ချမ်းသာကြွယ်ဝချင်စိတ် စနစ်
Vol. 1 Ch. 2
"မင်ယွဲ့... မင်ယွဲ့ရေ..."
တံခါးခေါက်သံကြားလို့ မင်ယွဲ့ထပြီး တံခါးဖွင့်လိုက်တယ်။
"ဘွားဘွား လီ”
"အဘွားက နှိုးလိုက်တာကွယ် မင်ယွဲ့ မင်ယွဲ့ဒီည အိမ်ကို ညစာစားဖို့လာခဲ့ပါ။ အဘွားတစ်ယောက်တည်းဆိုတော့ ပျင်းလည်းပျင်းနေလို့”
မင်ယွဲ့က မျက်လုံးပွတ်ရင်း၊ "ကျေးဇူးပါ အဘွားရယ်၊ မျက်နှာသစ်ပြီးရင် လာမယ်နော်။"
အဘွားကြီးလီက ဒီလိုပြောတော့ ပြန်ငြင်းဖို့ မဖြစ်နိုင်ဘူးလေ။
"မင်ယွဲ့ရေ၊ ဘာခက်ခဲတာရှိရင် ပြောပါဦး။ အိမ်ငှါးခကိစ္စ သိပ်မစိုးရိမ်ပါနဲ့။"
အဘွားကြီးလီက ဟင်းကြော်တစ်ခွက် ထည့်ပေးလိုက်တယ်။
"ကျေးဇူးပါ ဘွားဘွားလီရယ်”
မင်ယွဲ့က ခေါင်းငုံ့ပြီး ပန်းကန်ထဲက ထမင်းကို စားနေတယ်။ မျက်ရည်တွေက စားနေတဲ့ပန်းကန်ထဲကို တစက်ပြီးစက်ကျနေတော့ ခေါင်းမော့ကြည့်ဖို့ ပိုပြီးတောင် ကြောက်နေမိတယ်။
အဘွားကြီးလီဟာ သူ့အိမ်ရှင်ပါ။ သူ့သားသမီးတွေက နေရာချင်းမတူလို့ ဒီမှာ အိမ်နီးချင်းတွေနဲ့ပဲ နေတဲ့အကျင့်ရှိတယ်။ ထွက်သွားချင်စိတ်မရှိပေမယ့် တစ်ယောက်တည်းဆိုတော့ အထီးကျန်နေရှာတာ
ဒါနဲ့ သူ့အိမ်ကို နှစ်ပိုင်းခွဲပြီး တစ်ပိုင်းကို မင်ယွဲ့ကို ငှားထားတာ။
"ကောင်မလေး၊ ဒီအိုမင်းတဲ့ အဘွားကို သမီးကခိုးနေတာမှ မဟုတ်တာ။ ဒီလောက်ကြောက်စရာ မလိုပါဘူး။"
ပြီးခဲ့တဲ့တစ်နေ့က အိပ်မက်တစ်ခု မက်ခဲ့သလိုပဲ။ စနစ်တစ်ခု တို့ ဘာတို့ဆိုတဲ့ အကြောင်းတွေပေါ့။ ဘာပဲဖြစ်ဖြစ် သူ မစဉ်းစားတော့ဘူး။
မင်ယွဲ့က ခေါင်းခါရင်း သူ့ရဲ့ ကြံစည်တွေးတောမှုတွေကို ရပ်လိုက်တယ်။
"အဘွားလီ ပန်းကန်ဆေးတာကို ကျွန်မလုပ်မယ်နော်။"
သူက ပန်းကန်ဆေးဖို့ ပြေးသွားပြီး အဘွားလီနဲ့ ဒီမှာပဲ စကားစမြည်ပြောရင်း နေလိုက်တယ်။
အိမ်ပြန်ရောက်တော့ ကွန်ပျူတာဖွင့်ပြီး လျှောက်လွှာတွေ စတင်ပို့လိုက်တယ်။
"ဒင်း-"
မင်ယွဲ့က ကီးဘုတ်ပေါ် ရိုက်နေတာကို ရပ်လိုက်ပြီး ခေါင်းထဲမှာ အသံတစ်ခု ကြားသလိုခံစားရတယ်။ စိတ်ညစ်နေလို့ ကြားချင်တာများ ကြားနေတာလား။
"မင်္ဂလာပါ လူကြီးမင်း ကျွန်တော်က ချမ်းသာခြင်းစနစ်လို့ခေါ်ပါတယ် ဒါမယ့် လူကြီးမင်းက ကျွန်တော့်ကို ယွမ်ပေါ့လို့ ခေါ်လို့ရပါတယ်။"
မင်ယွဲ့က ငေးသွားပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်တယ်။ ဒါပေမယ့် သူ့အပြင် အသက်ရှိတဲ့အရာဝတ္ထု ဘာမှ မမြင်ရဘူး။
"လူကြီးမင်းရေ ဘေးတွေလျောက်ရှာကြည့်မနေပါနဲ့။ ကျွန်တော်က ခင်ဗျားရဲ့ ဦးနှောက်ထဲမှာပါ။ သင် က ကျွန်တော့်ကို တိုက်ရိုက်ပြောလို့ရပါတယ်။"
"နင်က... ဘာလဲ။"
မင်ယွေ့က လန့်သွားတယ်။ အနှစ်သာရအားဖြင့် သူမဟာ အနီရောင်အလံတော်အောက်မှာ မွေးဖွားလာပြီး နွေဦးလေပြေမုန်တိုင်းအောက်မှာ ကြီးပြင်းလာကာ မာ့က်စ်ဝါဒအတွေးအခေါ်တွေနဲ့ ပညာသင်ယူခဲ့တဲ့ လူငယ်တစ်ယောက်ပါ။
အခုဖြစ်နေတာက သူ့ရဲ့ သိပ္ပံနည်းကျ ကမ္ဘာ့မြင်ကွင်းကို အပြတ်အသတ် ချိုးဖဲ့ပစ်လိုက်သလိုပါပဲ။
"လူကြီးမင်းက ချမ်းသာချင်တယ်မဟုတ်လား။ ဘဝထိပ်ဆုံးကို ရောက်ချင်တယ်၊ ခပ်မြင့်မြင့် ချမ်းသာပြီး ချောမောတဲ့သူနဲ့ လက်ထပ်ချင်တယ် မဟုတ်လား။ ကျွန်တော့်ကို ရှိတာနဲ့တင် ဘာမဆိုဖြစ်နိုင်ပါတယ်။"
ဒီစနစ်က စကြာဝဠာထဲမှာ ကြာမြင့်စွာ လှည့်လည်နေခဲ့တာ။ ဒီတစ်ခါတော့ နောက်ဆုံးမှ အတားအဆီးကို ဖြတ်ကျော်ပြီး ဒီကိုရောက်လာပြီး လူကြီးမင်းလိုလက်ခံသူနဲ့ ဝိညာဉ်ချင်းချိတ်ဆက်နိုင်တဲ့ နေရာတစ်ခု ရှာတွေ့သွားတယ်။ ဒီအခွင့်အရေးကို လုံးဝ လက်လွတ်မခံနိုင်ဘူး။
ဒါနဲ့ အင်တာနက်ထဲဝင်ပြီး လူတွေရဲ့ ဆန္ဒတွေကို စစ်ဆေးကြည့်တယ်။ ၉၀% က ချမ်းသာချင်ကြတယ်။ ဒါနဲ့ သူ့ကိုယ်သူ ချမ်းသာခြင်းစနစ် လို့ အမည်ပေးလိုက်တယ်။
ပြောရရင် စနစ်က မှန်ကန်တဲ့လှုပ်ရှားမှုကို လုပ်လိုက်တယ်။ မင်ယွဲ့စိတ်ဝင်စားသွားတယ်
"ဒါဆို ချိတ်ဆက်ကြည့်ရအောင်!"
မင်ယွဲ့က ပြောလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ့မှာ လှည့်စားခံရဖို့ တန်ဖိုးရှိတဲ့အရာ ဘာမှမရှိတော့ဘူး။ သူ ဒီလောက် စိတ်ပျက်စရာကောင်းနေပြီပဲ။
"ဒင်း- ချိတ်ဆက်မှု အောင်မြင်ပါပြီ။"
"အရင်က ချိတ်ဆက်ပြီးသားလို့ ပြောတာမဟုတ်လား။"
"အီး... လက်ခံသူရေ၊ ဒုတိယအတည်ပြုချက် လိုအပ်ပါတယ်။"
"ငါ့ကို လှည့်စားနေတာလား။"
မင်ယွဲ့က မယုံကြည်နိုင်ဘူးဖြစ်ပြီး သူ့ဘာသာ အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။
စိတ်ငြိမ်သွားတော့ လျှောက်လွှာတွေ ထပ်မံပို့တယ်။
"လက်ခံသူရေ၊ ကျွန်တော့်ကို လေးစားမှု မရှိဘူးလား။ ကျွန်တော်က ချမ်းသာခြင်းစနစ်ပါ။"
တရုတ်လူမျိုးတွေ အားလုံးက ချမ်းသာကြွယ်ဝမှုဘုရာကျောင်းရှေ့မှာ ဒူးထောက်နေကြတာ မဟုတ်ဘူးလား။ အခုတော့ သူဖြစ်တဲ့ စည်းစိမ်ဥစ္စာနတ်ဘုရားက သူ့ရှေ့မှာ ရောက်နေတယ်။ သူက လျစ်လျူရှုနေတယ်။
မင်ယွဲ့က လျစ်လျူရှုထားတယ်။ မောက်စ်ကို ကလစ်နှိပ်ရင်း နောက်ထပ် လျှောက်လွှာနှစ်ခု ထပ်ပို့လိုက်တယ်။
"အားထုတ်မှုတွေကို အလဟဿ မဖြစ်ပါစေနဲ့။ တင်းရင်းနဲ့ မိတ်ဖက်ကုမ္ပဏီတွေက လက်ခံသူ ကို ခန့်မှာမဟုတ်ပါဘူး။ လက်ခံသူက ကုမ္ပဏီငယ်လေးတစ်ခုမှာ ရုန်းကန်ရမယ် ဒါမှမဟုတ် ပေကျင်းကနေ ထွက်သွားရမယ်။"
ချမ်းသာခြင်းစနစ်က အေးအေးဆေးဆေး ပြောလိုက်တယ်။
"ဘာကိုဆိုလိုတာလဲ။"
မင်ယွဲ့က သိပ်သေချာတော့ နားမလည်ဘူး။ ဒါပေမယ့် လျူယွီက ရူးသွားတယ်လို့ ထင်မိတယ်။ ပထမနှစ်မှာ သူ့ရဲ့ 'ဌာနလှပခြင်း' ဆုတံဆိပ်ကို သူဆီကနေပြီး လုယူခဲ့သလိုဖြစ်တာပဲ။
အဲဒီအချိန်ကစပြီး သူ့ကို နေ့တိုင်း ပစ်မှတ်ထားလာတယ်။ အေးဆေးစွာ စာလုပ်နိုင်ဖို့ မင်ယွေ့က နေကာမျက်မှန်တွေတပ်၊ မထင်ပေါ်တဲ့အရောင်
တွေ စပြီးဝတ်လာတယ်။ သူ့ကျေးဇူးကြောင့် မင်ယွေ့က ကောလိပ်တစ်လျှောက်လုံး အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ရန်ခုန်ရတာတစ်ခုမှ မရှိခဲ့ဘူး။
သူက သူ့ရဲ့ မီးခိုးရောင်တီရှပ်ကို ဆွဲဆန့်လိုက်တယ်။ သည်းခံနိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် ဒါကို တွေးမိတိုင်း နှလုံးသားက နာကျင်နေတယ်။
ငါ့ကို အလုပ်ထုတ်အောင်လုပ်နေတာတောင် တော်တော်လွန်နေပြီး အခု ငါ့ကို မြို့မှာမနေနိုင်အောင်ပါ လုပ်နေတာလား။