← Chapters

အခန်း (၈၀)

Vol. 8 Ch. 80

အခန်း (၈၀)

Vol. 8 Ch. 80

ထို့နောက် ကျုံးရှန်သည် ကျုံးကျဲဘက်သို့ လှည့်ကြည့်လိုက်ကာ ပြော၏။

"ကျူးကျီ... ပြန်လာခဲ့တော့..."

"မြောင်..."

ကျုံးရှန် ပြောလိုက်ပြီးသည်နှင့် ကျုံးကျဲ၏ ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများ ရုတ်တရက် ဖြာထွက်လာသည်။ မရေမတွက်နိုင်သော အလင်းစက်လေးများ သူ့ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်ခွာသွားကြပြီး ခေါင်းပေါ်တွင် အလင်းလုံးအဖြစ်သွားရောက်စုစည်းကြ၏။

ထိုအလင်းလုံးသည် အထွတ်အထိပ်သို့ ရောက်အောင် လင်းလက်သွားပြီးနောက် မှေးမှိန်သွားလျှင် ကျုံးကျဲ၏ ခေါင်းပေါ်တွင် လိမ္မော်ရောင် ကြောင်ဖက်တီးတစ်ကောင်ရောက်လာသည်။ ကျုံးကျီ ခုန်လိုက်ကာ ကျုံးရှန်၏ ပခုံးပေါ်သို့ ရောက်ရှိသွာသည်။

ထိုအပြောင်းအလဲကြောင့် ကျုံးကျဲ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း မူလအခြေအနေသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားလေသည်။ ကျူးကျီသည် ခေါင်းခါလိုက်ပြီး ကျုံးရှန်၏ ပခုံးပေါ်တွင် စတင်ညည်းညူတော့၏။

"စစ်ဘုရင်ဆိုတဲ့ကောင်က သတ်ဖြတ်လိုစိတ် အရမ်းများလွန်းတယ်... ငါ...ကျူးကျီက ထိန်းချုပ်ခံရတာမကြိုက်ဘူး... ဒီကောင်လေးဆီကို စွမ်းအင်လွှဲ‌ ပြောင်းငှားရတာ တကယ့်ကို မွန်းကြပ်စရာပဲ..."

ကျုံးရှန် ပြုံးလိုက်ပြီး ကျူးကျီ၏ ကျောပြင်ကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက်ကျန်လက်တစ်ဖက်ဖြင့် ဝိညာဉ်စွမ်းအင်များကို လည်ပတ်စေလိုက်ပြီး ကြီးမားသော လက်ဝါးကြီးတစ်ဖက်ကို ဖန်တီးကာ သူတို့ခြေထောက်အောက်ရှိ ရွှေမျှော်စင်ဘုရားကျောင်း၏ အုတ်မြစ်ကိုမတင်လိုက်သည်။

ရွှေမျှော်စင်ဘုရားကျောင်း၏ အုတ်မြစ်တစ်ခုလုံး ပေတစ်သိန်းအမြင့်ရှိ ကောင်းကင်ယံသို့ အတင်းအဓမ္မ ဆွဲတင်ခံလိုက်ရ၏။ ဤမြင်ကွင်းကား အလွန်တုန်လှုပ်ဖွယ်ရာ ကောင်းသည်။

မြေပြင်တစ်ခုလုံးတွင် ကြီးမားနက်ရှိုင်းသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့ပြီး မြေအောက်ရေစီးကြောင်းမှတစ်ဆင့် ရေများ ပန်းထွက်လာကာ ခဏချင်းမှာပင် တွင်းတစ်ခုလုံး ရေပြည့်သွားတော့သည်။

သဲကန္တာရအလယ်တွင် ရေကန်ကြီးတစ်ခု ဖြစ်ပေါ်လာခြင်းပင်။ ကျုံးရှန်သည် အထွတ်အထိပ် နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီး ရွှေမျှော်စင်ဘုရားကျောင်း၏ ကျန်ရစ်ခဲ့သည့်အုတ်မြစ်ကိုသုံးကာ ကောင်းကင်ယံတွင် တိုက်ပွဲစင်မြင့်တစ်ခု ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။

"ကျုံးကျဲ... တက်သွားတော့..."

"ဒီနေရာက မင်းတို့ရဲ့ နောက်ဆုံး တိုက်ပွဲကွင်းပြင်ပဲ..."

ကျုံးရှန် ပြောလိုက်သည်နှင့် ကျုံးကျဲသည် ဝိညာဉ်စွမ်းအင်များကို လည်ပတ်စေကာ တိမ်စီးနင်းလျက် စင်မြင့်အပေါ်သို့ ပျံတက်လိုက်၏။ တစ်ချိန်တည်းမှာပင် လင်ချန်ကို ချုပ်နှောင်ထားသော စွမ်းအားများသည်လည်း ပြေလျော့သွားလေသည်။

"ဘုန်း..."

ရုတ်တရက် လွှတ်ပေးလိုက်သဖြင့် အရှိန်မထိန်းနိုင်ဘဲ လင်ချန်တစ်ယောက် ပုံပျက်ပန်းပျက် ပြုတ်ကျသွားသည်။

"ငါ... ငါ လှုပ်လို့ရပြီ... ထွက်ပြေးရမယ်..."

သူ့စိတ်ထဲတွင် တိုက်ခိုက်လိုစိတ် လုံးဝ မရှိတော့ဘဲ ထွက်ပြေးရန်သာ အာရုံစိုက်နေခဲ့ပြီး လွတ်လွတ်ချင်းပင် ယမမင်းဝိညာဉ် ဟင်းလင်းပြင်ကူးပြောင်းခြင်း နတ်ဘုရားစွမ်းရည် ကို အသုံးပြုပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

နေရာလွတ်တာအိုနိယာမ စွမ်းအားက သူ့ကို ရစ်ပတ်ပြီး လွတ်မြောက်တော့မည်ဟု ထင်လိုက်စဉ် နောက်တစ်စက္ကန့်၌ ကောင်းကင်ယံတွင် ရှိသော စင်မြင့်ထပ်သို့ရောက်သွားကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

လင်ချန်‌တစ်ယောက် နှစ်ခါဆက်တိုက် ပြင်းထန်သော ဟင်းလင်းပြင်ဖိအား‌ကိုခံလိုက်ရသဖြင့် မူးဝေသွားကာ ကြမ်းပြင်ပေါ်တွင် အတော်ကြာသည်အထိ မထနိုင်အောင် ဖြစ်နေသည်။ သူ၏ ရုပ်ခန္ဓာသည် သာမန် နိယာမနယ်ပယ် အဆင့် ၇ ထက် များစွာ ပိုမိုကြံ့ခိုင်နေ၍သာ တော်တော့သည်။ မဟုတ်လျှင် ပြင်းထန်သောဟင်းလင်းပြင်စွမ်းအားများ၏ ဖိအားပေးမှုအောက်တွင် အသားပြားဘဝဖြင့် အကြိမ်တစ်ရာမက သေဆုံးသွားလောက်ပြီဖြစ်၏။

"လက်တွေ့မကျတဲ့ ထွက်ပြေးဖို့ အတွေးတွေ တွေးမနေစမ်းနဲ့... ဒီတိုက်ပွဲစင်မြင့်တစ်ဝိုက်ကို ငါ အစီအရင်နဲ့ ပိတ်ထားပြီးပြီ... သူတော်စင်အဆင့် ကျွမ်းကျင်သူဆိုရင်တောင် အတော်လေး ကြိုးစားမှ ထွက်လို့ရမှာ..."

"မင်းအတွက် တစ်ခုတည်းသော အသက်ရှင်လမ်းက သူ့ကို အနိုင်တိုက်ဖို့ပဲ..."

ကျုံးရှန်၏ လေသံသည် အလွန် အေးစက်တည်ငြိမ်ပြီး ကမ္ဘာလောကကို အုပ်စိုးသော နတ်ဘုရားတစ်ပါးက သနားညှာတာမှု ကင်းမဲ့စွာ စီရင်ချက်ချနေသကဲ့သို့ပင်။ လင်ချန်သည် မူးဝေနေသော ခေါင်းကို ခါလိုက်သည်။ စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် သူ၏ သေရေးရှင်ရေးကို ဆုံးဖြတ်သွားခြင်းပင်။ ဤကဲ့သို့သော ခံစားချက်မျိုးသည် သူ့ကို အလွန် နေရခက်စေ၏။ ရင်ထဲတွင် မကျေနပ်ချက်များနှင့် ဒေါသများ ပြည့်နှက်နေပြီး မျက်လုံးများလည်း နီရဲလာသည်။ သို့သော် သူ နောက်ထပ် ဘာမှ မပြောရဲတော့ပေ။

"အထွတ်အထိပ်ကျွမ်းကျင်သူဆိုတာ စကားတည်ရမယ်... ပြောပြီးရင် ပြန်ပြင်လို့ မရဘူးနော်..."

သူ အသက်ကို ပြင်းပြင်းရှူရင်း အေးစက်စွာ ပြောလိုက်သည်။

"ကတိတစ်လုံးက ထောင်ပေါင်းများစွာသော ရွှေတန်ချိန်နဲ့ထိုက်တန်တယ်လေ... ပြောပြီးစကားပြန်ရုတ်မသိမ်းရဘူး..."

ကျုံးရှန် ခေါင်းညိတ်လိုက်သည်။

"ကဲ... မင်းတို့ စလို့ရပြီ..."

စကားဆုံးသည်နှင့် ကျုံးကျဲသည် သူ၏ သတ်ဖြတ်ခြင်း တိုက်ကွက်များကို ချက်ချင်း ထုတ်သုံးလိုက်သည်။

သတ်ဖြတ်ခြင်း စွမ်းအားများကို လက်ထဲရှိ စစ်ဘုရင်လှံထဲသို့ ထည့်သွင်းလိုက်ရာ တောက်ပသော စစ်ဘုရင်လှံရှည် တစ်ချောင်း၊ နှစ်ချောင်း၊ သုံးချောင်း... စသဖြင့် စုစုပေါင်း ၈၁ ချောင်းအထိ ခွဲထွက်သွားသည်။

ထို့‌ နောက်လက်မောင်းကို လေပွေမုန်တိုင်းကဲ့သို့ ဝှေ့ယမ်းလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရိုက်ချက်များစွာဖြင့်စတင်တိုက်ခိုက်လိုက်သည်။

သူတော်စင်အဆင့် ကျွမ်းကျင်သူ၏ စွမ်းအားကို ကိုယ်တိုင် ခံစားဖူးခဲ့ပြီးနောက် ကျုံးကျဲစိတ်ထဲတွင် နားလည်သဘောပေါက်မှုများစွာ ရရှိခဲ့ရာ ယခု ထုတ်ဖော်လိုက်သော စွမ်းအားသည် ယခင်ကထက် အဆများစွာ ပိုမို အားကောင်းလာပြီဖြစ်၏။

စစ်ဘုရင်လှံရှည် ကိုယ်ပွား ၈၁ ချောင်းသည် တစ်ချောင်းချင်းစီတွင် နိယာမနယ်ပယ် အဆင့် ၈ ကျွမ်းကျင်သူတစ်ဦးကိုပင် သတ်ဖြတ်နိုင်သည့်အစွမ်းမျိုးသယ်ဆောင်လျက် ရာပေါင်းများစွာသော တိုက်ခိုက်မှုများဖြင့် မိုးစက်မိုးပေါက်များကဲ့သို့ လင်ချန်ကို လွှမ်းခြုံလိုက်၏။

ဤတိုက်ကွက်သည် အရူးအမူး ထိုးခုတ်ပိုင်းဖြတ် တိုက်ခိုက်လိုက်ခြင်းပင်ဖြစ်၏။ လင်ချန်သည် လက်ဦးရယူကာ တိုက်ခိုက်မှု ဆုံးရှုံးသွားသဖြင့် ပြန်လည်တိုက်ခိုက်ရန် အခွင့်မသာတော့ဘဲ စွမ်းအားအပြည့်မရှိသည့် ဝိညာဉ်ကျမ်းစာအုပ်ကိုသာ ခေါင်းပေါ်တင်လိုက်ပြီး ယမမင်းစွမ်းအား ဒိုင်းတစ်ခုကို ဖန်တီးခုခံလိုက်ရလေသည်။

စစ်မင်းဓားကျိုးမှာ နန်တျန်တိုက်ပွဲကွင်းပြင်တွင်ကျန်ရစ်ခဲ့သည်။ သို့နှင့်နတ်ဘုရားစွမ်းအား အနည်းငယ်သာကျန်ရှိ‌ တော့သော ဝိညာဉ်ကျမ်းစာအုပ်ဖြင့် အားကိုးပြီး တောင့်ခံထားရတော့သည်။ ယခု အခြေအနေသည် သူ့အတွက် အလွန် ဆိုးရွားနေသည်။

တစ်ဖက်ရှိ ကျုံးကျဲကမူ အေးဆေးတည်ငြိမ်လျက်ရှိသည်။ စစ်ဘုရင်လှံရှည် ကိုယ်ပွား ၈၁ ချောင်းကို ထိန်းချုပ်ပြီး လင်ချန်ကိုအဆက်မပြတ် ခုတ်ပိုင်းနေသည်မှာ ဖြည်းဖြည်းချင်း အားကုန်ပြီး သေသွားအောင် လုပ်နေပုံရသည်။

"ဒုန်း... ဒုန်း... ဒုန်း..."

လင်ချန်သည် ပြင်းထန်အားပါလှသည့်ခုတ်ပိုင်းမှုများအောက်တွင် နောက်သို့ တရွတ်တိုက် ဆုတ်ခွာနေရ၏။

ကျုံးကျဲ၏ ပြင်းထန်သော ထိုးခုတ်မှုများကြောင့် သူတို့အောက်ရှိ ရွှေမျှော်စင်အုတ်မြစ်သည်ပင် အနည်းငယ် အက်ကွဲစပြုလာလေ၏။

လင်ချန်၏ ခေါင်းပေါ်တွင်ကာကွယ်ရန် တင်ထားသော ဝိညာဉ်ကျမ်းစာအုပ်သည်လည်း ပို၍ ပို၍ မှေးမှိန်လာပြီး ယမမင်းစွမ်းအားဖြင့် ပြုလုပ်ထားသော ဒိုင်းသည်လည်း ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်လာသည်။

ကြည့်ရသည်မှာ ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးသည် မသိမသာ တုန်ခါသွားသည်။

လင်ချန်၏ ကိုယ်ပေါ်ရှိ ကောင်းကင်သို့ ထိုးတက်နေသော ကံတရား အလင်းတိုင်သည် ရုတ်တရက်ကောင်းကင်သို့ထိုးတက်သွား၏။

ပြိုလဲတော့မည့်ဆဲဆဲ ဖြစ်နေသော လင်ချန်၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအားတစ်ခု တိုးဝင်လာပြီး သူ၏ ခေါင်းပေါ်ရှိ ဝိညာဉ်ကျမ်းစာအုပ် အပေါ်ဘက်တွင် မဲနက်နေသော ယမမင်းမီးအိမ် တစ်လုံး ရုတ်တရက် ပေါ်လာသည်။

အေးစက်သော မီးအိမ်အလင်းရောင်သည် လင်ချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ကျုံးကျဲ၏ စစ်ဘုရင်လှံရှည် ကိုယ်ပွားများ လှံသွားများသည် ထိုအလင်းရောင်နှင့် ထိတွေ့လိုက်လျှင် အရည်ပျော်ကျသွားကာ ဝိညာဉ်စွမ်းအင်များနှင့် သတ်ဖြတ်ခြင်းစွမ်းအားများအဖြစ်ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားကြသည်။

ယမမင်းမီးအိမ်သည် ခေါင်းပေါ်တွင် တွဲခိုနေပြီး နည်းစနစ်မှန်သမျှကို ပြီးပြည့်စုံစွာ ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိနေ၏။

"ဟားဟားဟား... ငရဲတာအိုအမှတ်အသားက အခုမှပဲ ဝိညာဉ်မြင့်မြတ်ခန္ဓာနဲ့ လုံးဝ ပေါင်းစပ်တော့တယ်.."

"ကြည့်ရတာ...ကောင်းကင်က ငါ့ကို မသေစေချင်သေးဘူးနဲ့တူတယ်..."

"ဒါက ပင်ကိုယ်စွမ်းရည်အသစ်ပဲ... ယမ်ပိ ယမမင်းမီးအိမ်...နည်းစနစ်မှန်သမျှကို ချေဖျက်ပြီး....ငါ့ရဲ့ အားနည်းချက်တွေအားလုံးကိုဖာထေးပေးမယ့် စွမ်းရည်ပဲကွ..."

လင်ချန်၏ ကံတရားသည် သက်တံ့ရောင်စဉ်ကဲ့သို့ တောက်ပနေကာ ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ကောင်းကင်အလိုကျ ပင်ကိုယ်စွမ်းရည်တစ်ခု နိုးထလာခဲ့သည်။

"ဟန့်... ကျုံးကျဲ... ငါ ပြောသားပဲ... ငါ့ကို မသတ်နိုင်ရင် ငါက ပိုစွမ်းအားကြီးလာမှာပါလို့..."

" အဆုံးသတ်မှာတော့ မင်းရဲ့ ကံတရားက ငါ့ကို မမီပါဘူးကွာ..."

လင်ချန် အားရပါးရ ရယ်မောလိုက်သည်မှာ သူ၏လေသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ အပြည့်ပင်။

ထို့နောက်စစ်ဘုရင်လှံရှည် ကိုယ်ပွားများ၏ ခုတ်ပိုင်းမှုများကို အတင်း တိုးဝင်ပြီး ကျုံးကျဲရှိရာသို့ လျှောက်လှမ်းလာရင်း သိုလှောင်ခါးပတ်ကို ပုတ်လိုက်ကာ သာမန် မှော်လက်နက် ဓားရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။

ကြည့်ရသည်မှာ ကျုံးကျဲကို အရှင်လတ်လတ် ခုတ်သတ်တော့မည့်ပုံပင်။

"နည်းစနစ်မှန်သမျှကို ချေဖျက်နိုင်တယ် ဟုတ်လား..."

ကျုံးကျဲ စကားတစ်ခွန်း ရေရွတ်လိုက်သည်။

ထို့နောက် စစ်ဘုရင်လှံရှည် ကိုယ်ပွားများအားလုံးကို ဖျက်သိမ်းလိုက်ပြီး မူလလှံရှည်ကို ကြမ်းပြင်ပေါ်တွင် အားဖြင့် စိုက်ချလိုက်ကာ သူ့ဆီလှမ်းလာသော လင်ချန်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။

သူ၏မျက်နှာပေါ်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာလေ၏။

"ငါ ပြောခဲ့တယ်လေ... မင်း သေရမယ်လို့..."

"ပိုသန်မာလာတာက မင်းကို ပိုပြီး နာကျင်ခံစားစေရုံပဲ ရှိမှာ..."

သူ၏ အသံသည် ရုတ်တရက်ကျယ်လောင်ပြတ်သားသွားပြီး တစ်ကိုယ်လုံးရှိ အရိုးအဆစ်များ တဂျွတ်ဂျွတ် မြည်နေလာသည်။ ထို့နောက် အသက်တစ်ရှိုက်အတွင်း လင်ချန်၏ ရှေ့မှောက်သို့ ရောက်ရှိသွားကာမျက်နှာတည့်တည့်ကို အားကုန် ထိုးချလိုက်သည်။

မည်သည့် နည်းစနစ်၊ မည်သည့် ဝိညာဉ်စွမ်းအင်မှ မပါဝင်ပေ။ စစ်မှန်သော ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု သက်သက်သာ ဖြစ်သည်။ ယမမင်းမီးအိမ်သည်လည်း အသုံးမဝင်တော့ပေ။

ကျုံးကျဲသည် ကျန်လက်တစ်ဖက်ဖြင့် လင်ချန် လက်ထဲရှိ ဓားရှည်ကို လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်ပြီးနောက် မိုးစက်မိုးပေါက်ကဲ့သို့သော လက်သီးများဖြင့် ထိုးကြိတ်လေတော့သည်။

"ဖြောင်း..ဖြောင်း..ဖြောင်း.."

ကျယ်လောင်သော အရိုးကျိုးသံများသည် မိုင်ပေါင်းများစွာအထိ ပျံ့လွင့်သွား၏။ ကျုံးကျဲ၏ ခွန်အားသည် အလွန်ပင် ကြီးမားလှပြီး လင်ချန်၏ သွားများ မည်မျှ ကျွတ်ထွက်သွားသည်ကိုပင် မသိနိုင်တော့ပေ။

ထို့နောက်လင်ချန် တစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားလျှင် မြေကြီးပေါ်သို့ မကျမီမှာပင်ကျုံးကျဲသည် ပို၍ လျင်မြန်သော အလျင်ဖြင့် ကြားဖြတ် တားဆီးလိုက်ပြီးနောက်ထပ် လက်သီးချက်ပေါင်းများစွာဖြင့် ထိုးလိုက်ပြန်၏။

ဤသို့ဖြင့် လင်ချန်၏ ခန္ဓာကိုယ်သည် ဟိုဘက်ဒီဘက် လွင့်စင်နေကာ သဲအိတ်တစ်အိတ်လိုအထိုးခံနေရလေ၏။

--------------

အတော်ကြာသောအခါ ကျုံးကျဲသည် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ပြန်လည်ဆင်းသက်လိုက်ပြီး လင်ချန်သည်လည်း သူ့ရှေ့တွင် ပြုတ်ကျလာ၏။

"ဒါက ဘာသိုင်းကွက်လဲ..."

သူ တည်ငြိမ်စွာ မေးလိုက်သည်။

"ရယ်ချိုးလက်သီးသိုင်းပဲ... ဒါပေမဲ့ ငါ ထုတ်သုံးလိုက်တာက ဒသမမြောက်ပုံစံ..."

"မင်း ဂုဏ်ယူဝင်ကြွားစွာသေလို့ရပြီပေါ့.."

လင်ချန် ခေါင်းညိတ်လိုက်သည်။

သူ့အင်္ကျီပေါ်ရှိ တွန့်ကြေနေသော နေရာများကို ဖွဖွလေး သပ်လိုက်ကာ သေချာရပ်လိုက်၏။

"ငါ့မှာ ကြီးမားတဲ့ ကံတရားတွေ ရှိပြီး... ကောင်းကင်နဲ့မြေပြင်ကြားက ကံတရားရဲ့သား‌ တော် ဖြစ်လာသင့်တာ... ဒီလိုမျိုးသေဆုံးရမှာ မဖြစ်..."

စကားမဆုံးသေးခင်မှာပင် သူ၏ ခန္ဓာကိုယ် ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်တွင်လဲကျသွားလေသည်။ လင်ချန်သေဆုံးသွားလေပြီ ပြန်လည်ရှင်သန်ရန် လမ်းမရှိတော့ပဲ အပြီးအတိုင်သေဆုံးသွားခြင်းဖြစ်တော့၏။

Thank For Reading.

All Chapters