← Chapters

လက်ခံလိုက်ရင် အဆင်ပြေသွားမှာပါ

Vol. 20 Ch. 191

လက်ခံလိုက်ရင် အဆင်ပြေသွားမှာပါ

Vol. 20 Ch. 191

မင်ယွဲ့သည် အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်မိသည်။ သူမအပေါ် ဆက်ဆံပုံမှာ တစ်ချိန်လုံး ထူးခြားနေခဲ့သည်လား။

သူမ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးရင်း မရယ်ဘဲ မနေနိုင်တော့ပေ။ သူမသည် တကယ်ပင် ထုံအလွန်းလှသည်၊ ထိုအချက်ကို ယခင်က လုံးဝ သတိမထားမိခဲ့။

နေဦး... ပြီးခဲ့သည့်အကြိမ်က စီနီယာအစ်ကိုကြီးကို မိုဟန်ကျီ၏ စိတ်ရင်းကောင်းပုံအကြောင်း ပြောပြစဉ်က စီနီယာဖြစ်သူ ဘာကြောင့် မယုံကြည်နိုင်သလို ကြည့်ခဲ့သည်ကို ယခုမှပင် သဘောပေါက်သွားတော့သည်။

ထမင်းစားပွဲပေါ်တွင်တော့ ယွမ်ပေါ့တစ်ကောင်သာ အားသွန်ခွန်စိုက် စားသောက်နေသည့် စက်ရုပ်လေးအလား။

မိုဟန်ကျီ၏ သင်ကြားပေးမှုဖြင့် ဂဏန်းနွှာနည်းကို တတ်မြောက်သွားပြီးနောက် မိုဟန်ကျီ၏ အံ့ဩနေသော အကြည့်များအောက်တွင်ပင် လက်ရောပါးစပ်ပါ အလုပ်ပေးကာ အသားပြည့်နေသော ဂဏန်းသားများကို မြိန်

ရည်ယှက်ရည် စားသုံးနေတော့သည်။

ဖောင်းကားနေသော ပါးပြင်လေးများမှာ ကျေနပ်မှုအတိ ဖြစ်နေရှာသည်။

မိုဟန်ကျီသည် မင်ယွဲ့ကို ဂရုတစိုက် ကျွေးမွေးပြုစုရင်း အားလပ်သည့် အချိန်မှသာ မိမိကိုယ်တိုင် စားနိုင်သည်။

မင်ယွဲ့၏ လက်ရာမှာ ယခုအခါ အထူးပင် ကောင်းမွန်လှသည်။ ရိုးရှင်းသည့် အိမ်ချက်ဟင်းလျာများကိုပင် မငြင်းဆန်နိုင်သော အရသာထူးများ ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိသည်။ မိုဟန်ကျီမှာမူ ဤမျှ အဖိုးတန်သော မိန်းကလေးတစ်ဦးကို သူ မည်သို့များ ရှာဖွေတွေ့ရှိခဲ့ပါလိမ့်ဟု စိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်ပါ။

လူနှစ်ယောက်၏ အစာအိမ်က အကန့်အသတ် ရှိသည်ဖြစ်ရာ ဟင်းလျာအချို့မှာ ပိုလျှံနေသေးသည်။ သို့သော် မင်ယွဲ့ကတော့ စိုးရိမ်ပုံမရ။

အဘယ်ကြောင့်ဆိုသော် ယွမ်ပေါ့က စား၍မဝသေးဘဲ ၎င်း၏ ဗိုက်ထဲတွင် အရာအားလုံး ဆံ့ဝင်သွားမည်ကို သူမ သိနေသောကြောင့်ပင်။

အရွယ်ရောက်ပြီး အမျိုးသားသုံးဦးစာခန့် ရှိသည့် အစားအစာများကို ယွမ်ပေါ့ တစ်ကောင်တည်း ပြောင်သလင်းခါအောင် စားပစ်လိုက်သည်ကို မြင်သောအခါ မိုဟန်ကျီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

သူသည် ထိုသားရဲကောင်လေး၏ ဗိုက်ကို လက်ဖြင့် စမ်းကြည့်ချင်စိတ်ပင် ပေါက်လာမိသည်။ ၎င်း၏ ဗိုက်ထဲတွင် လေအိတ်များ ပါနေသလားဟုပင် သံသယဝင်ရလောက်အောင်ပင်။

"သူ့အတွက် မစိုးရိမ်ပါနဲ့၊ သူက အစာကြေတာ အရမ်းမြန်တယ်"

ဟု မင်ယွဲ့က ပန်းကန်များကို သိမ်းဆည်းရင်း ပြောလိုက်သည်။

"ကိုယ် ဆေးလိုက်မယ်၊ မင်း နားနေလိုက်"

ဟုဆိုကာ မိုဟန်ကျီက သူမလက်ကို တားလိုက်သော်လည်း မင်ယွဲ့က ပြုံးလျက် ရှောင်

ထွက်သွားကာ

“ရပါတယ်... ဧည့်သည်ကို ပန်းကန်ဆေးခိုင်းလို့ ဘယ်ဖြစ်မလဲ၊ အားနေရင် ယွမ်ပေါ့ရဲ့ မျက်နှာနဲ့ လက်တွေကို ဆေးပေးလိုက်ပါဦး"

ဟု ဆိုလေသည်။

ယွမ်ပေါ့သည် မိုဟန်ကျီကို ကြောင်တောင်တောင် ကြည့်နေမိသည်။

၎င်းကိုယ်တိုင် သန့်ရှင်းရေး လုပ်နိုင်သည်ကို ဤလူသားက ဘာကြောင့် အလုပ်ရှုပ်နေရသနည်းဟု တွေးနေပုံရသည်။

သို့သော် မိုဟန်ကျီကတော့ ယွမ်ပေါ့၏ အမူအရာကို နားမလည်ဘဲ ၎င်းကို ပွေ့ချီကာ ရေချိုးခန်းဆီသို့ ခေါ်ဆောင်သွားတော့သည်။

"ကဲ... လက်လေး ပေးဦး"

မိုဟန်ကျီသည် ယွမ်ပေါ့ကို စကားပြောရသည်မှာ ကျင့်သားရနေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယွမ်ပေါ့၏ အပြုအမူများမှာ လူသားတစ်ဦးနှင့် အလွန်တူနေသောကြောင့်ပင်။

ယွမ်ပေါ့ကလည်း လူစကား နားလည်သည့်အလား လက်ကို ဘုံဘိုင်ခေါင်းအောက်သို့ အလိုက်သင့်လေး ထိုးပေးရှာသည်။

မိုဟန်ကျီအတွက် ခွေးတစ်ကောင်ကို လက်ဆေးပေးရသည့် အတွေ့အကြုံမှာ အသစ်အဆန်းပင်။

ပုံမှန်ခွေးများသည် ခြေလေးဖက်ထောက်၍ ပါးစပ်ဖြင့်သာ စားကြသော်လည်း ယွမ်ပေါ့ကမူ လက်ကိုပါ အသုံးပြုတတ်သည်။

သူသည် လက်ဆေးဆပ်ပြာရည်ကို အသုံးပြုကာ ယွမ်ပေါ့၏ အမွေးပွပွ လက်ကလေးများကို ပွတ်တိုက်ဆေးကြောပေးနေစဉ် ယွမ်ပေါ့မှာလည်း ဆပ်ပြာပူဖောင်းလေးများကို ကြည့်ကာ သဘောကျနေပုံရသည်။

သန့်ရှင်းသွားပြီဆိုမှ ရေဖြင့် ပြန်လည်ဆေးကြောပေးပြီး အခြောက်ခံစက်အောက်တွင် အမွေးများကို ခြောက်သွေ့စေလိုက်သည်။

လက်ဆေးရည်၏ သင်းပျံ့သော ရနံ့လေးမှာ ယွမ်ပေါ့ထံမှ လွင့်ပျံ့လာတော့သည်။ ထို့နောက် မိုဟန်ကျီက တဘက်ကလေးဖြင့် ယွမ်ပေါ့၏ ပါးစပ်တစ်ဝိုက်ကိုပါ သေချာသုတ်ပေးလိုက်

သည်။

မင်ယွဲ့ ရောက်လာချိန်တွင် မိုဟန်ကျီက ယွမ်ပေါ့၏ မျက်နှာကို ဂရုတစိုက် သုတ်ပေးနေသည်ကို မြင်လိုက်ရသည်။

ယွမ်ပေါ့၏ မျက်နှာလေးမှာ မိုဟန်ကျီ၏ လက်ထဲတွင် ရှုံ့မဲ့နေသော်လည်း ထိုမြင်ကွင်းက မင်ယွဲ့ကို ပြုံးမိစေသည်။ မိုဟန်ကျီသည် စိတ်ရှည်ပြီး ကြင်နာတတ်သည့် ဖခင်ကောင်းတစ်ဦး၏ ပုံရိပ်ကို သူမစိတ်ထဲတွင် မသိမသာ စွဲထင်စေခဲ့သည်။

"ယွဲ့ယွဲ့... ဆေးပြီးပြီနော်"

ဟု မိုဟန်ကျီက ကလေးတစ်ယောက်ကဲ့သို့ ချီးမွမ်းခံချင်သည့် အမူအရာဖြင့် ယွမ်ပေါ့၏ လက်ကလေးကို မြှောက်ပြကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်ရှင်"

ထို့နောက် သူတို့နှစ်ဦးနှင့် အိမ်မွေးတိရစ္ဆာန်လေးတို့သည် ဧည့်ခန်းထဲသို့ ထွက်လာခဲ့ကြသည်။

မိုဟန်ကျီက ပြန်မည့်အမူအရာ မပြသဖြင့် မင်ယွဲ့ကလည်း နှင်မလွှတ်တော့ဘဲ သစ်သီးများ ဆေးကြောရန် ပြင်ဆင်လိုက်သည်။

မိုဟန်ကျီ ဝယ်လာသည့် သစ်သီးများထဲမှ စတော်ဘယ်ရီဘူးကို သူမ ဖွင့်လိုက်သည်။

ခရမ်းရင့်ရောင်သန်းနေသော ထိုစတော်ဘယ်ရီသီးကြီးများမှာ အလွန်ပင် တန်ဖိုးကြီးပုံရသည်။

တံဆိပ်ကို ကြည့်လိုက်သောအခါ "ဘလက်ဗျူးတီး" ဟု ရေးထားပြီး တစ်လုံးလျှင် (၁၉၈) ယွမ်ပင် ကျသင့်သည်။ မင်ယွဲ့မှာ ဈေးနှုန်းကြောင့် လန့်သွားမိသော်လည်း မိုဟန်ကျီ၏ ဂုဏ်ဒြပ်နှင့်ဆိုလျှင် ဖြစ်နိုင်သည်ဟု တွေးကာ စိတ်ကို ထိန်းလိုက်ရသည်။

စက္ကူဘူးထဲတွင် အခြား အဖိုးတန်သစ်သီးများလည်း ပါဝင်သေးသည်။ တစ်လုံးလျှင် ယွမ် ၆၀၀ တန် သလဲသီးနှင့် တစ်လုံးလျှင် ယွမ် ၁၀၀၀ ခန့် တန်ကြေးရှိသော ချယ်ရီသီးများ...။

မင်ယွဲ့သည် သူမတွင် ငွေကြေးရှိနေပြီ ဖြစ်သော်လည်း လူနေမှုစရိုက် ကွဲပြားမှုကြောင့် အချို့သော အရာများတွင် သူမကိုယ်သူမ တောသားလေးတစ်ယောက်ကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။ ဤမျှ ဈေးကြီးသော သစ်သီးများကို စားရန် သူမ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

သူမသည် သစ်သီးအချို့ကို ဆေးကြောကာ မိုဟန်ကျီရှေ့သို့ ချပေးလိုက်သည်။ သူမသည် မိမိကိုယ်မိမိ နိမ့်ကျသည်ဟု မယူဆသလို၊ မိုဟန်ကျီနှင့် တန်းတူ ဆက်ဆံနိုင်စွမ်းလည်း ရှိသည်။

သူမ၏ ပိုင်ဆိုင်မှုများအရ မည်သူ့ကိုမျှ အားငယ်စရာ သို့မဟုတ် စိတ်အားငယ်စရာ မလိုတော့ပေ။

"သစ်သီးစားပါဦး"

မင်ယွဲ့သည် ဝတ်စုံချုပ်လုပ်ငန်းကို ပြန်လည်

စတင်ရန် ပြင်လိုက်သည်။

သူမသည် မစ္စတာပိုင်၏ ဇနီးအတွက် ပန်းနုရောင် ရင်ဖုံးအင်္ကျီ ကို လက်ဖြင့် ပန်းထိုးနေခြင်း ဖြစ်သည်။ အရောင်မှာ တည်ငြိမ်ပြီး ခန့်ညားမှုရှိစေရန် သေချာရွေးချယ်ထားပြီး အနီရောင် မက်မွန်ပန်းပွင့်လေးများဖြင့် အလှဆင်နေခြင်း ဖြစ်သည်။

မိုဟန်ကျီသည် သစ်သီးကို စားရင်း သူ၏အကြည့်များက မင်ယွဲ့ထံသို့သာ အလိုလို ရောက်ရှိနေသည်။

အပ်ချည်ထိုးနေသည့် မိန်းကလေး၏ တည်ငြိမ်အေးဆေးသော အလှတရားက သူ့ကို ဆွဲဆောင်နေသည်။

သူသည် ယွမ်ပေါ့ကို ပွေ့ချီကာ မင်ယွဲ့နှင့် အနည်းငယ် ပိုနီးသော နေရာသို့ တိုးထိုင်လိုက်သည်။ သို့သော် လိုအပ်သည့် အကွာအဝေးကိုတော့ ထိန်းသိမ်းထားဆဲပင်။

မိုဟန်ကျီသည် စတော်ဘယ်ရီသီးတစ်လုံးကို ယူကာ မင်ယွဲ့၏ ပါးစပ်နားသို့ တေ့ပေးလိုက်သည်။

"ရှင်ပဲ စားပါ၊ ကျွန်မ အလုပ်ရှုပ်နေလို့"

ဟု မင်ယွဲ့က ပြုံးလျက် ငြင်းသော်လည်း မိုဟန်ကျီက လက်ကို ပြန်မချပေ။

နောက်ဆုံးတွင် မင်ယွဲ့မှာ အလုပ်ကို ခေတ္တရပ်ကာ စတော်ဘယ်ရီသီးကို လှမ်းယူရန် ပြင်လိုက်ရသည်။

"ကိုယ် ကျွေးမယ်၊ မင်းလက်တွေ မပေစေနဲ့"

မင်ယွဲ့မှာ မတတ်သာတော့ဘဲ စတော်ဘယ်ရီသီးကို ကိုက်စားလိုက်ရသည်။

အသီး၏ ချိုမြိန်သော အရသာနှင့် အရည်များက သူမ၏ နှုတ်ခမ်းလွှာကို စိုစွတ်သွားစေသည်။

မိုဟန်ကျီ၏ အကြည့်များမှာ ရုတ်တရက် နက်မှောင်သွားပြီး တစ်ရှူးတစ်ခုကို ယူကာ သူမ၏ နှုတ်ခမ်းကို အသာအယာ သုတ်

ပေးလိုက်သည်။

မင်ယွဲ့သည် မိုဟန်ကျီကို အပေါ် မရင်းနှီးသော ခံစားချက်မရှိသဖြင့် သူ၏ ရင်းနှီးသော အပြုအမူများကိုလည်း ငြင်းဆန်

ခြင်း မပြုမိပေ။

သူမသည် အပ်ချုပ်ခြင်းကို ဆက်လုပ်နေရင်း မိုဟန်ကျီ ကျွေးသမျှ ချယ်ရီသီးများကို စားနေမိသည်။ ပါးစပ်ထဲတွင် ချယ်ရီသီးကို ငုံထားကာ ပါးလေးများ ဖောင်းနေသော မင်ယွဲ့ကို ကြည့်ပြီး မိုဟန်ကျီမှာ ဟမ်းစတားလေးနှင့် တူသည်ဟု တွေးကာ အသည်းယားနေမိသည်။

"ရှင်... ဒါတွေ လုပ်ပေးနေစရာ မလိုပါဘူး"

ဟု မင်ယွဲ့က အားနာစွာ ပြောလိုက်သည်။

ချစ်သူသက်တမ်း ကြာညောင်းနေသည့် အမျိုးသားများပင် ဤမျှ ဂရုစိုက်ချင်မှ စိုက်ကြမည် မဟုတ်ပေ။

"ယွဲ့ယွဲ့... မင်းက ကိုယ့်ကို ခွင့်ပြုထားပြီးသားပဲလေ ဒါကြောင့် ကိုယ့်ရဲ့ အပြုအမူတွေကို သာမန်လိုပဲ သဘောထားလိုက်ပါ ဘာမှ ဖိအားမထားဘဲ ကိုယ့်ရဲ့ စေတနာကို လက်ခံလိုက်ရင် အဆင်ပြေသွားမှာပါ"

ဟု မိုဟန်ကျီက အေးဆေးတည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်လေသည်။

All Chapters