ..."

"မင်းက နေနတ်ဘုရားနဲ့ တော်တော် ရင်းနှီးပုဲပဲ..."

"ဒါပေမယ့် ဒါအကုန်ပဲလား... မင်းက နုသေးတာပဲ.."

ကျုံးရှန် သူ၏ ကိုယ်ပွားခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်လျှင် နတ်ဘုရားအလင်းတန်းများ ပိုမို မှေးမှိန်လိုက်လာသည်ကို တွေ့လိုက်ရ၏။

"ဒီ ကိုယ်ပွားခန္ဓာက စွမ်းအင်အများကြီးကို မသိုလှောင်နိုင်ဘူး... သူတော်စင်အဆင့်ခြောက် ကောင်းကင်ကံတရား သူတော်စင်အဆင့်ရဲ့စွမ်းအင်လောက်ပဲ ထုတ်သုံးလို့ရတယ်... နန်တျန်အင်မော်တယ်မင်းဆက်ကိုလည်း သွားရဦးမယ်ဆိုတော့... တိုက်ပွဲကို မြန်မြန် အဆုံးသတ်မှပဲ..."

ကျုံးရှန်၏ ကျင့်ကြံခြင်းအဆင့်သည် တိုးတက်မှု မရှိတော့သော်လည်း နှစ်ပေါင်း တစ်သိန်းလုံးလုံး ကျင့်ကြံလာသူဖြစ်၏။ သူ့တွင်နှစ်ပေါင်း တစ်သိန်းစာ စုဆောင်းမှုများ ရှိ၏။ သူ ပိုင်ဆိုင်ထားသော အထွတ်အထိပ် စွမ်းရည်များနှင့် သူ၏အင်အားသည် လာသမျှ ရန်သူမှန်သမျှကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပြီးကိုယ်ပွားခန္ဓာတစ်ခုတည်းနှင့်ပင် သူတော်စင်အဆင့် ခြောက်ကျင့်ကြံသူ၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။

"ဖူး..."

ကျုံးရှန် ခေါင်းမော့လိုက်ပြီး လေကို မှုတ်ထုတ်လိုက်သောအခါ ထိုလေထဲ၌ မရေမတွက်နိုင်သော ရွှေရောင်အလင်းစက်လေးများ ပါလာသည်။ အလင်းစက်လေး တစ်ခုစီတိုင်းတွင် စိတ်ကူးကြည့်၍မရနိုင်လောက်အောင် ကြီးမားသော စွမ်းအားများ ပါဝင်နေပြီး လေထဲတွင်ပင် လက်ခနဲ လက်ခနဲ ဖြစ်သွား၏။

ထို့နောက် ထိုအလင်းစက်လေးများသည်စုစည်းသွားကြကာ ချွန်ထက်သော ဆူးချွန်များပါသည့် တုတ်ကောက်တစ်ချောင်း ဖြစ်သွားသည်။ ကျုံးရှန် လက်ဆန့်ထုတ်လိုက်ပြီး ထိုတုတ်ကောက်ကို ဖမ်းဆုပ်လိုက်သည်။

"ကလေး... သေချာကြည့်ထား... ဒီတုတ်နဲ့ ရိုက်ချက်တိုင်း ဘယ်လို သွေးထွက်အောင်ရိုက်ရသလဲဆိုတာ ဘိုးဘေး သင်ပေးမယ်..."

"ဘုန်း..."

ကျုံးရှန်၏ ကိုယ်ပွားခန္ဓာသည် ကောင်းကင်ကို ထိုးဖောက်ပျံသန်းသော ရွှေအတောင်ပံ ဂဠုန်ငှက်ကဲ့သို့ ရွှေရောင်တုတ်ကောက်ကို ကိုင်ဆောင်လျက် စဖင့်ကြီး၏ အပေါ်တည့်တည့်သို့ ရောက်ရှိသွားကာတုတ်ဖြင့် ဝက်သတ်သကဲ့သို့ အားရပါးရလွဲရိုက်လေတော့သည်။

"သေစမ်း..."

စဖင့်ကြီးသည် အသင့်ပြင်ထားပြီး ဖြစ်ရာ ကျုံးရှန် ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်လာသည်ကို မြင်သောအခါ သွားဖြဲပြလိုက်သည်။

သူ့အမြင်တွင် ဤလူသား၏ ခန္ဓာကိုယ်သည် မှေးမှိန်စပြုလာပြီး အစောက လက်သီးတစ်ချက် ထိုးလိုက်စဉ်ကစွမ်းအား အများအပြား ကုန်ဆုံးသွားသည်မှာ သေချာသလောက်ပင်။ ထိုအခြေအနေမှာတောင် စွမ်းအားတစ်စိတ်တစ်ပိုင်းကို လက်နက်ဖန်တီးဖို့ ခွဲထုတ်လိုက်သေးသည်။

တုံးအလွန်းသော လုပ်ရပ်ဖြစ်၏။ ဤအတိုင်းသာဆက်သွားလျှင် အခုရိုက်ချလာ သော တိုက်ကွက်ကို ခုခံလိုက်သည်နှင့် တစ်ဖက်လူမှာ နောက်ထပ် တိုက်ခိုက်ရန် အားကျန်တော့မည် မဟုတ်ပေ။ သူ့ခန္ဓာကိုယ်လည်း သေချာပေါက် ပျက်စီးသွားလိမ့်မည်ပင်။

စဖင့်ကြီးအနီးတွင် လှည့်ပတ်ပျံသန်းနေသော မီးတောက်နတ်ငှက် ၉ ကောင်သည် စူးရှစွာ အော်မြည်လိုက်ကာ ကျုံးရှန်ကို ဝိုင်းတိုက်ခိုက်လိုက်ကြသည်။ ကျုံးရှန် ရိုက်ချလိုက်သော တုတ်ချောင်းကို ခေါင်းချင်းဆိုင် တိုက်ခိုက်လိုက်ခြင်းဖြစ်၏။ အနက်ရောင် မီးတောက်ငှက် ၉ ကောင်နှင့် ရွှေရောင်တုတ်ကောက်တို့ ထိပ်တိုက် တွေ့ဆုံကြလေသည်။ မီးပွားများ လေထဲတွင် ပြန့်ကျဲသွား၏။

ထို့နောက် ကောင်းကင်ကြီး ကွဲအက်သွားသကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။

"ဒုန်း..."

သူတို့အောက်၌ ပေတစ်သောင်းခန့် နက်သော ချောက်နက်ကြီးပေါ်လာကာ မြေပြင်သည်လည်း ကြမ်းတမ်းစွာလှုပ်ယမ်းသွားပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် စာရွက်တစ်ရွက်ကို လုံးချေလိုက်သကဲ့သို့ ရစရာမရှိအောင်ဖြစ်သွားရ၏။

စဖင့်ကြီးသည်လည်း သူတော်စင်အဆင့် ငါးအထက်တွင် ရှိသော ကျွမ်းကျင်သူပင် ဖြစ်ရာ သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံချိန်တွင် အလွန် ကြီးမားသော ပေါက်ကွဲစွမ်းအင်လှိုင်းများထွက်ပေါ်လာရခြင်းပင်။

ကြောက်မက်ဖွယ်အသံကြီးအဆုံး အသံအားလုံးဆိတ်သုဉ်းသွားကာ ကောင်းကင်နှင့်မြေကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

All Chapters