အခန်း (၂၉၆)
Vol. 20 Ch. 296
ကျွမ်းကျွမ်းသည် သခင်မယန်၏ ဗိုက်နားနားရွက်ကိုဂရုတစိုက်ကပ်၍ အသက်ရှုသွင်းကာ လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် နားထောင်ခဲ့သည်။
နှစ်ယောက်စလုံးက သူ၏ အပြစ်ကင်းသော အမူအရာကြောင့် ဝါးလုံးကွဲ ရယ်မောနေကြသည်။
ကျွမ်းကျွမ်းကသာ ခပ်တွေတွေလေးဖြစ်နေသေးသော တစ်ဦးတည်းသော သူဖြစ်သည်။ “ညီလေးတစ်ယောက်ရှိတယ်လို့ သူတို့ပြောတာမဟုတ်ဘူးလား။ ဘာလို့ လှုပ်ရှားမှုမရှိရတာလဲ၊ ဒီလိုနေရာကျဉ်းကျဉ်းလေးမှာနေရတာ ပျင်းစရာမကောင်းဘူးလား။
ဒီအကြောင်းကို သူနည်းနည်းပါးပါး သိပေမယ့် အပြည့်အဝတော့ နားမလည်ပေ။
သခင်မယန် ပြန်သွားပြီးနောက်၊ ကျွမ်းကျွမ်းသည် နောက်ဆုံးတွင် သူ့အိတ်ကပ်ထဲမှ သကြားလုံးထုတ်ရန် အချိန်ရလာသည်။
"မေမေ၊ သား ဒါကို မေမေ့အတွက် သိမ်းထားတာ!"
ကျွမ်းကျွမ်းက ရှောင်းကော၏ပါးစပ်ထဲသို့ စိတ်အားထက်သန်စွာ ထိုးထည့်ချင်နေသည်။ ဆရာခုံး သူ့ကို အရင်က အလားတူချိုချဥ်မျိုး ပေးခဲ့ဖူးတာကြောင့် ဒီဟာက အရသာအရှိဆုံးပင်။ မွှေးပြီး အရသာရှိသည်။
"ဟမ် " ရှောင်းကော မမြင်ခင်မှာ ကျွမ်းကျွမ်းက သူ့မပါးစပ်ထဲကို ထည့်ပေးလိုက်သည်။ ပါးစပ်ထဲရောက်သွားတာနဲ့ ချိုမြိန်မှုဟာ ချက်ချင်းပျံ့နှံ့သွားပြီး သူမနှုတ်ခမ်းတွေကို သပ်လိုက်သည်။ သကြားလုံးက သစ်သီးအရသာလေးရှိသည်။
"ကောင်းလား။ ကောင်းလား"
ကျွမ်းကျွမ်းသည် မျှဝေရန် အလွန်စိတ်အားထက်သန်နေပုံရသည်။ ရှောင်းကော သူ့အပြုအမူကြောင့် ချက်ခြင်း သဘောကျသွားသဖြင့် သူမသည် ချဲ့ကားသည့်အမူအရာတစ်ခုကို ထုတ်လိုက်သည်။ “အရမ်းစားကောင်းတာပဲ…”
“ဟားဟား…” ကျွမ်းကျွမ်း ရှောင်းကော၏ ပေါင်ပေါ်လှဲလိုက်သည်။ "အဲဒါ အရမ်းဟန်ဆောင်နေတာ"
ကျွမ်းကျွမ်းသည် သူမ၏ ဟန်ဆောင်နေတဲ့ အမူအရာမှ ပြောပြနိုင်သည်။
ရှောင်းကော ရယ်မောလိုက်သည်။ အနည်းငယ်ချဲ့ကားခဲ့သော်လည်း သကြားလုံးသည် အရသာရှိလှသည်။
"သားကို ဘယ်သူပေးတာလဲ။" မေးခွန်းမေးဖို့ သတိရလာချိန်မှာတော့ သူမက သကြားလုံးတွေ ကုန်ဖို့ တစ်ဝက်လောက်ရောက်နေပြီ။
“ရွာက တစ်ယောက်က သားကိုပေးတာ။ ဘယ်သူလဲတော့ မသိဘူး။”
"ရွာသားလား" ရှောင်းကော ကျွမ်းကျွမ်းကို လေးနက်စွာ ကြည့်လိုက်သည်။ "အဲဒီလူက ရွာကဆိုတာ သေချာလား သူ့ကိုအရင်က ရွာမှာတွေ့ဖူးလား"
“ဟုတ်!” ကျွမ်းကျွမ်း ပြတ်ပြတ်သားသားပြောလိုက်သည်။ “ရွာကလူတော်တော်များများက သားကို မုန့်တွေ လာပေးကြတယ်။ သားအိတ်ထဲကြီးတောင် ပြဲလုနီးပါးပဲ။ ဒီသကြားလုံးတစ်လုံးပဲ သိမ်းထားလိုက်ပြီး ကျန်တာကို ကလေးတွေကို ပေးလိုက်တယ်။”
ရှောင်းကော စိတ်ဝင်တစားကြည့်နေတာကိုမြင်တော့ ကျွမ်းကျွမ်းက သူမကို အရာအားလုံးကို ပြောပြခဲ့သည်။
ပထမတော့ ရှောင်းကောက တခြားရွာက တစ်ယောက်ယောက်က ကလေးတွေကို ပြန်ပေးဆွဲဖို့ ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ တွေးနေတာ။ ဒါပေမယ့် ကျွမ်းကျွမ်းသည် ထိုလူကို သိသည်ဟု သူမကြားသောအခါ သက်ပြင်းချမိသည်။ အနည်းဆုံးတော့ သူတို့က သူစိမ်းတွေ မဟုတ်ဘူး။
ဒါပေမယ့် ရွာသားတွေက ဘာလို့ ကျွမ်းကျွမ်းကို မုန့်တွေ ပေးတာလဲ။ ကျွမ်းကျွမ်း၏ဖော်ပြချက်အရ၊ သူသည် သကြားလုံးများ၊ ဖရဲစေ့များနှင့် မြေပဲများစွာကို ရရှိခဲ့သည်။ ဒါတွေအားလုံးက စျေးပေါတဲ့ဟာတွေမဟုတ်ဘူး။ အကြောင်းပြချက်မရှိဘဲ ဘာကြောင့် ပေးကြတာလဲ။
ရှောင်းကောသည် သူမ၏ ပူးပေါင်းကြံစည်မှုသီအိုရီများအတွက် အပြစ်တင်လို့မရပေ။ ဤကမ္ဘာပေါ်တွင် နေ့လယ်စာ အလကားမရှိဟု သူမယုံကြည်ထားသည်။ ဤမူမမှန်ခြင်းအတွက် အကြောင်းပြချက်ရှိရမည်။
ဒါပေမယ့် သူမ အဖြေရှာမရခင်မှာ နောက်ထပ် ထူးဆန်းတဲ့ အရာတစ်ခု ဖြစ်ခဲ့ပါသေးသည်။
—-
ကျွမ်းကျွမ်းသည် အိမ်တွင် စုစုပေါင်း သုံးရက်နေခဲ့သည်။ တကယ်တော့ ရှောင်းကောက သူ့ကို ကျောင်းပြန်သွားဖို့ မတိုက်တွန်းခဲ့ပါချေ။ သူကသာ အဲ့တာကို အကြံပြုခဲ့တဲ့သူဖြစ်သည်။ ဆရာကြီးခုံးနဲ့ သူ့အမျိုးသမီးကို လွမ်းတယ်လို့ ပြောသည်။
ဆရာခုံးနဲ့ ဆရာမခုံးက ကျွမ်းကျွမ်း အပေါ်မှာ တကယ်ပဲ သဘောထားကြီးတယ်ဆိုတာ ရှောင်းကော သိသည်။ ထို့ကြောင့် ကျွမ်းကျွမ်းက ပြန်သွားရန် အကြံပြုလာသောအခါ ထိုနေ့တွင်ပင် သူ့ကို ပြန်ပို့ပေးလိုက်သည်။
ကျွမ်းကျွမ်းသည် ဆရာခုံး၏ နေအိမ်သို့ လွယ်အိတ်သေးသေးလေးဖြင့် ပြန်လာသောအခါ သူ မှိန်းနေသေးသည်။ ဒီအရှိန်က အံ့မခန်းပါပဲ...
တကယ်တော့ ရှောင်းကောက သူ့ကို အမြန်ပြန်ပို့ရတဲ့ အကြောင်းရင်းတစ်ခုရှိသည်။ အဓိကကတော့ လွန်ခဲ့တဲ့ နှစ်ရက်က ဖြစ်ခဲ့တဲ့ ထူးဆန်းတဲ့ အရာတွေကြောင့်ပါ။
အကြောင်းတစ်ခုခုကြောင့် ကျွမ်းကျွမ်း ပြန်လာသည့် ပထမဆုံးနေ့မှစ၍ ရွာသားများအားလုံး ရှောင်းကောကို နားမလည်နိုင်အောင် မြှူဆွယ်လာကြသည်။
သူမ ဘာကြောင့် အရေးတယူရှိတဲ့ စကားလုံးကို သုံးတာလဲ။ ဘာကြောင့်လဲဆိုတော့ သူမသည် လွန်ခဲ့သော နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သည်များကို အမှန်တကယ် နားမလည်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သူမ ညတွင်းချင်း ရွာမှာ ဘယ်လိုလုပ်ပြီး အကျော်ကြားဆုံးသူ ဖြစ်လာတာလဲ။ သူမကို တွေ့တဲ့အခါ လူတိုင်းက သူမကို နွေးထွေးစွာ နှုတ်ဆက်ရုံတင်မကဘဲ သူမနဲ့ ကြုံတွေ့ခဲတဲ့ သူတွေတောင် နှုတ်ဆက်ဖို့ အကြောင်းပြချက်တွေ ပေးကာ တံခါးဆီ လာခဲ့ကြသည်။
ပိုရှိသေးသည်။ သူမသည် စစချင်းတွင် အခြားရွာသားများနှင့် သိပ်မဆက်ဆံပေ။ သာမာန်နေ့တွေမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုဖို့ ခေါင်းညိတ်ပြကြသည်။ မျက်လုံးချင်းမဆုံရင် တစ်ယောက်နဲ့တစ်ယောက် ဖြတ်သွားရုံပဲ။ ရွာမှာ ဘယ်သူကဘယ်သူလဲ ဆိုတာတောင် မပြောနိုင်ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာတော့ သူမအိမ်ရဲ့ တံခါးဘောင်က ဒီရွာသားတွေအားလုံးကြောင့် ပြားလုနီးပါးဖြစ်သွားသည်။
သူမအိမ်မှာ ကောက်ပဲသီးနှံတွေ ရုတ်ချည်းရှိလာသည်။ လူစားသုံးရန် ပြောင်းနှင့် ကန်စွန်းဥမှသည် ဟင်းသီးဟင်းရွက်တွေနဲ့ တိရစ္ဆာန်အစာအတွက် ပင်စည်အထိ၊ ၎င်းတို့အားလုံးကို ရွာသားများက သူမဆီ လာရောက်လည်ပတ်ရန် အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့ကြသည်။ သူတို့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲဆိုတာ သူမ မသိသေးချေ။
သူတို့က ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေကြသလိုပဲ လုပ်ကြသည်။ ရှောင်းကောက ဘာပဲပြောပြော သူတို့က သူမကို အဆင်သင့်သဘောတူပြီးသားပင်။ သူမ ရယ်နေချိန်၌ပင် သူတို့သည် သူမနှင့် အတူ ရယ်မောရန် စိတ်အားထက်သန်ကြသည်။
ဒါတင်မကပေ။ ရှောင်းကောသည် သူမသည် အလွန်သိမ်မွေ့နေသလား မသေချာသော်လည်း သူမတွင် ဖော်ပြနိုင်သော ခံစားချက်တစ်ခုရှိသည်။ သူတို့၏ ပစ်မှတ်သည် သူမအစား ကျွမ်းကျွမ်း ဖြစ်သည်။ သူတို့ပြောသမျှက အခြေခံအားဖြင့် ကျွမ်းကျွမ်းနဲ့ပတ်သက်သည်။
ရှောင်းကော၏ စိတ်ထဲတွင် အတွေးများစွာ စီးဆင်းနေခဲ့သည်။ မြည်းရထားလုံးကို အိမ်ပြန်မောင်းလာပြီးနောက် အိမ်တံခါးအပြင်ဘက်တွင် အသံတစ်ခုကြားလိုက်ရသည်။
“ဟူး…” ရှောင်းကော သက်ပြင်းချလိုက်သည်။ "နောက်တစ်ခါထပ်လုပ်ပြန်ပြီ…"
သူမ အလွန်တွန့်ဆုတ်နေသော်လည်း သူမမျက်နှာကို မပြနိုင်ပေ။ သူမ လှိုက်လှိုက်လှဲလှဲ အကြည့်ဖြင့်သာ တံခါးဝဆီသို့ ထွက်လာခဲ့သည်။
သူမ တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မကြာခဏ လာရောက်လေ့ရှိသူ တစ်ဦးဖြစ်ကြောင်း သူမ တွေ့လိုက်ရသည်။ သူမသည် ရွာတွင် နာမည်ကြီး အလုပ်ရှုပ်သူဖြစ်သည်။
"အန်တီလင်း"
"ဟူး၊ ရှောင်းကော နင်အိမ်မှာရှိမှန်း ငါသိတယ်။ ဟားဟား နင့်ရဲ့ကြက်တွေနဲ့ ဘဲတွေအတွက် ဟင်းသီးဟင်းရွက်ပင်စည်တချို့ ယူလာပေးတာ"
သူမစကားပြောနေစဉ် ရှောင်းကောကိုဖြတ်၍ အိမ်ထဲသို့ဝင်သွားခဲ့သည်။ သူမသည် ဟင်းသီး ဟင်းရွက်များကို ကျောက်တုံးထဲသို့ ကျွမ်းကျင်စွာ ပစ်ချလိုက်သည်။ ကြက်များနှင့် ဘဲများသည် သူမကို မြင်သောအခါ မသိစိတ်က ဝိုင်းရံသွားကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသည် ဤနေရာကို အကြိမ်များစွာ လာခဲ့ကြောင်း ထင်ရှားသည်။
"ကျေးဇူးအများကြီးတင်ပါတယ်။" ရှောင်းကော သည် သူမ အကြိမ်ပေါင်း မရေမတွက်နိုင်သော တူညီတဲ့ စကားကို ပြောခဲ့သည်။
တစ်ဖက်ကလည်း အကြိမ်များစွာပြောခဲ့ဖူးသည့် အလားတူပြန်ကြားချက်ကိုလည်း ပေးခဲ့သည်။ "ဘာမှမဖြစ်ပါဘူး။ ငါတို့အားလုံးက အိမ်နီးချင်းတွေပဲ။ ငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး"
ရှောင်းကော ပြုံးပြီး ဘာမှပြန်မပြောခဲ့ပေ။ "ဟုတ်၊ ဟုတ်၊ တစ်ရွာတည်းမှာနေတာပဲ။ လွန်ခဲ့တဲ့ငါးနှစ်လောက်က သူတို့ဖလှယ်တဲ့စကားတွေက ပြီးခဲ့တဲ့နှစ်ရက်လောက်ကထက်စာရင် နည်းနည်းပဲ..."
အန်တီလင်းသည် ရှောင်းကောနှင့် အချိန်အတော်ကြာ စကားစမြည်ပြောခဲ့သည်။ သူမက ပတ်ပတ်လည်ကိုကြည့်ကာ မေးခဲ့သည်။ "ကျွမ်းကျွမ်းကော"
“ငါတို့သွားကြတာပေါ့…” ရှောင်းကော သူ့ကိုယ်သူပြောလိုက်သည်။ အချိန်အတော်ကြာအောင် သူမဘာကြောင့် လိုရာအချက်ဆီ မရောက်ဖြစ်တာလဲဟု သူမ တွေးနေမိသည်။ သူမ ထင်ထားသလိုပဲ အမျိုးသမီးက ကျွမ်းကျွမ်း အကြောင်းကို စတင်မေးလာပါတော့သည်။
"ကျွမ်းကျွမ်း အိမ်မှာမရှိဘူး"
"အိုး ကျွမ်းကျွမ်း ကျောင်းပြန်တက်ပြီလား"
"ဟုတ်တယ်။" ရှောင်းကော ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ အံ့အားသင့်သွားသည်။ "သူ ကျောင်းတက်နေတာ ဘယ်လိုသိတာလဲ"
သူမ ရွာသားတွေနဲ့ စကားမပြောခဲ့ပါပေ။ ကျွမ်းကျွမ်း ကျောင်းတွင် စာရင်းသွင်းထားကြောင်း သူတို့ ဘယ်လိုသိတာလဲ။
“အဲဒါကို တခြားတစ်ယောက်ဆီက ကြားတာ” အန်တီလင်းက ယောင်ဝါးဝါးဖြင့် ပြောခဲ့သည်။ ရှောင်းကောက သူမအဲ့တာကို ဘယ်သူ့ဆီကကြားလာတာလဲဆိုတာ မပြောနိုင်ခဲ့ပါချေ။
ရှောင်းကော ခေါင်းညိတ်လိုက်သည်။ အန်တီလင်းဆီက ဘာမှ မရနိုင်ဘူးဆိုတာ သူမ သိသည်။
“ဟားဟား…” အန်တီလင်းက ကိုးရိုးကားရားနိုင်စွာ ရယ်မောလိုက်သည်။ "စကားမစပ် ကျွမ်းကျွမ်းက ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ"
"လေးနှစ်ရှိပါပြီ"
"အိုက်ရိုး၊ တိုက်ဆိုင်လိုက်တာ!" အန်တီလင်းက လက်ခုပ်တီးပြီး ကံကြမ္မာပဲလို့ အာမေဋိတ်သံပြုလိုက်သည်။
ရှောင်းကော သူမ၏ တုံ့ပြန်မှုကြောင့် ထိတ်လန့်သွားသည်။ သူမ ဘာကြောင့် ထောင်ချောက်ထဲ ကျသွားသလို ခံစားလိုက်ရတာလဲ။
ရှောင်းကောက အန်တီလင်းအား သူ့လုပ်ရပ်ကို ဆက်လုပ်ခွင့်ပေးလိုက်သည်။ ရှောင်းကောသည် သတိထား၍ သူမ ဘာကိုဆိုလိုသည်ကို ရှာဖွေရန် မကြိုးစားခဲ့ပေ။
“....…” အန်တီလင်းက သူမ အဲ့ကိုရောက်ခါနီးနေပြီဆိုတာ သိသည်။ သူမသည် တစ်ဖက်လူ၏ စူးစမ်းလိုစိတ်ကို မနှိုးဆွသော်လည်း၊ သူမသည် ရွာရှိ ထိပ်တန်း အောင်သွယ်သမားတစ်ဦးဖြစ်သည်။ ဒါက သူမအတွက် အခက်အခဲမရှိပါပေ။
"ညီမလေး၊ အစ်မစကားနားထောင်။" အန်တီလင်းက ရှောင်းကောရဲ့လက်ကို ရင်းနှီးတဲ့သူငယ်ချင်းတွေလို ဆုပ်ကိုင်ထားသည်။ သူမ၏ မျက်လုံးတွေ ကျဉ်းမြောင်းလာပြီး ပါးစပ်က တွန့်ကွေးသွားသည်။ "ကျွမ်းကျွမ်းက လေးနှစ်ရှိပြီ၊ နှစ်အနည်းငယ်ကြာရင် သူ ကောင်လေးတစ်ယောက်ဖြစ်လာလိမ့်မယ်။ ညီမလေးက နှစ်ပေါင်းများစွာ အလုပ်ရှုပ်နေခဲ့တာ။ ညီမတစ်ယောက်တည်း အဖေရော၊ အမေတစ်ယောက်ရဲ့ အခန်းကဏ္ဍကို ထမ်းဆောင်ဖို့ဆိုတာ တကယ်ကို မလွယ်ဘူး..."
ရှောင်းကောသည် အဆင်မပြေမှုများကို ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့သည်။ မိန်းမတစ်ယောက်နဲ့ လက်တွဲကိုင်ထားရတာ တကယ်ကို ကျင့်သားမရနေဘူး။ နောက်ပြီး သူမကို ညီမလေးလို့ ဘယ်သူခေါ်တာလဲ။ အန်တီလင်းသည် အသက်ငါးဆယ်ကျော်ရှိနေပြီဖြစ်ပြီး သူမက အသက်နှစ်ဆယ်ကျော်သာရှိသေးသည်။ ဤအရာသည် အနည်းငယ် ဝေးကွာနေပြီ။
သူမ ဘယ်လောက်ပဲ စိတ်မရှည်နေပါစေ ရှောင်းကောက အဲဒါကို မပြခဲ့ပါပေ။ တစ်ဖက်က အချိန်အတော်ကြာ စကားပြောနေပေမယ့် ရှောင်းကောက သူမ ဘာကို ကြိုးစားနေတယ်ဆိုတာ မသိပေ။ ခဏနေတော့ ကျွမ်းကျွမ်း အကြောင်းပြောပြီး နောက်အခိုက်အတန့်မှာ သူမအကြောင်းပြောနေသည်။
" ရိုးရိုးသားသားပြောရရင် ဒီနေ့ ဒီကိုတာဝန်တစ်ခုနဲ့ လာတာ။ မောင်လေး လျိုဟိုင်ရဲ့ ဇနီးက ဆုံးပါးသွားတာ ကြာပြီ ပြီးတော့ ငါးနှစ်အရွယ် မိန်းကလေးကို ချန်ထားခဲ့တယ်။ သူမက အမိမရှိတော့တဲ့ မိသားစုက ဖြစ်ပေမယ့် အဲဒီကလေးမလေးက လှပြီး နာခံမှုလည်း ရှိတယ်။ သူမက ကျွမ်းကျွမ်းထက် တစ်နှစ်ကြီးပေမယ့် ဒါက ကိစ္စမရှိဘူး၊ ဒါကြောင့်…"
ရှောင်းကော နားထောင်လေလေ သူမ၏မျက်လုံးများ ပိုကျယ်လာလေလေပင်။ အဆုံးတွင် သူမ မယုံကြည်နိုင်စွာ အာမေဋိတ်သံပြုလိုက်မိသည်။
"စေ့စပ်ပွဲလား"