ကျူတာအမျိုးသမီး၏ နောက်ခံ
Vol. 17 Ch. 164
“ ပျောက်သွားတဲ့ ကျူတာ အမျိုးသမီးကို ဒီကောင် သတ်လိုက်တာများလား …”
“ တစ်နေရာရာမှာ ဖမ်းခံထားရတာလည်း ဖြစ်နိုင်တယ် … ဒီလို လူယုတ်မာကောင်နဲ့ ပတ်သက်နေတော့ ဖြစ်နိုင်ချေတွေကလည်း အကန့်အသတ်မဲ့ပဲ ….”
“ ငါ့မှာသာ သေမင်းမှတ်တမ်း စာအုပ်ရှိလို့ကတော့ ဒီကောင့် နာမည် အရင်ဆုံး ချရေးတယ် ….”
“ ရွံဖို့ကောင်းလိုက်တာ …. သူ့ဗီဇကိုပါ အပြီးတိုင် ဖျက်စီးသင့်တယ် ….”
“ ဒီလိုကောင်စားမျိုးတွေက အမျိုးယုတ်ဖြစ်ဖို့ သန္ဓေပါလာပြီးသားတွေ …”
“ ဒေါက်တာချန်ရဲ့ စကားကို နားထောင်ပြီးတော့ ငါ့လက်တွေ တုန်ယင်နေပြီ … နတ်ဆိုးတစ်ကောင် ဘယ်လောက်ပဲ ကြမ်းကြုတ်နေပါစေဦး … ဒီကောင့်လောက်တော့ ဆိုးရွားနိုင်မှာ မဟုတ်ဘူး …”
“ ဒေါသထွက်လွန်းလို့ အသက်ရှူရတာတောင် မွန်းကြပ်လာပြီ … ဒီလို လူ့အမှိုက်မျိုးက အသေလေး မွေးခဲ့သင့်တာ ….”
“ ဒီတော့ သူက လူသတ်ဖူးတာပေါ့ … သူ ကြောက်ပြီး တုန်လှုပ်နေတဲ့ မျက်နှာမျိုး ဖြစ်နေတာ မထူးဆန်းတော့ပါဘူး …”
ဒေါသထွက်နေသည့် ကွန်းမန့်များက စခရင်ထက်သို့ ဖြတ်သန်းသွားခဲ့သည်။
အမျိုးသမီး ကြည့်ရှုသူများကလည်း [ငွေရှောင်လှံ အာဏာရှင်လေး ]သည် လူသားတို့ တီထွင်ထားသည့် နှိပ်စက်နည်းလမ်း ပေါင်းစုံဖြင့် နှိပ်စက်ခံရသင့်ကြောင်း ဒေါနှင့်မောနှင့် ပြောဆိုနေခဲ့ကြ၏။
“ လူတိုင်း အထင်လွဲနေပြီ …” ချန်ယွီ့က အမှုမထားသည့် မျက်နှာ အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ သူ ကြောက်ရွံ့တုန်လှုပ်နေတယ်ဆိုတာက လူသတ်ထားလို့ မဟုတ်ဘူး …”
“ ဘာလို့ဆိုတော့ ကျူတာ အမျိုးသမီးရဲ့ မိသားစု နောက်ခံကြောင့်ပဲ … သူ့ရဲ့ အခြေအနေနဲ့ သူတို့ကို သွားပြီး ပြစ်မှားလို့ မတတ်နိုင်ဘူးလေ …”
စခရင်ထက်တွင် များပြားလှသည့် မေးခွန်း သင်္ကေတတို့ ထွက်ပေါ်လာခဲ့၏။
ချန်ယွီ့ကပဲ သူ့စကားကို ပြန်လည် ရှင်းပြလိုက်သည်။
အမှန်တရားကို သိရှိပြီးနောက် ၊ ကျူတာ အမျိုးသမီးက နစ်နာသူ မိန်းကလေးကို [ငွေရှောင်လှံ အာဏာရှင်လေး ]၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာသည်။
သူမက တရားမျှတမှု မရယူနိုင်ရုံမျှသာ မက၊ ရိုက်နှက်လည်း ခံလိုက်ရသည်။
ထို့နောက် … သူမ၏ တိုင်ကြားမှုများ အားလုံးမှာ ပိတ်ဆို့ ခံလိုက်ရသည်။
ကျူတာ အမျိုးသမီးထံတွင် တရားမျှတမှုကို မြတ်နိုးသည့် စိတ်ဓာတ်ရှိပါသော်လည်း သူမက [ငွေရှောင်လှံ အာဏာရှင်လေး ]ကို ထိပါးနိုင်ခြင်း မရှိဘူးဆိုတာ အတိုင်းသား မြင်တွေ့နေရသည်။
သူမ၏ အထောက်အထားကလည်း သာမန်ပင်။
သို့ပေမယ့်လည်း ချန်ယွီ့က [ငွေရှောင်လှံ အာဏာရှင်လေး ] သည် ကျူတာ အမျိုးသမီး၏ ကျောထောက်နောက်ခံကို ထိပါးနိုင်ခြင်း မရှိဟု ဆိုလာလေရာ ကြည့်ရှုသူများက သူတို့ ဦးနှောက်ကို မိုင်ကုန် အလုပ်လုပ်ခိုင်းလျှင်ပင် ထိုအကြောင်းအရာ နှစ်ခုကြားရှိ ဆက်စပ်နေမှုကို ရှာလို့ မတွေ့နိုင်ခဲ့ချေ။
လေးနက်သည့် လေသံဖြင့် ချန်ယွီ့ စကားဆက်ပြောသည်။ “ ကျူတာ အမျိုးသမီးက မြို့တော်က … သူ့မိသားစုထဲမှာ ဇာတိမြို့က ထွက်ပြီး အပြင်မှာ အလုပ်လုပ်နေတဲ့သူဆိုလို့ သူ တစ်ယောက်တည်းပဲ ရှိတယ် ….”
“ သူ့မိဘနဲ့ ဆွေမျိုးတွေက မြို့တော်မှာ နေပြီး ဩဇာလွှမ်းမိုးမှုကောင်းတဲ့ အစိုးရ ဌာနတွေမှာ အလုပ်လုပ်တယ် …”
ကြည့်ရှုသူများမှာ ချန်ယွီ့၏ ရှင်းလင်းသည့် ရှင်းပြချက်ကို နားထောင်ပြီးနောက် ဘာတွေ ဖြစ်နေလဲဆိုတာကို နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ကြသည်။
ကျူတာ အမျိုးသမီး အနိုင်ကျင့်ခံခဲ့ရသည်က သူမက အဆိုပါ ဧရိယာတွင် တစ်ကောင်ကြွက် ဖြစ်နေသောကြောင့်ပင်။
သူမ၏ အထောက်အထားနှင့် ကျောထောက်နောက်ခံကတော့ လူတိုင်း တွေးထင်နေသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
သူမက အရှိန်အဝါ ကြီးမားသည့် မိသားစု တစ်ခု၏ အမွေဆက်ခံသူ တစ်ဦးပင် ဖြစ်နေနိုင်လေသည်။
ထိုအချိန်၌ လူတိုင်းမှာ [ငွေရှောင်လှံ အာဏာရှင်လေး ]က အဘယ်ကြောင့် တုန်လှုပ်နေရလဲဆိုတာကို နားလည်သဘောပေါက်သွားခဲ့ကြတော့၏။
လူသတ်မိခဲ့သည့်အတွက် ကြောက်ရွံ့နေခြင်း မဟုတ်ဘဲ ကျူတာ အမျိုးသမီး၏ နောက်ခံက သွားရှုပ်၍ မရသောကြောင့်သာ ကြောက်ရွံ့နေခြင်းပင်။
ဤတစ်ကြိမ်တွင်တော့ သူ့ ဖခင် ဖြစ်သူပင် သူ့အား ကယ်တင်နိုင်တော့မှာ မဟုတ်ချေ။
[ငွေရှောင်လှံ အာဏာရှင်လေး ]က အသက်ကို အမောတကော ရှူရှိုက်ပြီး တည်ငြိမ်အောင် ပြုလုပ်ကာ ခေါင်းမာမာနဲ့ ပြန်ပြီး ခွန်းတုံ့ပြန်လိုက်၏။ “ ချန်ယွီ့ … မင်း ငါ့ကို အပုပ်ချလို့ရတယ်လို့ ငါ မင်းကို မတောင်းဆိုခဲ့ဖူးဘူးနော်….”
“ အဲ့ မိန်းမ သူ့ဘာနဲ့သူ ပျောက်သွားတာ ငါနဲ့ ဘာဆိုင်လို့လဲ … ငါသူ့ကို သတ်လည်း မသတ်ခဲ့ဘူး … ပြန်ပေးဆွဲတာမျိုးလည်း မလုပ်ခဲ့ဘူး ….”
“ သူ့မှာလည်း ခြေထောက် နှစ်ချောင်း ပါနေတာကို သူ သွားချင်တဲ့နေရာ သွားမှာပေါ့ … အဲ့တာ ငါ့သောက်ပူပါလား ….”
“ ငါ သူ့ကို တွေ့အောင် ရှာနိုင်တယ်ဆိုရင်ကော …” ချန်ယွီ့က ခနဲ့သည့် လေသံ အပြုံးဖြင့် ပြောလိုက်သည်။
“ ချန်ယွီ့ … မင်း ကိုယ့်စောက်ကိုယ် လုပ်တာ ကောင်းလိမ့်မယ်နော်….”
[ငွေရှောင်လှံ အာဏာရှင်လေး ] သိသိသာသာ ခြိမ်းခြောက်နေသည့် လေသံဖြင့် ဆိုလိုက်ပြီး “ မင်း ပေါက်ကရတွေ ထပ်ပြီး ပြောနေဦးမယ်ဆိုရင် တန်ရာတန်ကြေး ပြန်ပေးဆပ်ရလိမ့်မယ် ..”
“ မင်းလို စထွင်မာတစ်ယောက်က ဖန်တွေ အများကြီးနဲ့ ဒီလိုမျိုး ဝင်ငွေကောင်းဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး …”
“ ပြဿနာ မရှာချင်နဲ့ … အနည်းဆုံးတော့ မင်းဘက်က ဘာမှ ဆုံးရှုံးသွားမှာ မဟုတ်ဘူး ….”
ချန်ယွီ့ အစောပိုင်းတုန်းက ပြောဆိုခဲ့သည့် စကားလုံးတို့ကြောင့် [ငွေရှောင်လှံ အာဏာရှင်လေး ] ၏ လေသံမှာ ကနေဦးပိုင်းတုန်းကကဲ့သို့ မမောက်မာနိုင်တော့ချေ။
သူ့ လေသံထဲတွင် မသိလိုက်မသိစွာဖြင့် သတိထားသည့် လေသံအရိပ်အမြွက်တို့ ပေါက်ဖွားလာသည်။
သူ့အား ဆန့်ကျင်မည်ဆိုပါက ကောင်းမွန်သည့် အဆုံးသတ်နှင့် ကြုံတွေ့ရမှာ မဟုတ်ကြောင်းကို [ငွေရှောင်လှံ အာဏာရှင်လေး ]က ပြင်းပြင်းထန်ထန် သတိပေးလာခဲ့သည်။
[ငွေရှောင်လှံ အာဏာရှင်လေး ] က ချန်ယွီ့ကို ပါးစပ် ပိတ်ထားစေချေင်သော်လည်း ကြည့်ရှုသူများကတော့ ထိုသို့ မဟုတ်။
တစ်ယောက်ပြီး တစ်ယောက် … ချန်ယွီ့ကို သတ္တိရှိရန် အားပေးစကားတို့ ပြောဆိုလာခဲ့သည်။
လိုက်စထွင်းထဲတွင် ကြည့်ရှုသူ ပရိသတ်တို့ သန်းနှင့်ချီ ရှိနေသည်။
အကယ်၍ ချန်ယွီ့ တစ်စုံတစ်ခု ဖြစ်သွားခဲ့မည်ဆိုပါက လူတိုင်းက သူ့အတွက် တရားမျှတမှု ဖွေရှာပေးကြမှာ ဖြစ်သည်။
[ငွေရှောင်လှံ အာဏာရှင်လေး ] ၏ မိသားစုက မည်မျှပင် လွှမ်းမိုးမှု ကြီးမားနေစေကာမူ များပြားလှသည့် လူအုပ်ကြီးကိုတော့ ရင်ဆိုင် အံ့တုနိုင်ခြင်း မရှိမည်မှာ ကျိန်းသေသည်။
[ငွေရှောင်လှံ အာဏာရှင်လေး ]မှာ ကွန်းမန့်ခန်းထဲရှိ ဒေါသထွက်နေသည့် ကြည့်ရှုသူများကို မြင်တွေ့လိုက်ရတော့ မသက်မသာဖြစ်စွာဖြင့် ချွေးစေးတို့ ပျံလာရသည်။
အကယ်၍ ချန်ယွီ့က သူ လုပ်ခဲ့သည့် အခြားသော မကောင်းမှုများကို ဖော်ထုတ်ခဲ့မည်ဆိုပါက ကြောက်လန့်နေမှာ မဟုတ်ချေ။ သို့ပေမယ့် ထို တစ်ခုတော့ မပါချေ။
ရက် အနည်းငယ် ကြာပြီးသည့်နောက်မှာပဲ [ငွေရှောင်လှံ အာဏာရှင်လေး ]မှာ ထို ကျူတာအမျိုးသမီး၏ ကျောထောက် နောက်ခံက မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်းကို တွေ့ရှိသွားခဲ့သည်။
အကယ်၍ သူသာ သူ့မိသားစုကို ဤအကြောင်း ပြောပြလိုက်မည်ဆိုပါက သူ့အဖေက တစ်ဖက်သူကို တောင်းပန်ရန်အတွက် တစ်ဖက်သား လက်ထဲ ထည့်ပေးလိုက်မည်ကို အင်မတန် စိုးရိမ်သည်။
တွေးတောကြည့်ပြီးနောက် [ငွေရှောင်လှံ အာဏာရှင်လေး ] လည်း ဤကိစ္စကို လျှို့ဝှက်ချက် တစ်ခု အဖြစ် ထားရှိဖို့ရာ ဆုံးဖြတ်လိုက်တော့သည်။
[ငွေရှောင်လှံ အာဏာရှင်လေး ]က ငွေအထုပ်လိုက် ပေးပြီး သူနှင့် ကြံရာပါများကို ရေငုံနှုတ်ပိတ်ထားဖို့ သတိပေးလိုက်၏။
သူသည်လည်း မိသားစုထံသို့ စကားတစ်လုံးပင် မဟဝံ့ခဲ့ချေ။
သို့သော်လည်းပဲ သူ သေသည်ထိတိုင် အုတ်ဂူထဲ ယူဆောင်သွားမည့် လျှို့ဝှက်ချက်ကို ချန်ယွီ့က ဖော်ထုတ်လိုက်လိမ့်မည်ဟူ၍ တွေးပင် မတွေးမိခဲ့ပါချေ။
ထို့ပြင် ချန်ယွီ့က အဆိုပါ လျှို့ဝှက်ချက်ကို သန်းနှင့်ချီသည့် ကြည့်ရှုသူ ပရိသတ်များရှေ့တွင် ဖော်ထုတ်ဖို့ ကြံရွယ်နေတာ ဖြစ်သည်။
ခေတ္တမျှ စိတ်ဓာတ်ကျသွားခဲ့ပြီးနောက် [ငွေရှောင်လှံ အာဏာရှင်လေး ]၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာခဲ့ပြီး အော်ဟစ်လိုက်သည်။ “ ချန်ယွီ့ …. မင်းက တန်ခိုးရှင် မဟုတ်လား …”
“ ငါ အခု ပြဿနာ တက်နေတယ် … တကယ်လို့ မင်းငါ့ကို ကူပြီး ဖြေရှင်းပေးမယ်ဆိုရင် ငါ မင်းကို ငွေ သိန်းငါးဆယ် ပေးမယ် ….”
“ မင်း သဘောမတူနိုင်ဘူးဆိုရင် မင်းကိုယ်မင်း မစွမ်းဆောင်နိုင်ဘူးဆိုတာ ဝန်ခံလိုက်တာပဲ …”
ဤစကား ကြားတော့ ကြည့်ရှုသူများမှာ [ငွေရှောင်လှံ အာဏာရှင်လေး ] က စကားလမ်းကြောင်း လွှဲချင်နေပြီ ဖြစ်ကြောင်း ချက်ချင်း လက်ငင်း သိရှိသွားခဲ့ကြသည်။
“ ရတယ်လေ … မင်း ပြောကြည့် ….”
ချန်ယွီ့၏ ခွန်းတုံ့ပြန်မှုက လူတိုင်း ထင်မှတ်ထားသည်နှင့် တက်တက်စင်အောင် ကွဲလွဲနေသည်။
သူက အမျိုးသမီး ကျူတာအကြောင်း စကား ဆက်မပြောတော့ဘဲ ထိုအစား [ငွေရှောင်လှံ အာဏာရှင်လေး ] ၏ စကားလမ်းကြောင်း လိုက်ပါစီးမြောပေးရင်း တစ်ဖက်သူ၏ ပြဿနာကိစ္စများကို ပြောပြခွင့် ပြုလိုက်သည်။
“ ဟက် …”
[ငွေရှောင်လှံ အာဏာရှင်လေး ]က အေးစက်စွာ ပြုံးလိုက်ပြီး “ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ငါ့အဖေ ရုတ်တရက်ကြီး ငါ့ကို နိုင်ငံခြားသွားပြီး ကျောင်းတက်ခိုင်းလာတယ် ….”
“ ကျောင်းတက်ရမှာကို ငါ အမုန်းဆုံးပဲ … ပြီးတော့ နိုင်ငံခြားလည်း မသွားချင်ဘူး ….”
“ ငါ ဘယ်လောက်ပဲ ကန့်ကွက်ပါစေ ၊ ငါ့အဖေက သူ့ခံယူချက်ကိုတော့ မပြင်ဘူး …”
“ တကယ်လို့ ငါ မသွားဘူးဆိုရင် ငါ့ကတ်တွေအကုန်လုံးကို ပိတ်ဆို့ ပစ်မယ်ဆိုပြီးတောင် ခြိမ်းခြောက်လာခဲ့သေးတယ် …”
“ ဒီတစ်ကြိမ်တော့ ငါ့အဖေက အတည်ကြီးလုပ်နေတယ်ဆိုတာ သေချာတယ် …”
“ အခု မင်းငါ့ကို ဒီပြဿနာ ဘယ်လို ဖြေရှင်းပေးမလဲ ….”
“ သေချာနားထောင်နော်… ငါက နိုင်ငံခြားလည်း မထွက်ချင်ဘူး … ပြီးတော့ ငါ့ကတ်ဖြတ်ခံရတာကိုလည်း မလိုချင်ဘူး …”
[ငွေရှောင်လှံ အာဏာရှင်လေး ] ၏ မေးခွန်းက တကယ်လည်း စကားလမ်းကြောင်း လွှဲဖို့ ဖြစ်၏။
သို့သော် တစ်ချိန်တည်းတွင် ထိုအကြောင်းကို သူ့ဘက်က အမှန်တကယ် စိုးရိမ်ပူပန်နေခဲ့တာ ဖြစ်သည်။
အကယ်၍ သူသာ နိုင်ငံထဲမှာပဲ ရှိနေမည်ဆိုပါက [ငွေရှောင်လှံ အာဏာရှင်လေး ]သည် ဒေသ၏ အာဏာရှင်ကြီး ဆက်လုပ်နိုင်မည်။ အကယ်၍ နိုင်ငံခြားသို့ ရောက်သွားမည်ဆိုပါက သူ ဘာဖြစ်သွားမလဲဆိုတာကို မည်သူက သိလိမ့်မည်နည်း။
ထို့ပြင် နိုင်ငံရပ်ခြား တိုင်းပြည်တို့က မည်မျှ ပရမ်းပတာ ဆန်ကြောင်းကို သူ ကိုယ်တိုင်လဲ သတင်းတစ်ချို့ ကြားဖူး၏။
အခက်မသင့်ဘူးဆိုပါက လမ်းမပေါ် အေးဆေးလမ်းလျှောက်နေရင်း လူတစ်ယောက်က သေနတ်နှင့် လာပစ်ချင် ပစ်ခတ်သွားနိုင်သည်။
နိုင်ငံခြားတိုင်းပြည်တွင် ထိုသို့သော စိတ်မနှံ့သည့် စောက်ရူးတို့က ဒုနှင့်ဒေးပင်။
သူ့ဖခင် ရုတ်တရက်ကြီး သူ့ကို နိုင်ငံခြားထွက်ပြီး ကျောင်းတက်ဖို့ ပြောလာတော့ [ငွေရှောင်လှံ အာဏာရှင်လေး ] မှာ သူ့အဖေ ခေါင်းထိသွားပြီလားဟုတောင် သံသယ ဝင်မိသည်အထိပင်။
သူက အသက်ငါးဆယ်ပင် မရှိသေးသော်လည်း သူငယ်ပြန်ချင်နေသည်။
“ ဒီပြဿနာ ဖြေရှင်းဖို့က မခက်ပါဘူး ….”
“ မင်းက ဒီတိုင်း နိုင်ငံခြား ရောက်သွားရင် အခုလိုမျိုးတွေ မခံစားနိုင်တော့မှာကို ကြောက်နေတာမလား ….” ချန်ယွီ့က ပြုံးလျက် ဆိုလိုက်ပြီး “ သူများ နိုင်ငံရောက်သွားရင် ကိုယ့်နိုင်ငံထဲမှာလို ထင်တိုင်းကျဲလို့ ရမှာ မဟုတ်တော့ဘူးလေ …”
[ငွေရှောင်လှံ အာဏာရှင်လေး ]က ခေါင်းညိတ်ပြီး ခွန်းတုံ့ပြန်လိုက်သည်။ “ ဟုတ်တယ် … ငါ တွေးနေတာ အဲ့လိုပဲ …”
“ မင်းမှာ နည်းလမ်းရှိတယ်ဆိုလည်း မြန်မြန် ပြောစမ်းကွာ …. မင်း နည်းလမ်းက အဆင်ပြေသယောင် ရှိသရွေ့ အခု ချက်ချင်းပဲ ယွမ်သိန်းငါးဆယ် လွှဲပေးလိုက်မယ် …”
“ ဒေါက်တာချန် … မင်း သူ့ကို အကြံပေးလိုက်လို့ မရဘူးနော်…. “
ထိုအချိန်မှာပဲ ပိုက်ဆံသုံးထားသည့် ကွန်းမန့်တစ်ခုက ထွက်ပေါ်လာခဲ့သည်။
ကြည့်ရှုသူများမှာ ကွန်းမန့် မန့်သူ၏ IP လိပ်စာကို မြင်တော့ ရှော့ခ်ရသွားခဲ့ကြပြီး တစ်ချိန်တည်းတွင် ဤလူ၏ ဘေးကင်းလုံခြုံရေးကိုလည်း စိုးရိမ်မိသွားခဲ့ကြသည်။