အခန်း (၂၈၉)
Vol. 20 Ch. 289
"ကျွမ်းကျွမ်း "
ရှောင်းကော တံခါးပေါက်ကြားမှ လှမ်းကြည့်လိုက်ရာ ကျွမ်းကျွမ်း၏ မျက်လုံးကြီးများကို တွေ့လိုက်ရသည်။ သူမ ချက်ချင်း ဝမ်းသာအားရ ခေါ်လိုက်သည်။
ရှောင်းကော စောစောရောက်လာမယ်လို့ ဆရာမခုံးက မမျှော်လင့်ထားပေ။ သူမ ရှောခ့်ရသွားသည်။ သားအမိနှစ်ယောက် တံခါးကနေ လှမ်းကြည့်နေတာကို မြင်လိုက်ရတော့ သူမ ချက်ချင်းတံခါးဖွင့်ပေးလိုက်သည်။
"ကျွမ်းကျွမ်း!"
!!
"မေမေ!"
အမေနှင့်သားတို့ ချစ်ခင်စွာ ပွေ့ဖက်ကာ မရပ်မနား ရယ်မောခဲ့ကြသည်။
သူတို့ နှစ်ယောက် ငြိမ်သက်သွားပြီးနောက် ဆရာမခုံးက ရယ်မောပြီး ပြောလိုက်သည်။ “လာအတူတူ မနက်စာ စားကြရအောင်”
"မဟုတ်တာ၊ ကျွန်မတို့ ပြန်ရောက်မှ မနက်စာစားလိုက်မယ် " ရှောင်းကောက ဆရာခုံးကို နှုတ်ဆက်ချင်ပေမယ့် မနိုးသေးဘူးလို့ ဆရာမခုံးဆီက ကြားတော့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
ခုချိန်က အစောကြီးရှိသေးတာဆိုတော့ သူတို့ပြန်ရောက်မှစားဖို့ အချိန်အတော်ရှိသေးသည်။
“ဟုတ်ပါပြီ။” ဆရာမခုံးက ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကျွန်မတို့ အရင်ပြန်လိုက်ပါဦးမယ်။ ကျေးဇူးပြုပြီး ဆရာခုံးကို ကျွန်မကိုယ်စား အကြောင်းကြားပေးပါဦးနော်"
“သားကောပဲ။ ဆရာမ၊ ကျေးဇူးပြုပြီး သားကိုယ်စား အကြောင်းကြားပေးပါဦးနော်”
ကျွမ်းကျွမ်းသည် ရှောင်းကော၏ စကားကို ကြားသောအခါ၊ သူမနောက်မှ လိုက်၍ ထိုစကားကို ပြောလိုက်သည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ။” ဆရာမ ခုံးက ကြင်နာစွာ ခေါင်းညိတ်ပြလိုက်သည်။ “ အခုပြန်သွားလို့ရပါပြီ”
ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့သည် အပြုံးများဖြင့် ခေါင်းညိတ်ပြခဲ့ကြသည်။ ထို့နောက် သူတို့သည် မြည်းရထားလုံးပေါ်သို့ တက်ကာ စိတ်အားထက်သန်စွာ အိမ်ပြန်ခဲ့ကြသည်။
ဆရာမခုံးက တံခါးကို မပိတ်ခင် မြည်းရထားလုံး ထွက်သွားတာကို ကြည့်ခဲ့သည်။ "ငါ အိပ်ရေးဝအောင် ပြန်သွားအိပ်လိုက်ဦးမယ်"
လမ်းတစ်လျှောက်တွင် ကျွမ်းကျွမ်းသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့်အရာများကို ရှောင်းကောနှင့် ဆက်မျှဝေခဲ့သည်။ ရှောင်းကောသည် သူမျှဝေထားသော စိတ်ဝင်စားဖွယ်ရာများကို ဂရုတစိုက် နားထောင်ခဲ့သည်။ ရံဖန်ရံခါတွင်၊ သူမသည် သူ့ကို မေးခွန်းအချို့မေးလေ့ရှိပြီး ကျွမ်းကျွမ်းက သူမ၏ သံသယများကို အမြန်ရှင်းပစ်ခဲ့သည်။
သူတို့အိမ်ပြန်ရောက်သောအခါ ကျွမ်းကျွမ်း စိတ်လှုပ်ရှားစွာ ပြေးသွားပြီး တိရစ္ဆာန်တိုင်းကို နှုတ်ဆက်ခဲ့သည်။ ခွေးနှစ်ကောင်က သူ့ကိုမြင်တော့ စိတ်လှုပ်ရှားစွာနဲ့ သူ့ကိုပတ်ပြီး အမြီးတွေယမ်းနေကြသည်။ ကျွမ်းကျွမ်း ခွေးပေါက်လေးနှစ်ကောင်ကို မြင်ရတာ အလွန်ပျော်နေပြီး သူ့လက်ထဲတွင် သူတို့ကိုဆုပ်ကိုင်ထားသည်။
အိမ်ပြန်ရောက်ချိန်မှာ ရှောင်းကော ပထမဆုံးလုပ်ခဲ့တာက ထမင်းချက်ဖို့ပင်။ ဆန်ပြုတ်ပြုတ်နေစဉ် ကျွမ်းကျွမ်းအိမ်တဝိုက်မှာ ပြေးနေတာကို သူမကြည့်နေသည်။
သူမ ဆင်မြန်းထားတဲ့ အပြုံးက သူမ မျက်နှာ ပေါ်မှာဘယ်တော့မှ မကျန်ခဲ့ပေ။ ကျွမ်းကျွမ်း အနားမှာရှိနေရင် ပိုအသက်ဝင်သည်။
နံနက်စာတွင် ပြောင်းဖူးဆန်ပြုတ်၊ ကြက်ဥပြုတ်နှင့် အသီးအရွက်ချဉ်များ လုပ်ထားသည်။ သူမသည် မနေ့ညက လုပ်ခဲ့သော ဖက်ထုပ်အချို့ကိုလည်း ဒယ်အိုးနဲ့ကြော်ခဲ့သည်။
အရသာရှိတယ်လို့ မယူဆပေမယ့် အာဟာရပြည့်တဲ့ အစားအစာဖြစ်နေတုန်းပါပင်။ ကျွမ်းကျွမ်း၏ လုပ်ရပ်များသည် ရှောင်းကော၏ အချက်အပြုတ်ကျွမ်းကျင်မှုကို သက်သေပြခဲ့သည်။ ဇလုံနှင့် အိုးထဲရှိ အရာအားလုံးကို သန့်စင်အောင် သုတ်သင်ပစ်လိုက်သည်။
ရှောင်းကောသည် ပန်းကန်အလွတ်များကို ဆေးကြောရင်း ကြီးမားသော ပြီးမြောက်မှုကို ခံစားလိုက်ရသည်။ ဟင်းပွဲလုပ်နေစဉ်တွင် သူမသီချင်းလေးတောင်ညည်းနေလိုက်သေးသည်။
ကျွမ်းကျွမ်းက သူမကို ဆေးကြောဖို့ ကူညီပေးချင်ပေမယ့် ရှောင်းကောက သူ့ကို နှင်ထုတ်ခဲ့သည်။ ဆေးကြောရန် ပစ္စည်းအနည်းငယ်သာရှိသောကြောင့် သူမ သူ့အကူအညီမလိုအပ်ပေ။ သူမသည် တစ်မိနစ်အတွင်း အလွယ်တကူ ဆေးကြောနိုင်သည်။
"မေမေ၊ အစ်ကို ရှောင်းဟူနဲ့ အစ်မ ရှောင်ဟွားကို သွားရှာလို့ရမလား"
ကျွမ်းကျွမ်းက သူ့အခန်းထဲပြန်ရောက်ပြီးနောက် ခဏအကြာ ပြေးထွက်လာပြီး ရှောင်းကောကိုမေးဖို့ မီးဖိုချောင်တံခါးမှာ ရပ်လိုက်သည်။
“ရတာပေါ့"
ရှောင်းကော ခေါင်းညိတ်ပြလိုက်တော့ ကျွမ်းကျွမ်း ပြေးထွက်သွားကာ သူ့လက်ထဲမှာ တစ်ခုခုကို ဆုပ်ကိုင်ထားသည်။
ရှောင်းကောက ရုတ်တရက် တစ်ခုခုကို တွေးပြီး "မြန်မြန်ပြန်လာနော်" လို့ သူ့ကို လှမ်းအော်ပြောခဲ့သည်။
“ဟုတ်!” ကျွမ်းကျွမ်း နောက်ပြန်လှည့်မကြည့်ဘဲ ပြေးထွက်သွားသည်။
ရှောင်းကောက ပြုံးပြီး ဟင်းပွဲတွေဆက်လုပ်ဖို့ ခေါင်းငုံ့ခဲ့သည်။ သူ့ကို စောစောပြန်လာဖို့ တောင်းဆိုတဲ့ အကြောင်းပြချက်မျိုး သူမမှာ မရှိပါဘူး။ သူမ သူ့ကို နည်းနည်းလေး လွမ်းဆွတ်နေပြီး သူနဲ့ စကားခဏခဏ ပြောချင်နေတာ။
ကျွမ်းကျွမ်းသည် သခင်မယန်၏ တံခါးဆီသို့ ပြေးသွားပြီး ပြင်းထန်စွာ တံခါးခေါက်ခဲ့သည်။ ထို့နောက် သူ့လက်ကို ချကာ တံခါးဖွင့်ပေးမည့်သူကို စောင့်နေသည်။
သူ လုံလုံလောက်လောက် အားစိုက်မထုတ်ရင် ဘယ်သူမှ ကြားမှာ မဟုတ်ဘူး။ သူ့ရဲ့ သေးငယ်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကြောင့် သူ့ရဲ့ ကြံ့ခိုင်မှုက ကန့်သတ်ချက် ရှိသည်။
“လာပြီ”
ကျွမ်းကျွမ်းသည် ရှောင်းဟူ၏အသံကိုကြားသောအခါ ပြုံးလို့မဆုံးနိုင်တော့ပေ။ "အစ်ကို ရှောင်းဟူ!"
"ကျွမ်းကျွမ်း!"
အနည်းငယ် အိပ်ငိုက်နေသော ရှောင်းဟူသည် ချက်ချင်း လန်းဆန်းသွားသည်။ သူပြေးပြီး တံခါးကိုဖွင့်လိုက်သည်။
ကျွမ်းကျွမ်းကိုတွေ့တော့ သူ့ကို ပွေ့ဖက်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။ "ကျွမ်းကျွမ်း နောက်ဆုံးတော့ ပြန်လာပြီပေါ့!"
သူ့ကို မတွေ့ရတာ ရက်အတော်ကြာသွားတော့ ရှောင်းဟူ က ပိုသန်မာလာပုံရသဘ်။ သူ့ရင်ခွင်ထဲတွင် သူ့ကို ဆုပ်ကိုင်ထားရင်းသူ့မှာ ရုန်းကန်ရန် နေရာမရှိပေ။
“ဟုတ်တယ် အစ်ကို ရှောင်းဟူ…” ကျွမ်းကျွမ်း သူ့လက်ကို ခက်ခက်ခဲခဲ မြှောက်လိုက်ပြီး ရှောင်းဟူ ကို လက်ဖြင့် ပုတ်လိုက်သည်။ "အစ်ကို ရှောင်းဟူ၊ ကျွန်တော့်မှာဘာပါလာလဲကြည့်လိုက်"
ဒါကိုကြားတော့ ရှောင်းဟူက ကျွမ်းကျွမ်းကိုလွှတ်ပေးလိုက်ပြီး သူ့လက်ကိုကြည့်လိုက်သည်။ "နှမ်းသကြားလုံးလား"
"ဟုတ်တယ်။ ကျွန်တော့်မှာ နှစ်လုံးရှိတယ်။ အစ်ကို့အတွက် တစ်လုံး၊ အစ်မ ရှောင်ဟွားအတွက် တစ်လုံး"
အဲဒါတွေက ဆရာခုံးက သူ့ကိုပေးခဲ့တဲ့ သကြားလုံးတွေပါ။ သူ မစားဘဲ အထူးတလည် ပြန်ယူလာခဲ့တာဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ကျွမ်းကျွမ်း!"
ရှောင်းဟူက ကျေးဇူးတင်စွာဖြင့် တစ်ခုယူကာ ဂရုတစိုက်နဲ့ လျက်လိုက်သည်။ “အရမ်းချိုနေတာပဲ…”
ရှောင်းကောက ကျွမ်းကျွမ်းကို စောစောပြန်လာစေချင်တာကြောင့် ရှောင်းဟူနဲ့ အိမ်ထဲကို လိုက်မဝင်ခဲ့ပေ။ သကြားလုံးပေးပြီးနောက် သူ အိမ်ပြန်လာခဲ့သည်။
ကျွမ်းကျွမ်း အိမ်မှာရှိနေတဲ့ နှစ်ရက်အတွင်းမှာ ရှောင်းကောက သူ့အတွက် အရသာရှိတဲ့ အစားအစာတွေ အများကြီးကို လုပ်ပေးခဲ့သည်။ နှစ်ရက်လောက်ကြာတော့ သူ့ဗိုက်က ပိုလုံးလာသည်။
ရှောင်းကောက သူ့အတွက် ပြင်ဆင်ထားတဲ့ ကိုယ်အလေးချိန် လျှော့ချမယ့် အစီအစဉ်ကို အကောင်အထည် ဖော်ဖို့ အခွင့်အလမ်း မရှိပေ။ ယခု သူမသည် ကျွမ်းကျွမ်း အရပ်ရှည်လာဖို့သာ မျှော်လင့်နိုင်သည်၊ မဟုတ်ပါက သူ ဝပြီးပုသွားလိမ့်မည်။
–
မြို့တော်၌....
"ဟေး ဟေး ဟေး!"
လီရှို့ကျီသည် ကျန်းတန်းဟယ်ရှေ့မှာ အကြိမ်များစွာ လမ်းလျှောက်ခဲ့သည်။ သူ့ရှေ့တွင် သူရှာဖွေနေသော အရာများကို သတ္တိရှိရှိ လက်ဝှေ့ယမ်းခဲ့သည်။ ကျန်းတန်းဟယ်က သူ့ကို မတားဘဲ ခေါင်းငုံ့ကာ ပုံမှန်မဟုတ်တဲ့ အပြုံးကို ထုတ်ဖော်ခဲ့သည်။
လီရှို့ကျီသည် သူ့လက်ထဲက သတ္တုအပိုင်းအစကို အမူအရာမပြဘဲ ပစ်ချလိုက်ပြီး ကျန်းတန်းဟယ်ဆီသို့ လျှောက်သွားလိုက်သည်။ ထိုလူ အလေးအနက်ထားကာ ဘာကြည့်နေတာလဲဆိုတာကို သူမြင်ချင်လာသည်။
တွန်းအားတစ်ခုဖြင့် ခေါင်းကို ရှေ့သို့ ကိုင်းလိုက်သည်။
ကျန်းတန်းဟယ် စားပွဲပေါ်ရှိ ပုံဆွဲစာရွက်ကို လေးလေးနက်နက် ကြည့်နေသောအခါတွင် သူ၏ အမြင်အာရုံကို အနက်ရောင် ခေါင်းကြီးတစ်ခုက ရုတ်တရက် ပိတ်ဆို့သွားသည်။
"လီ ! ရှို့ ! ကျီ !"
ကျန်းတန်းယ်က သူ့ကိုမြင်တော့ ခေါင်းကိုက်လာသလို ခံစားရသည်။
လီရှို့ကျီက စိတ်မ၀င်စားပေ။ အများဆုံးကတော့ ကျန်းတန်းဟယ်ရဲ့ ရိုက်တာကိုခံရမှာပဲ။ မည်သို့ပင်ဆိုစေကာမူ သူသည် ယခင်က ကြုံတွေ့ခဲ့ဖူးပြီး ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
သူစကားပြောပြီး လက်လှမ်းပြီး ကောက်ကိုင်လိုက်သည်။ ပုံဆွဲထားတဲ့ပုံစံက ကလေးဆန်လွန်းသည်။ သူ့ရဲ့လက်တွေကိုတောင် မသုံးဘဲ သူဒီထက်ပိုကောင်းအောင် ဆွဲနိုင်သည်။ ကျန်းတန်းဟယ်သည် ဤအရာကို ကြည့်ရင်း လွန်စွာ စူးစူးရဲရဲ ကြည့်နေမိသည်။ သူ့မှာ ဘယ်လို အကြိုက်မျိုးရှိနေတာလဲ။ ပန်းချီကားတစ်ချပ်လို့ ဘယ်သူမှ မပြောခဲ့ဘူးဆိုရင် ဒါက မှင်အစွန်းအထင်းတွေကို ရှင်းဖို့ အသုံးပြုခဲ့တဲ့ စာရွက်တစ်ရွက်လို့ ထင်လိမ့်မည်။
"ဒါကို ဘယ်ကလေးက ဆွဲထားတာလဲ"
"ငါ့မိန်းမ။"
“...…” လီရှို့ကျီသည် သူ၏ မထီမဲ့မြင်ပြုသော အမူအရာကို ဖယ်လိုက်ပြီး ကျန်းတန်းဟယ်ကို ကြည့်လိုက်သည်။ သူ့လက်ထဲက ပန်းချီကားကို ကြည့်ဖို့ ခေါင်းငုံ့လိုက်ပြီး ကျန်းတန်းဟယ်ကို ပြန်ကြည့်ခဲ့သည်။
ကျန်းတန်းယ်က သူ့လက်နှစ်ဖက်ကို ပိုက်ထားပြီး တိတ်တိတ်လေး ခေါင်းညိတ်ခဲ့သည်။
“ဟားဟား…” လီရှို့ကျီသည် သူ့မျက်နှာပေါ်တွင် အေးခဲနေသော အပြုံးကို ဆင်မြန်းထားသည်။ သူ လျင်မြန်စွာ တုန့်ပြန်ကာ ခေါင်းညိတ်ပြီး ပန်းချီကားကို ချီးကျူးလိုက်သည်။ "လိုင်းတွေက နည်းနည်းတော့ကြောင်ခြစ်ရာလိုဖြစ်နေပေမယ့်၊ အဲဒါက တပိုင်စတိုင်နဲ့ တူတယ်။ စုတ်ချက်တိုင်းက အရမ်းတိကျတယ်။ တကယ်ကို....တော်တယ်... ဟားဟား"
လီရှို့ကျီက ဒီအဆင်မပြေတဲ့ မှတ်ချက်ကို ဖော်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ ကျိန်ဆိုခဲ့သည်...
“…...” ကျန်းတန်းဟယ် စကားမပြောဘဲ သူ့လက်ကို လှမ်းလိုက်သည်။
လီရှို့ကျီ၏ မျက်လုံးတွေက ကျန်းတန်းဟယ်၏ လုပ်ရပ်များကို လျင်မြန်စွာ တွေ့မြင်လိုက်ရသည်။ သူ လှုပ်ရှားနေတာကို မြင်တော့ ပန်းချီကားကို လက်နှစ်ဖက်နဲ့ တလေးတစား လွှဲပေးလိုက်သည်။
ကျန်းတန်းဟယ်သည် စာကိုယူကာ လီရှို့ကျီ မတော်တဆလုပ်မိသော အရေးအကြောင်းများကို ရှင်းထုတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် အပြုံးကို မဖုံးကွယ်နိုင်ပေ။
ပန်းချီကားတွေက အနည်းငယ် ထူးဆန်းနေသော်လည်း အခမ်းအနား မြင်ကွင်းကို သူ စိတ်ကူးကြည့်နိုင်သည်။ သူ့စိတ်ထဲတွင် ကျေနပ်မှုအာရုံက ပျောက်ကွယ်သွားမည်မဟုတ်ပေ။
သူ မကူညီနိုင်ဘဲ သက်ပြင်းချမိသည်။ သူတို့ ကျွမ်းကျွမ်းက အမှန်တကယ် ကြီးပြင်းလာခဲ့ပြီ။
"မင်းဘယ်သွားမလို့လဲ"
တစ်ဖက်လူက စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် လီရှို့ကျီ ကမန်းကတန်း မေးလိုက်သည်။
"ငါ့အခန်းထဲပြန်မလို့"
"ဒီည ချိန်းထားတာကို မမေ့နဲ့နော်"
ကျန်းတန်းဟယ် ခေတ္တရပ်ကာ ထွက်ခွာမသွားမီ မသိမသာ ခေါင်းညိတ်လိုက်သည်။
လီရှို့ကျီက သူထွက်သွားတာကိုကြည့်ပြီး အရမ်းစိတ်ကောင်းဝင်နေသည်။ သူ့လက်တွေကို ခေါင်းနောက်မှာ ထားပြီး လေချွန်သံကို စတင်လိုက်သည်။
သူသိသည်။ ကျန်းတန်းဟယ် မြို့တော်မှ ထွက်ခွာရန် ခက်ခဲလိမ့်မည်။
သူ၏ လေချွန်သံကြောင့် သစ်ကိုင်းပေါ်ရှိ ငှက်တွေ လန့်သွားကြသည်။ အော်ဟစ်၍ ကောင်းကင်သို့ ပျံတက်သွားကြသည်။ အချိန်အတန်ကြာပြီးနောက် သူတို့သည် နောက်ဆုံးတွင် ပြန်ပြေးလာပြီး သစ်ပင်ကြီးကြီးကို စွန့်ခွာရန် မခံနိုင်သောကြောင့် တစ်နေရာတည်းသို့ ပြန်ဆင်းသက်လာကြသည်။
ဒါကိုမြင်တော့ လီရှို့ကျီက ရယ်ပြီး သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့တီထွင်မှုကို ကောက်ယူပြီး သူ့အခန်းထဲကို ဖြည်းဖြည်းချင်း ပြန်သွားခဲ့သည်။
လမ်းတွင် လေးလေးနက်နက် အသက်ရှူရှိုက်လိုက်သည်။ အံ့သြစရာကောင်းတဲ့ ခံစားချက်တစ်ခု ဖြစ်ခဲ့သည်။
နွေဦး တကယ်ရောက်နေပြီထင်တယ်...