← Chapters

မသင်္ကာစရာ တစ်ခုခုတော့ ရှိနေပြီ

Vol. 14 Ch. 133

မသင်္ကာစရာ တစ်ခုခုတော့ ရှိနေပြီ

Vol. 14 Ch. 133

နောက်တစ်နေ့တွင် မင်ယွဲ့သည် ယန်ကျင်းတက္ကသိုလ်၌ ပုံမှန်အတိုင်းပင် သင်ခန်းစာများ တက်ရောက်ခဲ့သည်။ အတန်းဆင်းသည်နှင့် သူမသည် ကားကို တစ်ဟုန်ထိုး မောင်းနှင်ကာ ချိန်းဆိုထားရာ နေရာသို့ ဦးတည်ခဲ့သည်။

ရှင်းယောင်လုပ်ငန်းစု၏ အဆောက်အဦရှေ့တွင် ကားရပ်လိုက်ပြီးနောက် သူမသည် မိုဟန်ကျီထံသို့ ဖုန်းဆက်လိုက်သည်။ ဥက္ကဋ္ဌဖြစ်သူက ဖုန်းမျက်နှာပြင်ကို အကြိမ်ကြိမ် ခိုးကြည့်နေသည်မှာ ကြာပြီဖြစ်ရာ ဖုန်းမြည်လာသည်နှင့် လက်ထောက်လင်ပင် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားတော့သည်။

"မင်ယွဲ့..."

မိုဟန်ကျီက ဖုန်းကို ချက်ချင်းဖြေလိုက်ပြီး ဖတ်လက်စ စာရွက်စာတမ်းများကို ပိတ်ကာ ထရပ်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်နေသော လက်ထောက်လင်၏ မျက်နှာတွင် ‘ငါထင်သားပဲ’ ဆိုသည့် အမူအရာက အထင်းသား ပေါ်လွင်နေသည်။

"မင်း အိမ်ပြန်လို့ ရပြီ"

ဥက္ကဋ္ဌက သီးသန့်ဓာတ်လှေကားဖြင့် အောက်

ထပ်သို့ ဆင်းသွားရင်း လှမ်းပြောလိုက်သည်။

လစာ ခြောက်ဂဏန်းရနေသည့် မိမိအနေဖြင့် ယခုကဲ့သို့ အချိန်စောစော အိမ်ပြန်ရခြင်းမှာ တရားပါ့မလားဟု တွေးမိသော်လည်း လက်ထောက်လင်မှာ စိတ်ထဲမှ အလွန်အမင်း ပျော်ရွှင်နေသည်။

သူသည် ဖုန်းကို ချက်ချင်းထုတ်ကာ ချစ်သူထံသို့ ဖုန်းဆက်လိုက်သည်။

"မင်းပြောတဲ့ စားသောက်ဆိုင်ကို သွားရအောင် ငါ အလုပ်ဆင်းပြီ၊ ဒီနေ့ CEO က ကိစ္စရှိလို့လေ..."

ထိုနေ့တွင် ရှင်းယောင်လုပ်ငန်းစုမှ ဝန်ထမ်းများသည် အလုပ်ကိုသာ ဖိလုပ်တတ်သည့် သူတို့၏ သူဌေးကြီး အချိန်မှန် အလုပ်ဆင်းသွားသည်ကို မြင်လိုက်ရသဖြင့် အံ့သြမှင်တက်သွားကြသည်။

မိုဟန်ကျီသည် မင်ယွဲ့၏ ကားပေါ်သို့ တက်လိုက်သည်။ မင်ယွဲ့က ‘ဥက္ကဋ္ဌမို’ ဟု မှားခေါ်မိတော့မလို ဖြစ်သွားသဖြင့် မိုဟန်ကျီ၏ မျက်နှာက ပိုမိုကြည်လင် သွားရသည်။

သူတို့ ကြိုတင်မှာယူထားသည့် စားသောက်ဆိုင်မှာ ကုမ္ပဏီနှင့် အလွန်နီးရာ ခဏအတွင်း ရောက်ရှိသွားသည်။ မင်ယွဲ့က မီနူးကတ်ကို ကမ်းပေးလိုက်ပြီး ဧည့်သည်ကို ဦးစားပေးကာ မှာယူစေသည်။ မိုဟန်ကျီက သူမ ကြိုက်တတ်သည့် ဟင်းပွဲများကိုသာ ရွေးချယ်မှာယူပေးလိုက်သည်။

"တခြား ဘာစားချင်သေးလဲ"

မိုဟန်ကျီက သူမကို ပြုံးကြည့်ကာ မေးလိုက်သည်။ မင်ယွဲ့မှာ သူနှင့် အကြည့်ချင်း ဆုံသွားသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရပြီး မျက်နှာလွှဲလိုက်ရသည်။ သူသည် သူမ အကြိုက်ဆုံး ဟင်းပွဲများကိုသာ မှာထားပေးခြင်း ဖြစ်သည်။

စားသောက်ပြီး၍ ထရပ်လိုက်ကြစဉ် လူတစ်ယောက်က ဘေးမှ ဖြတ်သွားသည်။ မိုဟန်ကျီက မင်ယွဲ့ကို မတော်တဆ တိုက်မိမည် စိုးသဖြင့် လူကြီးလူကောင်း ပီသစွာဖြင့် သူမကို အကာအကွယ်ပေးကာ ကူညီလိုက်သည်။

"ဒီနေ့ ညစာကျွေးတဲ့အတွက် ကျေးဇူးပါပဲ"

"ဒါက ထမင်းတစ်နပ်ပဲဟာ နောက်ကျရင် ကျွန်မရဲ့ လက်ရာကို မြည်းစမ်းကြည့်ဖို့ ဖိတ်ပါဦးမယ်"

"ကောင်းပြီလေ"

မိုဟန်ကျီက တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း လက်ခံလိုက်သည်။

မင်ယွဲ့မှာမူ စကားလွန်သွားမိသဖြင့် မိမိကိုယ်

ကိုယ် ပါးရိုက်ချင်စိတ် ပေါက်သွားရသည်။

‘ငါ ဘာလို့ ဒီလောက် စကားသွက်နေရတာလဲ’

ဟု တွေးကာ ငိုချင်စိတ်ပင် ပေါက်သွားသော်လည်း အပြင်ပန်းတွင်မူ အေးအေးဆေးဆေးပင် ပြုံးလျက် နေလိုက်

သည်။

"ဒါဆိုရင် နောက်တစ်ခါ အိမ်မှာ ညစာစားဖို့ ဖိတ်ပါ့မယ်"

တစ်ဖက်တွင်လည်း ရှင်းယောင်လုပ်ငန်းစု၏ ဝန်ထမ်းများကြား၌ ဤသတင်းမှာ ပေါက်ကြားသွားပြီ ဖြစ်သည်။

"CEO က မိန်းမလှလေးတစ်ယောက်နဲ့ ညစာစားနေတာကို ငါတွေ့ခဲ့တယ်"

ဝန်ထမ်းများ၏ ဂရုချက် တွင် ဓာတ်ပုံများ တက်လာသည်။

"ဒါက 'မာကျောတဲ့ ယောက်ျားတစ်ယောက်ရဲ့ နူးညံ့တဲ့ အထိအတွေ့' ပေါ့လေ"

"နတ်ဘုရားနဲ့ နတ်မိမယ်လိုပဲ လိုက်ဖက်လိုက်

တာ"

ဟူသော မှတ်ချက်များ တဖွဲဖွဲ တက်လာသည်။

ပူပူနွေးနွေး ဟော့ပေါ့ စားနေသည့် လက်ထောက်လင်သည် ဖုန်းထဲမှ သတင်းများကို မြင်သောအခါ မျက်လုံးပြူးသွားရသည်။ သူဌေးဖြစ်သူမှာ ထိုသို့သော အတင်းအဖျင်း ကိစ္စများကို အလွန်မုန်းတီးသူ ဖြစ်သည်။

"ငါ အကြံပေးမယ်၊ အဲဒီပုံတွေကို အမြန်ဖျက်ကြပါ"

ဟု သူက သတိပေးလိုက်ရသည်။

သို့သော် လက်ထောက်လင်ကိုယ်တိုင်လည်း မင်ယွဲ့၏ ဓာတ်ပုံကို မြင်သောအခါ သူမ၏ လှပမှုကြောင့် ခဏတာ မှင်တက်သွားသည်။

"ဘာလို့လဲ၊ အလုပ်ကိစ္စ ရှိလို့လား"

ဟု သူ၏ချစ်သူက မေးသည်။

"မဟုတ်ပါဘူး၊ CEO နဲ့ မစ္စမင်တို့ အပြင်မှာ ညစာစားနေတဲ့ ပုံတွေ ပေါက်ကြားသွားလို့ ငါ ရှင်းနေရတာ"

သူ၏ချစ်သူက ဓာတ်ပုံကို လှမ်းကြည့်လိုက်ပြီး

"အိုး... တကယ့်ကို နတ်ဘုရားမလေးပဲ ငါ သဘောကျလိုက်တာ"

ဟု အော်ဟစ်တော့သည်။

"သူတို့က တွဲနေကြတာလား"

ဟု ချစ်သူက မေးမြန်းရာ လက်ထောက်လင်က မတွဲသေးကြောင်း ပြောသော်လည်း သူ၏ချစ်သူကတော့ ခေါင်းခါလိုက်သည်။

"မင်း မယုံရင်နေ၊ မင်းတို့ CEO က မစ္စမင်ကို ကြည့်တဲ့ အကြည့်ကတော့ လုံးဝကို စိတ်ဝင်စားနေတဲ့ အကြည့်ပဲ"

အမျိုးသမီးတစ်ဦး၏ ဆဌမအာရုံမှာ အမှားမရှိနိုင်ကြောင်း သူမက လက်မထောင်ကာ ပြောလိုက်သည်။ လက်ထောက်လင်လည်း မိုဟန်ကျီ၏ ပြောင်းလဲလာသော အမူအရာများကို ပြန်လည် မြင်ယောင်ရင်း သူ၏ချစ်သူနှင့် အတင်းအဖျင်း ပြောဖော်ပြောဖက် ဖြစ်သွားရလေတော့သည်။

All Chapters