← Chapters

အခန်း (၃၀၁)

Vol. 21 Ch. 301

အခန်း (၃၀၁)

Vol. 21 Ch. 301

“… မပြီးသေးဘူး ထင်တယ်”

ရှောင်းကော ဘာပြောရမှန်းမသိပေ။ ရူယီနှင့် သူမ၏ အစ်ကိုကြားတွင် တစ်စုံတစ်ရာ ဖြစ်လာခြင်း ရှိမရှိ သူမ မသေချာသောကြောင့် သူမ ယခု အချိန်ထိ ဤမျှသာ ပြောနိုင်သည်။

“ဟူး…”

"ဘာဖြစ်လို့လဲ" ရှောင်းကော ထိုအမျိုးသမီးကို ကြည့်ပြီး ရုတ်တရက် စိတ်ရှုပ်သွားသည်။

!!

"သနားစရာကောင်းလိုက်တာ၊ ငါသာ နှစ်အနည်းငယ် ငယ်သေးတယ်ဆိုရင်..."

သခင်မယန် စကားပြောပြီးတာနဲ့ ရှောင်းကောမှာ မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ သူမ စကားထစ်ထစ်နဲ့ပြောလိုက်သည်။ “ယောက်မ၊ ယောက်မ၊ ယောက်မရဲ့ အန္တရာယ်ရှိတဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်တော့"

သူမကို အခု မတားခဲ့ရင် သခင်မယန်က စောင့်စည်းမှုမရှိဘဲပြောလိုက်မှာ ကြောက်ရသည်။

“ဒီလို စိတ်ထားရှိတဲ့ ယောက်ျားမျိုးကို တွေ့ရတာ ရှားတယ်…”

မမျှော်လင့်ဘဲ သခင်မယန်သည် စကားမရပ်ဘဲ ချင်းအန့်မင်ကို သဘောကျနှစ်ခြိုက်သော လေသံဖြင့် ဆက်၍ချီးမွမ်းခဲ့သည်။ ဒါကိုကြားတော့ ရှောင်းကောရဲ့ ဦးရေပြား ထုံကျင်သွားသည်။ သူမ ထိတ်လန့်တကြားနဲ့ပြောလိုက်သည်။ “ယောက်မယန်၊ ယောက်မရဲ့အတွေးတွေကို အစ်ကိုယန်သိသွားခဲ့ရင် ယောက်မကို အိမ်ကနေ မောင်းထုတ်ပစ်လိမ့်မယ်”

“ဖွီး ဟားဟားဟားဟား…”

သခင်မယန်သည် ထိုစကားကိုကြားသောအခါ သူမ အလွန်ပျော်သွားသည်။ ထို့နောက် သူမ ကျယ်လောင်စွာ နှာမှုတ်လိုက်သည်။ "သူ မလုပ်ရဲပါဘူး!"

ရှောင်းကောက အဓိပ္ပါယ်ရှိသည်ဟု ထင်ခဲ့သည်။ ညီအစ်ကို ယန်က လူမျိုးကြီးဝါဒ စွဲလမ်းသူ တစ်ဦးနှင့် တူသော်လည်း အမှန်တကယ်တွင် သူသည် သူ့ဇနီးကို ကြောက်သည်။

“ဒါပေမယ့်ထပ်ပြောရရင် နင့်အစ်ကိုက ငယ်ငယ်တော့တာမဟုတ်ဘူး။ တခြားလူတွေဆို သူ့အသက်အရွယ်မှာ အဖေတွေ ဖြစ်ကုန်ကြပြီ”

ရှောင်းကော ခေါင်းညိတ်ပြီး စနောက်လိုက်သည်။ "ဘာလို့လဲ၊ယောက်မက အန်တီလင်းလို အောင်သွယ်လုပ်ချင်တာလား"

“မလုပ်ချင်ပါဘူး၊ ငါ့မှာ သူ့လောက်အရည်အချင်းတွေ မရှိဘူး” သခင်မယန်က ပြုံးပြီး ရှောင်းကောကို တံတောင်ဖြင့်တို့လိုက်သည်။ သူမကို ဒီလို လှောင်ပြောင်ဖို့ ဘယ်လို သတ္တိရှိတာလဲ။ သူမကအရမ်းပဲ...

ဤအခိုက်အတန့်တွင် အဝေးတွင်ရှိနေသော ချင်းအန့်မင်သည် ကလေးငယ်များ၏ တိုးတိုက်မိခြင်းကို ခံရပြန်သည်။ သူအဆင်ပြေသလို ပြုံးပြီး ထလိုက်သည်။ သူ့ခန္ဓာကိုယ်ကို ပွတ်သပ်ပြီး ကလေးတွေနဲ့ ဆက်ကစားသည်။ ကလေးတစ်ဦး ခလုတ်တိုက်ကာ လဲကျလုဆဲဆဲတွင် ချင်းအန့်မင် လျင်မြန်စွာ တုံ့ပြန်ပြီး သူ့ကို ဖမ်းဆွဲလိုက်သည်။ လန့်သွားသော ကလေးက သူ့ကိုပြုံးပြလာသည်အထိ သူ စိတ်ရှည်စွာ နှစ်သိမ့်ပေးခဲ့သည်။ ထို့နောက် ကလေးများနှင့် ဆက်ကစားခဲ့သည်။

“ဟူး… နင့်အစ်ကိုရဲ့ အကျင့်စရိုက်က တကယ်ကို ငြီးငွေ့စရာကောင်းတယ်။ ငါပြောမယ် ငါ့မှာသာ သူ့သည်းခံမှုရဲ့တစ်ဝက်လောက်သာ ရှိခဲ့ရင်”

စိတ်ရှည်သည်းခံလွန်းတဲ့ ယောက်ျားတစ်ယောက်ကို မြင်လိုက်ရတော့ သူမကို အနည်းငယ်ရှက်သွားစေသည်။ သူမမှာ ချင်းအန့်မင်နှင့် တူညီသောအခြေအနေတွင်ရှိနေပါက၊ သူမ အကြာကြီးစိတ်တိုနေလိမ့်မည်။ ကလေးကို ဒီလောက် ညင်သာစွာ နှစ်သိမ့်ပေးမှာ မဟုတ်ဘူး။ သူ့ကို မရိုက်ရင် အံ့ဖွယ်တစ်ခုလို့ ယူဆလိမ့်မည်။

"မှန်တယ် အစ်ကို့ဆီက သင်ယူသင့်တယ်" ရှောင်းကောသည် အဝေးမှ ပျော်ရွှင်စွာ ရယ်မောနေသော ချင်းအန့်မင်ကို ကြည့်လိုက်သည်။ သူမ မှတ်မိသလောက်တော့ သူသည် ငယ်ငယ်ကတည်းက သိမ်မွေ့တဲ့ အကျင့်စရိုက်ရှိပြီး ဒေါသထွက်တာရှားသည်။

“ဒီလို စရိုက်မျိုးနဲ့ မွေးဖွားလာရတာ ဖြစ်နိုင်ချေ များတယ်။ အဲဒါကို ဘဝရဲ့ နောက်ပိုင်း အဆင့်တွေမှာ လေ့ကျင့်မှုတွေ လုပ်ပြီး အောင်မြင်ဖို့ တော်တော်လေး ခက်ခဲရမယ်။ ငါ အရှုံးပေးသင့်တယ်"သခင်မယန်သည် သူမ၏ စိတ်နေစိတ်ထားကို ပြောင်းလဲရန် ကြိုးစားရန် စိတ်ကူးနေသော်လည်း သူမတကယ် မတတ်နိုင်မှန်း သိသောအခါ ချက်ချင်း စွန့်လွှတ်လိုက်သည်။

ရှောင်းကော ပြုံးနေပြီး ဘာမှပြန်မပြောခဲ့ပေ။ အဝေးက ကစားနေသည့် လူအုပ်ကို ဆက်ကြည့်နေသည်။ ကလေးအုပ်စုနှင့် လူကြီးအနည်းငယ်မျှသာဖြစ်သည်။

အခု အပူချိန်က အရမ်းမတည်ငြိမ်ဘူး။ တခါတရံမှာ ရာသီဥတုပူပြင်းပြီး ရက်အနည်းငယ်အကြာမှာ ရုတ်တရက် အေးသွားတတ်သည်။ တခါတရံ မနက်ခင်းမှာနွေးပြီး နေ့လည်ခင်းမှာ အပူချိန် သိသိသာသာ ကျဆင်းသွားတတ်သည်။

အနည်းစုသည် အချိန်အတော်ကြာအောင် ကစားကြပြီး အေးစပြုလာသောအခါမှသာ အိမ်ပြန်ကြသည်။

—-

မြို့တော်၌

ကျန်းတန်းဟယ်တစ်ယောက် ညဥ့်နက်မှ နန်းတော်မှ နေအိမ်သို့ ပြန်လာခဲ့သည်။ လီရှို့ကျီသည် သူ့အတွက် ပူပူနွေးနွေး စားစရာများကို တွေးပြီး ပြင်ဆင်ပေးထားသည်။

"ဘယ်လိုလဲ၊ ငါ့အနားမှာ ရှိနေရတာ ကြည်နူးစရာကောင်းတယ် မဟုတ်လား"

လီရှို့ကျီက ရှက်ရွံ့စွာပြောလိုက်သည်။ "မင်း ငါ့ကို မထီမဲ့မြင်မပြုရဲပါဘူး။ ငါ မရှိရင် မင်း ငတ်နေလိမ့်မယ်"

“…....”

ကျန်းတန်းဟယ်သည် အလွန်ဆာလောင်နေသော်လည်း ဂရုတစိုက် စားသောက်နေဆဲဖြစ်သည်။ ဒါပေမယ့် တစ်ဖက်လူကိုတော့ ဂရုမစိုက်ပေ။

လီရှို့ကျီက သူ့နှုတ်ခမ်းတွေကို သပ်ပြီး ဟင်းပွဲတွေကို သူ့နားကို တွန်းလိုက်သည်။ ဒီကြားထဲမှာ ပါးစပ်ကို ပိတ်ထားသည်။

ဒီနေ့ကတော့ ချင်းမင် ပွဲတော်နေ့ပင်။ သူ့ဘိုးဘေးတွေကို ဂါရဝပြုဖို့ နှစ်နာရီလောက် အနားယူတာကလွဲလို့ ကျန်းတန်းဟယ်သည် ရှောက်ကျန့် ရဲ့အနားမှာ တစ်နေ့တာလုံးနေခဲ့ရသည်။ သူနဲ့အတူ စားစရာတွေလည်း စားရသည်။ ဒါပေမယ့် ညဘက်တွင် ပြင်ဆင်စရာများ များလွန်းသဖြင့် ညစာစားရန် အချိန်မရှိပေ။

ဖြည့်စွက်စာစားပြီးသောအခါတွင် သူသည် သူ၏တူများကို ချလိုက်ပြီး ဘေးနားတွင်ရှိသော လက်ကိုင်ပုဝါဖြင့် ပါးစပ်ကို သုတ်လိုက်သည်။ ပြီးမှ သေသေသပ်သပ်ခေါက်ပြီး ဖယ်ထားလိုက်သည်။ ဒါတွေအားလုံးလုပ်ပြီးနောက်မှ လီရှို့ကျီကိုကြည့်ဖို့ အချိန်ရခဲ့သည်။

"မနက်ဖြန်မှာ ကိစ္စတစ်ခုရှိလို့ ခဏ အပြင်ထွက်ရဦးမယ်။ စခန်းကို စောင့်ကြည့်ထား၊ တစ်ခုခုရှိရင် ငါ့ဆီ သတင်းပို့"

အဲဒါနဲ့ သူထပြီး အိမ်ထဲကို ဝင်သွားသည်။

"မင်းဘယ်သွားမလို့လဲ" လီရှို့ကျီ မသိစိတ်အရ မေးလိုက်သည်။

" မင်းကို မပြောပြဘူး"

“...…” လီရှို့ကျီ စိတ်ရှုပ်ထွေးသွားပြီး သူ့နောက်သို့ အနီးကပ်လိုက်သွားသည်။ "မင်း ငါ့ကို မပြောရင် ငါကဘယ်လိုရှာရမှာလဲ!"

ကျန်းတန်းဟယ် သူ့ခြေလှမ်းကို ရပ်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။ “မဆိုးပါဘူး၊ အနည်းဆုံးတော့ သူ့ဦးနှောက်တွေက တော်တော်အလုပ်လုပ်သားပဲ”

နောက်ဆုံးတော့ လီရှို့ကျီက သူ့ကိုဘယ်သွားမလို့လဲလို့ မမေးတော့ပေ။ သူ့ရဲ့အခန်းထဲကို မှုန်ကုပ်ကုပ်ပြန်လာသည်။ တစ်ခုခုဖြစ်ရင် သူ့ကိုလည်းလာရှာခိုင်းသေးတယ် လိပ်စာမပေးဘူးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ "ဒါက ဘာပဲဖြစ်ဖြစ် ငါ သူ့ကို လိုက်မရှာသင့်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား"

သူ့အကြောင်း များများတွေးလေ၊ အဲ့လို ပိုထင်လာလေပါပဲ။ ဒါက ကျန်းတန်းဟယ် ပုံမှန်ပြောနေကျစကားနဲ့တူသညိ။

လီရှို့ကျီလဲ ငုတ်တုတ် ထိုင်မနေနိုင်ပေ။ သူသည် ဒေါသကို ထိန်းထားပြီး နောက်တစ်နေ့မနက်တွင် ကျန်းတန်းဟယ်ကို မေးချင်သည်။ ဒါပေမယ့် သူနိုးလာပြီး နောက်တစ်နေ့တွင် သူ့ကိုလိုက်ရှာသောအခါ ကျန်းတန်းဟယ် မရှိတော့ပေ။

ကျန်းတန်းဟယ် ညသန်းခေါင်တွင် ထွက်ခွာသွားကြောင်းက သူရရှိခဲ့သော သတင်းဖြစ်သည်။ ကူကယ်ရာမဲ့စွာ အိပ်စက်ခြင်းကို အမီလိုက်နိုင်ရန် ဒေါသတကြီးဖြင့် သူ့အခန်းထဲသို့ ပြန်သွားခဲ့သည်။ သူပြန်လာသောအခါ ထိုလူနှင့် ကိစ္စရှင်းရလိမ့်မည်။

တစ်ဖက်တွင်၊ ကျန်းတန်းဟယ်သည် ညလယ်တွင် ခရီးထွက်လာပြီးနောက် ဖက်ထုပ်ဆိုင်တွင် နံနက်စာစားနေသည်။

သူ၏ ဦးတည်ရာမှာ မက်မွန်ပွင့်ရွာဖြစ်သည်။

သူ မြို့တော်မှာနေသင့်လားဟု မေးရန် ရှောင်းကောဆီ စာရေးပြီးကတည်းက သူမက အကြောင်းပြန်မလာခဲ့ပေ။ ထိုအချိန်မှစပြီး အချိန်အတော်ကြာခဲ့ပြီ၊ သူစိတ်မသက်မသာဖြစ်စပြုလာသည်။

ရှောင်းကောဆီမှ အကြောင်းပြန်ခြင်း တစ်စုံတစ်ရာ မရရှိခဲ့သော အချိန်ကာလအတွင်းတွင် သူ နေ့တိုင်း အိပ်မပျော်ခဲ့ပေ။ သူ့စိတ်ထဲမှာ ထင်ကြေးတွေ အများကြီးပေးခဲ့သည်။ "ရှောင်းကောကငါ မြို့တော်မှာနေတာကို သဘောမတူတာလား။ အဲဒါကြောင့် ဒေါသထွက်ပြီး ငါ့ကို အဆက်အသွယ် မလုပ်တော့တာလား။ သူ နေမကောင်းနေလို့များလား..."

အတိုချုပ်ပြောရလျှင် သူသည် နေ့တိုင်း အာရုံမစိုက်နိုင်ဘဲ ညတိုင်း အိပ်မပျော်သောကြောင့် ရှောက်ကျန့်အား သူအိမ်ပြန်ဖို့အတွက် ခွင့်ကိုလျှောက်ထားခဲ့သည်။ ဒါပေမယ့်လည်း ဧကရာဇ်မင်းက သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးတာမဟုတ်ဘူးဆိုတာ သေချာသည်။

ဤခက်ခဲသော အားလပ်ရက်နှင့်အတူ ကျန်းတန်းဟယ် သည် သူ၏အိမ်ပြန်ခရီးကို အမြန်လာခဲ့ရသည်။

—-

ချင်းမင် အားလပ်ရက်အပြီးတွင် ကျွမ်းကျွမ်းအား ဆရာခုံး၏ အိမ်သို့ ပြန်ပို့ခဲ့သည်။

“မေမေ…”

“မရဘူး”

"သားဘာမှမပြောရသေးဘူး။ မေမေက သားကို မရဘူးဆိုပြီးပြောတာက ရက်စက်လွန်းတာ မဟုတ်ဘူးလား။" ကျွမ်းကျွမ်းက နှုတ်ခမ်းစူပြီး ရှောင်းကောကို လေးလေးနက်နက် ကြည့်လိုက်သည်။

"သား ဘာပဲပြောပြောကိစ္စမရှိဘူး၊ ဒီအချိန်မှာ သားဆီမှာ ရွေးချယ်ခွင့်တစ်ခုပဲရှိတယ်။ ရထားလုံးပေါ်တက်ပြီး ဆရာခုံးဆီ ပြန်သွားဖို့ပဲ " ရှောင်းကော ပြုံးပြီး လှည်းကို ညွှန်ပြသည်။ ထို့နောက် သူမသည် ကန့်လန့်ကာကို မကာ ဝင်ဖို့ အချက်ပြလိုက်သည်။

"မညှိနှိုင်းတော့ဘူးလား"

ကျွမ်းကျွမ်း၏ လက်လေးတွေက တံခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူမအား စွပ်စွဲသလို ကြည့်နေလေသည်။

ရှောင်းကောက အေးအေးဆေးဆေး ခေါင်းယမ်းလိုက်ပြီး သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမ ဘာကိုဆိုလိုသည်ကို အဖြေရှာရန် အချိန်ပေးလိုက်သည်။

ကျွမ်းကျွမ်းက သနားစရာကောင်းချင်ယောင်ဆောင်ပြီး သူ့တံတွေးကို မျိုချလိုက်သည်။ သူက မျက်ရည်လည်နေသော မျက်လုံးကြီးများဖြင့် သူမကို ကြည့်ကာ ကလေးဆန်သောအသံဖြင့် ပြောလိုက်သည်။ "ကောင်းပြီလေ၊ သားသိပါပြီ"

တခြားသူဆိုရင် အဲဒီလူက သူ့ဆီမှာပျော်ဝင်သွားလိမ့်မည်။ ဒါပေမယ့် သူသည် သူ့အပေါ် ခုခံအားစနစ်ကို မြှင့်တင်ထားသည့် အမျိုးသမီး ရှောင်းကောက ဆန့်ကျင်နိုင်ခဲ့သည်။

ကျွမ်းကျွမ်း မြည်းလှည်းပေါ်တက်ရင်း အချိန်ဖြုန်းနေသည်။ လွယ်အိတ်ကို ကိုင်ပြီး ခေါင်းကထွက်လာသည်။ "မေမေ၊ သားနဲ့တူတူ ကျောင်းကိုသွားလို့ရလား"

သူ ကျောင်းတက်ရတာပျော်သည်။ ရှောင်းကောက သူ့နောက်ကို လိုက်နိုင်ရင် သူပိုလို့တောင် သဘောကျမှာ။

ရှောင်းကော စကားမထပ်ပြောချင်တော့ပေ။ သူမ သူ့ ခေါင်းကို တွန်းလိုက်သည်။

“မေမေ အတူတူသွားရအောင်ပါနော်…”

ကျွမ်းကျွမ်းက အဲ့တာဟာ အကြံကောင်းတစ်ခုဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူစာလုပ်နိုင်ပြီး သူ့အမေကို အချိန်တိုင်း စောင့်ရှောက်လို့ရနိုင်သည်။ ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်သလိုပဲ။ အံ့သြစရာကောင်းတဲ့ အကြံအစည်ပဲ။

“ဟူး…”

ရှောင်းကောသည် ရထားလုံးပေါ်မှ ရံဖန်ရံခါ ထွက်ပေါ်လာသော မေတ္တာရပ်ခံချက်များကို နားထောင်ရင်း သက်ပြင်းရှည်ကြီး ထွက်လာသည်။ သူမ မောဟိုက်လာသည်။

အစပိုင်းမှာတော့ ကိစ္စတွေက ကောင်းနေပြီ။ ကျွမ်းကျွမ်းက မားမားဘွိုင်းဖြစ်ခြင်းကို ရပ်လိုက်ပြီဟု သူမ ထင်ခဲ့သည်။ ဤရက်အနည်းငယ်ကြာပြီးနောက် သူသည် သူ၏လမ်းဟောင်းသို့ ပြန်သွားရန် သူမ မမျှော်လင့်ထားခဲ့ပေ။

“မေမေ…မေမေ…မေမေ…”

ရှောင်းကော သူမ နားကို အုပ်ထားသော်လည်း ရထားလုံးပေါ်မှ ထွက်ပေါ်လာသော ကြက်နှင့်တူသည့် အော်ဟစ်သံကို သူမ မတားဆီးနိုင်ခဲ့ပေ။ ဟိန်းဟောက်တာမဟုတ်ပေမယ့် တအီအီလုပ်နေတာ။

လမ်းသွားလမ်းလာတွေကြားတော့ ကလေးကို ပြန်ပေးဆွဲသွားတယ်လို့ ထင်ပြီး သံသယနဲ့ ကြည့်နေကြသည်။ အချို့သော မိဘတွေက ကလေးကို ရင်ခွင်ထဲတွင်ပင် တင်းတင်းကျပ်ကျပ် ဖက်ထားကြသည်။ ရှောင်းကော၏ ပါးစပ်က ခရီးတစ်လျှောက်လုံး အဆက်မပြတ် ရှင်းပြနေရသောကြောင့် ပါးစပ်ညောင်းသွားခဲ့သည်။

All Chapters