← Chapters

အခန်း (၂၉၇)

Vol. 20 Ch. 297

အခန်း (၂၉၇)

Vol. 20 Ch. 297

"ဟုတ်တယ် ညီမလေးပြောတာမှန်တယ်!"

အန်တီလင်းက ပြုံးလျက်ပြောလိုက်သည်။ "အဲဒီကလေးမလေး နာမည်က လင်း သူမက အရမ်းချစ်စရာကောင်းတယ်။ သူမက ကျွမ်းကျွမ်းနဲ့ အရမ်းလိုက်ဖက်တယ်"

ရှောင်းကော အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး ထိုအမျိုးသမီး၏ ရည်ရွယ်ချက်ကို နားလည်ရန် ခက်ခဲသွားသည်။ ကျွမ်းကျွမ်းနဲ့ စေ့စပ်ဖို့က အရမ်းစောလွန်းသည်။ ဒါက လုံးဝရယ်စရာကောင်းသည်။

"သူတို့ အရင်စေ့စပ်ထားပြီး နှစ်အနည်းငယ်ကြာမှ လက်ထပ်လို့ရတာပဲ၊ မကြာခင် ညီမလေးက အဖွားဖြစ်လာလိမ့်မယ်..."

တစ်ဖက်က ပိုပြောတော့မှာမို့ ရျောင်းကော က သူမကို အမြန်တားလိုက်သည်။ သူမကို ဆက်ထားလိုက်ရင် တစ်ဖက်က စိတ်လျိုပ်ရှားပြီး သူမ ဆုံးဖြတ်ချက်ချတော့မှာကို သူမ ကြောက်သည်။

"မဖြစ်ဘူး၊ မဖြစ်ဘူး၊ ကျွန်မတို့ရဲ့ ကျွမ်းကျွမ်းက ငယ်ပါသေးတယ်၊ အလျင်စလိုလုပ်စရာမရှိဘူး။"

ရှောင်းကော က သူမကို လိမ္မာပါးနပ်စွာ ငြင်းပယ်ခဲ့သည်။ အကယ်၍သာ သူမကို ရနိုင်သူတစ်ဦးဖြစ်ခဲ့လျှင် သူမသည် အရိပ်အမြွက်ကြားပြီး စကားစဲသွားပေလိမ့်မည်။ ဒါပေမယ့် အန်တီလင်းသည် ရွာတွင် ထိပ်တန်း အောင်သွယ်သမားဖြစ်သည်။ သူမသည် အလွန်ပင် ဇွဲလုံ့လရှိ၍ သူမ၏ ပန်းတိုင်ကို မရောက်မချင်း လက်မလျှော့ခဲ့ပေ။ ဒီလောက်လွယ်လွယ်နဲ့ အရှုံးပေးနိုင်မယ့် နည်းလမ်း မရှိပါဘူး။

"အိုက်ရိုး ညီမလေးရယ်၊ အဲဒါ ဘာကိုဆိုလိုချင်တာလဲ။ အချိန်တွေကုန်တယ်။ သူတို့နှစ်ယောက်ကို အရင်စေ့စပ်ထားလိုက်ရအောင်၊ နောက်မှ လက်ထပ်ပေးလို့ရတယ်လေ!"

“ကျွန်မ အဲလို မထင်ဘူး။”

ရှောင်းကောသည် ၎င်းကိုထုပ်ပိုးရန် မည်မျှပင်ကောင်းသည်ဖြစ်စေ သူမ အဆိုပြုသည်ကို သဘောမတူနိုင်ပေ။ သူမမှာ ဘာအမှားရှိလို့လဲ။ ရှောင်းကော အသက်ပြင်းပြင်းရှူပြီး တည်ငြိမ်သောလေသံဖြင့် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။

"အန်တီ ကျေးဇူးပြုပြီး ရပ်လိုက်ပါ၊ ကျွန်မရဲ့ ကျွမ်းကျွမ်းက ငယ်သေးတယ်၊ သူကြီးလာတဲ့အခါကျရင် ဒီအကြောင်း ပြောကြရအောင်။"

အန်တီလင်းက မျက်ဖြူလှန်လိုက်ပြီး ရှောင်းကောသည်လျုဟိုင်၏သမီးကို မကျေနပ်နိုင်ဘူးဟု ခန့်မှန်းခဲ့သည်။ အရေးမကြီးပါဘူး။ သူမတွင် အခြားမိန်းကလေးများစွာ ရှိပါသေးသည်။

"ညီမလေး လျို မိသားစုကို မကြိုက်ရင် ကျန့်ချွမ်တန်း ရဲ့ မိသားစုမှာလည်း မိန်းကလေး နှစ်ယောက် ရှိတယ်။ အကြီးဆုံးလေးက ဆယ်နှစ်၊ အငယ်ဆုံးက သုံးနှစ်ပဲ ရှိသေးတယ်။ လီရွှမ်းရှု့ရဲ့ သမီးက ဒီနှစ်ဆို လေးနှစ်ပြည့်ပြီ။ မုဆိုးမ စုန့်ရဲ့ သမီးက ခြောက်နှစ်၊ ယန်လုံ မိသားစုက အမွှာက ဒီနှစ်က ငါးနှစ်ပြည့်မှာ။ ဆဌမမြောက် မောင်လေးရဲ့ မြေးမလေးက..."

ရှောင်းကော မခံနိုင်တော့ပေ။ သူမသည် ရွာရှိ မိန်းမပျို အားလုံးကို နာမည်တွေလာပြောပြနေသည်။ ဘာတွေဖြစ်နေတာလဲ?

"အန်တီ! မလိုအပ်ဘူး။ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ရဲ့ ကျွမ်းကျွမ်းက အိမ်ထောင်ပြုဖို့ မစဉ်းစားထားပါဘူး။ အန္တရာယ်ကင်းတဲ့ ခရီးတစ်ခုဖြစ်ပါစေ ထပ်ပြီးမလာခဲ့ပါနဲ့တော့။ တစ်ခုခုလိုအပ်တာရှိရင်တော့ ကျွန်မ အန်တီကို လာရှာမယ်။ ကျွန်မ မရှာရင် အန်တီ့ရဲ့ဝန်ဆောင်မှုကို မလိုအပ်ဘူးလို့ ဆိုလိုတာ။ ကျွန်မ လိုက်မပို့တော့ဘူးနော် နှုတ်ဆက်ပါတယ်။"

ရှောင်းကော စကားပြောနေစဉ် အန်တီ လင်းကို အိမ်အပြင်သို့ တွန်းထုတ်လိုက်သည်။ ယခုအချိန်တွင် အန်တီလင်းသည် ရွာရှိ မိန်းကလေးငယ်များအကြောင်း စောင်းငေါ့နေသေးသည်။

ရှောင်းကော ပြောပြီးတဲ့ အချိန်မှာပဲ သူမ တံခါးကို ပိတ်လိုက်သည်။ တံခါးပိတ်သွားသော်လည်း မသေချာသလိုခံစားရကာ သော့ပါခတ်လိုက်သည်။ တံခါးဖွင့်လို့မရနိုင်ကြောင်း အတည်ပြုပြီးနောက် သူမသည် နောက်ဆုံးတွင် အနားယူနိုင်ခဲ့သည်။

ဒီနေ့ စာချုပ်ချုပ်ဖို့ မျှော်လင့်ချက်မရှိတော့တာကို အန်တီလင်းက ကူကယ်ရာမဲ့စွာဖြင့် ခြေဆောင့်ကာ ဆက်ပြောခဲ့သည်။ "ဟေ့ ရှောင်းကော။ အဲ့တာကို စဉ်းစားထား။ မနက်ဖြန်မှ ပြန်လာမယ်!"

ထိုစကားများကို ကြားလိုက်သောအခါ ရှောင်းကော သည် မကူညီနိုင်ဘဲ တုန်လှုပ်ခြောက်ခြားမိသည်။ ဒီမိန်းမက တကယ်စိတ်ရှည်တာပဲ။

"ဒါက တကယ်ကိုအဓိပ္ပါယ်မရှိတာ!" ရှောင်းကော ပြောပြီး အိမ်ထဲကို ပြန်ဝင်ဖို့ ပြင်လိုက်သည်။

တံခါးခေါက်သံကြားသောအခါ သူမသည် ခြေလှမ်းနှစ်လှမ်းသာသာ လှမ်းရသေးသည်။

ရှောင်းကော အလိုလို တုန်လှုပ်သွားသည်။ "မဖြစ်ဘူး၊ နည်းလမ်းမရှိဘူး!"

"ရှောင်းကော ငါပါ"

သခင်မယန်၏ အသံကိုကြားလိုက်ရတော့ ရှောင်းကော စိတ်သက်သာရာရသွားသည်။ “လာပြီ”

"ခုဏက ဘာဖြစ်နေတာလဲ" သခင်မယန်သည် သခင်မလင်း၏ စကားကိုကြားသောအခါတွင် သူမ၏အိမ်မှ ထွက်လာခဲ့သည်။

“ဟူး…”

ရှောင်းကောသည် သူမဘယ်သူနဲ့ စကားပြောနေကို သိချင်နေသည့် သခင်မယန်ကို အရာအားလုံးကို ပြောပြခဲ့သည်။ "ကျွန်မကို ပြောပါဦး ကျွမ်းကျွမ်း ကျောင်းတက်နေတာကို သူတို့ဘယ်လိုသိသွားကြတာလဲ"

ဤအရာသည် ရှောင်းကော မည်မျှပင် ကြိုးစားအားထုတ်နေပါစေ နားမလည်နိုင်သောအရာဖြစ်သည်။ သူမမိသားစု အရေးတွေကို ညတွင်းချင်း သူတို့ ဘယ်လိုသိသွားတာလဲ။ များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် သိပ်မရှိကြဘူးလေ။ သခင်မယန်၏ မိသားစုသည် သူမမိသားစုအခြေအနေကို သိတဲ့သူ တစ်ဦးတည်းသာဖြစ်သည်။ ဒါပေမယ့် သူတို့သည် အတင်းအဖျင်း ပြောသူများမဟုတ်ပေ။ သူတို့ မိသားစုကိစ္စတွေကို တခြားသူတွေကို ဝေမျှမှာ မဟုတ်တာ သေချာပါသည်။

ရှောင်းကော အတွေးနက်နေပြီး သခင်မယန်၏ အဆင်မပြေသည့်အမူအရာကို သတိမထားမိပေ။

“ရှောင်းကော…”

"အင်း"

“ဟို…ငါ တကယ်တောင်းပန်ပါတယ်…” သခင်မယန်သည် ရှောင်းကော အပေါ် တောင်းပန်မှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။ ခေါင်းမထောင်နိုင်လောက်အောင် ရှက်သွားသည်။ "အားလုံးက ငါ့အမှားပါ..."

ရှောင်းကော အံ့အားသင့်သွားသည်။ "ဘာတွေဖြစ်နေတာလဲ"

“ဒီလိုပါ…”

သခင်မယန်၏ စကားကိုကြားပြီးနောက် ရှောင်းကော ခေါင်းယမ်းကာ ရယ်မောလိုက်သည်။ "ဒါဆို အစ်မက သူတို့ကို ပြောခဲ့တဲ့သူပေါ့"

"ငါ တကယ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး အဲ့တာ မုဆိုးမစုန့်ရဲ့ အမှားပဲ။ သူ့သမီး ဘယ်လောက်ကောင်းကြောင်း လူတိုင်းကို အမြဲပြောနေခဲ့တာ။ ငါလည်း တွေးတောမနေဘဲ ကျွမ်းကျွမ်း ကျောင်းသွားတက်တဲ့အကြောင်း လူတိုင်းကို ထုတ်ပြောခဲ့မိတယ်။ နင်လည်းသိတဲ့အတိုင်းပဲလေ ငါ့ကလေးနှစ်ယောက်အတွက် ပြစရာကဘာမှ မရှိဘူး၊ ဒါကြောင့် သူ့ကို အပြစ်တင်ဖို့ လောလော လောလောနဲ့ ငါ ကျွမ်းကျွမ်း အကြောင်း လူတိုင်းကို ပြောပြခဲ့မိတယ်..."

သခင်မယန်က သူမ မှားသွားကြောင်း သိလိုက်သည်။ ခြင်တွေရဲ့ အသံထက် ပိုမကျယ်တဲ့ အထိ သူမရဲ့ အသံက တိုးလာသည်။

"ဒါအကုန်ပဲလား"

ရှောင်းကော မျက်လုံးများကို မှေးထားပြီး သူမကို တိုက်ရိုက်မေးလိုက်သည်။

"!!" သခင်မယန်က သူမကို မော့ကြည့်ပြီး ခေါင်းညိမ့်လိုက်ပြန်သည်။ သူမ ရေရွတ်လိုက်သည်။ " တန်းဟယ်က မြို့တော်မှာ အရာရှိတစ်ဦးဖြစ်ကြောင်းလည်း ပြောခဲ့တယ်။ ဒါပေမယ့် စိတ်မပူပါနဲ့၊ သူ့ရဲ့တရားဝင်ရာထူးကိုတော့ မပြောထားပါဘူး။"

ရှောင်းကောသည် ထိုစကားကိုကြားသောအခါ သူမ အရာအားလုံးကို နားလည်သွားသည်။ ထို့ကြောင့် လူတိုင်းသည် သူမအပေါ် ရုတ်ချည်း နွေးထွေးယဉ်ကျေးစွာသွားကြသည်။ မြို့တော်မှ အရာရှိတစ်ဦးဖြစ်သည့် ကျန်းတန်းဟယ်ကို အာရုံစူးစိုက်ထားကြောင်း ထွက်ပေါ်လာခဲ့သည်။

သခင်မယန်သည် ခေါင်းမထောင်နိုင်လောက်အောင် ရှက်သွားသည်။ ရှောင်းကောသည် အမြဲတမ်း နိမ့်ကျသည့် ကိုယ်ရေးအကျဉ်းကို ထိန်းသိမ်းထားသော်လည်း သခင်မယန်က ထုတ်ဖော်ပြသလိုသောကြောင့်သာ သူမကို ဒုက္ခရောက်စေခဲ့သည်။

“….....”

"ရှောင်းကော၊ ငါ့ကိုစိတ်မဆိုးပါနဲ့၊ ငါဘာမှားသွားမှန်းမသိဘူး၊ ငါအရင်က ဒီလိုမဟုတ်ဘူး။ မကြာသေးခင်က ငါ့မှာကိုယ်ဝန်ရှိလာတာကြောင့်လားမသိဘူး၊ ဒါပေမယ့်ငါကြက်တစ်ကောင်လို နေ့တိုင်းတိုက်ခိုက်နေတာ။ ငါ့ကို စိတ်မဆိုးပါနဲ့။ ငါ နင့်ကိုစိတ်ပျက်အောင်လုပ်ခဲ့မိတယ်..."

“ဖွီး…” ရှောင်းကော အစကတည်းက စိတ်မဆိုးခဲ့ပါပေ။ သခင်မယန်က သူမရဲ့အမှားကို ဝန်ခံတာ သူမအတွက် ရှားသည်။ သူမသည် ရယ်စရာတွေ့၍ တမင်တကာ လှည့်စားနေလေသည်။ သို့သော်လည်း သခင်မယန်က သူ့ကိုယ်သူ ဤသို့ဖော်ပြသည်ကို ကြားလိုက်ရသောအခါတွင် သူမသည် တည်ပြီးမနေနိုင်တော့ပေ။ ဖော်ပြချက်က အတော်လေး သင့်လျော်သည်။

သူမရဲ့ အပြုံးကိုမြင်တော့ သခင်မယန်က သူမကို ရည်ရွယ်ချက်ရှိရှိ လှည့်စားနေမှန်း သိလိုက်ရသည်။ သူမ သက်ပြင်းတစ်ချက်ချကာ ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "အဲ့တာကြောင့် နင့်အစ်ကို ယန်က ပြောတာ။ ငါက အဆုံးမှာ အမောက်ထောင်ပြီး ရန်ဖြစ်နေတဲ့ ကြက်ဖလိုပဲတဲ့။ အခု ငါစဉ်းစားကြည့်တော့ ဒါကအမှန်ပဲ။ အဲဒါက တော်တော်ကို သင့်တော်တဲ့ ဖော်ပြချက်ပဲ"

ရှောင်းကောက သူမကို ရေတစ်ခွက်လောင်းထည့်ပေးပြီး သူမဘေးမှာ ထားလိုက်သည်။ "အဲဒါဆိုတော့ ကျွန်မ အားလုံးကို နားလည်သွားပြီ။ ကျွန်မ သိပြီ။ ကျွမ်းကျွမ်းကို ကျောင်းမှာ စာရင်းသွင်းထားတာကြောင့်အားလုံးက သူ့ကိုမုန့်တွေပေးပြီး သူ့ကို လိုက်ဖက်အောင် ကြိုးစားနေတာ ထူးဆန်းနေတာပဲ"

ရှောင်းကော သိသွားပြီးနောက် သူမ အေးအေးဆေးဆေး ရေတစ်ငုံသောက်လိုက်သည်။ ကျန်းတန်းဟယ်သည် ဤအရာအားလုံး၏ အကြောင်းရင်းဖြစ်သည်ကို သိလာရသည်။

"ဟုတ်ပါပြီ၊ ငါတို့ရွာက လူတွေကို ဂရုစိုက်မနေနဲ့။ သူတို့အားလုံးက ကပ်မြှောင်တွေ။ နင့်အမျိုးသားက အဆင့်မြင့်အရာရှိကြီးဖြစ်ပြီး နင့်သားက တောက်ပတဲ့အနာဂတ်နဲ့ အလားအလာရှိတဲ့ ပညာတော်သင်ဖြစ်တယ်ဆိုတဲ့ သတင်းကြားတာနဲ့ နင်နဲ့ခမည်းခမက်တော်ဖို့ မစောင့်နိုင်ကြတော့တာ"

သခင်မယန်က ရွာသားတွေကို နှိမ့်ချတာမဟုတ်ဘူး။ ဒါပေမယ့် မိဘတွေက မိုက်မဲတဲ့အခါ သမီးက ထူးချွန်ရင်တောင် နှစ်ကြိမ်စဉ်းစားသင့်သည်။

ထို့အပြင် ကျွမ်းကျွမ်းက ငယ်သေးသည်။ ထိုကဲ့သို့ ပြီးမြောက်အောင်မြင်သော ဆရာနှင့်အတူ၊ သူ့ရှေ့တွင် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ထားသည်။ သူ့အနာဂတ်ကို မပျက်ဆီးအောင် ဂရုစိုက်ရမည်။

ဆရာခုံးက ဘယ်သူလဲဆိုတာ သူမ မသိပေမယ့် သူမရဲ့မတ် ယန်ကျားက သူ့နာမည်ကိုကြားလိုက်တဲ့အခါ စိတ်လှုပ်ရှားပြီး မူးလဲလုနီးပါး ဖြစ်သွားတာကြောင့် ဆရာခုံးနဲ့ ကျွမ်းကျွမ်းက အံ့သြစရာကောင်းတဲ့ ပေါင်းစပ်မှုဖြစ်သင့်သည်။

သူကငယ်ငယ်ကတည်းက အရည်အချင်းရှိပြီးသားဖြစ်ပြီး သူ့ရှေ့မှာ အလားအလာရှိတဲ့ အနာဂတ်တစ်ခုရှိသည်။ ထို့ကြောင့် ယခု စေ့စပ်ရန် အလျင်လိုခြင်း မရှိပေ။ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှ ခန့်မှန်းလို့မရဘူး။

“… အနာဂတ်မှာ ကျွမ်းကျွမ်း အောင်မြင်လာတဲ့အခါ သူ့မှာ ရွေးချယ်စရာတွေ အများကြီးရှိလာလိမ့်မယ်။ ခုတော့ အလျင်လိုစရာ မရှိပါဘူး။”

သခင်မယန်သည် အလွန်တုံ့ဆိုင်းသွားပြီးနောက် ရှောင်းကော သဘောတူလိုက်မည်ကို သူမစိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမအား ကောင်းကျိုးဆိုးကျိုးအားလုံးကို ရှင်းပြပြီး သတိထားရန် ပြောခဲ့သည်။

ကျွမ်းကျွမ်းသည် ယခု လေးနှစ်သာရှိသေးကြောင်း ရှောင်းကော သိသည်။ ထုံးစံအတိုင်း၊ သူမသည် ထိုကဲ့သို့ ရယ်စရာကောင်းသော အစီအစဉ်ကို သဘောတူမည်မဟုတ်ပေ။ နောက်ပြီး သူတို့ပြောနေတဲ့ အိမ်ထောင်ရေးကိစ္စက အလျင်စလို မလုပ်နိုင်ဘူး။

ကျွမ်းကျွမ်း အရွယ်ရောက်ပြီးသည့်တိုင် သူ့အိမ်ထောင်ရေးတွင် သူမ ပါဝင်ပတ်သက်မှာမဟုတ်ပေ။ အချိန်တန်လျှင် သူ ဘယ်သူ့ကိုပဲ သဘောကျပါက သူမတံခါးစောင့်အဖြစ်သာ ဆောင်ရွက်နိုင်သည်။ သူမ အခြားအရာများနှင့် ပတ်သက်မည်မဟုတ်ပေ။

ဒါပေမယ့် သခင်မယန်သည် ကျွမ်းကျွမ်း ကြီးပြင်းလာသောအခါတွင် သူ မည်ကဲ့သို့ဖြစ်မည်အကြောင်း သူမပြောသည်ကို ရှောင်းကော ကြားလိုက်သောအခါ အလွန်စိတ်ဝင်စားစရာကောင်းသည်ကို တွေ့လိုက်ရသောကြောင့် သူမ မနှောင့်ယှက်ခဲ့ပေ။ ကျွမ်းကျွမ်း အရွယ်ရောက်လာသောအခါ မည်သို့မည်ပုံ ဖြစ်လာမည်ကို သူမ တိတ်တဆိတ် တွေးကြည့်မိသည်။

သူမ၏ ကျွမ်းကျွမ်းက ထက်မြက်သော လူတစ်ယောက်ဖြစ်လိမ့်မည်။ သူက ပြေပြစ်တယ်၊ ယဉ်ကျေးတယ်၊ ရုပ်ချောတယ်၊ တက်ကြွတယ်၊ နူးညံ့တယ်၊ သိက္ခာရှိတယ်၊ တည်ငြိမ်တယ်၊ ကျန်သော နာမဝိသေသန ၁၀၀၀၀ ကို ဤနေရာတွင် ချန်လှပ်ထားပါမည်...

All Chapters