← Chapters

မွေးနေ့လက်ဆောင်

Vol. 6 Ch. 56

မွေးနေ့လက်ဆောင်

Vol. 6 Ch. 56

ယနေ့ သူမသည် လျှပ်စစ်စကူတာလေးကို စီးနင်းရင်း စားသောက်ဖွယ်ရာ တစ်ခုခုကို ရှာဖွေနေခဲ့သည်။ ဘေးချင်းကပ်ရှိ ဆိုင်လေးမှာ အအေးပေးစက်လေ သိပ်မပြင်းလှသည်ကို တွေ့ရသဖြင့် မင်ယွဲ့သည် ပိုမိုကျယ်ဝန်း၍ သန့်ရှင်းသပ်ရပ်ပုံရသော ဘေးကပ်လျက်ဆိုင်ကြီးထဲသို့ ဝင်လာခဲ့သည်။

"ဟူး... အခုမှပဲ အေးသွားတော့တယ်။"

ဆိုင်အတွင်းရှိ အေးမြသောလေထုက သူမ၏ ပင်ပန်းနွမ်းနယ်မှုများကို ခဏချင်း ဖယ်ရှားပေးလိုက်သလိုပင်။

"မမလေး... ဘာသုံးဆောင်မလဲရှင့်။"

ဝန်ထမ်းလေးက မီနူးကတ်ကို ကမ်းပေးသည်။ မင်ယွဲ့ မှာယူရန် ပြင်ဆင်နေစဉ်မှာပင် ရိုင်းစိုင်းသော စကားသံအချို့ကို ကြားလိုက်ရ၏။

"လူဆိုတာ ကိုယ့်အတိုင်းအတာကို ကိုယ်သိရတယ်၊ ဟိတ်ဟန်တွေ မများသင့်ဘူး။ ကိုယ့်သုံးနိုင်စွမ်းကို ကိုယ်မသိကြဘူးလေ။ အစားအသောက် ပို့ပေးတဲ့သူတစ်ယောက်ရဲ့ တစ်နေ့လုပ်အားခက ဒီမှာ နှစ်နပ်စာလောက်ပဲ ရှိတာကို။"

ထိုစကားကြောင့် စားပွဲထိုးဝန်ထမ်းလေးမှာ မျက်နှာပျက်သွားပြီး ဘာပြန်ပြောရမှန်းမသိဘဲ အနေခက်သွားသည်။

သို့သော် မင်ယွဲ့ကမူ တည်ငြိမ်မြဲပင်။ သူမသည် ဘာကိုမျှ မတုန်လှုပ်ဘဲ ဟင်းပွဲအချို့နှင့် အအေးတစ်ခွက်ကို အေးအေးလူလူ မှာယူလိုက်သည်။ ကျသင့်ငွေ ၁၁၃ ယွမ်ဆိုသည်မှာ သူမအတွက်တော့ အလွန်အမင်း ဈေးကြီးလှသည် မဟုတ်ပေ။

"ငါ နင့်ကို ပြောနေတာလေ။ နင့်အကြိုက်က တကယ့်ကို ကောင်းလွန်းတာပဲ။"

ရွှေလက်ကောက်ကြီး ဝတ်ဆင်ထားသော အမျိုးသမီးက မင်ယွဲ့ကို တိုက်ရိုက် ရန်စလိုက်ပြန်သည်။ မင်ယွဲ့က အအေးကို တစ်ငုံသောက်လိုက်ပြီး လန်းဆန်းသွားသော ခံစားမှုနှင့်အတူ ပြန်လည် တုံ့ပြန်လိုက်သည်။

"ကျွန်မရဲ့ လုပ်အားခနဲ့ ကျွန်မ ဝယ်စားနိုင်တာကို အန်တီက ဘာတွေ လာပူနေတာလဲ။ ကျွန်မ ဝယ်စားနိုင်လို့ စားတာပဲ၊ အန်တီက ပိုက်ဆံစိုက်ပေးရတာမှ မဟုတ်တာ။ ဘာတွေ လာပြီး စကားများနေတာလဲ။"

အေးမြသော အရသာက သူမ၏ လည်ချောင်းထဲတွင် စိမ့်ဝင်သွားပြီး စိတ်ကို ကြည်လင်သွားစေသည်။ ရွှေလက်ကောက်နှင့် အမျိုးသမီးမှာ အတော်အတန် ချမ်းသာပုံရသော်လည်း သူမ၏ ရှေ့တွင် ထိုင်နေသော သားဖြစ်သူမှာမူ လက်တစ်ဖက်ဖြင့် ကြက်ပေါင်ကိုကိုင်ကာ မျက်နှာတစ်ခုလုံး ဆီဦးတွေ ပေကျံလျက် အငမ်းမရ စားနေလေသည်။

"ဒီလောက် ငယ်ငယ်လေးနဲ့ ပိုက်ဆံရှိရင်လည်း မိဘကို ဘယ်လို ပြန်လုပ်ကျွေးရမလဲ မသိဘူး။ ကိုယ့်အတွက်ပဲ ကိုယ် သိတတ်ကြတာ။"

မင်ယွဲ့က အေးစက်စွာ ကြည့်လိုက်သည်။ ထမင်းစားသည့် ကိစ္စလေးကိုမှ မိဘကျေးဇူးဆပ်ခြင်း ဟူသော အကြောင်းအရာနှင့် ဆွဲစပ်ကာ ကိုယ့်ကိုယ်ကိုယ် အမှန်တရားဘက်တော်သားဟု ထင်မှတ်နေသူမျိုးကို သူမ တကယ်ပင် ရွံရှာမိသည်။

"အန်တီ... ကျွန်မ မိဘတွေက အိမ်မှာ အေးအေးဆေးဆေး အနားယူနေကြပါပြီ။ အန်တီ ဝင်ပါဖို့ မလိုဘူး။ အန်တီ့မိဘတွေကိုပဲ အန်တီ အချိန်ပေးပြီး လုပ်ကျွေးလိုက်ပါဦး။"

"ဟဲ့... နင် ဘာပြောလိုက်တာလဲ။"

ထိုအမျိုးသမီးက စားပွဲကို အားဖြင့် ရိုက်လိုက်သဖြင့် အနီးအနားရှိ လူများက ဒေါသတကြီး လှည့်ကြည့်လာကြသည်။

"ဘာလို့ သူများကိစ္စကို လိုက်နှောင့်ယှက်နေတာလဲ။ လူတစ်ယောက်က တစ်ခါတလေ ကောင်းကောင်းစားတာ ဘာဖြစ်လို့လဲ။ ယွမ်တစ်ရာကျော်လေးကို လူသတ်မှု ကျူးလွန်ထားသလိုမျိုး လာပြောနေတာပဲ။"

ဝိုင်းဝန်းပြောဆိုကြသဖြင့် အမျိုးသမီးမှာ မျက်နှာနီမြန်းသွားသည်။

ထိုစဉ်မှာပင် ဝန်ထမ်းက ဟင်းပွဲများ ချပေးသဖြင့် မင်ယွဲ့က ဂရုမစိုက်တော့ဘဲ အေးအေးဆေးဆေးပင် စတင် စားသောက်လိုက်သည်။ အရသာကတော့ တကယ်ကို မဆိုးလှပေ။

"မေမေ... သားလည်း ပုစွန်စားချင်တယ်။"

ဘေးစားပွဲမှ ကောင်လေးက အော်ဟစ်လိုက်သံကြောင့် မင်ယွဲ့ မျက်မှောင်ကြုတ်မိသည်။ ခုနက အမျိုးသမီးမှာ စိတ်တိုနေသဖြင့် သားဖြစ်သူကို အော်ငေါက်လိုက်လေသည်။

"ဘာတွေ စားချင်နေတာလဲ။ လက်ထဲက ကြက်ပေါင်ကိုပဲ မြန်မြန်စား။"

သို့သော် ကောင်လေးက မရပ်ဘဲ ပို၍ ကျယ်လောင်စွာ အော်ဟစ်တော့သည်။ "စားချင်တယ်... စားချင်တယ်ဆို။ မဟုတ်ရင် ဖေဖေ့ကို တိုင်မှာနော်။”

ကောင်လေးမှာ အိမ်တွင် အလိုလိုက်ခံထားရသူ ဖြစ်ကြောင်း သိသာလှသည်။ မိခင်ဖြစ်သူပင် မထိန်းနိုင်ဘဲ သူ၏ စူးရှသော အသံမှာ နားမခံသာအောင်ပင် ဖြစ်ရသည်။ အခြား စားသုံးသူများကလည်း တစ်ယောက်တစ်ပေါက် ဝေဖန်လာကြသည်။

"ဘာကြည့်နေကြတာလဲ။ ရှင်တို့ကလေးတွေရော အပြင်ထွက်ရင် မငိုဘူးလား။"

အမျိုးသမီးက ရှက်ရကောင်းမှန်းမသိဘဲ ပုံမှန်ကိစ္စတစ်ခုလို တုံ့ပြန်လိုက်ရာ လူအများမှာ ဒေါသထွက်သော်လည်း အခုလိုပုံစံနှင့် မိန်းမအား ရယ်မိကြတော့သည်။

"ကျွန်မကလေးကတော့ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ပါဘူး။" အေးဆေးစွာ ထိုင်စားနေသော မိခင်တစ်ဦးက ပြန်ပြောလိုက်သည်။ "ကလေးတစ်ယောက် အကျင့်ပျက်တာဟာ မိဘရဲ့ ဆုံးမမှု အားနည်းလို့ပဲ။"

အမျိုးသမီးမှာ အရှက်ရသွားပြီး ငွေရှင်းကာ သားဖြစ်သူကို ဆွဲငင်လျက် ဆိုင်ထဲမှ ထွက်ခွာသွားတော့သည်။

ဆိုင်အတွင်း ပြန်လည် တိတ်ဆိတ်သွားမှ မင်ယွဲ့လည်း စိတ်အေးလက်အေး စားနိုင်တော့သည်။

မင်ယွဲ့ အိမ်ကို ဖုန်းဆက်ကြည့်ရာ 'မင်ယွဲ့ ကုန်စုံဆိုင်' လေးမှာ ပြန်လည် အဆင်ပြေနေပြီဖြစ်ကြောင်း သိရသည်။ မိဘများမှာ အလုပ်ရှုပ်နေကြသော်လည်း နေ့စဉ် ပျော်ရွှင်နေကြသည်မှာ သူမအတွက် စိတ်ချမ်းသာစရာပင်။

မကြာသေးမီက ရာသီဥတုက အလွန်ပူပြင်းလှသဖြင့် မင်ယွဲ့က အပြင်ထွက်ရသည်မှာ များလှသည်။ ကံကောင်းထောက်မစွာ သူမ၏ အသားအရေမှာ နေလောင်လွယ်သူ မဟုတ်သော်လည်း အနည်းငယ်တော့ နီမြန်းနေသည်။

"လာ... နင့်ကို အိတ်တစ်လုံး ဝယ်ပေးမယ်။"

အားလပ်ရက် ရှားပါးလှသော မင်ယွဲ့က အဝတ်အစား လဲလှယ်ပြီး ဝမ်ကျန်းနှင့်အတူ အပြင်ထွက်လာခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ကုန်တိုက်ကြီးဆီသို့ တန်းတန်းမတ်မတ် မောင်းနှင်လာခဲ့ကြသည်။ ကားပါကင်ထိုးပြီးနောက် LV ကောင်တာသို့ ဝင်လာခဲ့ကြ၏။

"မွေးနေ့လက်ဆောင်အဖြစ် နင်ကြိုက်တာ တစ်ခုခု ရွေးလိုက်။" မင်ယွဲ့က လက်ဟန်ဖြင့် ပြောလိုက်သည်။

"ဝါး... ကျေးဇူးအများကြီးတင်တယ် ယွဲ့ယွဲ့ရေ။" ဝမ်ကျန်းက ဝမ်းသာအားရဖြင့် မင်ယွဲ့ကို ဖက်ကာ ပါးကို နမ်းလိုက်သည်။

"ဟဲ့... ဖယ်စမ်းပါ။" မင်ယွဲ့က ရွံရှာဟန်ဖြင့် မျက်နှာကို သုတ်လိုက်သော်လည်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု စွဲထင်နေသည်။

"ယွဲ့ယွဲ့... ဒါလေးကော ဘယ်လိုလဲ။" ဝမ်ကျန်းက မှန်ဗီရိုထဲရှိ ဒီဇိုင်းသစ်လေးကို ညွှန်ပြသည်။

"မင်္ဂလာပါရှင်၊ ဒီအိတ်လေးကို ကြည့်ချင်လို့လားရှင့်။"

အရောင်းဝန်ထမ်းက ချက်ချင်းပင် ရောက်ရှိလာသည်။

"ဒါလေးက မိုနိုဂရမ် အမ်ပရင့် သားရေနဲ့ လုပ်ထားတဲ့ ဒီဇိုင်းသစ်ပါ။ အထဲမှာ ပစ္စည်းအတော်အတန် ဆံ့ပြီးတော့ အမျိုးသမီးတွေ အပြင်သွားရင် သယ်ဆောင်ရတာ အရမ်းအဆင်ပြေပါတယ်ရှင့်။" ဝန်ထမ်းက လက်အိတ်ကို စနစ်တကျ ဝတ်ဆင်ကာ အိတ်ကို ကောင်တာပေါ်သို့ တင်ပေးလိုက်သည်။

ဝမ်ကျန်းမှာ စမ်းကြည့်ရန်ပင် မလိုတော့ဘဲ သူမ၏ မျက်လုံးများက အိတ်ပေါ်မှာတင် စွဲငြိနေပြီဖြစ်သည်။

"ဒါလေးက နင့်နဲ့ လိုက်ဖက်တယ်လို့ ငါထင်တယ်။ စတော်ဘယ်ရီ ရောင်စုံလေးက ချစ်စရာကောင်းသလို နုပျိုတဲ့ ခံစားမှုကို ပေးတယ်။ နို့နှစ်ရောင်နဲ့ ပေါင်းစပ်ထားတာဆိုတော့ အဝတ်အစားနဲ့ လိုက်ဖက်ဖို့လည်း လွယ်ကူတာပေါ့။" မင်ယွဲ့က မှတ်ချက်ပေးလိုက်သည်။

"အဲဒီကွင်းဆက် အလှဆင်ထားတာလေးကို ငါ သဘောကျတယ်။" ဝမ်ကျန်းက တစိမ့်စိမ့် ကြည့်ရင်း ပြောသည်။

"အိုကေ... ဒါလေးပဲ ယူမယ်။" မင်ယွဲ့က သူမ၏ သူငယ်ချင်း စိတ်တိုင်းကျဖြစ်စေရန် ဆုံးဖြတ်ပေးလိုက်သည်။

ဝန်ထမ်းများမှာ စိတ်ထဲတွင် ကျိတ်၍ ဝမ်းသာနေကြသည်။ ဆုံးဖြတ်ချက် မြန်ဆန်ပြီး ပစ္စည်းကိုလည်း ဟိုကိုင်ဒီကိုင် မလုပ်ဘဲ စနစ်တကျ နားထောင်တတ်သော ဝယ်သူမျိုးကို သူတို့က အလွန်နှစ်သက်ကြသည် မဟုတ်ပါလား။

"ဒီအိတ်အသစ်က ၃၆,၀၀၀ ယွမ် ကျသင့်မှာပါရှင်။ ထုပ်ပိုးပေးလိုက်ရမလားရှင့်။" ဝန်ထမ်းက လေးစားစွာ မေးသည်။

"နေဦး..." ဝမ်ကျန်းက ရုတ်တရက် တားလိုက်သည်။ ဝန်ထမ်းမှာ ဈေးကြီးလွန်းသဖြင့် စိတ်ပြောင်းသွားပြီလားဟု စိုးရိမ်စိတ်ဖြင့် မျက်နှာပျက်သွားသော်လည်း အပြုံးမပျက်ဘဲ တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။

"ယွဲ့ယွဲ့... နင်လည်း ရောက်တုန်းရောက်ခိုက် တစ်လုံးလောက် ဝယ်ပါလား။"

မင်ယွဲ့သည် ယခုအခါ ချမ်းသာနေပြီ ဖြစ်သဖြင့် ၀မ်ကျန်းက သူမ၏ သူငယ်ချင်းကို လှပစွာ ပြင်ဆင်ပေးလိုသော ဆန္ဒရှိနေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဝန်ထမ်း၏ မျက်လုံးများမှာ အရောင်တောက်သွားတော့သည်။ ဒါဟာ ဖောက်သည်ကြီးပဲ။ တစ်ခါတည်းနဲ့ နှစ်လုံးတောင်။ ဒီလအတွက် ကေပီအိုင် (ရောင်းအားရည်မှန်းချက်) ပြည့်ဖို့ မပူရတော့ဘူးဟုတွေးနေသည်။

မင်ယွဲ့လည်း ထိုအတွေးရှိပြီးသားဖြစ်၍ အလားတူ ဒီဇိုင်းမျိုးကို ကြည့်လိုက်သည်။

"ဒါလေးကို ထုတ်ပေးပါဦး။"

ဝန်ထမ်းက ဝမ်းသာအားရဖြင့် အိတ်ကို ထုတ်ပေးလိုက်သည်။

"ဒါလေးကတော့ အဖြူရောင်ဘက်ကို ပိုသွားပြီး ရိုးရှင်းပြီးတော့ တင့်တယ်တဲ့ ပုံစံမျိုးပါ။ ရုံးတက်တဲ့အခါ ပစ္စည်းအများကြီး ထည့်လို့ရတဲ့ အိတ်ကြီးမျိုး ဖြစ်လို့ အခုခေတ်မှာ အရမ်းခေတ်စားနေပါတယ်ရှင်။ ဈေးနှုန်းက ၂၈,၀၀၀ ပါ။"

"နှစ်လုံးလုံးကို ထုပ်ပေးလိုက်ပါ။" မင်ယွဲ့က ဘာမှ ထပ်မပြောတော့ဘဲ ကတ်ဖြင့် တိုက်ရိုက် ငွေရှင်းလိုက်သည်။

"သူဌေးမလေးရေ... ငါ့ကိုလည်း အမြဲအခုလို စောင့်ရှောက်ပါဦး။ နင် ကတ်ခြစ်လိုက်တဲ့ ပုံစံက တကယ့်ကို မိုက်လွန်းတယ်။" ဝမ်ကျန်းက စိတ်

လှုပ်ရှားစွာဖြင့် မင်ယွဲ့ကို ဖက်တွယ်လိုက်

တော့သည်။

အရောင်းဝန်ထမ်းလေးမှာ အိတ်များကို ထုပ်ပိုးပေးရင်း စိတ်ထဲက ရေရွတ်နေမိသည်။ "ငါ့မှာလည်း LV ဝယ်ပေးနိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်လောက် ရှိလာရင် ဘယ်လောက်ကောင်းမလဲ။ အဲဒီလိုဆိုရင်တော့ တစ်သက်လုံး လူပျိုကြီး ဒါမှမဟုတ် အပျိုကြီး လုပ်သွားဖို့တောင် ဝန်မလေးပါဘူးလေ။"

All Chapters