← Chapters

အခန်း (၂၈၈)

Vol. 20 Ch. 288

အခန်း (၂၈၈)

Vol. 20 Ch. 288

ကျွမ်းကျွမ်းသည် ဆရာ ခုံး၏ ပထမဆုံး တပည့်ဖြစ်သည်ကို သိလိုက်ရသောအခါ ရှောင်းကော အလွန်အံ့သြသွားခဲ့သည်။ ဆရာမ ခုံးက သူမကို ပြောခဲ့တဲ့စကားအပေါ် အခြေခံပြီးတော့ သူက သူ့ရဲ့နောက်ဆုံးတပည့်ဖြစ်သင့်သည်။

ဤမျှကြီးမားသော အာနုဘော်ကို ရရှိခဲ့သောကြောင့် ရှောင်းကော တစ်နေ့လုံးပီတိဖြစ်ခဲ့သည်။ ဆရာခုံး၏ အိမ်မှ ထွက်ခွာပြီးနောက် သူမ ခေါက်ဆွဲဆိုင်သို့သွားကာ ချင်းအန့်မင်၊ ရူယီနှင့် ဆိုင်ရှိ အခြားသူများနှင့် ပျော်ရွှင်စွာ မျှဝေခဲ့သည်။

ထို့နောက် စာရွက်အနည်းငယ်နှင့် စာအိတ်တစ်အိတ်ကို တောင်းပြီးနောက် ချင်းအန့်မင်၏ အခန်းသို့ သွားကာ တံခါးကို ပိတ်လိုက်သည်။ ကျန်းတန်းဟယ်နဲ့ သတင်းကောင်း ဝေမျှဖို့ သူမ မစောင့်နိုင်တော့ပေ။ စာရေးဖို့ အိမ်ပြန်ရောက်တဲ့အထိ စောင့်နိုင်စရာမရှိပါဘူး။

ရှောင်းကောသည် ကျွမ်းကျွမ်း၏ စာရင်းသွင်းခြင်းအခမ်းအနား မြင်ကွင်းကို စာရွက်ပေါ်တွင် ပြန်လည်ဖန်တီးရန် သူမ အကောင်းဆုံးကြိုးစားခဲ့သည်။ သူမသည် မှင်ကိုမှုတ်ပြီး သူမပုံဆွဲနေတာကို ပျော်ရွှင်စွာ သဘောကျနေခဲ့သည်။ ဒါပေမယ့် သူမအဲ့တာကို ပိုကြည့်လေ၊ စကားမပြောနိုင်လေလေ ဖြစ်လာသည်။ သူမသည် သူမ၏ ပုံဆွဲစွမ်းရည်အပေါ် လွန်ကဲနေပုံပေါ်သည်...

"မေ့လိုက်တော့၊ မေ့လိုက်တော့" ရှောင်းကော ချပြီး သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ ပုံဆွဲတာက မကောင်းပေမယ့် သူမ ဘာတွေပြောနေတယ်ဆိုတာ ရှင်းပါသည်။ "ကောင်းပြီ ငါဒီတစ်ခုယူမယ်"

စာနှင့် ပုံဆွဲစာရွက်ကို စာအိတ်ထဲထည့်ပြီးနောက် စာတိုက်ဆီသို့ တန်းတန်းသွားခဲ့သည်။

စာပို့ပြီးနောက် ရှောင်းကော တစ်ယောက်တည်း အိမ်သို့ပြန်လာခဲ့သည်။ ပထမတော့ သူမ ဘာမှ မခံစားရသော်လည်း ခြံဝင်းထဲတွင် သူမတစ်ယောက်တည်း ရပ်နေသောအခါတွင် သူမနှင့် မရင်းနှီးသော ထူးဆန်းသည့် ခံစားချက်တစ်ခု ဖြစ်လာခဲ့သည်။

သူမ ကြောင်တက်တက်နှင့် ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ သခင်မယန်ရောက်လာသည်။

"လာထိုင်ဦး"

သခင်မယန်သည် လွမ်းဆွေးနေသော ရှောင်းကောကိုကြည့်ကာ ကျွမ်းကျွမ်း အကြောင်း တွေးနေသည်ကိုသိလိုက်သည်။ သူမ ရုတ်တရက် ရယ်လိုက်သည်။ "နင့်ရဲ့ ကျွမ်းကျွမ်းက နင့်အကြောင်းကို ကောင်းကောင်းသိနေတယ်"

"ဘယ်လိုနည်းနဲ့လဲ"

ရှောင်းကောသည် သခင်မယန်ပြောသည်ကို ကြားသောအခါ သူမလက်ထဲက ရေထည့်ထားသည့်ဖန်ခွက်ကို ချလိုက်သည်။

"ကျွမ်းကျွမ်း ရထားလုံးပေါ်က ဆင်းလာတော့ ငါ့ကို ဘာပြောခဲ့လဲ နင်သိလား"

ရှောင်းကော ခေါင်းခါလိုက်သည်။

"သူက ငါ့ဆီလာပြီး နင့်နဲ့ အချိန်ပိုဖြုန်းဖို့လာတောင်းဆိုတာ။ နင် ပျင်းနေမှာကို ကြောက်ပြီး နင်နေမကောင်းဖြစ်မှာကို သူ စိတ်ပူနေတာ။"

ရှောင်းကော အံ့အားသင့်သွားပြီး သူမ၏ နှလုံးသားမှာ နွေးထွေးမှုအပြည့်ရှိနေသည်။ “ဒီကလေးကတော့…” သူက အရမ်းချိုမြိန်လွန်းတယ်။

"ကျွမ်းကျွမ်းက အရမ်းဉာဏ်ကောင်းတယ်။ ငါ နင့်ကို အရမ်းအားကျတာပဲ..."

သခင်မယန်၏ မျက်နှာက အားကျခြင်းများဖြင့် ပြည့်နှက်နေသည်။ ကျွမ်းကျွမ်းသာ သူမရဲ့သားဖြစ်ခဲ့လျှင်။ ဒါကိုတွေးပြီး သူမက ရုတ်တရက် ဟာသလုပ်လိုက်သည်။ "ငါတို့ ကလေးတွေကို လဲလို့ရတာပဲ။ ကျွမ်းကျွမ်းနဲ့ လဲဖို့အတွက် ငါ့ကလေးကိုပေးမယ်လေ"

ထိုစကားကို ပြောပြီးနောက် သူမ ရယ်မောလိုက်မိသည်။

"ဟာဟား၊ ပြီးပြီလား။ ရှောင်းဟူကို လဲဖို့ ကြိုးစားပြီးသွားတော့ အခုကျတော့ ကလေးနဲ့ လဲဖို့ ကြိုးစားနေပြန်ပြီ"

ရှောင်းကော သခင်မ ယန်ကို ကြည့်လိုက်သည်။ နောက်ဆုံးအကြိမ်တွင် သူမသည် ရှောင်းဟူကို ကျွမ်းကျွမ်းနဲ့ လဲမည်ဟု ပြောခဲ့ဖူးသည်။ ယခု သူမသည် သူမ ဗိုက်ထဲက ကလေးကို စဉ်းစားနေသည်။ သူမက အရွယ်ရောက်နေပြီဖြစ်သော်လည်း ရီစရာပြက်လုံးများကို နှစ်သက်ဆဲပင်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ သခင်မ ယန်က ကျွမ်းကျွမ်းကို သဘောကျသည်။ သူက ထက်မြက်တယ်၊ ချစ်စရာကောင်းတယ်၊ ဉာဏ်ကောင်းသည်။ ဘယ်သူက သူ့ကို မကြိုက်မှာလဲ။

ရှောင်းကောသည် ကျွမ်းကျွမ်းကို သူမ မျှော်လင့်ထားသည်ထက် ပို၍ လွမ်းဆွတ်နေခဲ့သည်။ ထိုနေ့တွင် သခင်မယန်ကို ပြန်လွှတ်လိုက်ပြီးနောက် ရှောင်းကောက သူမအိမ်တွင် ထမင်းလိုက်စားရန် ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့သည်။ အိမ်ပြန်ရောက်တော့ အိမ်ကို သေသေချာချာ သန့်ရှင်းရေးလုပ်ခဲ့သည်။ ထို့နောက် တိရစ္ဆာန်များကို အစာကျွေးပြီး ဥများကို ကောက်ယူသည်။ ပြီးတော့ နေဝင်သွားခဲ့သည်။

နေဝင်ရီတရော ဖြစ်လာသည်နှင့်အမျှ ရှောင်းကော သည် ထမင်းချက်ရန် စေ့ဆော်မှုပင် မရှိတော့ပေ။ မီးဖိုချောင်သို့သွားကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

“ဟူး..…”

အခုတော့ ကျွမ်းကျွမ်း အနားမှာမရှိသောကြောင့် တစ်ယောက်တည်း စားရသည်မှာပျင်းလာသည်။ အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ရှောင်းကော သည် ဂေါ်ဖီထုပ်ကို ကောက်ယူပြီး ဟင်းရည် ပြုလုပ်လိုက်သည်။ ထမင်းမစားခင်မှာ ခေါက်ဆွဲပူပူထဲကို ခေါက်ဆွဲနည်းနည်းထည့်လိုက်သည်။

ကုတင်ပေါ်ကို ရောက်တော့ ကုတင်က ပိုကျယ်သလို ခံစားရသည်။ သူ့ကိုယ်သူ စောင်နဲ့ ပတ်ပြီးရင်တောင် နွေးထွေးမှု လုံးဝမခံစားရပေ။

ဒီအချိန်မှာ ကျွမ်းကျွမ်း ဘာတွေလုပ်နေမလဲဆိုတာ သူမ တွေးကြည့်ဖို့ မမေ့နိုင်ခဲ့ပေ။ "သူ ညစာစားပြီးပြီလား။ အနွေးထည်ကော ဝတ်ထားရဲ့လား၊ အိပ်ပျော်နေပြီလား ဆရာခုံးရဲ့အိမ်မှာ သူ ဘယ်လိုနေနေမလဲ"

ဒီအကြောင်းကို သူမ ပိုတွေးလေလေ သူမ အိပ်မပျော်လေလေပင်။ နောက်တစ်နေ့တွင် သူမ မျက်လုံးအောက်တွင် အမဲကွင်းများဖြင့် ဆရာခုံး၏အိမ်သို့ ရထားလုံးဖြင့်မောင်းနှင်သွားခဲ့သည်။

သူမမှာ ရွေးချယ်စရာမရှိပေ။ သူမ ထင်ထားတာထက် ကျွမ်းကျွမ်းကို ပိုလွမ်းသည်။ ကျွမ်းကျွမ်းကို ဆရာခုံး၏အိမ်တွင် နေခွင့်ပြုရန် သဘောတူခဲ့သော်လည်း ယခုအခါ သူမ နောင်တရနေတော့သည်။ ဒီအတွက် သူမ တကယ်ကို စိတ်မကောင်းဖြစ်မိသည်။

ကျွမ်းကျွမ်းက သူမကို အလွန်လွမ်းဆွတ်နေမည်ဟု သူမထင်ခဲ့သော်လည်း သူနှင့်တွေ့ဆုံပြီးနောက်တွင် ထိုသို့ဖြစ်ပုံမပေါ်ပေ။

ရှောင်းကော ရောက်ရှိလာသည့်အတွက် သခင်မကြီးခုံးမှာ မအံ့သြနေပေ။ ရှောင်းကော စိတ်ရှုပ်နေတဲ့ပုံပေါက်နေတာကို သူမမြင်လိုက်တဲ့အခါ ချက်ချင်းနားလည်သွားပါသည်။ ထို့နောက် မဆိုင်းမတွ သူမကို စာကြည့်ခန်းထဲ ခေါ်သွားလိုက်သည်။

“ကြည့်ကြည့်လိုက်”

သခင်မကြီးခုံးက ကန့်လန့်ကာကို တိတ်တဆိတ် မလိုက်ပြီး အခန်းထဲက လူနှစ်ယောက်ကို မနှောင့်ယှက်ခဲ့ပေ။ ရှောင်းကောကို လျှောက်လာပြီး စောင့်ကြည့်ဖို့ လက်ဟန်ပြလိုက်သည်။

ရှောင်းကော အတွင်းဘက်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ရာ ထိုရုပ်ပုံသေးသေးလေးကို တွေ့လိုက်ရသည်။ ကျွမ်းကျွမ်းကိုတွေ့လိုက်ရသောအခါ သူမ၏နှလုံးသားက ပြန်အသက်ဝင်လာသလို ခံစားလိုက်ရသည်။

အခန်းထဲက မြင်ကွင်းကိုကြည့်ပြီးနောက် ရှောင်းကောနဲ့ သခင်မကြခုံးက သူတို့ကို မနှောင့်ယှက်တော့ဘဲ ကန့်လန့်ကာကို တုံ့ဆိုင်းစွာ ချလိုက်သည်။

ရှောင်းကော အိမ်အပြင်ဘက်တွင် ပြန်လန်းဆန်းရွှင်ပျသွားခဲ့သည်။ "အန်တီခုံး၊ ကျွမ်းကျွမ်း အဆင်ပြေရဲ့လား"

“ ဒါက ပထမဆုံးနေ့ပဲ။ သူ နည်းနည်းတော့ ပင်ပန်းနွမ်းနယ်နေသလိုဖြစ်ပြီး စားချင်စိတ်လည်း သိပ်မရှိနေဘူး။ ညနက်မှပဲ အိပ်ပျော်သွားတာ” သခင်မကြီးခုံးက အမှန်အတိုင်း ပြောပြခဲ့သည်။ ဒါကို သူမကြားတဲ့အခါ ရှောင်းကောရဲ့ နှလုံးသားက ပါးစပ်ထဲမှာ ရှိနေသည်။ ထို့နောက် တစ်ဖက်၏ လေသံက ပြောင်းသွားသည်။ "ဒါပေမယ့် ဒီနေ့တော့ ပိုကောင်းလာပါပြီ။ မနက်အိပ်ရာကနိုးလာတော့ တော်တော်လေးစားတယ်။ အခုဆို ပိုပြီး တက်ကြွလာပြီ။ သူက အဖိုးကြီးခုံးကို သူ့ကို စာဖတ်နည်းသင်ပေးခိုင်းဖို့ အစပြုပြီးပြောခဲ့တာနော်"

ရှောင်းကော၏နှလုံးက ချက်ချင်းစိတ်သက်သာရာရသွားသည်။ သူမသည် နောက်ဆုံးတွင် သူမ၏ စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်နိုင်ခဲ့သည်။

ဆရာခုံးသည် နှစ်ရက်တာအချိန်အတွင်း သင်ခန်းစာများစတင်ရန် စီစဉ်ထားပြီး ကျွမ်းကျွမ်းကို ပတ်ဝန်းကျင်အသစ်တွင် အလေ့အကျင့်ရရန် အချိန်ပေးခဲ့သည်။ ဒါပေမယ့်လည်း ကောင်လေးက သူ့ကို ဒီမနက်မှာပြောလာဖို့ အစပြုလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ လူကြီးနှစ်ယောက် အံ့သြသွားကြသည်။ သူ့ကို ဒီလောက်ထိ လိုက်လျောညီထွေဖြစ်ဖို့ မမျှော်လင့်ထားဘူး။

သခင်မကြီးခုံးဆီက ကျွမ်းကျွမ်းအတွက် ချီးမွမ်းသံကိုကြားတော့ ရှောင်းကော အနည်းငယ် ဝမ်းသာသွားသည်။ ကျွမ်းကျွမ်းက တကယ်ကို အံ့သြစရာကောင်းသည်။ သူ့အရည်အချင်းနံ့ ကျား၊မ မရွေး လူအားလုံးကို အနိုင်ယူခဲ့သည်။

အချိန်အတော်ကြာ စကားပြောပြီးနောက် သခင်မကြီးခုံး သည် ရှောင်းကောကို ထမင်းစားဖို့ ဖိတ်ခေါ်ခဲ့သည်။

ရှောင်းကောက ခေါင်းခါပြီး ဖိတ်ကြားချက်ကို ငြင်းဆိုလိုက်သည်။

သခင်မကြီး ခုံး အနည်းငယ် အံ့သြသွားသည်။ ရှောင်းကောက ပြုံးပြီး ရှင်းပြခဲ့သည်။ "ကျွမ်းကျွမ်း က သူ့လက်ရှိ စိတ်အခြေအနေကို ရောက်ဖို့ မလွယ်ဘူး။ ကျွန်မဒီမှာနေနေရင် သူ ထပ်ပြီး အာရုံပြောင်းသွားနိုင်တယ်။"

သခင်မကြီးခုံးက ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ သူမပြောတာ မှန်သည်ဟု ခံစားမိသောကြောင့် သူမကို အတင်းအကြပ် မတောင်းဆိုခဲ့ပေ။

အပြန်လမ်းတွင် ရှောင်းကော စိတ်အခြေအနေကောင်းနေသည်။ ကျွမ်းကျွမ်းက အမှန်ပင် သူမ၏ဗီတာမင်ဖြစ်သည်။ သူ့ကိုကြည့်ရုံဖြင့် သူမ၏ စွမ်းအင်အားလုံးကို ပြန်ရရှိခဲ့သည်။

ကျွမ်းကျွမ်းက သူမကို ဘယ်တုန်းကမှ မလိုအပ်ခဲ့ဘူးဆိုတာ သိလာရသည်။ သူ့ကို ပိုလိုအပ်နေခဲ့တဲ့သူက သူမပဲလေ။

–

တစ်နေ့တွင် ရှောင်းကော အရုဏ်မတက်မီ အိပ်ရာထခဲ့သည်။ ဒီနေ့က ကျွမ်းကျွမ်း၏ ကျောင်းပိတ်ရက်ဖြစ်သည်။

လွန်ခဲ့သည့်ငါးရက်က သူမသည် ကျွမ်းကျွမ်းဆီသို့ နေ့တိုင်း အလည်သွားခဲ့သော်လည်း အဲ့တာက အိမ်မှာရှိနေသည်နှင့် မတူသေးပေ။

အရုဏ်မတက်မီတွင် သူမသည် ထုပ်ပိုးထားပြီး ကျွမ်းကျွမ်းကို သွားခေါ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

တစ်ဖက်တွင် ကျွမ်းကျွမ်းလည်း ထိုနည်းလည်းကောင်းပင်။ မိုးမလင်းခင်မှာ သူ့ဘာသာသူ အိပ်ရာကထပြီး စောင်ကို ခေါက်ကာ ရေသွားယူကာ ရေချိုးခဲ့သည်။ လွယ်အိတ်ကို ထုပ်ပိုးပြီးနောက် ကျောပေါ်တင်ကာ အပြင်သို့ တိတ်တဆိတ် ထွက်လာခဲ့သည်။

မည်သူ့ကိုမျှ မနှိုးဘဲ ခြံဝင်းဆီသို့ ခြေဖျားထောက်ကာ တံခါးဝတွင် ထိုင်ရန် ထိုင်ခုံတစ်လုံးကို တိတ်တဆိတ် ရွှေ့လိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်ကို တံခါးနှင့် မှီကာ တံခါးကြားရှိ ဟနေတဲ့နေရာကို ဖြတ်၍ အပြင်ဘက်ကို ကြည့်ကာ ရှောင်းကောနှင့် မြည်းရထားလုံး၏ အရိပ်အယောင်ကို ရှာဖွေနေသည်။

ပင်ပန်းလာတဲ့အခါ သူ ထိုင်သည်။ အနားယူပြီးသောအခါ သူ ထကာ အပြင်ကို ဆက်ကြည့်သည်။ ဒီလိုမျိုး ထပ်ခါထပ်ခါလုပ်ခဲ့သည်။

သခင်မကြီးခုံးက သမ်းပြီး သူမရဲ့အခန်းထဲက ထွက်လာသည်။ မနက်စာပြင်ဆင်ဖို့လုပ်ခါနီး တံခါးဝနားက ပုံရိပ်သေးသေးလေးကို တွေ့လိုက်တဲ့အခါ ရပ်တန့်သွားခဲ့သည်

"ကျွမ်းကျွမ်း"

သခင်မကြီးခုံးက သူ့ကို တိုးတိုးလေး ခေါ်ခဲ့သည်။

ဒီနေ့က ကျွမ်းကျွမ်း အိမ်ပြန်ရမည့်နေ့ဖြစ်သည်ကို သူမ သိသည်။ ရှောင်းကောက သူ့ကို မနက်အစောကြီး လာခေါ်မယ်လို့ သူမ ခန့်မှန်းထားတာကြောင့် သူ့အတွက် ချက်ပြုတ်ပေးဖို့ သူမအစောကြီး ထခဲ့တာဖြစ်သည်။ ကျွမ်းကျွမ်းက သူမထက်စောပြီး နိုးလာမည်ဟု သူမ မမျှော်လင့်ထားပေ။

"ဆရာမ"

ကျွမ်းကျွမ်း မတ်တပ်ထရပ်ပြီး သူမကို နှုတ်ဆက်လိုက်သည်။ ယခု သူသည် ဆရာခုံး၏ တပည့်ဖြစ်သဖြင့် ဆရာမခုံးကို ဆရာမဟု သဘာဝအတိုင်း ခေါ်ဆိုသင့်သည်။

"ဘာလို့အစောကြီးနိုးနေတာလဲ"

ကျွမ်းကျွမ်းက သူ့လက်ထဲက လေးလံတဲ့ အိတ်ကို ချိန်ဆပြီး ပြန်ဖြေခဲ့သည်။ "သားအမေ ဒီကို ခဏနေရောက်လာတော့မှာ"

"သူမ ဒီကိုအစောကြီး လာမှာ မဟုတ်လောက်ဘူး" ဆရာမခုံးက ပြုံးပြီး သူ့ကို အနားယူဖို့ အိမ်ထဲကို ခေါ်သွားချင်သည်။ အခုကအရုဏ်ဦးပဲ ရှိသေးသည်။ ဒီနာရီမှာ သူမ ဘယ်လိုရောက်လာနိုင်မလဲ။

မမျှော်လင့်ဘဲ ကျွမ်းကျွမ်းက ခေါင်းခါပြီး ပြုံးကာပြောလိုက်သည်။ "မဟုတ်ဘူး၊ သားမေမေ ဒီကို မကြာခင်လာတော့မှာ။ သား ဒီမှာပဲစောင့်နေလိုက်မယ်"

“သူမ ဒီလောက်အစောကြီးလာမှာတော့ မဟုတ်ဘူး…” ဆရာမခုံးက သူ့ခေါင်းကို ပွတ်သပ်ပြီး သူမရဲ့စကားတစ်ဝက်ကို ရောက်ခါနီး၌ အပြင်ဘက်က အသံကိုကြားလိုက်ရသည်။ အနီးကပ်စစ်ဆေးကြည့်လိုက်တော့ မြည်းရထားလုံးအသံနဲ့တူသည်။

ကျွမ်းကျွမ်း ဝမ်းသာသွားသည်။ သူ ချက်ချင်း တံခါးကို မှီပြီး အပြင်ကို ကြည့်လိုက်သည်။ သေချာတာကတော့ သူ ရင်းနှီးတဲ့ အသွင်အပြင်ကို တွေ့လိုက်ရသည်။

ရှောင်းကော စောနေသေးသဖြင့် စောင့်ဖို့လုပ်နေချိန် ကျွမ်းကျွမ်း သူမကို ခေါ်လိုက်တဲ့အသံအား ရုတ်တရက်ကြားလိုက်ရသည်။

"မေမေ! မေမေ!"

All Chapters