အခန်း (၃၁၃)
Vol. 21 Ch. 313
ကန့်သတ်ချက်ထက် ကျော်လွန်သွားခြင်းသည် တိုတောင်းသလောက် ဆိုးရွားသည်။ ပျိုးပင်တွေကို ရေအများကြီးလောင်းရင် ရေနစ်သွားလိမ့်မည်။
"နားလည်ပါပြီ!" ကျွမ်းကျွမ်းက ခေါင်းညိတ်ပြပြီး အပင်တွေပေါ်ပနေ ရေကို စိတ်အားထက်သန်စွာ လောင်းလိုက်သည်။ ရေပုံးငယ်တစ်ပုံးကို သယ်ပြီး အလုပ်များတဲ့ ပျားတစ်ကောင်လို လှည့်ပတ်သွားနေသည်။
ရှောင်းကောက သူမရဲ့လက်တွေကို ဆေးပြီးသားဖြစ်ပြီး အိမ်ထဲပြန်ဝင်ဖို့ လုပ်လိုက်သည်။ သူမအံ့အားသင့်သွားသည်မှာ ကျွမ်းကျွမ်းက ကြိုးစားလုပ်ဆောင်နေသေးသည်။
"အပင်တွေရေလောင်းပြီးရင် အိမ်ထဲဝင်ရအောင်" ရှောင်းကော သူ့ကိုလှမ်းခေါ်လ်ုက်သည်။ အပူချိန်က အရမ်းမမြင့်ပေမယ့် နေက လျှော့တွက်လို့မရသေးဘူး။ အပြင်မှာ ခဏလောက်နေပြီးနောက် နေရောင်အောက်မှာ ထိတွေ့နေရတဲ့ အသားအရေက နေလောင်သလို ခံစားလာရသည်။ ထိုအချိန်တွင်၊ ကျွမ်းကျွမ်း၏ မျက်နှာလေးက နီမြန်းနေပြီး နှာသီးဖျားမှာ ချွေးတွေရွှဲနေသည်။
"လာပြီ!"
ထိုစကားကိုပြောပြီးနောက် ကျွမ်းကျွမ်းက သူ၏အလုပ်ကို ဆက်လုပ်ဆောင်ခဲ့သည်။
ဒါကိုမြင်တော့ ရှောင်းကောက ဘာမှပြန်မပြော။ သူမ လှည့်ကြည့်ကာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမ အရမ်းပူနေပြီ။ အပြင်မှာ အချိန်ကြာကြာ နေရင် သူ့အလိုလို လောင်ကျွမ်းသွားလိမ့်မည်။
ရှောင်းကော အိမ်ထဲသို့ပြန်ရောက်သောအခါ အလဟသ မနေခဲ့ချေ။ သူမအိမ်ထဲမှ ဆောင်းတွင်းအဝတ်အစားများနှင့် အိပ်ယာအားလုံးကို စုကာ ပေါ့ပါးပြီး ပါးလွှာသော ပစ္စည်းများဖြင့် လဲလိုက်သည်။
နှစ်တိုင်း ဒီလိုပါပဲ။ နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်း။ ရာသီလေးခုရှိ၍ အခြေခံအားဖြင့် ၎င်းတို့ကို နွေရာသီနှင့် ဆောင်းရာသီဟူ၍ ရာသီနှစ်ခုအဖြစ် စီစဉ်နိုင်သည်။ နွေဦးနှင့် ဆောင်းဦးသည် လမ်းသွားလမ်းလာများသာ ဖြစ်ပုံရသည်။
အဝတ်အစားများနှင့် အိပ်ယာအားလုံးကို ထောင့်တစ်နေရာတွင် ချထားခဲ့သည်။ ဒီနေ့ လျှော်ဖွတ်ဖို့ကျတော့ အရမ်းနောက်ကျသွားပြီ။ သူမ မနက်ဖြန်မှသာ လျှော်ဖွတ်နိုင်မည်ဖြစ်သည်။
သိပ်မကြာခင်မှာပဲ ကျွမ်းကျွမ်း အိမ်ထဲ၀င်လာသည်။ သူ့မျက်နှာက နေရောင်ကြောင့် နီမြန်းနေသည်။ ရှောင်းကောက သူ့ကိုမြင်သောအခါ ထိတ်လန့်သွားသည်။ သူ့မျက်နှာက နီရဲပြီး နေလောင်နေပြီ။
ဒါပေမယ့် ဒီကလေးက ဂရုမစိုက်ဘူး။ ကုတင်ပေါ်မလှဲခင် ရေတစ်ခွက်သောက်ခဲ့သည်။
ရှောင်းကောက ထူးဆန်းတာကို တွေ့လိုက်ရသည်။ သူ ရေလောင်းရုံပဲလောင်းတာလေ။ သူ့ပုံစံကဘာလို့ ဒီလောက်တောင် ပင်ပန်းနေတဲ့ပုံဖြစ်နေတာလဲ။
စူးစမ်းချင်စိတ်ကြောင့် အပြင်သို့ထွက်ကာ ဟင်းရွက်ခင်းကို ကြည့်လိုက်သည်။ စိုက်ခင်းဘောင်ကို ကောင်းကောင်းကြည့်လိုက်တော့ သူမလိပ်ပြာလွင့်မတတ်ဖြစ်သွားခဲ့သည်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်ခင်းတွေက လုံးလုံးကို ရေမြုပ်နေပြီ။ ဟင်းရွက်ခင်းတစ်ခုလုံး၏ ရေပမာဏက ပျိုးပင်ကျင်းနှင့် တူညီသည်။
ရှောင်းကော ရေပုံးဆီသို့သွားကာ တစ်ချက်ကြည့်လိုက်သည်။ သူ့အတွက်သူမ ပြင်ဆင်ပေးထားသည့် ရေပုံးနှစ်ပုံးက ယခုအခါ အလွတ်ဖြစ်နေကြောင်း သူမ သိလိုက်ရသည်။ ဆိုလိုသည်မှာ ကျွမ်းကျွမ်းက အပင်တွေကို လိုအပ်သည်ထက် လေးဆပို၍ ရေလောင်းထားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သူမ၏ ပျိုးပင်တွေ ရေနစ်လုနီးပါး ဖြစ်ခဲ့သည်။ သူသာ နေ့တစ်ဝက်လောက် နောက်ကျမှ အိမ်ထဲဝင်လာခဲ့ရင် သူတို့ သေသွားတဲ့အထိ နစ်မြုပ်သွားလိမ့်မည်။
ရှောင်းကော အိမ်ထဲပြန်ဝင်လာပြီး ကျွမ်းကျွမ်းကိုကြည့်လိုက်သည်။ အခြေအနေကို ကယ်တင်ရန် သူမ သူ့ကို အကူအညီတောင်းချင်သော်လည်း ကလေးလေးက အိပ်ပျော်နေပြီး ဟောက်နေပြီ။ သူမရဲ့ အိုမင်းပြီး နာကျင်ကိုက်ခဲနေတဲ့ခါးနဲ့ စိုက်ခင်းထဲ ပြန်သွားဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။
နောက်တစ်နေ့၌...
ရှောင်းကောက သူမ၏အဝတ်အစားတွေကို လျှော်ဖွပ်ပြီးသွားချိန်တွင် သခင်မယန်က သူမကို လမ်းလျှောက်ထွက်ဖို့ လာခေါ်သည်။ သူတို့ကို လေ့ကျင့်ခန်းလုပ်မယ်လို့ သူမ ပြောထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူမက ရှောင်းကောကို သူမနဲ့အတူ တရုတ်ဆီးသီးအချဥ်သီး တစ်ချို့ကို သွားခူးချင်တာ။
"ယောက်မ၊ ဒီအချိန်မှာ တရုတ်ဆီးသီးကို ဘယ်မှာသွားရှာလို့ရမှာလဲ"
တရုတ်ဆီးသီး အတွက် ရာသီမှန် မဟုတ်နေပေ။ ရှာတွေ့နိုင်သော်လည်း တရုတ်ဆီးသီးတွေက မမှည့်သေးပေ။
“ဟုတ်တယ်၊ ဟုတ်တယ် ဟုတ်တယ်။” သခင်မယန်က ခေါင်းညိတ်ပြခဲ့သည်။ "တောင်ရဲ့နောက်ဘက်မှာ တောရိုင်းပင်တစ်ပင်ရှိတယ်လို့ ငါအဖိုးကြီးယန်ဆီကကြားထားတယ်။ အသီးတွေ အခုချိန်မှာ မမှည့်သေးဘူး ချဉ်တယ် "
သခင်မယန်က စကားပြောရင်း သွားရည်တွေကျနေသည်။ အဲဒါကို တွေးလိုက်ရုံနဲ့ သူမကို ပိုပြီးတောင့်တလာစေသည်။
ပြောစရာစကားမဲ့သွားပြီး ရှောင်းကော သူမနောက်သို့ လိုက်သွားခဲ့သည်။ "ဘာလို့ အစ်ကို ယန်က ယောက်မနဲ့ လိုက်မခူးပေးတာလဲ "
အစ်ကို ယန်က သူမကို တုန်နေအောင်အရမ်းချစ်သည်။ သူမ အဲ့တာကိုစားချင်တယ်လို့ပြောရင် ဟိုးအရင်ကတည်းက သူ အဲ့တာတွေကို သူမအတွက်ခူးလာပေးနေလောက်ပြီ။
“ငါ့ကို ထပ်မစားခိုင်းဘူး” သခင်မယန် စကားပြောတာက သူမ စဥ်းစားတာထက် ပိုမြန်သည်။ သူမ ပြောပြီးသည်နှင့် ပါးစပ်ကို အုပ်လိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါလမ်းလျှောက်ချင်လို့၊ မကြာခင်က ငါအရမ်းပျင်းနေတာ။ ငါ့ခြေထောက်တွေ ပျော့တွဲနေပြီ"
ရှောင်းကောက သူမစကားကို ဘယ်လိုလုပ်ယုံနိုင်မှာလဲ။ သူမ ချက်ချင်း သွားဖို့ငြင်းလိုက်သည်။
"ရှောင်းကော၊ ရှောင်းကော။ မသွားပါနဲ့၊ ငါတို့ရောက်ခါနီးနေပြီ။"
သခင်မယန်က ထွက်သွားတော့မည့် ရှောင်းကောကို စိတ်အားထက်သန်စွာ ဖမ်းကိုင်လိုက်ပြီး သူမကို တားဖို့ ကြိုးစားရင်း သူမရဲ့လက်ကို ခါယမ်းလိုက်သည်။
“ယောက်မ၊ အစ်ကို ယန်က မစားနဲ့လို့ ပြောရင် မစားသင့်တော့ဘူး၊အဲ့တာက အရမ်းစားလို့ မကောင်းဘူး။”
ရှောင်းကော ကူကယ်ရာမဲ့စွာ ရပ်ပြီး လှည့်ကြည့်လိုက်သည်။
တရုတ်ဆီးသီးအချဥ်သီးတွေက အစကတည်းက ချဉ်သည်။ တရုတ်ဆီးသီးတွေကို အများအပြားစားသုံးခြင်းသည် အစာစားချင်စိတ်ကို ထိခိုက်စေသည်။ အစ်ကိုယန်က သူမကို အဲ့တာတွေမစားခိုင်းတာက အဓိပ္ပါယ်ရှိသည်။ သခင်မယန်၏ တရုတ်ဆီးသီးတွေကို ခံတွင်းတွေ့မှုက ထိတ်လန့်စရာဖြစ်သည်။ သူမအတွက်တော့ တစ်နေ့လျှင် ခြင်းတောင်းတစ်တောင်းကုန်အောင် စားတာက ပြဿနာမရှိပေ။ ထို့အပြင် သူမအတွက် မလုံလောက်သေးပေ။
"ဒီနေ့ကစပြီး ငါလျှော့စားပါ့မယ်။ တကယ်ပြောတာ!"
သခင်မယန်က သူမကို မယုံမှာကို ကြောက်သောကြောင့် သူမ အမြန် ကတိပေးခဲ့သည်။
ရှောင်းကောက ဒါကို မယုံပေ။ တစ်ဖက်လူက ကိုယ်ဝန်လည်းရှိနေသည်။ သခင်မယန် မညီမညာသော တောင်စောင်းများပေါ်တွင် လမ်းလျှောက်ရင်း ထိခိုက်ဒဏ်ရာရသွားမည်ကို စိုးရိမ်သောကြောင့် သူမ တုံ့ဆိုင်းစွာ ခေါင်းညိတ်ကာ သူမနှင့် လိုက်ရန် သဘောတူလိုက်သည်။
သခင်မယန် အလွန်ဝမ်းသာသွားသည်။ ရှောင်းကောက သူမရဲ့စကားနောက်တစ်ကြိမ် ပြန်ရုတ်သိမ်းလိုက်မှာကို ကြောက်လို့ လမ်းလျှောက်ပြီး သူမကို သစ်ပင်ရှိရာဆီ ဆွဲခေါ်သွားခဲ့သည်။
ရှောင်းကောက သူမရှေ့ရှိ မိုက်မဲသောရုပ်သွင်ကို ကြည့်ပြီး အနည်းငယ် ချီတုံချတုံဖြစ်နေသည်။ မဖြစ်ဘူး၊ သူမ သူမနောက်အနီးကပ်လိုက်ပြီး သူမအများကြီးမခူးရအောင်လုပ်ရမယ်။
သခင်မယန်ပြောသည့်နေရာကို သူတို့ရောက်သောအခါတွင် ဧကန်စင်စစ် တရုတ်ဆီးသီးပင်တစ်ပင်ရှိသည်။ ပတ်ဝန်းကျင်တွင် အခြားသစ်ပင်များ ရှိသော်လည်း သစ်သီးပင်က တစ်ပင်တည်းသာ ရှိသည်။
အဲ့တာက အစိမ်းရောင် တရုတ်ဆီးသီး များဖြင့် ပြည့်နေသည်။ အသီးတွေ မမှည့်ခင် နောက်ထပ်တစ်လလောက်တော့ ကြာလိမ့်မည်။ ဤအချိန်တွင်၊ တရုတ်ဆီးသီးကတစ်ဝက်မှည့်တဲ့ အခြေအနေတွင်ရှိသည်။ ချဉ်တဲ့အရသာကို နိုင်နင်းသည်။ သာမာန်လူတွေအတွက် စားသုံးရန် ခက်ခဲသည်။ ကိုယ်ဝန်ဆိပ်တတ်သူများ သို့မဟုတ် ချဉ်တဲ့အစားအစာ နှစ်သက်သူများသာ အဲ့တာတွေကို စားနိုင်မည်ဖြစ်သည်။
တရုတ်ဆီးသီးများကို မြင်သောအခါ သခင်မယန်၏ မျက်လုံးတွေ တောက်ပလာသည်။ ရှောင်းကောကို လွှတ်လိုက်ပြီး သူမရဲ့ ဗိုက်ကို လက်နှစ်ဖက်နဲ့ကိုင်ကာ ရွရွလေးပြေးသွားခဲ့သည်။ သူမကတော့ အဆင်ပြေပေမယ့် ရှောင်းကောကတော့ ကြောက်လန့်နေခဲ့သည်။
"ယောက်မ၊ ဖြည်းဖြည်း....."
"...ဟင်" ရှောင်းကောက သူမ၏ ခြေလှမ်းတွေကို ရပ်လိုက်ပြီး စိတ်ရှုပ်သွားသည်။ သူမနားထဲမှာ တစ်ခုခုများမှားနေလား ဒါမှမဟုတ် သခင်မယန်ရဲ့ပါးစပ်ကပဲ တစ်ခုခုမှားနေလား။
သခင်မယန်က သူမ၏ပါးစပ်ထဲရှိ တရုတ်ဆီးသီးအချဥ်သီးကို ကိုက်ကာ အူတိုင်ကို ထွေးထုတ်လိုက်သည်။ သူမ ပါးစပ်က အပြည့်နဲ့ စကားပြောခဲ့သည်။ "အဆင်ပြေပါတယ်။ ရှောင်းကော လာရွေးလေ၊ အရမ်းအရသာရှိတာပဲ..."
ရှောင်းကောက ခြင်းတောင်းကိုင်ကာ လျှောက်လာပြီး စိုးရိမ်စွာနဲ့ပြောခဲ့သည်။ "တွေ့ကရာကိုမစားနဲ့။ သူတို့က သန့်လားဆိုတာမသိဘူး"
"သူတို့က မညစ်ပတ်ပါဘူး။ ဒါတွေကို စားပြီးရင် နေမကောင်းဖြစ်မှာ မဟုတ်ဘူး။"
သခင်မယန်က ရှောင်းကောကို အသီးအနှံတွေ မြန်မြန်ကောက်ဖို့ တိုက်တွန်းဖို့ မမေ့မလျော့ဘဲ ပြောခဲ့သည်။
ရှောင်းကော တစ်ခုခုပြောချင်နေပေမယ့် သူမစကားတွေကို မျိုချလိုက်သည်။ ထားလိုက်ပါတော့။ ဤနေရာသည် သဘာဝအတိုင်း ညစ်ညမ်းမှု မရှိပေ။ ဤနေရာတွင် ဓာတ်မြေသြဇာ ဖြန်းမည့်သူမရှိပေ။ အသီးအနှံတွေက မြေကြီးပေါ်မှာရှိနေတာကလွဲလို့ တခြားဘာမှမရှိဘူး။
ထိုအတွေးဖြင့် သူမ ခြင်းတောင်းကို ချလိုက်ပြီး တစ်လုံးပြီးတစ်လုံးကောက်ဖို့ အင်္ကျီလက်တွေကို လိပ်တင်လိုက်သည်။
"ဒီတစ်ခါတော့ ဒါတွေက သိပ်မချဉ်ဘူး" သခင်မယန်က တရုတ်ဆီးသီးအူတိုင်ကို လွှင့်ပစ်ကာ "သူတို့က နည်းနည်းချိုတယ်" ဟု ဝမ်းနည်းစွာပြောလိုက်သည်။
ရှောင်းကောက ထိုစကားကိုကြားသောအခါ သူမ ဝမ်းသာသွားသည်။ သူမခန္ဓာကိုယ်ပေါ် တရုတ်ဆီးသီးကို သုတ်ပြီး ကိုက်လိုက်သည်။
“...…”
"ဘာဖြစ်လို့လဲ"
သခင်မယန်သည် အခြား တရုတ်ဆီးသီးကို ခူးယူကာ ကိုက်စားတော့မည့်အချိန်မှာ ရှောင်းကော မျက်လုံးများ မှိတ်သွားသည်ကို မြင်လိုက်ရသည်။ သူမ အလွန်ရှောခ့်ရသွားပြီး သူမလက်ထဲက တရုတ်ဆီးသီးမှာ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။
ရှောင်းကော ပြန်လည်ကောင်းမွန်ရန် အချိန်အတော်ကြာခဲ့သည်။ သူမလက်ကို ညင်သာစွာ ဝှေ့ယမ်းပြီး “ဘာမှမဖြစ်ဘူး” လို့ တိုးတိုးလေးပြောခဲ့သည်။
သခင်မယန်က စိုးရိမ်တကြီးဖြင့် သူမရဲ့ကျောကို ပွတ်သပ်ပေးကာ သူမကိုစိတ်ငြိမ်သွားအောင် လုပ်ပေးလိုက်သည်။ သူမ အဆင်ပြေသွားပြီဆိုတာကို အတည်ပြုပြီးနောက် တရုတ်ဆီးသီးတွေကို ဆက်ခူးခဲ့သည်။
သူမ၏အာရုံစူးစိုက်မှုကို တရုတ်ဆီးသီးတွေအပေါ်အာရုံစူးစိုက်ထားသည်ကိုမြင်တော့ ရှောင်းကောက သူမ၏ လက်ထဲက ကျန်ရှိနေတဲ့ တရုတ်ဆီးသီး တစ်ဝက်ကိုတိတ်တိတ်လေး လွှတ်ပစ်လိုက်သည်။ ဖြုန်းတီးပစ်ဖို့ မရည်ရွယ်ပေမယ့် သူမ တကယ်မစားနိုင်ပေ။
ထိုအချိန်တွင် သခင်မယန်၏ အရသာခံဖူးများ ချို့ယွင်းသွားသည်ဟု သံသယဖြစ်စရာ အကြောင်းပြချက်များစွာရှိနေသည်။ ထိုကဲ့သို့သော တရုတ်ဆီးသီးအချဥ်သီးက နည်းနည်းတော့ချိုတယ်လို့ သူမ ဘယ်လိုပြောနိုင်ရတာလဲ။ ကံကောင်းထောက်မစွာပဲ သူမ ထွေးထုတ်ပစ်လိုက်တာ မြန်သွားသည်။ မဟုတ်ရင် သူ့သွားတွေ ပျက်စီးသွားလိမ့်မည်။
ရှောင်းကောသည် အခု တရုတ်ဆီးသီးကိုကြည့်ဖို့ပင် သတ္တိမရှိတော့ပေ။ သကြားကတောင် ဒီအသီးတွေရဲ့ အချဉ်ဓာတ်ကို မချေဖျက်နိုင်ပေ။
သူတို့ နှစ်ယောက်က တရုတ်ဆီးသီးတွေကို ခူးပြီး စကားတွေပြောခဲ့ကြသည်။ အများကြီးတော့ မခူးခဲ့ကြပေ။ သခင်မယန်က ခြင်းတောင်းတစ်ဝက်ပြည့်ပြီးနောက် ရပ်လိုက်သည်။ ရှောင်းကောက အနည်းငယ်သာ ခူးခဲ့သည်။
"ဘာလို့ဒီလောက်နည်းနည်းပဲခူးတာလဲ" သခင်မယန်က သူမ၏ ခြင်းတောင်းကို ကြည့်လိုက်သည်။ တော်တော်လေးဗလာဖြစ်နေသည်။
ရှောင်းကောက အချဉ်ရည်တစ်ငုံကို မျိုချပြီး ပြောလိုက်သည်။ "မမှန်ဘူး။ ကျွန်မ ယောက်မအတွက် အားလုံးကို ပေးမို့လေ"
သူမစကားပြောနေစဉ်တွင် တရုတ်ဆီးသီးအနည်းငယ်ကို သူမ၏ခြင်းတောင်းထဲသို့ လောင်းထည့်ပေးလိုက်သည်။
“ကောင်းလိုက်တာ ဟီးဟီး။” သခင်မယန်က သူတို့ကိုကြည့်ရုံဖြင့် သွားရည်ယိုနေသည်။
နှစ်ယောက်သား အိမ်ပြန်လာခဲ့ကြသည်။ တံခါးဝသို့ ရောက်ခါနီးတွင် သခင်မယန်၏ စူးရှသော မျက်လုံးများက တံခါးကို စောင့်နေသော ယန်ဖန်းကို မြင်လိုက်ရသည်။
စကားတစ်လုံးမှ မပြောဘဲ ရှောင်းကောကို သူမအနားသို့ ချက်ချင်းဆွဲလိုက်ပြီး ပုန်းနေခဲ့သည်။
"ဘာဖြစ်လို့လဲ"
ရှောင်းကောက ဘာဖြစ်နေတာလဲဆိုတာ နားမလည်ပေ။ သခင်မယန်က သူမ ရုတ်တရက်ဆွဲလိုက်တာနဲ့ ခြင်းတောင်းကို ကြောက်လန့်တကြားနဲ့ မှောက်ချမိလုနီးပါးဖြစ်သွားသည်
“ရှူး!” သခင်မယန်က သူမပါးစပ်ပေါ် လက်တင်ကာ စကားမပြောရန် အချက်ပြနေသည်။ ထို့နောက် ခေါင်းထွက်ကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။ ယန်ဖန်းက ဘာမှသတိမထားမိကြောင်း အတည်ပြုပြီးနောက် သူမ ပြောလိုက်သည်။ "နင့်ရဲ့အစ်ကို ယန် တံခါးမှာ စောင့်နေတယ်။ ဒါကို နင် အရင်ယူလိုက်ပါ။ အချိန်ကျရင် နင့်အိမ်မှာ ငါလာစားမယ်"
ရှောင်းကော၏ ခြင်းတောင်းက ချက်ချင်းလဲခံလိုက်ရသည်။ သခင်မယန်က ခြင်းတောင်းအလွတ်နှင့် လမ်းလျှောက်နေစဉ် သူမက တရုတ်ဆီးသီးအချဥ်သီးအပြည့်ထည့်ထားသည့် ခြင်းတောင်းကို သယ်ဆောင်လာခဲ့သည်။