မတရားသော စွပ်စွဲချက်များ၊ လုပ်ငန်းခွင်၏ ရက်စက်သော ဖယ်ကျဉ်မှုများကြောင့် မင်ယွဲ့တစ်ယောက် သူမ၏ ဘဝခရီးလမ်းတွင် အမှောင်ထုနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် ထိုအမှောင်ထုသည်ပင်လျှင် သူမအား အမြန်ချမ်းသာစေမည့် စနစ်နှင့် ဆုံစည်းပေးရန် နိဒါန်းပျိုးခဲ့ခြင်း ဖြစ်သည်။ "ဒင်..." သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ရွှေစင်ရွှေခဲများအဖြစ်သို့ ပြောင်းလဲသွားသည်။ ယွမ်ပေါင်ဟု အမည်ရသော စနစ်၏ လမ်းညွှန်မှုအောက်တွင် ဟိုက်ဖုအဆောက်အဦ ကဲ့သို့သော ခန့်ညားသည့် စီးပွားရေး အဆောက်အအုံများ၊ ဇိမ်ခံကားများနှင့် နန်းတော်သဖွယ် ဥယျာဉ်ခြံမြေကြီးများမှာ သူမ၏ ပိုင်ဆိုင်မှုများ ဖြစ်လာခဲ့သည်။ သို့သော် ဤစနစ်သည် ငွေကြေးသက်သက်ကိုသာ ပေးဆောင်သည်မဟုတ်။ မင်းယွဲ့အား ပိုမိုမြင့်မားသော အဆင့်အတန်းတစ်ခုသို့ တက်လှမ်းနိုင်ရန် အရည်အချင်းသစ်များကို သင်ယူစေပြီး မိမိကိုယ်ကိုယ် အမြဲတစေ မြှင့်တင်ရန် တွန်းအားပေးခဲ့သည်။ သူမသည် အချိန်တိုအတွင်းမှာပင် ငွေကြေးချမ်းသာရုံသာမက ကမ္ဘာကျော် စားဖိုမှူး၊ ထက်မြက်သော ရင်းနှီးမြှုပ်နှံသူနှင့် ကွန်ပျူတာလောက၏ လျှို့ဝှက်ဆန်းပြားသော ဟက်ကာ တစ်ဦးအဖြစ်ပါ နယ်ပယ်စုံတွင် ဩဇာတိက္ကမ ကြီးမားလာခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် မင်းယွဲ့ကို သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။ "အစ်မမင်းယွဲ့….. ဒီလိုအောင်မြင်တဲ့ ခရီးလမ်းမှာ ဘယ်သူ့ကို အကျေးဇူးအတင်ဆုံးလဲရှင့်” မင်းယုက သူမ၏ နှုတ်ခမ်းအစုံကို ယုံကြည်မှုအပြည့်ဖြင့် ကွေးညွတ်ပြုံးလိုက်ရင်း ခပ်အေးအေးပင် ဖြေကြားခဲ့သည်။ "ကျွန်မရဲ့ ယွမ်ပေါင်လေးကို အကျေးဇူးအတင်ဆုံးပါပဲ။ သူ့ကြောင့်သာ မဟုတ်ရင် ဒီလို အမြင့်ဆုံးနေရာကနေ လောကကြီးကို ငုံ့ကြည့်ခွင့်ရမှာမဟုတ်ခဲ့ပါဘူးရှင့်”

