အခန်း (၂၉၁)
Vol. 20 Ch. 291
အိမ်သို့ ပြန်ရောက်ပြီးနောက် ကျန်းတန်းဟယ်သည် ညဘက်တွင် စာတစ်စောင်ရေးပြီး စာတိုက်သို့ လွှဲပြောင်းပေးခဲ့သည်။
တကယ်တော့ ရှောင်းကောက သူ့ဆုံးဖြတ်ချက်ကို သဘောတူပါ့မလားဆိုတာ သူ မသိပေ။ အားလုံးကို ချရေးပြီး သူမရဲ့ ရိုးသားတဲ့ အမြင်ကို တောင်းဆိုခဲ့သည်။ သူမ သဘောတူရင်ကောင်းမည်။ သူမသာ သဘောမတူပါက၊ သူ အခြားရွေးချယ်စရာ အစီအစဉ်များပြုလုပ်လိမ့်မည်။
ရှောင်းကော စာကိုလက်ခံရရှိသောအခါတွင် ကျွမ်းကျွမ်းကို ဆရာခုံးထံသို့ ပြန်ပေးပို့ရမည့်အချိန်ဖြစ်သည်။
!!
ရှောင်းကောက ကျွမ်းကျွမ်းကို မနေ့က အိမ်ပြန်ခေါ်လာခဲ့သည်။ နောက်နေ့မနက်မှ ပြန်ပို့ရမယ်ထင်ပေမယ့် ဒီနေ့က တိမ်ထူတဲ့နေ့ပင်။ အပြင်ဘက်တွင် လေပြင်းများ တိုက်ခတ်နေပြီး ကောင်းကင်တွင် တိမ်မည်းများဖြင့် ပြည့်နေသည်။ မကြာမီတွင် မုန်တိုင်းတစ်ခု ရောက်လာမယ့်ပုံရပြီး ရက်အနည်းငယ်အထိ ကြာနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ရှောင်းကောသည် ကျွမ်းကျွမ်းကို စောစော ပြန်ပို့ရန် ဆုံးဖြတ်ခဲ့သည်။
နေ့လည်စာစားပြီးနောက် ရှောင်းကောသည် အလွန်တွန့်ဆုတ်စွာဖြင့် ကျွမ်းကျွမ်းကို ပို့ခဲ့သည်။ လက်ရှိရာသီဥတုအခြေအနေအရ သူ့ကို မနက်ဖြန်မှ ပြန်လွှတ်မယ်ဆိုရင် ခရီးထွက်နိုင်မှာမဟုတ်ဘူး။ မိုးသည်းထန်စွာရွာပြီး ဖုန်ထူတဲ့လမ်းတစ်လျှောက်မှာ ရွှံ့နွံအခြေအနေတွေကြောင့် ခရီးသွားဖို့ မဖြစ်နိုင်တော့ပေ။ ရက်အနည်းငယ်ကြာတဲ့အထိ မိုးဆက်ရွာနေမယ်ဆိုရင် ပိုဆိုးပါလိမ့်မည်။
သူမရဲ့အပြန်လမ်းမှာ ရွာအဝင်ဝ၌ စာဆက်သားနဲ့ တိုးခဲ့သည်။ သူက ရွာထဲဝင်နေပြီ။ ရှောင်းကော၏မြည်းရထားလုံးက နောက်သို့ အနီးကပ်လိုက်လာပြီး သူ့ကိုလှမ်းအော်ခဲ့သည်။ သူမအတွက် စာတစ်စောင်ပါလာရင် သူ့ဆီကနေပဲ သူမ တိုက်ရိုက်ယူလိုက်ရုံပဲ။ ရာသီဥတုကိုကြည့်လိုက်တော့ မကြာခင် မိုးရွာတော့မည်။ စာဆက်သား အချိန်အနည်းငယ်သက်သာပြီး စောစောပြန်သွားနိုင်သည်။
"တိုက်ဆိုင်လိုက်တာ သခင်မ၊ သခင်မအတွက် စာတစ်စောင်ပါတယ်"
ရှောင်းကောကို တွေ့လိုက်ရတော့ စာဆက်သားက အရမ်းပျော်သွားသည်။ ဒီလိုဆိုးရွားတဲ့ရာသီဥတုမှာ ဘယ်သူမှ အပြင်ကိုမထွက်ချင်ကြပေ။ သူ့မှာ ရွေးချယ်စရာမရှိပေ။ ဤအခိုက်အတန့်တွင် သူ မိုးကိုရှောင်ပြီး စောစောပြန်နိုင်မည်ဟု မျှော်လင့်ထားသည်။
"ကျွန်မကို ပေးလိုက်။ ရှင် ဒီရာသီဥတုမှာ စောစောပြန်သင့်တယ်"
"ဟူး ..ကျွန်တော် အခုပြန်လိုက်ပါ့မယ်"
ရှောင်းကောသည် စာကိုယူကာ အိမ်သို့ အမြန်မောင်းသွားခဲ့သည်။
ကောင်းကင်ကြီးက ပိုမှောင်လာပြီ။ မွန်းတည့်ချိန်ကျော်ရုံလေးသာရှိသော်လည်း ညနေရောက်နေတဲ့အချိန်လိုဖြစ်နေသည်။
ရှောင်းကော အိမ်ပြန်ရောက်သောအခါ သူမသည် မွေးမြူရေးခြံတွင် နောက်ထပ်အမိုးအကာထပ်အုပ်ပေးလိုက်သည်။ ဒါတွေက တဲခေါင်မိုးကို ခိုင်ခံ့အောင်လုပ်ဖို့ လွန်ခဲ့တဲ့ နှစ်ရက်က သူမ သီထားခဲ့တဲ့ ကျူပင်တွေပါ။ နွေဦးရောက်သောအခါ မိုးရွာသွန်းမှု တိုးလာသည်။ တဲကို ရေစိုခံရန် နောက်ထပ် အလွှာအနည်းငယ် ထပ်ထည့်ရသည်။
လေပြင်းကြောင့် ရှောင်းကော လှေကားကို ချလိုက်ပြီးနောက် အဲ့တာက ချက်ခြင်းပင် လွင့်ပျံသွားသည်။ နေရာပြန်ချထားပြီးနောက်တွင် လွင့်သွားပြန်သည်။ ဤသည်မှာ အကြိမ်များစွာ ဖြစ်ပွားခဲ့သည်။ အဆုံးတွင် သူမသည် လေဒဏ်ခံနိုင်သော နေရာသို့ ပြောင်းရွှေ့ခဲ့ရသည်။
လက်တစ်ဖက်တွင် ကျူပင်ကြီးလက်တစ်ဆုပ်ကို ကိုင်ကာ တစ်ဖက်ကလှေကားကို ကိုင်ပြီး လှေကားပေါ်သို့ ဂရုတစိုက် တက်လိုက်သည်။ လေတိုက်သောအခါ ကျူပင်များ လွင့်သွားကြသည်။ အဲဒါက သူမကို လှေကားပေါ်ကနေ လှုပ်ခါသွားစေခဲ့ပြီး အဲ့လိုဖြစ်နေစဉ် သူမရဲ့နှလုံးက ဒရမ်လို ခုန်ပေါက်နေသည်။
မွေးမြူရေးခြံကို အလျင်အမြန် အပြီးဆောက်ပြီး ခြံဝင်းကို သပ်သပ်ရပ်ရပ် ပြင်ဆင်ခဲ့သည်။ မလိုအပ်သောပစ္စည်းများကို သိမ်းဆည်းကာ အိမ်ထဲသို့ ယူဆောင်သွားရမည့်ပစ္စည်းများကို သိမ်းဆည်းခဲ့သည်။ သူမ မုန်တိုင်းအတွက် ပြင်ဆင်နေသည်။
တခြားဘာမှ ထုပ်ပိုးစရာမရှိဘူးဆိုတာ သေချာပြီးနောက် ရှောင်းကောက သူမရဲ့လက်တွေကိုဆေးပြီး အိမ်ထဲပြန်ဝင်ခဲ့သည်။
ရှောင်းကော အိမ်ထဲသို့ဝင်သောအခါတွင် မှောင်လွန်းသောကြောင့် ဆီမီးထွန်းထားရသည်။ အခန်းတွင်း မီးတောက်များ လင်းလက်နေချိန်တွင် လျှပ်စီးနှင့် မိုးခြိမ်းသံများ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ ရှောင်းကော လန့်သွားပြီး သူမလက်ကို မီးတောက်လောင်နေတဲ့ ဆီမီးနဲ့ မတော်တဆ ထိမိသွားခဲ့သည်။အပူလောင်ပြီးနာသွားတဲ့ လက်ကို ရုတ်ရင်း စားပွဲပေါ် ကဖန်ခွက်နဲ့ တိုက်မိသွားပြန်သည်။
ကွင်းဆက်တုံ့ပြန်မှုသည် ရှောင်းကောကို တုံ့ပြန်ရန် အချိန်မပေးနိုင်ခဲ့ပေ။ သူမ ခံစားသိရှိလာသောအခါတွင် မိုးက သည်းထန်စွာရွာလာပြီ။ ဖန်ခွက်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် ဆီမီး ငြိမ်းသွားကာ ကြမ်းပြင်ပေါ်သို့ ရေများ ဖိတ်စင်သွားခဲ့သည်။
“...…”
လေတွေ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ရှောင်းကော ရဲ့ စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို နှိုင်းယှဉ်လို့ မရပါချေ။
ခဏအကြာတွင် သူမ ဖြည်းဖြည်းချင်း စိတ်ထိန်းပြီး ဆီမီးကို ထပ်ထွန်းညှိလိုက်သည်။ ထို့နောက် ထိုင်ချလိုက်ပြီး ဖန်ခွက်ကို ကောက်ယူလိုက်သည်။ မူလနေရာ၌ ပြန်ထည့်ကာ သူမလက်ချောင်းပေါ် ဆေးလိမ်းရန် အခန်းထဲသို့ ပြန်သွားခဲ့သည်။
ပြီးသွားတော့ စားပွဲမှာ ထိုင်ချလိုက်ပြီး မောပန်းနွမ်းနယ်နေခဲ့သည်။
လှဲလျောင်းပြီး အနားယူရင်းနဲ့ ရုတ်တရက် ရင်ဘတ်ပေါ် ကတစ်ခုခုကို ခံစားလိုက်ရသည်။ ပဟေဠိဖြစ်သွားကာ သူမသည် ၎င်းကိုထုတ်ယူလိုက်ပြီး ကျန်းတန်းဟယ်ထံမှ စာတစ်စောင်ရရှိခဲ့သည်ကို သတိရသွားသည်။ အစောပိုင်းက သူမသည် ၎င်းကိုလက်ခံရရှိချိန်တွင် သူမ၏ အင်္ကျီထဲသို့ထည့်ကာ ခြံဝင်းကို စတင်သန့်ရှင်းရေးလုပ်ခဲ့သည်။ အဲဒီနောက်မှာတော့ သူမ လုံးဝမေ့သွားခဲ့သည်။
ဆီမီးထွန်းရင်း စာကို သေသေချာချာဖတ်ခဲ့သည်။ စာကိုပြန်ချလိုက်ပြီးနောက် ရှောင်းကော လက်နှစ်ဖက်နဲ့ မေးထောက်ထားသည်။ ဒီအချိန်မှာ သူမရဲ့ အတွေးတွေက ရှုပ်ထွေးနေသည်။ နွေဦးရောက်လာပြီဖြစ်သော်လည်း ကျန်းတန်းဟယ် ပြန်မလာတော့ပေ။
ထိုစာထဲတွင် ကျန်းတန်းဟယ်က သူမအား အရာအားလုံးနှင့် သူ့အတွေးများကို ပြောပြထားခဲ့သည်။ မူအရတော့ အရမ်းကောင်းပါသည်။ မြို့တော်မှာနေဖို့ အကြောင်းပြချက်တိုင်း ရှိသည်။ တခြားနေရာတွေမှာ ပိုကောင်းတဲ့အလုပ် မတွေ့နိုင်ဘူး။
ဒါပေမယ့်လည်း ရှောင်းကော အနည်းငယ် စိတ်ဓာတ်ကျနေသည်။ ရုတ်တရက် ဘာဖြစ်သွားမှန်း သူမ မသိလိုက်ပေ။ ကမ္ဘာပျက်ကာလတွင် သူမသည် အမြဲတမ်း အထီးကျန်နေပြီး အခက်အခဲမျိုးစုံနှင့် အန္တရာယ်များကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။ သူမသည် အရာအားလုံးကို ရှင်သန်ကာနေနိုင်ခဲ့သည်။ ဒါပေမယ့် ဒီနေ့ သူမဘာတွေ မှားနေလဲ...?
"ဒီလိုရာသီဥတုမျိုးကြောင့်ပဲဖြစ်ရမယ်!"
ကောင်းကင်ကို ဝုန်းဒိုင်းကြဲပစ်လိုက်ပြီးနောက် ရှောင်းကော နေလို့ ပိုကောင်းလာသည်။ သူမသည် မိုးအုံ့နေသည့် ရာသီဥတုကြောင့် စိတ်ဓာတ်ကျနေနိုင်သည်။ သို့မဟုတ် အခြားအကြောင်းကြောင့် ဖြစ်နိုင်သည်။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျန်းတန်းဟယ်ရဲ့ ဆုံးဖြတ်ချက်က ကောင်းပါသည်။ စာထဲမှာတော့ တစ်လတစ်ကြိမ် ပြန်လာဖို့ကြိုးစားမယ်ဆိုတာနဲ့ အချိန်ပိုကြာအောင် နေလို့ရနိုင်အောင် ကြိုးစားသွားမယ်လို့ ရေးထားသည်။
ယုတ္တိဗေဒအရပြောရလျှင် ရှောင်းကော ဤအစီအစဉ်ကို အလွန်ကျေနပ်ပါသည်။ ဘာကြောင့်လဲ ဆိုတော့ လူတွေကြား အကွာအဝေးကို ထိန်းထားရတာ ကောင်းပါသည်။ အကယ်၍ သူမသည် ကျန်းတန်းဟယ်နှင့် နေ့တိုင်း အမှန်တကယ် အချိန်ဖြုန်းခဲ့မည်ဆိုပါက၊ သူတို့ကြားတွင် ပွတ်တိုက်မှုများရှိလာမည်မှာ မလွဲမသွေပင်ဖြစ်သည်။ တစ်လတစ်ကြိမ် ပြန်လာနိုင်တာ ကောင်းသည်။ ဆိုရိုးစကားအတိုင်း မရှိနေတာက နှလုံးသားကို မြတ်နိုးလာစေသည်။
လူအချင်းချင်း အကွာအဝေးကို ထိန်းသိမ်းထားသင့်ပါသည်။ အိမ်ထောင်သည်များအတွက်လည်း အတူတူပင်။ ဤသည်မှာ ရေရှည်ဆက်ဆံရေးကို သေချာစေရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေကြည့်ရင်တော့...
“ဟူး…”
ဘာမျှော်လင့်ချက်မှမရှိရင် စိတ်ပျက်ဖို့ အခွင့်အလမ်းရှိမှာမဟုတ်ဘူး။
အပြင်ဘက်တွင် လေပြင်းနှင့် မိုးသည်းထန်စွာ ရွာနေသည်။ ရှောင်းကော တံခါးများနှင့် ပြတင်းပေါက်များကို တင်းကျပ်စွာ ပိတ်ထားခဲ့သည်။ ဒီလိုရာသီဥတုမျိုးမှာ သူမ အပြင်ထွက်သွားရင် လေတိုက်လို့ လွင့်သွားနိုင်တယ်လို့ ခံစားရသည်။ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ပြီးနောက် သူမ ပို၍ လုံခြုံသည်ဟု ခံစားရသည်။
သူမ စားပွဲဆီသို့ ပြန်သွားပြီး ကျန်းတန်းဟယ်၏စာကို ဖယ်ထားလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် နောက်ထပ်နှစ်ရက်ကြာအောင် အိမ်မှ ထွက်သွားနိုင်မည်မဟုတ်ပေ။ သူ့အား အကြောင်းပြန်ရန် အလျင်စလိုမရှိပေ။
ညစာစားချိန်ရောက်သောအခါ ရှောင်းကောသည် တဖွဲဖွဲရွာသွန်းနေသောမိုးကိုကြည့်ပြီး သူမပြီးရင် ဘာစားရင်ကောင်းမလဲဟု စဉ်းစားမိသည်။
မိုးရွာတဲ့နေ့တွေမှာ ဟော့ပေါ့က အကောင်းဆုံးပဲ။
တိုက်ဆိုင်စွာပင် သူမ ရေခဲသေတ္တာထဲတွင် အသားလုံးများစွာရှိသည်။ ချင်းအန့်မင် ယခင်က ၎င်းတို့ကို သူမအတွက် ပြန်ယူလာခဲ့သော်လည်း သူမ မစားဖူးခဲ့ပေ။ ကျွမ်းကျွမ်းအတွက် ခေါက်ဆွဲနဲ့ အသားလုံးများကို တစ်ကြိမ်ကြော်ပေးဖူးရုံမှလွဲ၍ ကျန်တာကို သူမ မစားဖူးပေ။
ရှောင်းကော သူမ၏ သတ္တိကို စုဆောင်းပြီး ထွက်သွားခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် မိုးခြိမ်းသံနှင့်အတူ ဆူညံနေသော မိုးသံများက သူမ၏ နားစည်ကို ထိမှန်သွားသည်။ မီးဖိုခန်းဆီသို့ တံဆက်မြိတ်တစ်လျှောက်ကနေ ဂရုတစိုက် လျှောက်သွားခဲ့သော်လည်း သူမ ဘယ်လောက်ပဲ သတိထားနေပါစေ သူမ၏ ခြေဖဝါးနှင့် ပခုံးများ စိုစွတ်နေလေသည်။
မီးဖိုချောင်သို့သွားကာ ကြေးနဲ့လုပ်ထားသည့်အိုးကို မော့ကြည့်လိုက်သည်။ ခဏလောက်စဉ်းစားပြီးမှ မေ့ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမ မြေနဲ့လုပ်ထားတဲ့မီးဖိုတစ်ခုကိုသာ ဆင်ခဲ့သည်။
အခုလို အေးတဲ့ရာသီဥတုမှာ ဟော့ပေါ့ကို အရသာခံပြီး မီးဖိုမှာ နွေးနွေးထွေးထွေး နေရတာ ကောင်းပါသည်။
မီးဖိုကို မီးညှိပြီး မီးမွှေးပြီးနောက်၊ ရှောင်းကော သည် အခြားနေရာရှိ မီးဖိုချောင်သို့ ပြန်သွားခဲ့သည်။ ရေခဲသေတ္တာကိုဖွင့်ပြီး အေးခဲထားသော သိုးသားတုံးများနှင့် အသားလုံးများကို ထုတ်ယူလိုက်သည်။ အစားအသောက်တွေ အများကြီးကို သူ့ဘာသာသူ စားမကုန်နိုင်တာမို့ ပန်းကန်ထဲမှာ နည်းနည်းစီထည့်ထားလိုက်သည်။
ရှောင်းကောသည် ရေဓာတ်မပြည့်ဝမီ အေးခဲထားသော မှိုတစ်ထုပ်ကို တွေ့ရှိခဲ့သည်။ ကျွမ်းကျွမ်းအတွက် နောက်ဆုံး ထမင်းကြော်လုပ်ပေးခဲ့တုန်းက မှိုတွေ အများကြီးပြင်ဆင်ထားလို့ မကုန်ခဲ့ပေ။ ဒီတစ်ခါတော့ ဟော့ပေါ့ထဲမှာ ထည့်လို့ရသည်။
တခြား အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ မကျန်တော့ပေ။ သူမသည် ဂေါ်ဖီထုပ်မှ အရွက်များကိုသာ လှီးဖြတ်ပြီး ရေဆေးခဲ့သည်။ ကျန်ရှိသောနံရိုးအပိုင်းကို စွပ်ပြုတ်အဖြစ် နောင်တွင်အသုံးပြုရန် သိမ်းဆည်းထားနိုင်သည်။
မီးဖိုချောင်သို့ ပြန်ရောက်သောအခါ ဟင်းသီးဟင်းရွက်ခြင်းတောင်းထဲတွင် အညှောက်ပေါက်တော့မည့် အာလူးအနည်းငယ်ကို တွေ့လိုက်ရသည်။ အခွံခွာပြီး လှီးဖြတ်ပြီး နောက်မှ ဟော့ပေါ့ထဲသို့ ထည့်မည်။
ပါဝင်ပစ္စည်းတွေက အဆင်သင့်ဖြစ်နေပြီ။ ရှောင်းကော သည် ရေပွက်ပွက်ဆူလာမည့်အချိန်ကို စောင့်ခဲ့ရသည်။
စောင့်ဆိုင်းနေစဉ်တွင် ခေါက်ဆွဲခြောက်နှင့် နှမ်းဆော့စ်တစ်ပန်းကန် ပြင်ဆင်ခဲ့သည်။ ပြန်လာတော့ ရေတွေဆူနေပြီ။
ဟင်းရည်အခြေခံမရှိသောကြောင့် ရိုးရိုးရေကိုသာသုံးကာ ဆား၊ နွေကြက်သွန်နီနှင့် ဂျင်းအနည်းငယ်ထည့်လိုက်သည်။ မွှေးရနံ့က ထူးထူးခြားခြား မဟုတ်ပေမယ့် ဟင်းရည်ထဲမှာ ပါဝင်ပစ္စည်းတွေရဲ့ စစ်မှန်တဲ့ အရသာတွေ ဝင်နေတာ ကောင်းသည်။
မှိုနှင့် ကြက်ဆီအနည်းငယ်ထည့်လိုက်သည်။ ရေပြန်ဆူလာတဲ့အခါ ဟင်းရည်က ပိုအရသာရှိသည်။ ဗိုက်ကိုနွေးသွားစေရန် ပန်းကန်လုံးတစ်လုံးကို ခပ်လိုက်သည်။ ထို့နောက် အသားလုံးသေးသေးလေးများနှင့် အာလူးချပ်များကို ထည့်လိုက်သည်။ ဟင်းရည်ပွက်ပွက်ဆူလာသောအခါ သိုးသားနှင့် ဂေါ်ဖီရွက်တို့ကို ထည့်ခဲ့သည်။
သူမ တစ်ယောက်တည်းစားနေတာဆိုတော့ ပါဝင်ပစ္စည်းတွေကို နည်းနည်းချင်းစီမထည့်ပေ။ အဲဒီအစား သူမဟာ အားလုံးကို ပေါင်းထည့်လိုက်ပြီး ကျက်သွားတဲ့အခါ ဖယ်ထုတ်ထားလိုက်သည်။ ဒီနည်းက ပိုအဆင်ပြေသည်။
အပြင်မှာ မိုးတွေက တဖွဲဖွဲနဲ့ရွာသွန်းနေသည်။ ရှောင်းကော၏ မျက်လုံးများနှင့် နှလုံးသားက ရေနွေးငွေ့ဖြင့် ပြည့်နေသည်။ သူမ မနှိုက်စားခင်မှာ သူမရှေ့က အံ့သြစရာကောင်းတဲ့ မြင်ကွင်းကြောင့် သူမရဲ့ ခန္ဓာကိုယ်က ပူနွေးလာခဲ့သည်။
အဆုံးမှာတော့ အသားလုံးနဲ့ အသီးအရွက်တွေ တစ်အိုးလုံး အကုန်ပြောင်သွားခဲ့သည်။ ခေါက်ဆွဲနည်းနည်းထည့်ချင်ပေမယ့် နေရာမရှိပေ။ ထို့ကြောင့် သူမ ၎င်းတို့ကို ရေခဲသေတ္တာထဲတွင်သာ ပြန်ထားနိုင်ခဲ့သည်။ နောက်ဆုံးတော့ ပန်းကန်ဆေးဖို့တောင် ခွန်အားမရှိတော့ပေ။ အဲဒီအစား သူမဗိုက်ကို ပွတ်ပြီး အခန်းထဲမှာ အနားယူလိုက်သည်။