အခန်း (၃၀၉)
Vol. 21 Ch. 309
ကျန်းတန်းဟယ် အိမ်ထဲသို့ ပြေးဝင်သွားပြီး ရှောင်းကောကို ဝင်တိုက်မိလုနီးပါး ဖြစ်သွားသည်။
"အိုက်ရိုး ရှင်ဘာလုပ်နေတာလဲ။ ခွေးလိုက်လာလို့လား"
ရှောင်းကော ဟန်ချက်ပြန်ကောင်းလာသောအခါတွင် အပြုံးဖြင့် ပြောလိုက်သည်။
“မဟုတ်ဘူး” ကျန်းတန်းဟယ် အဆင်မပြေစွာဖြင့် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ အပြင်မှာ ထုတ်မပြပေမယ့် သူ့မှာ တစ်ခုခုမှားနေသလို ခံစားရသည်။
!!
ရှောင်းကော အဝေးကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ ဘာတွေဖြစ်နေတာလဲ?
ကျန်းတန်းဟယ် အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။ သူနဲ့ ရှောင်းကောတို့ ကလေးယူဖို့ သင့်တော်ပေမယ့်...
ဒီည ရှောင်းကောကို "ကလေးယူရအောင်" လို့ ပြောင်ပြောင်တင်းတင်း ပြောဖို့ကကျတော့ သူ ကြောက်စရာကောင်းလောက်အောင် သေသွားနိုင်သည်။
ထို့ကြောင့် သူသည် မိုက်မဲသော အစီအစဥ်ကို တွေးကာ ဤကိစ္စကို ပြေလည်အောင် ဖြေရှင်းခဲ့ရသည်။
ထိုညတွင် ကျန်းတန်းဟယ်သည် သေးငယ်သော လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။
"ကျွမ်းကျွမ်း၊ အိပ်ချိန်ရောက်ပြီ"
ကျန်းတန်းယ် ၏စကားကို ရုတ်တရက်ကြားလိုက်သောအခါ ရှောင်းကောက အိပ်ယာပြင်နေလေသည်။ သူမရပ်ပြီး ကျွမ်းကျွမ်း ကိုကြည့်လိုက်သည်။
"ဟင့်အင်း၊မအိပ်ဘူး။သားက ခု ငါးနှစ်မပြည့်သေးဘူး"
ကျွမ်းကျွမ်း ချက်ချင်းတုံ့ပြန်လိုက်ပြီး သဘောမတူခဲ့ပေ။ သူသည် ရှောင်းကော ကို လျင်မြန်စွာ ပွေ့ဖက်ကာ သူမကို သနားစရာကောင်းစွာ ကြည့်ကာ သူမကို စာနာထောက်ထားပေးဖို့ ကြိုးစားခဲ့သည်။ “သားအိပ်ပျော်မှာမဟုတ်ဘူး သားကြောက်တယ် မေမေ…”
“ဘာလို့ အိပ်မပျော်ရမှာလဲ…”
ကျန်းတန်းဟယ် ထုတ်ပြောလိုက်ပြီး သူ့ဟန်ဆောင်မှုကို မညှာမတာ ထုတ်ဖော်လိုက်သောအခါ ရှောင်းကောက ဂူထဲသို့ ဝင်တော့မည်ဖြစ်သည်။ "ဆရာခုံးအိမ်မှာ သားတစ်ယောက်တည်း ကောင်းကောင်းမအိပ်ခဲ့လို့လား"
ထိုသို့ပြောသောအခါ၊ ကျွမ်းကျွမ်း သည် ဆရာခုံး၏အိမ်တွင် အမြဲတစ်ယောက်တည်း အိပ်ခဲ့ကြောင်း ရှောင်းကော သတိရသွားသည်။ ဘာကိုကြောက်ရမှာလဲ?
"ဟုတ်တယ်! ဒီည တခြားအခန်းမှာ အိပ်"
ရှောင်းကော ပြောပြီးတာနဲ့ ကျွမ်းကျွမ်း က ငိုပါတော့သည်။ ကျန်းတန်းဟယ်က အောင်ပွဲခံစွာ ပြုံးပြီး သူ့ကို ဘဝင်လေဟပ်စွာ ကြည့်နေသည် ။ "အတားအဆီးလေး၊ ဒီည မင်းတစ်ယောက်တည်း အိပ်"
သူသည် အကြာကြီး ဘဝင်လေဟပ်မနေပေ။ ရှောင်းကော ပြောသောစကားသည် သူတို့၏ကံကြမ္မာကို လုံးဝပိတ်ဆို့ထားလိုက်သည်။
"သားဖေဖေကို ခေါ်သွားပြီး နောက်ထပ် ရက်အနည်းငယ်ကြာအောင် ကျင့်သားရအောင်လုပ်"
"!!" ဒီတစ်ခါတော့ ကျန်းတန်းဟယ်က သဘောမတူပေ။ “မလိုဘူး။”
"ဟုတ်တယ်၊ ဟုတ်တယ်၊ သားအနားမှာ ဖေဖေရှိရမယ်၊ ဒါမှ သား ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာ " ကျွမ်းကျွမ်းက သူ့ကို လျှို့ဝှက်တဲ့ အကြည့်ကိုပေးရင်း အရေခြုံပြီး ပြောလိုက်သည်။ "မေမေနဲ့ နှစ်ယောက်တည်း အချိန်ဖြုန်းဖို့ စဥ်းတောင်မစဉ်းစားနဲ့!"
"ကောင်းပြီ မေမေ သားအတွက် အိပ်ယာခင်းပေးမယ်။" စကားတစ်ခွန်းမှ မပြောဘဲ ရှောင်းကောသည် စောင်ကို ချက်ချင်းကောက်ကိုင်လိုက်ပြီး အခြားအခန်းဆီသို့ လျှောက်သွားခဲ့သည်။
ကျွမ်းကျွမ်းနဲ့ ကျန်းတန်းဟယ်တို့သည် အနောက်ဘက်မှ လျှို့ဝှက်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။ မကြာသေးမီက အခန်းတွင်းရှိ မြင်ကွင်းသည် ဖခင်မေတ္တာနှင့် သားသမီးဝတ္တရားများထဲမှ တစ်ခုဖြစ်သည်။ ဒါပေမယ့် ရှောင်းကောကြောင့် သူတို့ ချက်ချင်း ကွဲကွာသွားခဲ့သည်။
ကျန်းတန်းဟယ်က လက်မလျှော့သေးပေ။ ရှောင်းကော ကို တစ်ချက် ခိုးကြည့်လိုက်သည်။ ဒါက ရည်ရွယ်ချက်ရှိ/မရှိ မသိရသေးပေမယ့် ရှောင်းကောကတော့ မမြင်ခဲ့ပါပေ။ အိပ်ယာပြင်ပြီးတာနဲ့ သူမက သူမရဲ့အခန်းကို ပြန်သွားခဲ့သည်။
သူမသည် ကုတင်ကြီးပေါ်တွင် လှဲလျောင်းကာ သက်တောင့်သက်သာ လှိမ့်နေခဲ့သည်။ ကြည်နူးစရာကောင်းလိုက်တာ။ သူဘာတွေလုပ်နေလဲဆိုတာ သူမ ကောင်းကောင်းသိတာမို့ သူ့လှည့်ကွက်တွေကို တားလိုက်တာ။
တစ်ဖက်မှာတော့ သူတို့နှစ်ယောက်လုံးမှာ မတူကွဲပြားတဲ့ အရာတစ်ခုကို ကြုံတွေ့နေရသည်။ ကျွမ်းကျွမ်းက ယုတ်မာသော ကောင်လေးတစ်ယောက်ဖြစ်သည်။ သူက ကျန်းတန်းဟယ်ရဲ့ လက်နှစ်ဖက်နဲ့ ခြေထောက်တွေကို ရစ်ပတ်ထားပြီး သူ ကြောက်တယ်လို့ ပြောခဲ့သည်။ ဖခင်ဖြစ်သူကို ပွေ့ဖက်ကာ အိပ်စက်ဖို့ တောင်းဆိုခဲ့သည်။ ယင်းကြောင့် ညသန်းခေါင်တွင် ရှောင်းကော၏အခန်းသို့ ခိုးဝင်လိုသော ကျန်းတန်းဟယ်မှာ သူ့အစီအစဉ်များကို လုံးဝလက်လွှတ်လိုက်ရသည်။
နောက်တစ်နေ့တွင် ကျန်းတန်းဟယ်မှာ အရှုံးမပေးသေးပေ။ သူက ကျွမ်းကျွမ်းကို နှင်ထုတ်ချင်ပေမယ့် ကောင်လေးက အရမ်းတွယ်ကပ်နေသည်။ အပြင်ကနေ လျှို့ဝှက်သော့ခတ်ထားရင်တောင် အသုံးမဝင်ပေ။
ရှောင်းကော အာရုံမစိုက်နေစဥ် ကျန်းတန်းဟယ်က ကျွမ်းကျွမ်းကို အိမ်အပြင်ကနေ သော့ခတ်ထားခဲ့သည်။ ဒါပေမယ့် ကောင်လေးက စပြီးအော်လိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။ ရွေးချယ်စရာမရှိတော့ဘဲ ကျန်းတန်းဟယ်က သူ့ကို တိတ်တဆိတ်နဲ့ သော့ပြန်ဖွင့်ပေးခဲ့သည်။
ဒုတိယအစီအစဉ်က မအောင်မြင်ပြန်ဘူး။
ကျန်းတန်းဟယ်က လက်မလျှော့ခဲ့ပါချေ။ ဘယ်လိုပဖြစ်ဖြစ် သူသည် အိမ်တွင် ရက်အနည်းငယ်မျှနေရဦးမည်။ လွတ်မည့်အပေါက်တွေကို ရှာမတွေ့ဘူးဆိုတာ သူ မယုံဘူး!
ရက်အနည်းငယ်ကြာပြီးနောက် သူသည် သူ၏ တတိယမြောက် အစီအစဉ်ကို စတင်ခဲ့သည်။
ရှောင်းဟူက ကျွမ်းကျွမ်းအား ကစားဖို့လာခေါ်ခဲ့သည်။ သူတို့ နှစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့သည်။ ကျန်းတန်းဟယ်က ရှောင်းကောကို တိတ်တဆိတ်ချဉ်းကပ်ပြီး သူမကို ပွေ့ဖက်ရန် ကြိုးစားခဲ့သည်။
ရှောင်းကော သူ့လုပ်ရပ်ကြောင့် လန့်သွားသည်။ သူမမျက်နှာ နီရဲလာပြီး စကားထစ်ထစ်နဲ့ ပြောလိုက်သည်။ "ဘာလုပ်တာလဲ..."
ကျန်းတန်းဟယ်လည်း ရှက်သွားသည်။ သူ့မှာ အတွေ့အကြုံ များများစားစား မရှိတဲ့အတွက် တစ်ဖက်ကို တိုက်ရိုက်မကြည့်ရဲပေ။ သူ့ရည်ရွယ်ချက်ကို ရှက်ရွံ့စွာ ပြောပြလိုက်သည်။
“သခင်မယန်မှာ ကိုယ်ဝန်ရှိနေပြီ၊ သူတို့က တတိယမြောက်ကလေး မွေးတော့မယ်။ ကိုယ်တို့လည်း ဘာလို့ ကလေးတစ်ယောက် ထပ်မယူရမှာလဲ”
"!!" ရှောင်းကော၏ မျက်နှာသည် နီရဲနေ၏။ ဒီလူက တကယ်ပဲ နေ့ခင်းကြောင်တောင်ကြီး လာကြေညာနေတယ်။
"ကျွန်မကို အရင်လွှတ်" ရှောင်းကောက သူ့ကို အတင်းတွန်းထုတ်လိုက်သည်။ နေ့ခင်းဘက်ဖြစ်နေသည့်အချက်ကို ဘေးဖယ်ထားကာ ကျွမ်းကျွမ်းက အချိန်မရွေးပြန်လာနိုင်သည်။ ကျန်းတန်းဟယ်က တကယ်ကို ပြောင်မြောက်လွန်းလှပါတယ်- သူ ရူးနေတာပဲဖြစ်ရမည်
ကျန်းတန်းဟယ် ခေါင်းခါလိုက်ပြီး သူမကို နမ်းရန် သူ့ခေါင်းကို ငုံ့လာသည့်အချိန်မှာ တံခါးက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။ ရှောင်းကောက သူ့ကို အလျင်အမြန် တွန်းထုတ်လိုက်ပြီး ကျန်းတန်းဟယ်ရဲ့ အနမ်းက ပစ်မှတ်ကို လွဲသွားသည်။
ရှောင်းကောက သူမ၏ အခန်းထဲသို့ ပြေးသွားပြီး တံခါးကို ပိတ်ခဲ့သည်။
ကျန်းတမ်းဟယ် စိတ်ပျက်လက်ပျက်ဖြင့် သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။ သူ့ဘဝက အရမ်းခါးတာပဲ...
ဒီအချိန်မှာ ကျွမ်းကျွမ်းက ပြန်ပြေးလာသည်။ ထူးဆန်းနေတဲ့ ကျန်းတန်းဟယ်ကို တစ်ချက်ကြည့်ပြီးနောက် သူသည် စားပွဲဆီသို့ တန်းတန်းပြေးသွားပြီး ရေတစ်ခွက်လောင်းထည့်ကာ မော့သောက်လိုက်သည်။ ပြီးသွားတော့ သူက သက်တောင့်သက်သာဖြင့် လေချဥ်တက်လိုက်ပြီး ပြန် ပြေးသွားပြန်သည်။
ရေဆာလို့ ရေသောက်ဖို့ ပြန်လာတာ။
ကျန်းတန်းဟယ်သည် ပြေးထွက်သွားသော ကလေးလေးကို အားကိုးရာမဲ့စွာ ကြည့်နေလေသည်။ သူတကယ် ရိုက်နှက်ချင်ပေမယ့် သူ့ကိုယ်သူ ထိန်းထားလိုက်သည်။ သူ့ကလေးကို ဘယ်လိုလုပ်ရိုက်နိုင်မလဲ။
ဒီအချိန်မှာတော့ လီရှို့ကျီ သူ့အနားမှာ ရှိနေဖို့ တကယ်ပဲ သူမျှော်လင့်ခဲ့သည်။ သူက ကလေးကို ပြုစုစောင့်ရှောက်ဖို့ ကူညီပေးနိုင်ပြီး ရိုက်နှက်ဆုံးမပေးနိုင်သည်။ သူသာသိခဲ့ရင် သူ့ကို ခေါ်လာမိလိမ့်မည်။
ရှောင်းကောက သူမ၏အခန်းထဲသို့ ပြေးသွားပြီး တံခါးကို ချက်ချင်းဂျက်ထိုးလိုက်သည်။ အချိန်မီ မလွတ်လာခဲ့ရင် မထင်မှတ်ထားတဲ့ အရာတစ်ခုဖြစ်လာမှာကို သူမကြောက်သည်။ သူမ တကယ်အဆင်သင့်မဖြစ်သေးဘူး။
အပြင်ဘက်က လှုပ်ရှားမှုတွေကို ခဏလောက် နားထောင်ပြီးနောက် ရှောင်းကောက ဘယ်သူဝင်လာမှန်း ခန့်မှန်းနိုင်ခဲ့သည်။ ကျွမ်းကျွမ်းက ရေဆာတဲ့အတွက် ရေသောက်ဖို့ ပြန်လာခဲ့တာ။ ရှောင်းကော အလွန်ဝမ်းသာသွားသည်။ အမှန်ပင် သူသည် သူ့မိခင်၏ သားကြီးဖြစ်ပြီး သူမအား ဘေးဒုက္ခမှ ကယ်တင်ခဲ့သည်။ သူမသည်ကျန်းတန်းဟယ်လို့ခေါ်တဲ့ နတ်ဆိုးတစ်ကောင်ကြောင့် မျက်စိကန်းလုနီးပါးဖြစ်ခဲ့ရသည်။ အလှတရားထောင်ချောက်ဖြစ်ခဲ့သည်။ သူမ ပိတ်မိဖို့ အရမ်းနီးစပ်နေပြီလေ။
သူမရဲ့ အပြစ်ကင်းစင်မှုကို ထိန်းသိမ်းထားတာကြောင့် ရှောင်းကောက အခန်းထဲက ပြန်မထွက်လာရဲတော့ပေ။ ကျန်းတန်းဟယ်ကိုယ်တိုင်ပဲ ချက်ပြုတ်တာကိုပြီးအောင်လုပ်လ်ုက်ရသည်။ အစားအသောက်ကကောင်းလား မကောင်းဘူးလားဆိုတာ ပြောဖို့ခက်သည်။ မဆိုးပါဘူးလို့သာ သူမ ပြောနိုင်သည်။
ကျန်းတန်းဟယ်ရဲ့ပုံစံက လုံးဝ စွန့်လွှတ်လိုက်သလိုပဲ။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်သားက သူ ဘာတွေတွေးနေလဲဆိုတာကို သိသောကြောင့် သူမ အဲ့တာကို သဘောတူသည့်အချိန်အထိ သူ့အစီအစဉ်ကို ဆက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ရှောင်းကောသည် အဲ့လောက် အရေထူသည်မဟုတ်ပေ။ နောက်ဆုံးတော့ ကျွမ်းကျွမ်းက ဘယ်သူ့နောက်ကို လိုက်သွားလဲဆိုတာ သူမ သိလိုက်ပြီ။
ကျန်းတန်းဟယ်သည် လက်တွေ့တွင် ထိုသို့သောလူတစ်ယောက်ဖြစ်ကြောင်း သိလာရသည်။ မျှော်လင့်ထားသည့်အတိုင်း စာအုပ်တစ်အုပ်ကို ၎င်း၏မျက်နှာဖုံးဖြင့် အကဲဖြတ်၍မရပေ။ မျက်နှာပြင်ပေါ်တွင် လေးနက်သောပုံပေါ်သော လူတစ်ယောက်သည် အမှန်တကယ်ပင် ထူထဲသောအသားအရည်ဖြင့် စိတ်နှလုံးဖောက်ပြန်သူဖြစ်သည်။
ကျန်းတန်းဟယ်မှ အခန်းထဲတွင် ဆယ်ကြိမ်မြောက် သော့ခတ်ပြီးနောက် ရှောင်းကောသည် ယခင်ကဲ့သို့ ရှက်ရွံ့ခြင်းမရှိတော့ပေ။ ခုချိန်မှာတော့ သူ့ကို လွယ်လွယ်နဲ့ တားနိုင်ခဲ့သည်။
"ဘာလို့ မင်းနောက်ထပ် ကလေးမယူသေးတာလဲ" ကျန်းတန်းဟယ် မျက်နှာမအီမသာဖြင့် ပြောလိုက်သည်။ တစ်ယောက်က ဂရုတစိုက် နားထောင်ရင် သူ့အသံမှာ မကျေနပ်ချက် အရိပ်အမြွက် ရှိနေသည်။
ရှောင်းကော စိတ်တည်ငြိမ်သွားပြီး သူ့ရဲ့ သနားစရာကောင်းတဲ့ အမူအရာကို မကြည့်ဖို့ ကြိုးစားခဲ့သည်။ "ကျန်းတန်းဟယ်၊ ရှင်က ကလေးယူရအောင် ကြိုးစားဖို့ ပြန်လာခဲ့တာလား။"
"ဘယ်ဟုတ်မလဲ။" ကျန်းတန်းဟယ်သည် သူ၏စိတ်ဆိုးနေတဲ့အမူအရာကို ဖယ်လိုက်ပြီး ပုံမှန်အမူအရာကို ဆင်မြန်လိုက်သည်။ "ကိုယ် မင်းကို စိတ်ပူလို့ ပြန်လာခဲ့တာ"
“အဲ့တော့…”
“ဒါပေမယ့်…” ကျန်းတန်းဟယ်က သူမရဲ့စကားကို ကြားဖြတ်ပြောလိုက်သည်။ သူ မတ်တပ်ထရပ်ပြီး သူမကိုဆွဲလိုက်ကာ သူ့ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ “ဒါပေမယ့် မပြန်ခင်မှာ ကိုယ့်ရဲ့ပန်းတိုင်က…”
ထိုအချိန်တွင်၊ ကျန်းတန်းဟယ်က သူမနားထဲသို့ တိုးတိုးလေးမပြောခင် ခဏရပ်လိုက်သည်။
သူဘာပြောလဲဆိုတာကို ပြောရခက်ပေမယ့် ရှောင်းကော ရဲ့မျက်နှာက ချက်ချင်းနီရဲသွားသည်။ ပိုပြီးကြီးကြီးကျယ်ကျယ်ပြောရလျှင် သူမတစ်ကိုယ်လုံး ပူထူလာသည်။
နောက်ဆုံးတွင် ရှောင်းကော သည် သူမ၏ ဗြဟ္မစရိယကျင့်ခြင်းကို ထိန်းသိမ်းနိုင်ခဲ့သည်။ ဒါပေမယ့် နောက်တစ်ခါသူပြန်လာသောအခါတွင် ကလေးယူမည်ဟု သူမ သူ့ကို ကတိပေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ရှောင်းကောသည် ၎င်းကို အမှန်တကယ် မဆိုလိုပေ။ ဒီတစ်ခါတော့ သူမ သူ့ကို ဖယ်ထုတ်ဖို့ ကြိုးစားနေသည်။ နောက်တစ်ခါက နောက်မှ စိတ်ပူလိမ့်မည်။
ရှောင်းကောက အစီအစဉ်ကောင်းတစ်ခုကို ရေးဆွဲထားပေမယ့် ကျန်းတန်းဟယ်က ဘယ်သူမလို့လဲ။ တစ်စုံတစ်ခု လွဲမှားနေကြောင်းကို တစ်ချက်လေးနဲ့တင်တောင် သူ ပြောပြနိုင်သည်။ ထို့ကြောင့် သူသည် စုတ်တံကိုထုတ်ကာ စတင်ရေးသားခဲ့သည်။ ထို့နောက် လက်မှတ်ထိုးရန် စာရွက်ကို ပေးလိုက်သည်။
ဘာတွေဖြစ်နေတာလဲ? ရှောင်းကောက အဲဒါကိုယူပြီး သေချာဖတ်ခဲ့သည်။ စာကိုများများဖတ်လေ သူမမျက်လုံးတွေ ပိုပြီးပြူးကျယ်လာလေပဲ။
"ဟင်?!"