← Chapters

ကောင်းကင်နှင့် မြေပြင်၏ ရတနာ

Vol. 5 Ch. 45

ကောင်းကင်နှင့် မြေပြင်၏ ရတနာ

Vol. 5 Ch. 45

"ကိစ္စမရှိပါဘူး... ကြည့်ရတာ တော်တော်လေး ဉာဏ်ကောင်းပုံ ပေါ်ပါတယ်... စကားမပြောချင်လို့ နေမှာပါ..."

လီချင်းချိုးက ယွမ်လီကို ကြည့်ပြီး တိုးတိုးလေး ရယ်မောလိုက်သည်။ သူ လက်ယပ်ခေါ်လိုက်ရာ ယွမ်လီက ချက်ချင်းပင် စားပွဲကို ပတ်လျှောက်လာပြီး သူ့ဘေးသို့ ရောက်လာကာ သူ့ပေါင်ပေါ်တွင် လှဲအိပ်လိုက်သည်။

ယွမ်လီ၏ ကြီးထွားမှုအတွက် သူ မစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် ယွမ်လီတွင် ဆရာသခင်၏ နှလုံးသား ကံတရား ရှိနေသဖြင့် သေချာပေါက် ဉာဏ်ကောင်းရမည် ဖြစ်သည်။

သူသည် ဂိုဏ်းသားများ ဟင်းပွဲလာချပေးမည်ကို စောင့်ဆိုင်းရင်း ကျန်းယွီချွန်း၊ လီတုန်းယွဲ့ တို့နှင့် ပေါ့ပေါ့ပါးပါး စကားပြောနေသော်လည်း ကံကောင်းခြင်းဆုလာဒ် ဆီသို့သာ စိတ် ရောက်နေပြီ ဖြစ်သည်။

ညရောက်လာပြီး အစားအသောက်များ စားပွဲပေါ် ရောက်လာချိန်တွင် ယန်ကျွယ်တိန်နှင့် အခြားသူများ ပြန်ရောက်လာကြသည်။

ယန်ကျွယ်တိန်က ထူးဆန်းသော မျက်နှာထားဖြင့် ရှေ့ဆုံးမှ လျှောက်လာပြီး ရွှီနင်းနှင့် ချင်ယဲ့တို့ သူ့နောက်မှ လိုက်ပါလာကြသည်။ အခြားသော ဂိုဏ်းသားများမှာမူ တောင်ခြေရှိ ဝင်းသစ်တွင် စုဝေးနေကြပြီး မွန်းလွဲပိုင်းက တိုက်ပွဲအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြသည်။

ကျန်းယွီချွန်းက မတ်တတ်ရပ်လိုက်ပြီး …"အကြီးအကဲယန်... အခြေအနေ ဘယ်လိုလဲ..." ဟု မေးလိုက်သည်။

ကျန်လူများအားလုံး ယန်ကျွယ်တိန်ကို ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာထားများ အနည်းငယ် တင်းမာနေကြသည်။ ဤသည်မှာ ချင်းရှောင်ဂိုဏ်း ပထမဆုံးအကြိမ် ရန်စခံရခြင်း ဖြစ်သည်။ အကယ်၍ ရှုံးနိမ့်ခဲ့ပါက နောင်တွင် ပြဿနာများ အဆုံးမရှိ ဖြစ်လာမည်မှာ သေချာသည်။

ယန်ကျွယ်တိန်က … "သူတို့ကို မောင်းထုတ်လိုက်ပါပြီ... ရွှီနင်း ဝင်ပါလိုက်လို့လေ..."

ထိုစကားကို ကြားသောအခါ ဝင်းထဲရှိ လူတိုင်း သက်ပြင်းချလိုက်နိုင်ကြသည်။

"ရွှီနင်း ဝင်ပါလိုက်တာလား... ခင်ဗျားကရော... အကြွင်းမဲ့သူတော်စင်ဂိုဏ်းက လူတွေကို ခင်ဗျား မနိုင်ဘူးလား..." လီစီဖုန်းက အဓိက အချက်ကို သတိထားမိပြီး ချက်ချင်း မေးလိုက်သည်။

ထိုမေးခွန်းကြောင့် ယန်ကျွယ်တိန် အနည်းငယ် ရှက်ရွံ့သွားပုံရသည်။ သူက ချောင်းအနည်းငယ် ဟန့်လိုက်ပြီ…

"ဒယအကြွင်းမဲ့သူတော်စင်ဂိုဏ်းက ရိုးရှင်းတာ မဟုတ်ဘူး... လင်းချွမ်ဒေသ ထန်မိသားစုရဲ့ ပံ့ပိုးမှု ရှိနေရုံတင်မကဘူး... ဂိုဏ်းချုပ်ကလည်း ထိပ်တန်း သိုင်းပညာရှင်ပဲ... ချန်ကျိုးရဲ့ နံပါတ်တစ် သိုင်းပညာရှင် ကျူးဝူလျန်တောင် သူ့လက်ချက်နဲ့ ရှုံးနိမ့်ခဲ့တာ... ကျုပ်က သူ့ပြိုင်ဘက် မဟုတ်တာ အမှန်ပဲ..."

"ကျူးဝူလျန်... မီးလျှံနီ ကောင်းကင်လက်ဝါး ကျူးဝူလျန်လား..." ချန်ချန်းဟိုင် မျက်လုံးပြူးသွားပြီး အတင်း မေးလိုက်ရာ သူ့ အသံမှာ တုန်ယင်နေပြီး ရွှီနင်းကို သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ကြည့်နေသည်။

သူ့အမူအရာကို မြင်သောအခါ ယန်ကျွယ်တိန်၏ မျက်နှာထား ပျော့ပျောင်းသွားပြီး …

"ဟုတ်တယ်... မီးလျှံနီ ကောင်းကင်လက်ဝါး ကျူးဝူလျန်ပဲ... အကြွင်းမဲ့သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နာမည်က ယန်ဝူကျင်းတဲ့... အရင်က မထင်ရှားခဲ့ပေမဲ့ မကြာခင် သိုင်းလောက တစ်ခုလုံးမှာ နာမည်ကြီးလာတော့မယ်လို့ ကျုပ် ထင်တယ်..."

ထိုစကားကို ကြားသောအခါ လီချင်းချိုးက ဂရုမစိုက်တော့ဘဲ …

"ထိုင်ကြ... စားရင်းနဲ့ ပြောကြတာပေါ့..."

ယန်ကျွယ်တိန်နှင့် အခြားနှစ်ယောက် ချက်ချင်း ဝင်ထိုင်လိုက်ကြပြီး ကျန်လူများက ရွှီနင်းနှင့် ယန်ဝူကျင်းတို့၏ တိုက်ပွဲ အသေးစိတ်ကို ရွှီနင်းအား အတင်း မေးမြန်းကြတော့သည်။

"ယန်ဝူကျင်းရဲ့ စွမ်းရည်က တကယ့်ကို ထူးခြားပါတယ်... ဒီလောက် နက်ရှိုင်းတဲ့ အတွင်းအားရှိတဲ့သူမျိုး ကျုပ် တစ်ခါမှ မမြင်ဖူးဘူး... ရေကန်ကိုတောင် ပွက်ပွက်ဆူအောင် လုပ်နိုင်တယ်... ဒါပေမဲ့ ရွှီနင်းရဲ့ ဓားက ပိုပြီး အားကောင်းတယ်... သူ့ရဲ့ ဓားချီမှာ လျှပ်စီးတွေ ပါဝင်နေပြီး ယန်ဝူကျင်းရဲ့ အတွင်းအားကို ထွင်းဖောက်နိုင်တယ်... ယန်ဝူကျင်းရဲ့ မျက်နှာထားကို ခင်ဗျားတို့ မမြင်လိုက်ရလို့ပေါ့.. မျက်လုံးတွေ ပြူးနေတာပဲ..."

ယန်ကျွယ်တိန်က ပြောရင်းနှင့် ပိုမို စိတ်လှုပ်ရှားလာရာ လူတိုင်း ရွှီနင်း၏ အင်အားကို ပိုမို နက်ရှိုင်းစွာ နားလည်လာကြသည်။

ဘာလို့ ရွှီနင်းက ကျန်းကျောက်ရှားထက် ပိုတော်တယ်လို့ ကြားနေရတာလဲ...

ထို့နောက် သူတို့ ရွှီနင်းကို ကြည့်လိုက်ကြရာ လီတုန်းယွဲ့၏ ဘေးတွင် ထိုင်၍ လိမ္မာစွာ စားသောက်နေသည်ကို တွေ့လိုက်ရသည်။ ယန်ဝူကျင်းကို အနိုင်ယူခဲ့သော အစွမ်းထက်သည့် အမျိုးသမီးနှင့် ဆက်စပ်ကြည့်ရန် ခက်ခဲလှပေသည်။

ထမင်းစားပွဲဝိုင်းမှာ သက်ဝင်လှုပ်ရှားနေပြီး ရွှီနင်း၏ အောင်ပွဲက ချင်းရှောင်ဂိုဏ်းသားများ၏ စိတ်ဓာတ်ကို များစွာ မြှင့်တင်ပေးလိုက်သည်။

ဧည့်သည်ဆောင် တစ်ခုအတွင်း၌ ဆုရှီးလင်သည်လည်း တိုက်ပွဲအကြောင်းကို ကျူးယန်အား ပြန်လည် ပြောပြနေသည်။ သူမက ယန်ဝူကျင်း မည်မျှ သန်မာကြောင်း ပိုမို သိရှိသူ ဖြစ်သဖြင့် သူမ၏ အံ့သြမှုမှာ ယန်ကျွယ်တိန်ထက် များစွာ သာလွန်နေသည်။

"အစွမ်းထက်တဲ့ သိုင်းပညာရှင် တစ်ယောက်က မိန်းကလေးငယ်လေး တစ်ယောက်ရဲ့ လက်ချက်နဲ့ ရှုံးနိမ့်သွားတယ်ဆိုတာ မယုံနိုင်စရာပဲ... ချင်းရှောင်ဂိုဏ်းက တကယ်ပဲ နတ်ဘုရားတွေရဲ့ ကောင်းချီးကို ရထားတာလား... ဂိုဏ်းထဲမှာ ကျန်းကျောက်ရှားထက် ပိုငယ်ပြီး ပိုတော်တဲ့သူ ရှိနေလိမ့်မယ်လို့ ကျမ ထင်မထားမိဘူး... ဒီကလေးမလေး အဲဒီလို စွမ်းရည်မျိုးကို ဘယ်လို လုပ်ပြီး ကျင့်ကြံခဲ့တာလဲ..."

ဆုရှီးလင် ထိုစကားများကို ပြောလိုက်သောအခါ လက်ဖက်ရည်ခွက် ကိုင်ထားသော သူမ၏ လက်များ တုန်ယင်နေသည်။

ကျူးယန်က တည်ငြိမ်စွာဖြင့် … "ကိုယ့်ထက် တော်တဲ့သူတွေ အမြဲ ရှိနေတတ်ပြီး ကိုယ့်လက်လှမ်းမမီတဲ့ အရာတွေလည်း အမြဲ ရှိတတ်ပါတယ်... လောကကြီးမှာ ထူးခြားဆန်းပြားတဲ့ တွေ့ဆုံမှုတွေ မရေမတွက်နိုင်အောင် ရှိပြီး ရှင်နဲ့ ကျွန်မ မကြုံတွေ့နိုင်တဲ့ အရာတွေလည်း အမြဲ ရှိနေပါတယ်... ရွှီနင်းက ဒီလောက် အစွမ်းထက်တယ် ဆိုတော့ သူမရဲ့ ဆရာ လီချင်းချိုးက ပိုပြီး အစွမ်းထက်မှာပေါ့..."

ဆုရှီးလင် သတိပြန်ဝင်လာပြီး…

"ချင်းရှောင်ဂိုဏ်းသားတွေ ပြောသလို လီချင်းချိုးက အိပ်မက်ထဲမှာ နတ်ဘုရားဆီကနေ သတင်းစကား ရခဲ့တာများလား..."

ကျူးယန် ပြန်မဖြေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ ပြောသည်မှာ အမှန်လား အမှားလား ဆိုသည်ကို သူမ မဆုံးဖြတ်နိုင်သောကြောင့် ဖြစ်သည်။

ထိုညက လူအများအပြားအတွက် အိပ်မပျော်သော ညတစ်ည ဖြစ်ဖို့ ကံပါလာခဲ့သည်။

ညစာ စားပြီးနောက် ရွှီနင်း လီချင်းချိုး နောက်သို့ လိုက်ပါသွားပြီး ယန်ဝူကျင်း၏ အင်အားအကြောင်း အသေးစိတ် ရှင်းပြလိုက်သည်။

"ဆရာသခင်... ကျွန်မ သူ့ကို နိုင်ပေမဲ့ သူ့ကို မသတ်နိုင်ခဲ့ဘူး... ဒီလူရဲ့ သိုင်းပညာက တကယ်ပဲ အစွမ်းထက်ပါတယ်... အကယ်၍ အကြီးအကဲယန်သာ ဝင်တိုက်မယ်ဆိုရင် သိုင်းကွက် သုံးကွက်လောက်နဲ့တင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလောက်တယ်..."

ရွှီနင်း စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိပြီးနောက် သူမ၏ ယုံကြည်မှုများ မြင့်တက်လာခဲ့သည်။ ဘာပဲပြောပြော ဤအဆင့်သည် ကျန်းကျောက်ရှားပင် မရောက်ရှိသေးသော အဆင့်ဖြစ်ပြီး အခြား ဂိုဏ်းသားများနှင့် ကွာဟချက် ကြီးမားနေသည်။ အဆင့်ချိုးဖျက်ပြီးနောက် သူမ၏ ပထမဆုံး တိုက်ပွဲတွင် ရှုံးနိမ့်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

လီချင်းချိုးက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ရွှီနင်၏ မကျေနပ်သော မျက်နှာထားကို ကြည့်ရင်း သူမ၏ ပါးကို မဆွဲဘဲ မနေနိုင်တော့ဘဲ ရယ်မောကာ …

"မင်းက ဘာထပ်လိုချင်သေးတာလဲ... ယန်ဝူကျင်းက အရမ်း အစွမ်းထက်တယ်လို့ မင်းကိုယ်တိုင် ပြောခဲ့တယ်လေ... မင်းသာ မရှိရင် ယန်ဝူကျင်းနဲ့ သူ့ရဲ့ အကြွင်းမဲ့သူတော်စင်ဂိုဏ်းက ကုကျိုး သိုင်းလောကရဲ့ အရှင်သခင်တွေ ဖြစ်လာမှာ... အခုတော့ သူ တော်တော် ခံစားနေရရှာမှာ..."

"ဆရာသခင်... ဓားသိုင်းနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ နားလည်နိုင်စွမ်းက သိပ်မကောင်းဘူးလို့ ခံစားရတယ်... ဒါပေမဲ့ ကျွန်မရဲ့ အတွင်းအားစွမ်းရည် အကြံဉာဏ်တွေ အများကြီး ပေးတယ်... နောက်ပိုင်းကျရင် ကျွန်မရဲ့ အတွင်းအားစွမ်းရည်ကိုပဲ လေ့လာချင်တယ်... ရမလားဟင်..."

ရွှီနင်းက ဆရာသခင်၏ လက်ကို ရှောင်တိမ်းခြင်း မပြုပေ။ သူမက ဆရာသခင်ကို ကြည့်ပြီး လေးလေးနက်နက် မေးလိုက်သည်။

လီချင်းချိုးက .. "ရတာပေါ့... ကိုယ်ပိုင် လမ်းကြောင်းကို ရှာတွေ့မှသာ စစ်မှန်တဲ့ ဆရာသခင်လို့ ခေါ်လို့ရမှာ..."

"ကျွန်မ ဆရာ့ဂိုဏ်းကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး... တစ်သက်လုံး ဆရာ့နောက်ကို လိုက်ပြီး ချင်းရှောင်ဂိုဏ်းမှာပဲ တစ်သက်လုံး နေသွားမှာ..."

"ဟားဟား... အဲဒီလိုဆိုရင်တော့ ဆရာ ပျော်မိမှာပေါ့... ဒါပေမဲ့ နောက်နောင် မင်း အချစ်ကို တွေ့ရှိပြီး ချစ်ရတဲ့သူ ရှိလာလို့ တောင်အောက် ဆင်းချင်ရင် ဆရာက တားမှာ မဟုတ်ပါဘူး..."

"တော်ပါ... ကျွန်မ အဲဒီလောက် အောက်တန်းမကျပါဘူး..."

ဖယောင်းတိုင် မီးရောင်က ဆရာနှင့် တပည့်၏ အရိပ်များကို နံရံပေါ်သို့ စောင်းငဲ့စွာ ကျရောက်စေသည်။ ရွှီနင်းကို ကြည့်ရင်း သူမ တောင်ပေါ်သို့ စတင် ရောက်ရှိလာစဉ်က အခြေအနေကို သတိရမိသည်။ ထိုစဉ်က သူမ ပုံစံက ညစ်ပတ်ပြီး ပိန်လှီနေခဲ့သော်လည်း ယခုမူ သူမ ပြောင်းလဲသွားပြီ ဖြစ်ပြီး ကျင့်ကြံသူ တစ်ဦး၏ အရှိန်အဝါ ရှိနေပြီ ဖြစ်သည်။ ဤအချက်က အချိန်ကုန်လွန်မြန်ကြောင်း တွေးမိစေပြီး သူ့စိတ်ထဲတွင် သက်ပြင်းချမိစေသည်။

ဆရာနှင့် တပည့် ခဏကြာ စကားစမြည် ပြောပြီးနောက် လီချင်းချိုးက ရွှီနင်းကို ပြန်လွှတ်လိုက်သည်။

ရွှီနင်း တံခါးပိတ်သွားပြီးနောက် အသက်ရှူချိန် ဆယ်ကြိမ်ခန့် စောင့်ဆိုင်းပြီးမှ တာအိုမျိုးဆက်ဇယားကွက်ကို ဖွင့်ကာ ကံကောင်းခြင်း စနစ်ကို အသက်သွင်းလိုက်သည်။

[သင့် ကံကောင်းခြင်း ဆုလာဘ်ကို ရယူပါ]

[မင်္ဂလာရှိသော အခွင့်အလမ်းများကို ဖွင့်လှစ်ခြင်း]

[သင့် ကံတရားကို စတင် စမ်းသပ်ပါ]

[ကံကောင်းခြင်း တစ်ခုကို ဖမ်းဆုပ်ရရှိပြီး ကောင်းကင်နှင့် မြေပြင်၏ ရတနာ တစ်ပါးကို ရှာဖွေတွေ့ရှိသည့်အတွက် ဤကောင်းချီး၏ လမ်းညွှန်မှုကို လက်ခံလိုပါသလား။]

ကောင်းကင်နဲ့ မြေပြင်ရဲ့ ရတနာ တဲ့လား...

လီချင်းချိုး စိတ်ဝင်စားသွားပြီး ချက်ချင်းပင် လက်ခံလိုက်သည်။ ထို့နောက် သူ့ရဲ့ စိတ်အစဉ်သည်လည်း အိပ်မက်တစ်ခု အတွင်းသို့ ဆွဲခေါ်ခြင်း ခံလိုက်ရလေတော့သည်။

အိပ်မက်ထဲတွင် သူသည် ခန္ဓာကိုယ်ကို ထိန်းချုပ်၍ မရဘဲ တောတောင်များထဲတွင် ခရီးနှင်ကာ အမည်မသိ နေရာတစ်ခုသို့ ဦးတည်သွားနေသော ကိုယ့်ကိုယ်ကိုယ် ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ထိုက်ခွန်းတောင်တန်းကြီးက ကျယ်ဝန်းလှပြီး တာ့လီမင်းဆက်၏ အရှေ့တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဘက်တွင် မိုင်ပေါင်း ရာချီ ရှည်လျားသော တောင်နက်ကြီးများရှိပြီး အဆိပ်မြူများ ဖုံးလွှမ်းနေကာ လူသူအရောက်အပေါက် နည်းပါးသည်။ ထိုတောင်တန်းများ၏ တဖက်ခြမ်းတွင် အဆုံးမဲ့ သမုဒ္ဒရာ ရှိသည်ဟု ဆိုကြသော်လည်း မည်သူမျှ ဤတောင်နက်ကြီး ဧရိယာကို ဖြတ်ကျော်ဖူးခြင်း မရှိကြပေ။ လင်းရွှန်းဖုန်းက အရှေ့ဘက်သို့ မသွားရန်နှင့် မြူထူများ တွေ့ရှိပါက ဆုတ်ခွာရန် ယခင်က သတိပေးခဲ့ဖူးသည်။

ချင်းရှောင်ဂိုဏ်း တည်ရှိသော တောင်သည် ထိုတောင်နက်ကြီး ဧရိယာနှင့် မိုင်ပေါင်းများစွာ ဝေးကွာသည်။ သာမန်လူများ အဖို့ ချင်းရှောင်ဂိုဏ်းက တောင်နက်ကြီးထဲတွင် ရှိသည်ဟု ယူဆထားကြပြီး ချင်းရှောင်ဂိုဏ်းကို ရှာဖွေရန် မလွယ်ကူပေ။ ချင်းရှောင်ဂိုဏ်း၏ နောက်ဘက်ရှိ အဆုံးမဲ့ တောင်များနှင့် မြစ်များမှာမူ ကြောက်မက်ဖွယ် ကောင်းလှသည်။

အိပ်မက်ထဲတွင် လီချင်းချိုးတယောက် အဆိပ်မြူ အလွှာပေါင်းများစွာကို ဖြတ်ကျော်၍ အကွာအဝေး မည်မျှ ရောက်ရှိသွားသည် မသိရဘဲ နောက်ဆုံးတွင် သစ်ပင်ကြီး တစ်ပင်ကို တွေ့လိုက်ရသည်။ထိုအပင်ကြီးက အနည်းဆုံး ပေတစ်ရာခန့် မြင့်မားသော သစ်ပင်ကြီး ဖြစ်ပြီး အကိုင်းအခက်များစွာ ရှိကာ တွဲလောင်းကျနေသော ဝါးပင်များ မရေမတွက်နိုင်အောင် ရှိနေသည်။ ပတ်ဝန်းကျင်ရှိ တောအုပ်သည်ပင် ထိုသစ်ပင်ကြီးကို ဦးခိုက်နေသော လက်အောက်ခံများ သဖွယ် ဖြစ်နေသော်လည်း မြင်ကွင်းမှာ အနည်းငယ် ဝါးနေသဖြင့် ဤသစ်ပင်ကြီး၏ ပုံပန်းသဏ္ဍာန် အမှန်ကို မမြင်တွေ့ရပေ။

လီချင်းချိုး နိုးလာသောအခါ ထိုသစ်ပင်ကြီး၏ ပုံရိပ်ကို ပြန်လည် အမှတ်ရပြီး အလွန် စိတ်လှုပ်ရှားမိသွားသည်။

ဤမျှ မြင့်မားသော သစ်ပင်မျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သို့သော် ကောင်းချီးတစ်ခု ဖြစ်သည့်အတွက် ဤသစ်ပင်သည် သူ့အား မတွေးဆနိုင်သော အကျိုးကျေးဇူးများ သေချာပေါက် ပေးပေလိမ့်မည်။

လီချင်းချိုး ထိုနေရာသို့ တတ်နိုင်သမျှ စောစီးစွာ ရောက်ရှိရန် မိုးမလင်းမီ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ချေပြီ။

...

ညအမှောင်ထု အကာအကွယ်အောက်တွင် ထန်ကျစ်ချီက ဖရိုဖရဲ ဖြစ်နေသော ယန်ဝူကျင်းကို တွဲ၍ ရှေ့သို့ ဆက်လျှောက်နေသည်။

"ဒီလောက်ဆို ရပြီ... ငါ့ဒဏ်ရာတွေ သက်သာအောင် အတွင်းအား သုံးပြီး ကုသဖို့ လိုတယ်..."

ယန်ဝူကျင်း အံကြိတ်၍ ပြောလိုက်တော့ ထန်ကျစ်ချီက သူ့ကို ဘေးနားရှိ သစ်ပင်အောက်တွင် အမြန် ချထားပေးလိုက်သည်။ သူ တရားထိုင်ပြီး အတွင်းအားကို စတင် လှည့်ပတ်လိုက်သောအခါ ထန်ကျစ်ချီ၏ မျက်နှာထားမှာ တွေဝေငေးမောနေဆဲ ဖြစ်သည်။

ယခုအချိန်အထိ ရွှီနင်းကို ပြန်ပြောင်း စဉ်းစားမိတိုင်း ထန်ကျစ်ချီ မတတ်သာဘဲ တုန်လှုပ်သွားမိသည်။ ထိတ်လန့်မှုကြောင့်လား သို့မဟုတ် ညဉ့်လေအေးကြောင့်လား ဆိုသည်ကတော့ မသေချာပေ။

သူသည် ဘေးတစ်ဖက်သို့ လျှောက်သွားကာ ထိုင်ချလိုက်ပြီး ခါးကြားမှ ရေဘူးကို ယူ၍ ရေငတ်ပြေအောင် သောက်လိုက်ရင်း တည်ငြိမ်စွာ စဉ်းစားလိုက်သည်။

ကျူးဝူလျန်ထံမှ ခေါ်ယူလာခဲ့သော ဂိုဏ်းသားများ အားလုံး ထွက်ပြေးသွားကြပြီ ဖြစ်သည်။ ဂိုဏ်းကို ပြန်လည် တည်ထောင်လိုပါက နင်းတက်စရာ လှေကားထစ် အဖြစ် အခြား ဂိုဏ်းတစ်ခုကို ရွေးချယ်ရန် လိုအပ်သည်။

နောက်တစ်ကြိမ်ကျရင် ထိုက်ခွန်းတောင်တန်းနဲ့ ဝေးဝေးနေမှ ဖြစ်မယ်...

တောအုပ်ကြီးတခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ရံဖန်ရံခါ လေအေးများ တိုက်ခတ်လာသည်မှလွဲ၍ အခြား အသံမကြားရပေ။

မိုင်တစ်ရာ နှစ်ရာခန့် ခရီးနှင်ခဲ့ရသဖြင့် ထန်ကျစ်ချီ အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သစ်ပင်အကိုင်းအခက်ကို မှီရင်း အိပ်ပျော်သွားတော့သည်။

မည်မျှကြာအောင် အိပ်ပျော်သွားသည် မသိဘဲ တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသံ ကြားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်ရာ ယန်ဝူကျင်းက သူ့ရှေ့တွင် ထိုင်နေပြီး ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ..."

ထန်ကျစ်ချီက မျက်လုံးကို ပွတ်သပ်ရင်း အားနည်းစွာ မေးလိုက်သည်။ သူ့ အကြည့်က မသိစိတ်ဖြင့် ဝေ့ဝဲကြည့်ရှုလိုက်ရာ လျင်မြန်စွာ သတိဝင်သွားခဲ့သည်။

ယန်ဝူကျင်း ဖြေစရာပင် မလိုဘဲ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ သဘောပေါက်လိုက်သည်။

ဘာလို့ ပတ်ပတ်လည်မှာ မြူထူတွေ ဒီလောက် ထူထပ်နေရတာလဲ...

သူ မအိပ်ခင်တုန်းက ဒီလောက် မြူမထူပါဘူး…

"ဒီနေရာက တစ်မျိုးကြီးပဲ... ငါတို့ လမ်းမှားသွားပြီလို့ သံသယရှိတယ်..."

ယန်ဝူကျင်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ ခြောက်နာရီခန့် အနားယူပြီးနောက် သူ အတော်အတန် ပြန်လည် သက်သာလာပြီ ဖြစ်ပြီး သူ့ အသံမှာ အားအင်များ ပြည့်ဝနေသည်။

ထန်ကျစ်ချီက ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာ အမူအရာ ပြောင်းလဲသွားကာ …

"ထိုက်ခွန်းတောင်တန်းရဲ့ နက်ရှိုင်းတဲ့ နေရာမှာ လူသူအရောက်အပေါက်မရှိတဲ့ နယ်မြေတစ်ခု ရှိတယ်လို့ ဆိုကြတယ်... အဲဒီမှာ အဆိပ်မြူတွေ သောင်းကျန်းနေပြီး ဝင်သွားတဲ့သူ ဘယ်သူမှ ပြန်မလာနိုင်ကြဘူးတဲ့... ဒီနယ်မြေမှာ နတ်ဆိုးတွေ ကျင်လည်ကျက်စားတယ်လို့ ပြောကြပြီး သားရဲတိရစ္ဆာန်တွေတောင် ခြေချရဲတာ မဟုတ်ဘူး..."

"ဒီအတိုင်းဆို ကောလဟာလတွေ မှန်ပုံရတယ်... ငါတို့ ထွက်သွားမှ ဖြစ်မယ်... ငါ စိတ်လေးနေတယ်..."

ထန်ကျစ်ချီ အလျင်အမြန် ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် သူတို့နှစ်ဦး လာလမ်းအတိုင်း ပြန်လည် ထွက်ပြေးရန် ဆုံးဖြတ်လိုက်ကြသည်။

တစ်ညလုံး ကြာသွားပြီမို့ ချင်းရှောင်ဂိုဏ်းသားများ လိုက်လံ ဖမ်းဆီးခြင်းကို လက်လျော့လောက်ပြီ ဖြစ်သည်။

သို့သော် သူတို့ မိုင်ပေါင်းများစွာ ထွက်ပြေးခဲ့သော်လည်း မြူထူထူများကြားမှ လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။ မြူထူများကြားမှ တစ်စုံတစ်ခုက သူတို့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားရသဖြင့် ပိုမို စိုးရိမ်ပူပန်လာကြသည်။

"နေပါဦး..."

ယန်ဝူကျင်းက ထန်ကျစ်ချီကို ရုတ်တရက် လှမ်းခေါ်လိုက်ရာ ထန်ကျစ်ချီ ရပ်တန့်လိုက်ပြီး သူ့ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

"ဒါ ငါတို့ စောစောက အနားယူခဲ့တဲ့ နေရာပဲ..."

ယန်ဝူကျင်းက မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်ရင်း သစ်ပင်ကြီး တစ်ပင်ကို ညွှန်ပြလိုက်ရာ ထန်ကျစ်ချီ အသေအချာ ကြည့်လိုက်သောအခါ သစ်ပင် ပင်စည်ပေါ်တွင် စာလုံးတစ်လုံး ထွင်းထားသည်ကို တွေ့လိုက်ရသည်။

ထန်ကျစ်ချီ လုံးဝ ထိတ်လန့်သွားသည်။ သူသည် စာပေ ဗဟုသုတ ကြွယ်ဝသော်လည်း ဤကဲ့သို့ အန္တရာယ်ရှိသော အခြေအနေမျိုး တစ်ခါမှ မကြုံတွေ့ဖူးပေ။

ကျွတ်...

ခြေထောက်အောက်မှ သစ်ကိုင်းခြောက် ကျိုးပဲ့သံကြောင့် သူတို့နှစ်ဦး လန့်ဖျပ်သွားကြပြီး လှည့်ကြည့်လိုက်ရာ မြူထူများကြားမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ဤအရာက သူတို့ကို အထူးသတိထားမိစေပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

လီချင်းချိုး မြူထူများကြားမှ ထွက်လာပြီး ဘယ်ဘက်လက်ကို ကောင်းကင်သက်တံဓား၏ ဓားအိမ်ပေါ် တင်ထားကာ အေးအေးလူလူ ပုံစံဖြင့် လျှောက်လာသည်။ သူက ယန်ဝူကျင်းနှင့် အခြားတစ်ယောက် အနားသို့ လျှောက်လာပြီး အကဲခတ် ကြည့်ရှုလိုက်သည်။

ယန်ဝူကျင်းနှင့် အခြားတစ်ယောက်မှာ လီချင်းချိုး ချင်းရှောင်ဂိုဏ်း ဝတ်စုံကို ဝတ်ဆင်ထားကြောင်း မှတ်မိသွားကြသဖြင့် သူတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး မဆင်မခြင် မလှုပ်ရှားကြပေ။

"ခင်ဗျားတို့က ဘယ်သူတွေလဲ... ဘယ်လိုလုပ်ပြီး ဒီနေရာမှာ လမ်းပျောက်နေရတာလဲ..."ဟု လီချင်းချိုးက မေးလိုက်သည်။

ထန်ကျစ်ချီက အလျင်အမြန် လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး …

"ကျုပ်တို့ ရန်သူတွေ လိုက်လို့ ထွက်ပြေးလာတာ ရက်အတော်ကြာပါပြီ... ညီလေး... ထွက်ပေါက်ကို သိသလား..."

လီချင်းချိုး မဖြေနိုင်သေးမီ ယန်ဝူကျင်းက အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ပြီး…

"ဒီနေရာက ဒီလောက် စည်ကားလိမ့်မယ်လို့ ထင်မထားဘူး... ပုန်းမနေနဲ့တော့... ထွက်ခဲ့စမ်း..."

ထိုစကားကို ကြားသောအခါ လီချင်းချိုးနှင့် ထန်ကျစ်ချီ လှည့်ကြည့်လိုက်ကြသည်။

ထူထပ်သော မြူထူများကြားတွင် မြက်ခင်းတစ်ခု စတင် လှုပ်ရှားလာပြီး မကြာမီ ဆံပင် ဖရိုဖရဲနှင့် အဘိုးကြီးတစ်ဦး ယိုင်နဲ့နဲ့ ထွက်လာသည်။ သူ့ ဆံပင်များမှာ စွတ်စွတ်ဖြူပြီး ရှုပ်ပွနေကာ အဝတ်အစားများမှာ ညစ်ပတ်ပြီး စုတ်ပြဲနေသည်။ လက်ထဲတွင် ဘူးသီးခြောက် တစ်လုံးကို ကိုင်ဆောင်ထားပြီး မူးနေသလိုထင်ရသည်။

လီချင်းချိုးက ဖရိုဖရဲ ဖြစ်နေသော ထိုအဘိုးကြီးကို တွေးတောဆင်ခြင်ဟန်ဖြင့် ကြည့်လိုက်သည်။

All Chapters