အခန်း (၃၁၀)
Vol. 21 Ch. 310
"ဘာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရေးဖို့ လိုတာလဲ။"
ရှောင်းကော ပြူးကျယ်သော မျက်လုံးများဖြင့် ကျန်းတန်းဟယ်ကို စိုက်ကြည့်နေသည်။ ဘယ်လောက် စော်ကားလိုက်သလဲ။
“လက်မှတ်ထိုးမှာလား လက်ဗွေနှိပ်မှာလား”
ကျန်းတန်းဟယ်၏ အပြုံးသည် ရှောင်းကော၏ မျက်လုံးများတွင် ဆိုးရွားသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ အဲ့တာက ကောင်းတယ်လို့ မခံစားခဲ့ရပေ။
"ကျွန်မ အဲ့လိုလုပ်မှာမဟုတ်ဘူး။"
ကျန်းတန်းဟယ်က သူမ၏ ငြင်းပယ်မှုကို မျှော်လင့်ထားပုံရသည်။ သူ့ စုတ်တံကို အဆောတလျင် ချလိုက်သည်။ “ဒါဆို အဲဒါက ယုတ္တိမရှိဘူး။ အခုလက်ရှိလို အချိန်မရှိဘူး၊ ဆက်လုပ်ကြရအောင်။”
"ခဏလေး၊ ခဏလေး၊ ခဏလေး!" ရှောင်းကောသည် သူမ အဝတ်အစားများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး စက္ကန့်အနည်းငယ်မျှ တွေးလိုက်မိသည်။ ထို့နောက် ခေါင်းညိတ်ပြကာ အရှက်ရစေသော စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ယခုအချိန်တွင် ကျွမ်းကျွမ်းက အိမ်တွင်မရှိနေပေ။ သူ အချိန်အတော်ကြာအောင် ပြန်လာမှာမဟုတ်ပေ။ ရှောင်းကောသည် ကျန်းတန်းဟယ်က သူမအား ကမ်းလှမ်းရန် သတ္တိရှိမည်ဟု မှန်းဆထားသောကြောင့် သူမသည် ပထမဆုံး စာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့သည်။ သူ အိပ်ပျော်သွားတဲ့အခါ သူမ အဲ့တာကိုပြန်ခိုးယူဖို့ အခွင့်အရေးကို ရှာရလိမ့်မည်။
ပြီးပြည့်စုံသောပဲ!
ဒါကို စဉ်းစားပြီးနောက် ရှောင်းကော နှာမှုတ်လိုက်သည်။ “ရပြီနော်”
သူမ အဆင်သင့်ဖြစ်နေပြီဆိုတာ မြင်လိုက်ရတော့ ကျန်းတန်းဟယ်က သူမရဲ့အင်္ကျီလက်မှာ တစ်ခုခုရှိမယ် လို့ ထင်နေမိသည်။ ဒါပေမယ့် သူလာသမျှကို ကိုင်တွယ်ဖြေရှင်းမည်။
ရှောင်းကောက သူမရဲ့နာမည်ကို စာလုံးကြီးကြီးနဲ့ ရေးပြီး ရဲရင့်စွာ ပေးလိုက်သည်။ "ရော့"
'ကျွန်မ ရှင့်ကို ဒါကို ခဏတော့ သိမ်းထားခိုင်းမယ်။ နောက်မှ တိတ်တိတ်လေး ဖျက်ဆီးပစ်ဦးမယ်'
ကျန်းတန်းဟယ် သည် သူမ၏လှည့်ကွက်ငယ်များကို လျစ်လျူရှုပြီး သူမရှေ့တွင် စာချုပ်ကို စစ်ဆေးခဲ့သည်။ ထို့နောက် စာရွက်ကို ခေါက်ပြီး သူ့အောက်ခံအဝတ်အစားထဲသို့ ထည့်လိုက်သည်။
ရှောင်းကော၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "ဘာလို့ အဲ့ထဲထည့်ထားတာလဲ!"
ထည့်ထားပြီးနောက် ကျန်းတန်းဟယ်က ဂုဏ်ယူစွာ လက်ပုတ်လိုက်သည်။ ဒီစာချုပ်နဲ့ဆို နောက်တစ်ကြိမ်ပြန်လာရင် သမီးတစ်ယောက်ရဖို့အတွက် ကြိုးစားနိုင်မှာ။
"ကိုယ် ကျွမ်းကျွမ်းကို သွားရှာလိုက်ဦးမယ်" ကျန်းတန်းဟယ်က သူလိုချင်တာကို ရသွားတဲ့အတွက် ကောင်လေးကို ရှာဖို့ ထွက်လာခဲ့သည်။
ဒီတစ်ကြိမ်တော့ သူအောင်မြင်မှာမဟုတ်ဘူးဆိုတာ သူသိသည်။ သူသည် ထောင်ချောက်တစ်ခုသာ ချမှတ်ပြီး သူမကို ထိုထဲသို့ တွန်းပို့နိုင်ခဲ့သည်။ ဒီစာချုပ်မှာ ချုပ်ဆိုထားတဲ့အတွက် သူ ပိုပြီး သက်တောင့်သက်သာ ခံစားရသည်။
စပါးခင်းကို ရောက်သောအခါ ကျန်းတန်းဟယ်က သူ့အိတ်ကပ်ထဲမှ နှမ်းသကြားလုံးကိုထုတ်ပြီး ကျွမ်းကျွမ်းရှေ့မှာ ရှောင်းဟူကို ပေးလိုက်သည်။ သူက လက်ကိုတောင်ထုတ်ပြီး သူ့ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးခဲ့သည်။ "ကောင်းကောင်းမွန်မွန်ပြီးသွားပြီ!"
ရှောင်းဟူက ရယ်မောပြီး အိမ်မပြန်မီ နှမ်းသကြားလုံးကို ယူလိုက်သည်။ မစ်ရှင်သည် ပြီးပြည့်စုံသည်။
သူလမ်းတစ်ဝက်မှာ ရပ်လိုက်ပြီး ကျွမ်းကျွမ်းကို အပြစ်ရှိသလို လှည့်ကြည့်လိုက်သည်။ "တောင်းပန်ပါတယ် ညီလေး၊ ငါ့ရဲ့အနာဂတ်ဇနီးအတွက်ကြောင့် အခုတော့ မင်းကိုဒုက္ခပေးခဲ့မိပြီ"
သူခုန်ပေါက်ပြီး ထွက်သွားတာကိုကြည့်ပြီးနောက် ကျန်းတန်းဟယ်က ထရပ်ပြီး ကျွမ်းကျွမ်းကို ကယ်တင်ဖို့ ရောက်လာသည်။ သူ့ကို သစ်ပင်မှာ ကြိုးနဲ့ချည်ထားတာဖြစ်သည်။
ကျွမ်းကျွမ်း ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။ ကျန်းတန်းဟယ်က သူ့ကို လွှတ်ပေးလိုက်တာနဲ့ သူအမြန်ထွက်ပြေးသွားသည်။ "မေမေ့ကိုသွားပြောမယ်!"
ကျန်းတန်းဟယ်သည် အစပိုင်းတွင် ညစ်ပတ်သည်ဟု ခံစားရသော်လည်း ကျွမ်းကျွမ်း၏ စကားကို ကြားလိုက်သောအခါတွင် သူ၏ အပြုံးက အေးခဲသွားသည်။ “အိုး မဟုတ်ဘူး…”
“မေမေ… မေမေ…မေမေ… ဝူးဝူး… မေမေ…”
ကျွမ်းကျွမ်း ငိုသံကို ရုတ်တရက် ကြားလိုက်သောအခါ ရှောင်းကော အိုးကိုဆေးနေခဲ့သည်။ သူမ တုန်လှုပ်သွားပြီး ဇွန်းကြီးကိုင်ကာ ပြေးထွက်သွားသည်။
ကျွမ်းကျွမ်းက အိမ်သို့ ပြေးလာကာ တစ်ချိန်တည်းတွင် သူ့မျက်ရည်တွေအား သုတ်နေသည်ကို သူမတွေ့လိုက်ရသည်။ ပြေးရင်းနဲ့ သူ့အမေကို လှမ်းအော်သည်။ ရှောင်းကော ကိုမြင်သောအခါ သူ သူမပေါ်ခုန်တက်လိုက်သည်။
ရှောင်းကော ဇွန်းကိုချပြီး သူ့ကို စိုးရိမ်တကြီးနဲ့မေးလိုက်သည်။ "ကျွမ်းကျွမ်း ဘာဖြစ်လို့လဲ၊ မေမေ့ကိုပြော"
“ဖေဖေ၊ ဖေဖေက သားကို ကြိုးနဲ့ချည်ထားဖို့ တစ်ယောက်ယောက် ရှာထားတာ” ကျွမ်းကျွမ်းက သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး ရှောင်းကော မြင်ရအောင် သူ့လက်ထဲက ကြိုးကို ထုတ်ပေးလိုက်သည်။ "ဒီမှာ!"
သူ့မျက်နှာမှာ မျက်ရည်တွေ အများကြီးမရှိတာကို မြင်လိုက်ရတော့ ရှောင်းကောက စိတ်မပူတော့ပေ။ ဒီအချိန်မှာ ကျန်းတန်းဟယ်က သူ့ကို ဘယ်လိုမျိုး ဒေါသဆွလိုက်တာလဲ။
"ဒါက နွားတွေကို ချည်တဲ့ကြိုးမဟုတ်လား" ရှောင်းကောက ကြိုးကိုယူ၍ သေသေချာချာကြည့်လိုက်သည်။ ထို့နောက် သူမသည် တိရစ္ဆာန်ရုံကိုကြည့်ကာ ကြိုးတစ်ချောင်း အမှန်တကယ် ပျောက်နေကြောင်း သိလိုက်ရသည်။
“ဟုတ်တယ်အဲ့တာပဲ… ဟင့်…” ကျွမ်းကျွမ်း တိုင်ပြောတော့မယ့်အချိန်မှာ သူ့မျက်လုံးထောင့်မှ ထိုအမျိုးသား ပြန်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ငိုကြွေးပြန်သည်။
“...…” ရှောင်းကောက သူမ၏ နားကို အုပ်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ "ကျွမ်းကျွမ်း၊သားက အရမ်းမူရာမာယာများလွန်းတာပဲ"
ကျန်းတန်းဟယ် အလျင်အမြန် လျှောက်လာပြီး သူ့လက်ကို အပြစ်ကင်းစွာ ဝှေ့ယမ်းလိုက်သည်။ “အဲ့လို မဟုတ်ဘူးနော်”
"အဲဒါ။ အဲဒါက!"
ကျွမ်းကျွမ်း ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။ သူ့အသံကြောင့် ရှောင်းကော၏ နှလုံးသား နာကျင်သွားသည်။ ဒီလို အော်နေတာက ဘယ်လောက်တောင် အဆင်မပြေလိုက်လဲ။
"တော်ပြီ၊ တော်ပြီ ကျွမ်းကျွမ်း၊ မငိုနဲ့တော့။ သားဖေဖေကို ဘာဖြစ်လာတာလဲဆိုတာ မေမေ မေးလိုက်မယ်။ အိမ်ထဲဝင်ပြီး မျက်နှာကို သွားသစ်လိုက်၊ ရေလေးလည်းသွားသောက်လိုက်ဦး ဟုတ်ပြီလား"
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက်ကြည့်နေကြတော့တာကို မြင်လိုက်ရတော့ ရှောင်းကောက အမြန်ခွာထုတ်ပေးလိုက်သည်။
ကျွမ်းကျွမ်း ခေါင်းညိတ်လိုက်သည်။ နူးညံ့သိမ်မွေ့သော မိခင်ကို တွန်းလှန်ရန် သူ့တွင် ခွန်အားမရှိပေ။ သူမရဲ့ညွှန်ကြားချက်ကို လိုက်နာပြီး အိမ်ထဲကို ဝင်သွားရုံပဲ။
"ဘာတွေဖြစ်နေတာလဲ"
ကျွမ်းကျွမ်း ထွက်သွားပြီးနောက် သူမ ကျန်းတန်းဟယ် ကို ကြည့်လိုက်သည်။ "ရှင်ဘာလို့ သူ့စိတ်ကိုသွားဆွနေတာလဲ"
"ကိုယ် မဆွပါဘူး။ အဲ့တာ ရှောင်းဟူ " ကျန်းတန်းဟယ်က ရှောင်းဟူကို ချက်ချင်း သစ္စာဖောက်ခဲ့သည်။
"ထပ်ပြောပါဦး!"
ရှောင်းဟူက ကျွမ်းကျွမ်းနဲ့ အလွန်ရင်းနှီးသည်။ ဘာလို့ သူ့ကို ကြိုးချည်ရတာလဲ။
ကျန်းတန်းဟယ်က "ဒါအမှန်ပဲ" ဟု တည်ငြိမ်စွာပြောလိုက်သည်။
“...…” ရှောင်းကောက သူ့ကို နောက်ဆုံးတစ်ချက်ကြည့်ပြီး လှည့်သွားတော့မည့်ပုံပါပဲ။ " ကျွမ်းကျွမ်းကို သွားမေးမယ်။"
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး” ကျန်းတန်းဟယ်က ရှောင်းကောကို ချက်ချင်းတားလိုက်သည်။ “ကိုယ်မင်းကို ပြောပြပါ့မယ်။”
အကယ်၍ ကျွမ်းကျွမ်းကိုသာ သူမ သွားမေးလိုက်ရင် သူ့ကို အသရေဖျက်ရန် အခွင့်ကောင်း ရပေလိမ့်မည်။ သူအမှန်အတိုင်းပြောနေသော်လည်း ဝန်ခံရန်အစပြုခြင်းနှင့် ဝန်ခံခြင်းကြားတွင် ခြားနားချက်တစ်ခုရှိနေသည်။
"ရှင်တကယ်ပဲ ရှောင်းဟူကို လှည့်စားပြီး ကျွမ်းကျွမ်းကို ကြိုးနဲ့ချည်ဖို့ စည်းရုံးခဲ့တာလား။"
“အွန်း”
"ရှောင်းဟူ တကယ်ပဲ အဲ့တာကိုမလုပ်နိုင်ခဲ့ရင် သူ ကျွမ်းကျွမ်းကို ကြိုးချည်ထားနိုင်ပါ့မလား!"
“…ချည်ထားနိုင်တယ်”
"ရှင်က ရှောင်းဟူ အတွက် ကြိုးတစ်ချောင်းတောင် ပြင်ထားပေးလိုက်သေးတယ်၊ ဘယ်လောက်တောင် အရေးထားလိုက်လဲ"
“...…”
" နှမ်းသကြားလုံး နည်းနည်းလေးအတွက်နဲ့ ရှောင်းဟူက ရှင့်စကားကို နားထောင်လိုက်တာလား။"
“…ဟုတ်တယ်!”
ရှောင်းကော၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ ကျန်းတန်းဟယ် ချောင်းဟန့်လိုက်ပြီး “လုံးဝမဟုတ်ဘူး” ဟု အပြစ်ရှိစွာ ပြောလိုက်သည်။
“…....” ရှောင်းကော ပြောစရာစကားမရှိတော့ပေ။ 'ဒီလူ ဘာလို့ ကလေးဆန်နေရတာလဲ'
"နောက်ထပ် ဘာရှိသေးလဲ"
“ပြီးတော့ ကိုယ့်တို့ရဲ့ အနာဂတ်သမီးလေး” ကျန်းတန်းဟယ်ဖြည်းညှင်းစွာပြောလိုက်သည်။ ရှောင်းကော အံ့သြလွန်းလို့ မူးလဲလုနီးပါးဖြစ်သွားသည်။ "ဘာသမီးလဲ ဘယ်သူ့သမီးလဲ အဲ့သမီးက ဘယ်ကရောက်လာတာလဲ..."
"ဒါကို ကူညီပေးဖို့ သူ့ကို ကိုယ်တောင်းဆိုခဲ့တာ၊ ဒါမှ ကိုယ်တို့ရဲ့ အနာဂတ် သမီးလေးကို သူနဲ့ စေ့စပ်ပေးမလို့"
“.....…” ရှောင်းကော သည် ကလေးဆန်တယ်ဆိုတဲ့ စကားလုံးက ကျန်းတန်းဟယ် ကို ယခုအချိန်တွင် ဖော်ပြရန် မလုံလောက်ဘူးဟု ခံစားမိသည်။ ဒီလူက ရိုးရိုးရှင်းရှင်းကို ရယ်စရာကောင်းနေတာ။ မရှိတဲ့အရာတစ်ခုအကြောင်းတောင် ပြောနိုင်ပါသေးသည်။
"ဒါဆို ရှင်က ရှောင်းဟူကို ကျွန်မတို့ရဲ့သားမက်ဖြစ်စေချင်တာလား"
“ဘယ်ဟုတ်မလဲ။ ကိုယ် သမီးလေးကို ထောက်ပံ့နိုင်တယ်... သမီးကို အသက်တစ်ရာပြည့်တဲ့အထိ အစားအသောက်နဲ့ အဝတ်အစားအတွက် စိတ်ပူစရာ မလိုဘူး”
သူပြောချင်တာက သူတို့သမီးကို လက်ထပ်ပေးစရာ မလိုဘူး။ သူမက သူတို့အနားမှာ အမြဲရှိနေဖို့ပဲလိုသည်။
ကျန်းတန်းဟယ်၏ လေးနက်သောလေသံက သူပြောသမျှစကားတိုင်းကို အဓိပ္ပါယ်ရှိစေကြောင်း ပြသနေသည်။
ရှောင်းကော ထိုစကားကိုကြားသောအခါ သူမ မခံနိုင်တော့ပေ။ ဒီလူဟာ သူ့ရဲ့ လှည့်စားမှုအောက်မှာ ကလေး သုံးယောက်ကို အမှန်တကယ် ပါဝင်စေခဲ့သည်။ ဒါကို သူမ တကယ် သည်းမခံနိုင်ဘူး!
"ဘာရှာနေတာလဲ"
ကျန်းတန်းဟယ်သည် စကားပြောနေစဥ် တစ်ဖက်လူ တစ်စုံတစ်ခုကို ဘာကြောင့်ရှာနေမှန်း နားမလည်ပေ။ တစ်ခုခု ပျောက်သွားသည်ဟု သူထင်မိသောကြောင့် ကူရှာပေးရန် ခေါင်းငုံ့လိုက်သည်။
ရှောင်းကောက နှုတ်ဆိတ်နေခဲ့သည်။ သူမ၏ မျက်လုံးတွေက တစ်စုံတစ်ခုကို ရှာဖွေရန် အလုပ်များနေသည်။ နောက်ဆုံးတွင်၊ ကျွမ်းကျွမ်းကိုချည်ရန်အသုံးပြုသောကြိုးကို သူမ တွေ့ရှိခဲ့သည်။ ခုနက အလျင်စလိုဖြစ်သွားတော့ အဲ့တာကို ချလိုက်ဖို့ မေ့သွားပြီး လက်ထဲမှာကိုင်ထားတုန်းပင်။
တစ်ခုခုမှားနေတာကိုမြင်တော့ ကျန်းတန်းဟယ်က အခန်းထဲကို ချက်ချင်းပြန်ပြေးပြီး တံခါးကိုအရှိန်ဖြင့်ပိတ်ပစ်လိုက်သည်။
ရှောင်းကော ကြိုးကို ပစ်ချလိုက်သည်။ ကံကောင်းထောက်မစွာပင် သူ လျင်မြန်စွာ လွတ်မြောက်သွားသည်။ မဟုတ်ရင် သူ့ကိုလည်း ကြိုးချည်ထားလိမ့်မည်။
ပြတင်းပေါက်မှာ ကျွမ်းကျွမ်းက သူ့အမေ သူ့အပေါ် ဒေါသ ထွက်မှာကို ကြောက်လို့ ကန့်လန့်ကာကို အလျင်အမြန် ချလိုက်သည်။ သူ့မျက်နှာတစ်ပြင်လုံးတွင် ပီတီဆိုတဲ့စကားလုံးကို ရေးထားသည်။ သူမ ပြောနေတာကို သူ မကြားရပေမယ့် သူ့အမေက သူ့အဖေကို ရိုက်ဖို့ ကြိုးစားတာကို ကြည့်ရတာက တကယ်ကို ကျေနပ်စရာပင်။
"အကျင့်ပုပ်တဲ့ ရှောင်းဟူ၊ မင်းက မကောင်းတဲ့အစ်ကိုပဲ။ မင်းက တော်တော် သစ္စာမဲ့တယ်၊ ငါ မင်းကို နောက်ထပ် သကြားလုံး မပေးတော့ဘူး၊ ငါ အဲဒါကို အစ်မရှောင်ဟွားကိုပဲ ပေးတော့မယ်။"
ကျွမ်းကျွမ်းက သူ့ကိုယ်သူ ကျိန်ဆိုလိုက်သည်။ ရုတ်တရက် နားတွေလှုပ်လာပြီး အိမ်အပြင်ဘက်က ခြေသံတွေကြားလိုက်ရသည်။ ချက်ချင်း ထိုင်ခုံပေါ်ပြန်ထိုင်ချလိုက်ပြီး စိုစွတ်သောပုဝါဖြင့် မျက်နှာကို လေးလေးနက်နက် သုတ်လိုက်သည်။
တစ်ဖက်တွင်၊ ရှောင်းဟူသည် နောက်ထပ်နှမ်းသကြားလုံးနှစ်လုံးကို ပြန်ယူလာစဉ် သခင်မယန်က စောင့်ကြည့်နေသည်။ သူမ၏ စိတ်ထဲတွင် သိချင်စိတ်က ပျောက်မသွားသော ယားယံမှုတစ်ခုလို နှောင့်ယှက်နေသည်။
"ရှောင်းဟူ၊ နင့်ကို ဘယ်သူသကြားလုံး ပေးလိုက်တာလဲ"
ရှောင်းဝူကို ရှောင်ဟွားကို တစ်လုံး ပေးပြီးနောက် သူ့အခန်းထဲပြန်ဝင်ခါနီးမှာ သခင်မယန်က မမေးဘဲမနေနိုင်တော့ပေ။
ရှောင်းဟူ ခေါင်းယမ်းလိုက်သည်။ သူ မပြောနိုင်ဘူး။ လျှို့ဝှက်ထားမယ်လို့ ကတိပေးထားတယ်။
အိမ်ထဲသို့ လှမ်းဝင်တော့မည် ဖြစ်သော်လည်း ခြေလှမ်းနှစ်လှမ်း လှမ်းပြီးသည့်နောက်တွင်တော့ သူ့ပျော်ရွှင်မှုကို မထိန်းနိုင်တော့ပေ။ သူက လှည့်ပြီး “မေမေ၊ သား မိန်းမရတော့မယ်” လို့ပြောလိုက်သည်။
"ဟင်?!"
သခင်မယန်သည် မေးရိုးအဆစ်လွဲလုနီးပါးဖြစ်ခဲ့သည်။ ပါးစပ်ကို လက်နဲ့ပိတ်ပြီး ဒါကနောက်ပြောင်တာမဟုတ်ဘူးလို့ ပြောနိုင်တဲ့အတွက် သဘောကျစွာမေးလိုက်သည်။ “ဘယ်သူနဲ့လဲ၊ အသက်ဘယ်လောက်ရှိပြီလဲ”
"အဲ့တာက လျှို့ဝှက်ချက်!"