အခန်း (၃၁၄)
Vol. 21 Ch. 314
"ဟေ့ အဖိုးကြီးယန် ရှင်ဘာလို့ဒီရောက်နေတာလဲ"
သခင်မယန်က မသိနားမလည်ချင်ယောင်ဆောင်နေသည်။ သူမကို ကောင်းကောင်းမသိတဲ့သူတစ်ယောက်ကို ဝင်တိုးမိခဲ့မယ်ဆိုရင် သူမမျက်လုံးထဲမှာ အပြစ်ရှိတာကို သေချာပေါက် သတိထားမိမှာမဟုတ်ဘူး။
ရှောင်းကောက ပိုကာမျက်နှာဖြင့် သူမအနားကနေ လိုက်သွားကာ သူမကို ရှေ့သို့ ဆွဲလိုက်သည်။
ယန်ဖန်းက သူမကို ခေါင်းစခြေဆုံးထိ ကြည့်ပြီးနောက် ရှောင်းကောကို နှုတ်ဆက်ခဲ့သည်။ "ငါ မင်းကို စောင့်နေတာ။"
!!
သခင်မယန်က သူ့ကို အိမ်ပြန်ဖို့အမြန်တွန်းလိုက်သည်။ "ဒါဆို မြန်မြန်ပြန်ကြရအောင်လေ"
ယန်ဖန်း ဘာမှမမေးမီ သခင်မယန်က သူ့ကို အိမ်ထဲသို့ တွန်းပို့လိုက်သည်။ တံခါးကိုပိတ်ဖို့ လှည့်လိုက်ကာ ရှောင်းကော ကို မျက်စိမှိတ်ပြလိုက်သေးသည်
ရှောင်းကော ပြုံးပြီး အိမ်ပြန်မလာခင် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက တကယ်ကို ချစ်စရာကောင်းတာပဲ။
“မေမေ…” ကျွမ်းကျွမ်းက ရှောင်းကော ဝင်လာသည်ကို မြင်သည်နှင့် ချက်ချင်း အိမ်ထဲမှ ပြေးထွက်လာခဲ့သည်။ သူ ပြုံးပြီး တောင်းထဲကို လှမ်းကြည့်ခဲ့သည်။
ရှောင်းကောက ပြုံးပြပြီး ပါလာတာကိုပြဖို့ တောင်းကို နှိမ့်ပေးခဲ့သည်။
မျှော်လင့်ထားသလိုပဲ ကျွမ်းကျွမ်းက တစ်ချက်ကြည့်လိုက်ပြီး သူ့ဗိုက်ထဲမှာ အက်ဆစ်တွေ တက်လာတာကို ခံစားလိုက်ရသည်။ သူ ခြင်းတောင်းကို အလျင်အမြန် တွန်းဖယ်လိုက်ပြီး ငြင်းပယ်စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခဲ့သည်။ "ဘာလို့ အများကြီးခူးလာတာလဲ"
"ဒါပေါ့ ဒါက သားအတွက်လေ။ သားရဲ့အစာခြေစနစ်ကိုကူညီဖို့ မေမေက သားကို နေ့တိုင်း တစ်လုံးစားခွင့်ခိုင်းဖို့ ဆုံးဖြတ်ထားတယ်"
"ဟင်?!"
ကျွမ်းကျွမ်းရဲ့ ပါးစပ်က ကောင်းကင်ကြီး ပြိုကျသွားသလိုဟသွားသည်။ "ဘယ်လိုမှမဖြစ်နိုင်ဘူး!"
“ဒါပေါ့ မဖြစ်နိုင်ဘူး” ရှောင်းကော ပြုံးပြီးပြောလိုက်သည်။ “ဒါက အန်တီယန်ရဲ့ဟာ။ မေမေတို့ အခုတော့ ဒါတွေကိုမေမေတို့ သိမ်းထားရမယ်။”
"အဲ့လိုဆိုတော့ သား စိတ်သက်သာသွားပြီ။" ကျွမ်းကျွမ်းက သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။ သူ့အတွက်မဟုတ်သရွေ့ ဘယ်သူစားစား ကိစ္စမရှိဘူး။
"သားတို့ တစ်ခုခုစားကြမလား" ကျွမ်းကျွမ်းက သူ့ဗိုက်ကို ထိလိုက်သည်။ သူ ဗိုက်ဆာနေပြီ။
"သွားချက်ပြုတ်ရအောင်!"
ရှောင်းကောက ဦးဆောင်ပြီး မီးဖိုချောင်ဘက်ကို လျှောက်သွားခဲ့သည်။ ကျွမ်းကျွမ်းက သူမနောက်ကနေ ကျော်တက်သွားသည်။ ခွေးလေးနှစ်ကောင်က သူမ၏ ခြေရင်း၌ ခုန်ပေါက်နေသဖြင့် သူမအား လှုပ်ရှားဖို့ ခက်ခဲစေသည်။
ခွေးလေးတွေ ဗိုက်ဆာနေလောက်ပြီ။ ရှောင်းကောက နေ့လယ်စာ ချက်ဖို့ မီးဖိုချောင်ကို ပြန်သွားချိန်မှာ ကျွမ်းကျွမ်းအား သူတို့ကို အစာကျွေးခိုင်းလိုက်သည်။
မနက်မိုးလင်းတော့ ရေခဲသေတ္တာထဲက ဝက်နံရိုးတစ်ထုပ်ကို ထုတ်ပြီး ရေထဲစိမ်လိုက်သည်။ အခုတော့ လုံးဝ အရည်ပျော်နေပြီ။
ဝက်နံရိုးများကို အေးခဲခြင်းမပြုမီတွင် ၎င်းတို့ကို အပိုင်းပိုင်းခုတ်ထားပြီးသားဖြစ်သည်။
ကျွမ်းကျွမ်းအတွက် ဝက်နံရိုးချိုချဥ် လုပ်ပေးမည်ဟု အရင်က ကတိပေးထားခဲ့သော်လည်း သူမက သူ့အား ကိုယ်အလေးချိန် လျှော့ချစေလိုသောကြောင့် အဲ့တာကိုလုပ်ဖို့ နှောင့်နှေးစေခဲ့သည်။ သူမ ကတိပေးထားသည်မှာ တစ်လပင်ရှိပြီ။ ကျွမ်းကျွမ်းက သူမကို အချိန်အကြာကြီး နှောင့်ယှက်နေခဲ့သည်။ ကျွမ်းကျွမ်းက မနက်ဖြန် ကျောင်းသွားရတော့မှာမို့ ဒီနေ့ သူကြိုက်တဲ့ဟာ တစ်ခုခုလုပ်ဖြစ်အောင် လုပ်မည်။
ပထမဦးစွာ သူမသည် ကြိုတင်စိမ်ထားသော ထမင်းကို ပေါင်းလိုက်သည်။ ထို့နောက် နေ့လည်စာအတွက် ဟင်းလျာများကို ပြင်ဆင်ခဲ့သည်။ ဝက်နံရိုးချိုချဥ်အပြင် ဟင်းနုနွယ်ရွက်ကြော်နှင့် ဟင်းရည်လည်း လုပ်ခဲ့သည်။ တကယ်တော့ အဖျော်ယမကာလို့ ခေါ်တာက ပိုသင့်လျော်သည်။ နှင်းသစ်တော်သီးအဖြူမှိုဟင်းချိုက လန်းဆန်းစေပြီး ချိုမြိန်သည်။ အခုချိန်က စားသုံးရန် သင့်တော်သော ရာသီဖြစ်သည်။
ကျွမ်းကျွမ်း ခွေးတွေကို အစာကျွေးပြီးချိန်တွင် ရှောင်းကော ဟင်းလျာတွေကို ချတော့မည်။
"ဘာလို့ ဒီလောက်ကြာနေတာလဲ"
“နွား၊ မြည်း၊ ကြက်တွေနဲ့၊ ဘဲတွေကို သား အစာကျွေးပြီးပြီ၊ သူတို့ကိုရေလည်းထည့်ပေးခဲ့တယ်”
ကျွမ်းကျွမ်းက ခွေးတွေကို အစာကျွေးပြီးတဲ့အခါ တခြားတိရစ္ဆာန်တွေရဲ့ စားကျင်းခွက်တွေ လွတ်နေတာကို သူမြင်တော့ အားလုံးကို သူအစာကျွေးခဲ့သည်။
ရှောင်းကော ခေါင်းညိတ်ပြပြီး ဟင်းတွေကို ပန်းကန်ပြား အနည်းငယ်ပေါ် ထည့်လိုက်သည်။ မကြာသေးမီက တိရိစ္ဆာန်လေးတွေက အများကြီးအစားစားလာကြသည်။ ဒီနေ့ မနက်ကပဲ သူတို့ကိုကျွေးခဲ့ပြီး စားကျင်းခွက်တွေက မွန်းတည့်မပြည့်ခင်မှာ ဘာမှမရှိတော့ပေ။
“အနံ့က အရမ်းကောင်းတာပဲ…” ကျွမ်းကျွမ်းက ရှေ့သို့ ငုံ့ကာ ဝက်နံရိုး၏ ရနံ့ကို ရှူသွင်းလိုက်သည်။
"အခန်းထဲ ယူသွား"
ကျွမ်းကျွမ်းက တုံ့ပြန်ပြီး တည်ငြိမ်စွာနဲ့ ထွက်ခွာသွားခဲ့သည်။
အခုဆို ရာသီဥတုက ပိုပူလာလို့ ပင်မခန်းထဲမှာ သူတို့ အစားအသောက်တွေ စားနေကြပြီ။ အခုချိန်မှာ မီးဖိုချောင်မှာ စားတာက အရမ်းပူသည်။ မီးဖိုမှအပူနှင့် အပြင်မှလေပူများက မီးဖိုချောင်ကို မီးဖိုတစ်ခုလိုခံစားရစေသည်။ အဲ့ဒီမှာ ခဏလောက်နေပြီးရင် ချွေးတွေရွှဲနေလိမ့်မည်။
ဒီအချိန်မှာ ထမင်းကျက်သွားပြီ။ ရှောင်းကောက အဲ့တာကို အိမ်ထဲ ပြန်သယ်လာပြီး နှင်းသစ်တော်သီး ဟင်းရည်ကို ထုတ်ပေးခဲ့သည်။ အဲ့တာကို အအေးခံထားချိန်တွင် ရှောင်းကောက ဟင်းနုနွယ်ရွက်ကို မွှေကြော်ရန် မီးဖိုချောင်သို့ ပြန်လာခဲ့သည်။
ဟင်းနှစ်ပွဲနဲ့ ဟင်းရည်တစ်ပွဲ။ ဒါက သူတို့ရဲ့ နေ့လည်စာ။
နေ့လည်စာစားပြီးနောက် ကျွမ်းကျွမ်းက သခင်မယန်ရောက်လာသောအခါ အိပ်ပျော်သွားခဲ့သည်။ သူမ တရုတ်ဆီးသီး အချဥ်သီးနှစ်လုံးကိုယူကာ ပြန်သွားသည်။ သူမမှာ အစာစားချင်စိတ်မရှိ၍ အမြည်းစားချင်သည်ဟု ဆိုသည်။
သူမထွက်သွားပြီး သိပ်မကြာခင် ဆယ်စက္ကန့်လောက်ကြာတော့ အစ်ကိုယန် ထပ်ရောက်လာသည်။
ကောင်းကောင်းကြီးသိနေတဲ့ နှစ်ယောက်က မျက်လုံးချင်းဆုံသွားကြသောအခါ ရှောင်းကော သဘောပေါက်သွားသည်။ သူမ တရုတ်ဆီးသီး ခြင်းတောင်းကိုသူ့ဆီပေးလိုက်သည်။
သခင်မယန်ကို သစ္စာဖောက်ဖို့ သူမ ရည်ရွယ်တာတော့မဟုတ်ပေမယ့် သူမ သွားနေတဲ့ နှုန်းအရတော့ မမှန်ဘူးလို့ထင်သည်။ ထို့အပြင် အစ်ကိုယန်က အရာအားလုံးကို လွှင့်ပစ်မည်မဟုတ်သည်မှာ သေချာသည်။ အများစုမှာ ၎င်းကို ဖွက်ထားကာ သူမ မယူနိုင်တော့သည့်အချိန်တွင် သခင်မယန်အား ပေးလေ့ရှိသည်။ တစ်စုံတစ်ယောက်က သူမ၏ စားသုံးမှုကို ထိန်းချုပ်တာက ကောင်းပါသည်။
ညဘက်တွင် ရှောင်းကောသည် ကျွမ်းကျွမ်းအတွက် ထမင်းကြော်လုပ်ပေးခဲ့သည်။ သူမသည် မုန်လာဥနီနှင့် သခွားသီးအချို့ကို လှီးဖြတ်ကာ ကြက်ဥနှစ်လုံးကို ခေါက်ပြီး ထမင်းတစ်ပန်းကန်စာ မွှေကြော်လိုက်သည်။
ရှောင်းကောမှာ တကယ်ကို စားချင်စိတ် သိပ်မရှိနေချေ။ သူမ ဆန်ပြုတ်လုပ်ပြီး အချဉ်တည်ထားသော အသီးအရွက်များဖြင့် စားဖို့လုပ်ခဲ့သည်။
ရာသီဥတုပူပြင်းတဲ့ အချိန်မျိုးမှာ ကျွမ်းကျွမ်းတစ်ယောက်ပဲ အစားစားချင်စိတ်က ကောင်းနေသည်။
နောက်တစ်နေ့မနက်မှာ ရှောင်းကောက ကျွမ်းကျွမ်းကို မိုးမလင်းခင် ပြန်ပို့ခဲ့သည်။ ဆရာခုံးသည် မကြာသေးမီက မနက်ခင်းအတန်းများ ထပ်ထည့်ထားသောကြောင့် ရှောင်းကောက ကျွမ်းကျွမ်းကို နောက်ကျမနေစေချင်ပေ။
ကျွမ်းကျွမ်းက ဤဘဝတွင် တဖြေးဖြေးနှင့် ရင်းနှီးလာခဲ့သည်။ ရှောင်းကော ထွက်သွားတော့မယ့်အချိန်မှာတောင် စိတ်ရှုပ်စရာမရှိတော့ပေ။ အများစုကတော့ အစပိုင်းမှာ မပျော်မရွှင်ဖြစ်ပြီး ခဏကြာပြီးရင် ကျော်ဖြတ်နိုင်လိမ့်မည်။
အရာအားလုံးက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့သည်။
—-
နှစ်စဉ် နွေဦးထယ်ထိုးခြင်းကို စတင်ခဲ့သည်။ မိသားစုတိုင်းသည် မြေကို ထယ်ထိုးပြီး မျိုးစေ့များ ထပ်မံကြဲချခဲ့ကြသော်လည်း ရှောင်းကော၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။
ထိုအချိန်တွင် အပြင်ဘက်မှ ထွက်လာသော အသံများကို ကြားလိုက်ရသောအခါတွင် သူမ အလျင်စလို မဖြစ်နေပေ။ အဓိကအကြောင်းအရင်းကတော့ ဘာစိုက်ရမှန်းမသိလို့ပါပဲ။
ဒီနှစ်မှာတော့ ရွာက မျိုးစေ့တွေ မဝေပေးဘူး။ အမှန်တော့ ဒါက ထူးခြားတဲ့နှစ်မဟုတ်ပါဘူး။ အခုတော့ အားလုံးလမ်းကြောင်းပေါ်ပြန်တက်လာကြသဖြင့် ရွာမှမျိုးစေ့ရရှိသူ အနည်းငယ်မှလွဲ၍ အိမ်ထောင်စုအများစုသည် မိမိတို့၏ သီးနှံများအတွက် ဝယ်ယူနေကြသည်။
“ဟူး…”
ရှောင်းကော သက်ပြင်းချလိုက်ပြန်သည်။ သူမ စားပွဲပေါ်ရှိ စပါးစေ့ အမျိုးအစား နှစ်မျိုးကို စိတ်ပူပန်သောကဖြင့် ကြည့်နေသည်။
"ပြောင်းနဲ့ ဂျုံ၊ တစ်မျိုး ဒါမှမဟုတ် နှစ်မျိုးလုံး စိုက်ရမလား"
သခင်မယန်က တဖက်က ရေတွက်နေသည်။ ရှောင်းကောကတော့ အကြိမ်ပေါင်း မရေတွက်နိုင်သော သက်ပြင်းကို ချခဲ့သည်။ သူမပြောတာကိုကြားတော့ သခင်မယန်က ပြန်ပြောခဲ့သည်။ "နင် မဆုံးဖြတ်နိုင်ရင် အကုန်လုံးစိုက်လို့ရတာပဲ။ ဘာပဲဖြစ်ဖြစ် နင့်မှာ မြေနှစ်ကွက်ရှိတာပဲဟာ"
" မလုပ်နိုင်ဘူး။ အိမ်မှာ မနှစ်က စပါးတွေ ကျန်သေးတယ်။ ဘယ်လိုလုပ်အကုန် ကုန်အောင် စားနိုင်မှာလဲ ကျွမ်းကျွမ်းနဲ့ ကျွန်မပဲစားမယ့်သူရှိတာ။ အခု ကျွမ်းကျွမ်းက ကျောင်းတက်နေတော့ သူမ တစ်ယောက်တည်း မစားနိုင်ဘူး။ အဲဒါတွေ အပြင် သိမ်းထားစရာ နေရာလည်း မရှိတော့ပေ။"
မသိတဲ့သူတွေက ဒီစကားတွေကို သူတို့ကိုဒေါသထွက်အောင် တမင်ပြောနေတာလို့ ထင်ကောင်းထင်လိမ့်မည်။ နောက်ဆုံး အဆာငတ်နေသေးတဲ့သူတွေ အများကြီးရှိသေးသည်။ ဒါက သူတို့စိုးရိမ်မှု အနည်းဆုံးဖြစ်မှာပါ။ သူမရဲ့စကားကိုကြားရင် သေချာပေါက် မျက်လုံးပြူးသွားလိမ့်မည်။
“… ယောက်မ အဖြေကူရှာပေးပါဦး။”
"ငါ အခုနောက်ပိုင်း တည့်တိုးကြီးမတွေးတတ်တော့ဘူး။ ငါ့ကို အကြံဥာဏ်တွေ ပေးခိုင်းစေချင်တာ သေချာလား"
"ထားလိုက်ပါတော့" ရှောင်းကောက မတွေးဘဲ အမြန်ပြန်ဖြေလိုက်သည်။
"ဟေ့ နင်!" သခင်မယန်က ပြုံးပြီး သူမကို တွန်းလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။
"နင့်ရဲ့မြေကွက်က မကြီးဘူး။ တစ်ကွက်လုံးကို မျက်စိတစ်ဆုံးကြည့်လို့ရတယ်။ နင် စိုက်နိုင်တဲ့ သီးနှံအရေအတွက်က ကန့်သတ်ချက်ရှိတယ်။ အကုန်လုံးသာစိုက်လိုက်။ တကယ်လို့ ကုန်အောင်မစားနိုင်ဘူးဆိုရင် ကျန်တာကို ရောင်းလို့ရတာပဲ"
ရှောင်းကောသည် သူမ၏ဖော်ပြချက်ကိုကြားသောအခါ ပြောစရာစကားမဲ့သွားသည်။ ဒါပေမယ့် သူမပြောတာမှန်သည်။ သူတို့မြေနဲ့ ယှဉ်ရင် သူမရဲ့မြေကွက်နဲ့က ပိုနည်းသည်။
"စပါးနဲ့ ဂျုံကို တစ်ကွက်တည်းမှာ ဆက်စိုက်လိုက်ရမလား"
“အင်း ရတာပဲ!” သခင်မယန်က ခေါင်းညိတ်လိုက်သည်။ သူမ မိသားစုက အပျော်တမ်း လယ်တွေ စိုက်ကြသည်။
ရှောင်းကော အပြင်မှနေကိုကြည့်ကာ စိတ်ထဲတွင် တွေးလိုက်မိသည်။ အဲ့လိုပဲ လုပ်လိုက်မယ်။ သူမ အားလုံးကို ပေးလိုက်တော့မယ်!
အခု သူမအိတ်ကပ်ထဲမှာ ပိုက်ဆံရှိနေတော့ အစားအသောက်က ဈေးကြီးပေမယ့် သူမအဲ့တာကို မတတ်နိုင်တာတော့ မဟုတ်ဘူး။ ထို့ကြောင့် သူမသည် စားသောက်ဖို့ စိုက်ပျိုးရန် အနည်းငယ် ပျင်းရိခဲ့သည်။ ထို့အပြင် နေကလည်း ပူတာကြောင့် သူမ အပြင်မထွက်ချင်ပေ။
မနှစ်က စပြီး စိုက်ပျိုးဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။ ထိုအချိန်တွင် သူမသည် ယခုမှရောက်ရှိလာပြီး သူမ၏ အိတ်ကပ်ထဲတွင် ကြေးပြားတစ်ပြားမှ မရှိနေချေ။ ကျွမ်းကျွမ်းနှင့်အတူ သူမ ကောက်ပဲသီးနှံတွေ စိုက်ပျိုးရမည်။ မဟုတ်ရင် နှစ်ယောက်စလုံး အစာငတ်ပြီး သေကုန်ကြလိမ့်မည်။
ဒုတိယအတွေးတွင် သူမ အရာအားလုံးကို ရှေ့ဆက်သွားပြီး စိုက်ပျိုးသင့်သည်။ မြေကွက်လပ်ကို ထားထားတာက အလဟသပဲ။ ယနေ့ခေတ်တွင် အစားအလွန်အကျွံစားခြင်းနှင့်ပတ်သက်၍ မညည်းညူသင့်ပေ။ ညတွင်းချင်း ဘာမဆို ဖြစ်သွားနိုင်သည်။ သူမ မပျင်းနေသင့်ဘူး!
သူ့ကိုယ်သူ ထုရိုက်ပြီးနောက် ရှောင်းကော ကွင်းပြင်သို့ အားသွန်ခွန်စိုက် ထွက်သွားခဲ့သည်။