← Chapters

အခန်း (၃၀၆)

Vol. 21 Ch. 306

အခန်း (၃၀၆)

Vol. 21 Ch. 306

"မင်းက ကိုယ့်ကို ဘယ်လောက်ကြာကြာနေစေချင်လဲ"

ကျန်းတန်းဟယ်က သူမကို ပြန်မဖြေဘဲ အဲ့အစားပြန်မေးလိုက်သည်။

“ဟင်....…” ရှောင်းကော အကြာကြီး ဟင်....လုပ်နေသော်လည်း စကားမပြောခဲ့ပေ။ “ရှင် နေလို့ရနိုင်သလောက်နေပေါ့”

အဆုံးတွင် သူမသည် ထိုအကြောင်းကို ဂရုမစိုက်သလိုလုပ်ပြီး တုံ့ပြန်ခဲ့သည်။

“… ရှောင်းကော ”

"ဟမ်?" ရှောင်းကော လှည့်ကြည့်လိုက်တော့ ကျန်းတန်းဟယ်ရဲ့ မျက်နှာတစ်ဝက်လောက်ကိုသာ မြင်လိုက်ရသည်။

"မင်း ကိုယ့်ကို အိမ်မှာနေစေချင်လား ဒါမှမဟုတ် မြို့တော်မှာ နေစေချင်လား။"

သူတို့နှစ်ယောက် ဒီကိစ္စကို တစ်ခါမှ ပွင့်ပွင့်လင်းလင်း မဆွေးနွေးဖူးသလိုပဲ။ ဒီစာကို အရင်က စာထဲထည့်ရေးထားပေမယ့် လူချင်းမတွေ့တဲ့အတွက် တစ်ဖက်လူရဲ့အမူအရာကို ပြောပြဖို့ မဖြစ်နိုင်ပေ။

ရှောင်းကော ရယ်လိုက်သည်။ "ကျွန်မရဲ့ ဆင်ခြင်တုံတရား အပိုင်းက ရှင့်ကို မြို့တော်မှာ နေစေချင်ပြီး စိတ်ပိုင်းဆိုင်ရာ တစ်ဖက်ကလည်း ရှင်ကို အိမ်မှာပဲ နေစေချင်တယ်"

သူမက ရိုးသားပြီး သူမစိတ်ထဲမှာရှိနေတာကို ပြောလိုက်သည်၊

"ဆင်ခြင်တုံတရားနဲ့ စိတ်ခံစားမှုက ဘာကိုဆိုလိုတာလဲ။"

ကျန်းတန်းဟယ်သည် သူမ၏ အတွေးအမှန်များကို ကြားချင်သည်။

"ရှင် မြို့တော်မှာနေမယ်ဆိုရင် ရှင်ကြိုက်တာကိုလုပ်ပြီး ဆက်တောက်ပလို့ရတယ်။ အနီးမှာ မနေတာက နှလုံးသားကို ပိုပြီးကြင်နာတွယ်တာလာစေတယ်၊ ဒါကြောင့် ကျွန်မတို့ကြားက ပဋိပက္ခလေးတွေလည်း လျော့ပါးလိမ့်မယ်။ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ရှင်အိမ်ပြန်လာရင် ကျွန်မ အရမ်းစိတ်သက်တောင့်သက်သာရှိလိမ့်မယ်။ အိမ်မှာ တာဝန်အားလုံးကို ထမ်းထားတဲ့သူက ကျွန်မတစ်ယောက်တည်း မဟုတ်တော့ဘူး။ အနည်းဆုံးတော့ ကျွန်မ အားကိုးလို့ရနိုင်တဲ့သူတစ်ယောက်ရှိလာတာပေါ့"

ကျန်းတန်းဟယ်က နောက်ဆုံးအပိုင်းကို ကြားလိုက်တဲ့အခါ သူ့မိသားစုအနားမှာနေဖို့က ပိုအရေးကြီးတယ်လို့ သူခံစားခဲ့ရသည်။

"ဒါပေမယ့်၊ ရွေးချယ်စရာနှစ်ခုက ကွဲလွဲမနေပါဘူး။ အရင်က ရှင် မြို့တော်မှာနေဖို့ ရှင့်အသက်ကို စွန့်စားခဲ့ရတယ်။ အဲဒီအခြေအနေအောက်မှာ ကျွန်မ ရှင့်ကို မဆိုင်းမတွနဲ့ ပြန်လာခွင့်ပေးမယ်။ ဒါပေမယ့် အခု ရှင်ကြိုက်တဲ့အလုပ်ကို လုပ်လို့ရပြီး တစ်ချိန်တည်းမှာ ရှင့်ရဲ့ဘေးကင်းမှုကို အာမခံနိုင်တယ်။ တွန့်ဆုတ်နေစရာအကြောင်းမရှိဘူး။"

အဲဒါနဲ့ ရှောင်းကောက သူ့ကို ညင်သာစွာ ပုတ်လိုက်သည်။ “ဒါ့အပြင် ရှင် မကြာခဏ ပြန်လာနိုင်ပြီး အငြိမ်းစားယူဖို့ စဉ်းစားဖို့က စောလွန်းနေပါသေးတယ်။အဲ့တာက ရှင် အသက်အရမ်းကြီးတဲ့အထိ ပြန်မလာနိုင်တော့တာလိုမျိုးမှ မဟုတ်တာ”

ကျန်းတန်းဟယ် စဥ်းစားကာ ခေါင်းညိတ်လိုက်သည်။ “ဒါဆို တစ်လတစ်ခါ ပြန်လာပြီး ခုနစ်ရက် နေမယ် ”

"မလုပ်နဲ့!" ရှောင်းကောက သူ့ကို ပြုံးပြပြီး တားလိုက်သည်။ "ဒါက အရမ်းဒုက္ခများတယ်။ နှစ်လ၊ သုံးလတစ်ကြိမ် ပြန်လာလို့ရပါတယ်"

တစ်လ တစ်ကြိမ် ပြန်လာလျှင် ခရီးထွက်ချိန်သည် ငါးရက် ကြာသည်။ သူသည် ခုနှစ်ရက်နေ၍ ပြန်လာရန် နောက်ထပ်ငါးရက် ကြာမြင့်မည်ဖြစ်သည်။ စုစုပေါင်း ဆယ့်ခုနစ်ရက်ရှိမည်ဖြစ်ကာ၊ ဆိုလိုသည်မှာ သူသည် အနည်းဆုံး တစ်လခွဲခန့် အလုပ်မှ ထွက်ခွာရမည်ဖြစ်သည်။ ရှောက်ကျန့်က ဒါကို လုံးဝသဘောတူမှာမဟုတ်ဘူး။ ထို့အပြင် အိမ်မှာ သူ့အတွက် လုပ်စရာ များများစားစား မရှိပေ။

ရှောင်းကောသည် အလွန်ဆင်ခြင်တုံတရားရှိပုံရသော ကျန်းတန်းဟယ်မှာ ဒီလောက်ထိစိတ်လှုပ်ရှားစရာကောင်းမည်ဟု မမျှော်လင့်ခဲ့ပေ။

အချိန်အတော်ကြာ စကားပြောပြီးနောက် ရှောင်းကော

သည် နောက်ဆုံးတွင် သူ့ကို တစ်လတစ်ကြိမ် ပြန်လာရန် သူ့အစီအစဉ်ကို စွန့်လွှတ်ရန် တိုက်တွန်းခဲ့သည်။ ထို့ကြောင့် သူ နှစ်လတစ်ကြိမ် အိမ်ပြန်ရန် ဝန်လေးစွာ ဆုံးဖြတ်ခဲ့သည်။

ဆရာခုံး၏ အိမ်သို့ရောက်သောအခါ၊ ကျန်းတန်းဟယ်သည် မြင်းပေါ်မှ အရင်ဆုံးဆင်းကာ ရှောင်းကောကို ဂရုတစိုက် ချီလျက် အောက်သို့ချပေးခဲ့သည်။

ရှောင်းကော ဆင်းလာပြီးနောက် သူမ တံခါးကို အမြန်ခေါက်လိုက်သည်။ ကျန်းတန်းဟယ် ပြန်ရောက်လာတာကို ကျွမ်းကျွမ်း မြင်လိုက်ရရင်၊ သူ အော်ဟစ်နေလိမ့်မည်။

ဒါကို တွေးရင်းနဲ့ သူမ နောက်ထပ် နှစ်ကြိမ် တံခါးခေါက်လိုက်သည်။

“လာပြီ"

ဆရာမခုံးက အိမ်မှ ထွက်လာခဲ့သည်။ မေးစရာမလိုဘဲ သူမက ရှောင်းကောမှန်း သိနေပြီ။ အဓိကကတော့ သူတို့မှာ ဧည့်သည်မရှိလို့ပဲ။ သူတို့နှစ်ဦးသည် အများအားဖြင့် ခပ်လျှိုလျှို ကိုယ်ရေးအကျဉ်းကို ထိန်းသိမ်းထားပြီး သူတို့ရဲ့အချက်အလက်ကို ဘယ်သူမှ မသိကြပေ။ ၎င်းတို့နှင့် အဆက်အသွယ် မပြတ်သော တစ်ဦးတည်းသောလူမှာ ကျွမ်းကျွမ်းနှင့် ရှောင်းကော ဖြစ်သည်။

"ကျွမ်းကျွမ်းက မင်းအကြောင်းပဲပြောနေတာ" ဆရာမခုံးက တံခါးဖွင့်ပေးခဲ့သည်။

"ဆရာမခုံး "

တံခါးဖွင့်လိုက်သည်နှင့် ကျန်းတန်းဟယ်က သူမကို နှုတ်ဆက်ခဲ့သည်။

"အိုး မင်းပြန်လာပြီပေါ့!"

ကျန်းတန်းဟယ်ကို တွေ့လိုက်ရတော့ ဆရာမ ခုံးက အရမ်းစိတ်လှုပ်ရှားနေသည်။ သူမ သူ့လက်ကို အားရပါးရ ဆုပ်ကိုင်ကာ အိမ်ထဲသို့ ဝင်သွားသည်။ သူမသည် ကျန်းတန်းဟယ်၏ လက်ကိုထိရန် အခွင့်အရေးကိုပင်ရယူခဲ့သည်။

ရှောင်းကော ကျန်းတန်းဟယ်ကို တစ်ချက်ကြည့်လိုက်သည်။ "ဒီတော့ သူ့မျက်နှာကို လူတွေက အသက်အရွယ်မရွေး သဘောကျကြတာလား၊ ဒါက တကယ်ကို အံ့သြစရာပဲ"

ကျန်းတန်းဟယ် အလွန်အကူအညီမဲ့သလို ခံစားခဲ့ရသည်။ ရှောင်းကော၏ ပဟေဋ္ဌိဆန်ဆန်အကြည့်ကို ရင်ဆိုင်ရင်း သူနားမလည်ကြောင်း ညွှန်ပြရင်း ပခုံးတွန့်ပြလိုက်သည်။

"ခဏနေဦး။ ငါ သူတို့ကို ခေါ်လိုက်မယ်။ ဟူး ထားလိုက်ပါတော့။ ငါနဲ့လိုက်ခဲ့။ တန်းဟယ်က ခုထိ အတန်းတက်နေတဲ့ ကျွမ်းကျွမ်းကို မတွေ့ဖူးသေးဘူးမဟုတ်လား"

ဆရာမ ခုံးက သူတို့ နှစ်ယောက်ကို စာကြည့်ခန်းဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။

သူတို့ မနီးသေးခင်မှာ ကျွမ်းကျွမ်းရဲ့ အသံထွက်ကာ စာဖတ်နေသံကို ကြားလိုက်ရသည်။

ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့သည် သူတို့၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ခဲ့ကြပေ။ စာကြည့်ခန်း ပြတင်းပေါက်ဆီသို့ အလျင်အမြန်လျှောက်သွားကာ တံခါးပေါက်ကို ညင်သာစွာဖြင့်နည်းနည်းလေးဖွင့်ကြည့်လိုက်သည်။

စာကြည့်ခန်းတွင် ဆရာခုံးသည် လက်တင်ကုလားထိုင်တွင် ထိုင်နေပြီး ကျွမ်းကျွမ်းသည် သူစိတ်ကြိုက်လုပ်ထားသော စားပွဲရှေ့တွင် ထိုင်နေသည်။ သူသည် မတ်မတ်ထိုင်ကာ ခေါင်းညိတ်ပြီး ကဗျာရွတ်နေလေသည်။

ရှောင်းကောသည် ဤအရာကို အခြေခံအားဖြင့် အကြိမ်များစွာ မြင်ဖူးသော်လည်း ကျန်းတန်းဟယ်က ၎င်းကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။ သူ့စိတ်ထဲတွင် ပျော်ရွှင်မှုကို စကားလုံးများဖြင့် မဖော်ပြနိုင်ခဲ့ပေ။ သူသည် ကျွမ်းကျွမ်းကို ဂရုတစိုက်ကြည့်ကာ ဤမြင်ကွင်းကို အလွတ်ကျက်မှတ်ထားရန် ကြိုးစားနေသည်။

ခင်ပွန်းဖြစ်ရခြင်းသည် သူ့ဘဝတွင် ပထမဆုံး ပျော်ရွှင်ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့လျှင် ဖခင်တစ်ဦးဖြစ်ရခြင်းသည် သူ့အတွက် ဒုတိယအကြိမ်မြောက် ပျော်ရွှင်စရာအကောင်းဆုံး ဖြစ်ရပ်တစ်ခုဖြစ်သည်။ ထို့နောက် တတိယမြောက် အပျော်ရွှင်ဆုံးဖြစ်ရပ်မှာ ကျွမ်းကျွမ်း၏ ကျောင်းဝင်ခွင့်ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူအလွန်ကျေနပ်နေမိသည်။ သူ ရှောင်းကောကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ကျွမ်းကျွမ်းကို ပျော်ရွှင်စွာ ကြည့်နေမိသည်။

ဆရာမခုံး တံခါးခေါက်တော့မည့်အချိန်မှာ

ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့က သူမကို တားလိုက်ကြသည်။

“ထားလိုက်ပါ အဒေါ်။သူတို့စာဆက်သင်နေကြပါစေ"

ရှောင်းကော ပြောပြီးသည်နှင့် ကျန်းတန်းဟယ်က သဘောတူကာ ခေါင်းညိတ်ပြလိုက်ပြီး သူတို့ကို မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ၊ နေ့လည်စာစားဖို့ ဒီမှာနေသွားကြဦး! ငါ့ကို မငြင်းကြနဲ့!"

ထိုစကားကိုပြောပြီးနောက် ဆရာမခုံးက သူတို့နှစ်ယောက်ကို လေးလေးနက်နက်ကြည့်နေသည်။

ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်သည်။ "ကျွန်မတို့က အစကတည်းက ထွက်သွားဖို့ မရည်ရွယ်ထားပါဘူး။"

စကားပြောနေစဉ် ရှောင်းကောသည် သူမလက်ထဲရှိ ဝက်ခေါင်သားကို ပြလိုက်သည်။ "အဒေါ်၊ ကျွန်မတို့တွေအတွက် ကျွန်မ ဟင်းချက်လိုက်မယ်"

"အဲဒါအရမ်းကောင်းတယ်!" ဒါကို ဆရာမ ခုံး ကြားတော့ အရမ်းဝမ်းသာသွားသည်။ ရှောင်းကောရဲ့ ချက်ပြုတ်မှုက တကယ်ကို ကောင်းသည်။ "ငါတို့အားလုံး ဒီနေ့အတူတူစားရပြီ!"

အဲဒါနဲ့ သူမက ပြုံးပြီး ရှောင်းကောကို မီးဖိုချောင်ထဲ ခေါ်သွားကာ ကျန်းတန်းဟယ်ကို တစ်ယောက်တည်း ထားခဲ့လိုက်သည်။

စိတ်အားထက်သန်နေသော ဆရာမခုံးကိုကြည့်ရင်း ကျန်းတန်းဟယ် ရယ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ရှေ့တွင် တိတ်တဆိတ်ရပ်ကာ ပြတင်းပေါက်ကြားမှ ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးကို ဖုံးကွယ်ထားလို့ မရပေ။

ရှောင်းကောသည် ဆရာမခုံးနဲ့ မီးဖိုချောင်သို့ လိုက်သွားခဲ့ကာ ခေါက်ဆွဲပန်းကန်တစ်လုံးကို တွေ့လိုက်ရသည်။ "အဒေါ် ဒါနဲ့ဘာလုပ်ဖို့စီစဉ်ထားလဲ"

"ငါတို့ ခေါက်ဆွဲစားကြမလို့။ သူတို့နှစ်ယောက်လုံး ခေါက်ဆွဲစားဖို့ ဆူပူတောင်းဆိုနေကြပေမယ့် ငါ ဘယ်ဟင်းရည်ကို ပြင်ဆင်ရမလဲ မသိသေးဘူး။"

မုန့်နှစ်က အလုံအလောက်ရှိသည်။ ရှောင်းကော အိမ်ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ကြက်သွန်မြိတ်တစ်စည်း၊ ပဲပိစပ်ဇလုံတစ်ဝက်နှင့် သခွားသီးအနည်းငယ်တို့ ပါသည်။

"ငရုတ်သီးနဲ့ ပဲပိစပ်တွေကို ဘာလို့ မမွှေရမှာလဲ၊ အိမ်မှာ ဆော့စ် ရှိသေးတယ် မဟုတ်လား"

"ဆော့စ်ရှိတယ်!"

"ဟုတ်ပြီ၊ ငရုတ်သီးနဲ့ ပဲပိစပ်တွေကို မွှေကြော်ပြီး ဝက်သားကို ပါးပါးလှီးပြီး ဆောစ့်နဲ့ ကြော်ကြမလား၊ ပြီးတော့ သခွားသီးကို လှီးပြီး ဝက်ခေါင်းသားကို ဟင်းအအေးစာကို ချက်ကြမလား"

“သေချာပေါက်ပဲပေါ့!” အခုဆရာမခုံးမှာ ရှောင်းကော ရှိနေတော့ သူမဘက်က ကူညီနိုင်ခဲ့သည်။ ရှောင်းကော ဟင်းချက်တာကို သူမ မြည်းစမ်းကြည့်တာ ကြာပါပြီ။ သူမ တကယ်ပဲ အဲ့တာကို လွမ်းနေတာ။

၎င်းတို့ထဲမှ အနည်းငယ်သည် ထုံးတမ်းစဉ်လာများကို နှစ်သက်သဘောကျသူများ မဟုတ်ပေ။ ဆရာခုံးနှင့် ဆရာမခုံးတို့သည် ရှောင်းကောနှင့် ကျွမ်းကျွမ်းကို ဧည့်သည်များလို မဆက်ဆံဘဲ မိသားစုအဖြစ် အမှန်တကယ် ဆက်ဆံခဲ့ကြပြီး သူတို့အတွက် ပွဲကြီးတစ်ခုကို ပြင်ဆင်ခဲ့သည်။ အဲဒီအစား သူတို့မိသားစုနဲ့ သူတို့လုပ်မယ့် ဟင်းလျာတွေကို သူတို့အတွက် အိမ်မှာချက်ထားတဲ့ ဟင်းလျာတွေ ပြင်ဆင်ထားကြသည်။

သူတို့နှစ်ယောက်လုံး အပြည့်အ၀ အလုပ်လုပ်ကြသည်။ ဆရာခုံး အတန်းပြီးတာနဲ့ အစားအသောက်တွေတည်ခင်းလို့ရပြီ။

ဆရာခုံးက ရှေ့က လျှောက်လာခဲ့ပြီး ကျွမ်းကျွမ်းက သူ့နောက်မှာ ရှိနေသည်။ ရုတ်တရက် ဆရာခုံးက သတိပေးချက်မရှိဘဲ ရပ်သွားခဲ့သည်။ ကျွမ်းကျွမ်း သည် အချိန်မီ မရပ်တန့်နိုင်ဘဲ သူ့ဆီ ချက်ချင်း ဝင်တိုက်မိသွားသည်။ ကံကောင်းထောက်မစွာ သက်ရောက်မှုက မပြင်းထန်ဘူး၊ မဟုတ်ရင် ဆရာခုံးကို တိုက်မိသွားလိမ့်မည်။

"စစ်သူကြီး ပြန်ရောက်လာပြီလား"

"ဆရာ၊ ကျွန်တော့်ကို တန်းဟယ်လို့ပဲခေါ်ပါ"

ကျွမ်းကျွမ်းသည် ရင်းနှီးသောအသံကိုကြားလိုက်သောကြောင့် ရှေ့သို့ပြေးသွားပြီး ကျန်းတန်းဟယ်ကိုတွေ့လိုက်ရသည်။ "ဖေဖေ!"

"ကျွမ်းကျွမ်း!" ကျန်းတန်းဟယ်က ကိုယ်ကိုကိုင်းပြီး သူ့ကို ကောက်ချီလိုက်သည်။ သူ့အဖေ သူ့ကို မချီတာ ကြာပြီ။ ကျွမ်းကျွမ်း မျက်ရည်များဝဲလာသည်။

သူ ကျန်းတန်းဟယ်နဲ့ အချိန်အတော်ကြာအောင် တွယ်ကပ်နေခဲ့သည်။ နောက်တော့ သူ့အမေက ဒီမှာရှိနေပြီး မီးဖိုချောင်မှာ ချက်ပြုတ်နေတယ်ဆိုတဲ့ သတင်းကြားလိုက်ရသည်။ စကားတစ်ခွန်းမှ မပြောဘဲ သူ ခုန်ဆင်းသွားကာ သူ့အမေကို ရှာရန် ထွက်ပြေးသွားခဲ့သည်။

ကျန်းတန်းဟယ်သည် သူ့ရင်ခွင်မှ လွတ်မြောက်ပြီး ယုန်ထက် ပိုမြန်စွာ ပြေးသွားသော ကျွမ်းကျွမ်းကို အားကိုးရာမဲ့စွာ ကြည့်နေမိသည်။ သူ့ရဲ့ ခံစားချက်အစစ်အမှန်က အခုမှ နေရာလွဲသွားသည်။

ကျန်းတန်းဟယ် သူ့အကြည့်ကို ရုတ်လိုက်ပြီး ဆရာခုံးကို လေးနက်စွာ ဦးညွှတ်လိုက်သည်။

"ဟေ့ စစ်သူကြီး၊ အဲ့လို လုပ်စရာ မလိုဘူး"

ဆရာခုံးက သူ့လက်ကို အမြန်ဆွဲကိုင်လိုက်ပြီး သူ့ကို ဆွဲထူဖို့ ကြိုးစားခဲ့သည်။

ဒါပေမယ့်လည်း ကျန်းတန်းဟယ်သည် မထမီ လေးလေးနက်နက် ဦးညွှတ်နေသေးသည်။ "ကျွမ်းကျွမ်း အတွက် အချိန်အများကြီးပေးလို့ ကျေးဇူးတင်ပါတယ်"

"လုံးဝမဟုတ်ရပါဘူးကွာ၊ ငါ ကျွမ်းကျွမ်းကို အရမ်းသဘောကျတယ်။ ဒီလို ထက်မြက်တဲ့ တပည့်တစ်ယောက်ရလို့ ငါ အရမ်းဝမ်းသာမိတယ်။" ဆရာခုံးက သူ့လက်ကို ဝှေ့ယမ်းပြီး စကားပြောခဲ့သည်။ တကယ်တော့ သူက ကျေးဇူးသိတတ်သူဖြစ်သင့်သည်။ ကျွမ်းကျွမ်းလိုမျိုး ကောင်းမွန်သော ပျိုးပင်ကိုပေးထားတော့ သူသည် အိပ်ပျော်နေချိန်တွင်ပင် ပြုံးနေခဲ့သည်။

ကျန်းတန်းဟယ်သည် သူ့လက်ထဲက လက်ဆောင်ကို မပေးအပ်မီ သူတို့နှစ်ဦးသည် နောက်ထပ် ပျော်ရွှင်စရာများကို ဖလှယ်ခဲ့ကြသည်။

All Chapters