စနစ်အဆင့်မြှင့်တင်ခြင်း အောင်မြင်ခြင်း
Vol. 10 Ch. 94
"ဒီတစ်ခါတော့ ငါ့အတွက် ပိုက်ဆံရှင်းမပေးနဲ့ဦးနော်၊ ငါ့မှာ ကိုယ်ပိုင်ပိုက်ဆံ ရှိနေပြီ”
ဝမ်ကျန်းက ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။
ယခုအခါ သူမ၏ လစာမှာ နည်းပါးလှသည်မဟုတ်ရာ ရံဖန်ရံခါ အဖိုးတန်ပစ္စည်းများကို စိတ်ကြိုက်ဝယ်ယူနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့်လည်း အမြဲတမ်း သူငယ်ချင်းဖြစ်သူ၏ ပိုက်ဆံကိုသာ အားကိုးမနေလိုတော့ပေ။
"ဟုတ်ပါပြီရှင်... တို့ရဲ့ သူဌေးမလေး ဝမ်ကျန်းက အခုတော့ တကယ်ကို ချမ်းသာနေပြီပေါ့”
"သူဌေးမလို့ ပြောရရင် နင့်ကို ဘယ်သူမှ ယှဉ်
နိုင်မှာ မဟုတ်ပါဘူးဟာ”
သူမတို့ သူငယ်ချင်းနှစ်ဦးသည် ရယ်မောပျော်ရွှင်စွာဖြင့် စင်တာအတွင်း လှည့်လည်ကြည့်ရှုနေကြသည်။
ဝမ်ကျန်းက အရုပ်မလေးတွင် ဝတ်ဆင်ထားသော ကုတ်အင်္ကျီတစ်ထည်ကို ပြရင်း
"ယွဲ့ယွဲ့... ဒီအင်္ကျီက နင့်နဲ့ သိပ်လိုက်မှာပဲ"
ဟု ဆိုကာ ဝန်ထမ်းအား ချပေးရန် အချက်ပြလိုက်သည်။
မင်ယွဲ့သည် ဝမ်ကျန်း၏ အမြင်ကို ယုံကြည်သူဖြစ်ရာ အင်္ကျီကို ယူ၍ စမ်းသပ်ဝတ်ဆင်ကြည့်လိုက်သည်။ မှန်ထဲတွင် မြင်တွေ့ရသော မိမိကိုယ်မိမိ ကြည့်ကာ မင်ယွဲ့ ကျေနပ်သွားရသည်။
မကြာသေးမီကမှ ရှည်လျားလာသော ဆံနွယ်များကို အနောက်တွင် အသာအယာ စုချည်ထားရာမှ လွတ်ကျနေသော ဆံစအချို့က သူမ၏ ပျင်းရိငြီးငွေ့ဖွယ် အလှတရားကို ပိုမိုပီပြင်စေသည်။
အနက်ရောင် ကုတ်အင်္ကျီနှင့် သားရေဘွတ်ဖိနပ်တို့၏ ပေါင်းစပ်မှုက သူမအား ခန့်ညားထည်ဝါသော အမျိုးသမီးတစ်ဦးအသွင်သို့ ချက်ချင်းပြောင်းလဲပေးလိုက်သည်။
"ဒါဆို ဒါလေးပဲ ယူလိုက်မယ်”
မင်ယွဲ့က ဝန်ထမ်းအား ငွေရှင်းရန် ပြောလိုက်သည်။ သူမတို့၏ ပြတ်သားလှသော ဆုံးဖြတ်ချက်ကြောင့် အရောင်းဝန်ထမ်းများမှာ ချီးကျူးစကားပင် မပြောရသေးဘဲ အလုပ်ဖြစ်သွားသဖြင့် အလွန်ပင် ဝမ်းသာသွားကြတော့သည်။
ဈေးဝယ်ပြီးနောက် အိမ်သို့ ပြန်ရောက်သောအခါ—
[ ဒန့် - စနစ်အဆင့်မြှင့်တင်ခြင်း ပြီးဆုံးပါပြီ၊ လက်ရှိအဆင့် (၄) ဖြစ်သည်။ အထူးဆုလာဘ်ကို လက်ခံရယူပါ။ ]
မင်ယွဲ့သည် စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေစဉ် ယွမ်ပေါ့၏ အသံ ထွက်ပေါ်လာသည်။
[ ဒန့် - ချမ်းသာကြွယ်ဝသူတစ်ဦးအတွက် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိရန် လိုအပ်သည်။ ထို့ကြောင့် ဤအကြိမ်တွင် စနစ်က သင့်အား 'ရှေးဟောင်းတရုတ် သိုင်းပညာနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှု အတတ်ပညာ’ ကို ဆုချီးမြှင့်ပါသည်။ ]
"ယွမ်ပေါ့... ဒါက ပန်းခြံထဲက အဘိုးကြီးတွေ ကစားတဲ့ ထိုက်ကျိ လိုမျိုးလား”
မင်ယွဲ့က သံသယဖြင့် မေးလိုက်သည်။ လူဆိုးတွေနဲ့တွေ့ရင် အဲ့ဒါတွေက တကယ်ပဲ အသုံးဝင်ပါ့မလားဟု သူမ စိုးရိမ်မိသည်။
"ယွဲ့ယွဲ့... ငါ့ကို ယုံကြည်စမ်းပါ အခုခေတ်မှာ ပြန့်နှံ့နေတာတွေက အကာအကွယ်အပိုင်းတွေ ပျောက်ဆုံးနေပြီး ကျန်းမာရေးအတွက်ပဲ ကျန်တော့တာ ငါပေးမယ့် အတတ်ပညာကတော့ တကယ့်ရှေးဟောင်းသိုင်းပညာပဲ မင်းက တောင်ကို လက်သီးနဲ့ထိုးပြီး ဖောက်ထွက်လို့မရပေမဲ့ နွားတစ်ကောင်ကိုတော့ လက်သီးတစ်ချက်တည်းနဲ့ သေအောင် သတ်နိုင်စွမ်းရှိလာလိမ့်မယ်”
ယွမ်ပေါ့၏ ရှင်းပြချက်ကြောင့် မင်ယွဲ့ နားလည်သွားရသည်။ ထို့နောက် စနစ်၏ စွမ်းအင်များ သူမ၏ ခန္ဓာကိုယ်အတွင်းသို့
စတင်စီးဝင်လာတော့သည်။
ထိုက်ကျိ၊ ပါတကျင် နှင့် ဝူချင်းရှီး အစရှိသော ရှေးဟောင်းသိုင်းကွက်များမှာ သူမ၏ ဦးနှောက်အတွင်း၌ ရုပ်ရှင်ပြကွက်များပမာ အစီအရီ ပေါ်ပေါက်လာသည်။ မင်ယွဲ့သည် ထိုလှုပ်ရှားမှုများကို အာရုံခံရင်း တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့ နံနက်တွင် မင်ယွဲ့ မျက်လုံးဖွင့်လိုက်သည်နှင့် သူမ၏ ရှေ့တွင် လင်းလက်တောက်ပနေသော အလင်းတုံးလေးတစ်ခု ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။
"အမလေး... သရဲ”
"ယွဲ့ယွဲ့... နင်ကတော့ သိပ္ပံပညာကို လုံးဝမယုံကြည်တဲ့သူပဲ”
ယွမ်ပေါ့၏ စိတ်ပျက်လက်ပျက် အသံထွက်ပေါ်လာသည်။
မင်ယွဲ့သည် ထိုအလင်းတုံးလေးကို တို့ကြည့်
လိုက်ရာ သူမ၏ လက်ချောင်းလေးမှာ
တစ်ဖက်သို့ ထိုးဖောက်သွားသည်။
"ယွမ်ပေါ့... နင် အပြင်ကို ထွက်လာနိုင်ပြီပေါ့”
"ဟုတ်တယ်လေ... အခုဆိုရင် ငါတို့က စိတ်ထဲကနေ ဆက်သွယ်နေစရာ မလိုတော့ဘဲ ပုံရိပ်
ယောင်ခန္ဓာကိုယ်နဲ့ တိုက်ရိုက်စကားပြောလို့ရပြီ”
မင်ယွဲ့သည် ထိုပုံသဏ္ဍာန်မရှိသော အလင်းတုံးလေးကို ကြည့်ကာ
"နင်က ပုံစံပြောင်းလို့ရလား"
ဟု မေးလိုက်သည်။
ယွမ်ပေါ့က စနစ်အဆင့် (၅) သို့ ရောက်ရှိပါက ခန္ဓာကိုယ်အစစ်အမှန်ကို ရရှိမည်ဖြစ်ကြောင်းနှင့် စနစ်အရောင်းဆိုင် ပွင့်လာမည်ဖြစ်ကြောင်း ရှင်းပြကာ ရှေ့ပြေးပြသလိုက်သည်။
မင်ယွဲ့၏ ရှေ့တွင် ကြီးမားသော မျက်နှာပြင်ကြီးတစ်ခု ပေါ်လာပြီး ထိုထဲတွင် အလှပြင်ဆေးတောင့်များ၊ ကိုယ်အလေးချိန်ကျဆေးများမှသည် ဒုံးကျည်များ၊ တင့်ကားများအထိ အံ့ဩဖွယ်ရာ ပစ္စည်းများစွာ ရှိနေသည်။
ထို့အပြင် သူမ စိတ်အဝင်စားဆုံး အပိုင်းမှာ "အဖော်မွန် တိရစ္ဆာန်များ" ကဏ္ဍပင် ဖြစ်သည်။
ကြောင် (ယွမ် ၂ ဘီလီယံ)၊ ခွေး (ယွမ် ၂ ဘီလီယံ)၊ ကျား (ယွမ် ၅ ဘီလီယံ)... နှင့် ပန်ဒါဝက်ဝံကြီး (ယွမ် ၈.၈ ဘီလီယံ)။
ထိုကိန်းဂဏန်းများကို မြင်သောအခါ မင်ယွဲ့၏ မျက်လုံးများ ပြူးသွားရသည်။ သူမသည် ရည်မှန်းချက်ကြီးမားစွာဖြင့် ဤစည်းစိမ်များကို ပိုင်ဆိုင်ရန် ကြိုးစားနေသူဖြစ်သော်လည်း ယွမ်ပေါ့ လိုချင်သည့်အရာကို ကြည့်ကာ ရင်တုန်သွားရသည်။
"ယွဲ့ယွဲ့... ငါ့စိတ်ကြိုက် ရွေးလို့ရတယ်လို့ နင်
ပြောထားတယ်နော်”
ယွမ်ပေါ့က စိတ်လှုပ်ရှားစွာဖြင့် အလင်းမျက်နှာပြင်ပေါ်သို့ ခုန်တက်လိုက်သည်။
"ငါ ပန်ဒါလေး လိုချင်တယ် ပန်ဒါဝက်ဝံကြီးပဲ ဖြစ်ရမယ်”
မင်ယွဲ့၏ ခေါင်းပေါ်တွင် ဝဲပျံရင်း ကလေးတစ်ယောက်ပမာ ပူဆာနေသော ယွမ်ပေါ့ကို ကြည့်ကာ မင်ယွဲ့တစ်ယောက် သက်ပြင်းအသာချရင်း
“ဟုတ်ပါပြီရှင်... ပန်ဒါလေးရအောင် တို့တွေ ပိုက်ဆံများများ ရှာကြတာပေါ့"
ဟု ကတိပေးလိုက်ရတော့သည်။