Chapters

ခန်ယွမ်အုပ်စု

Vol. 19 Ch. 184

ခန်ယွမ်အုပ်စု

Vol. 19 Ch. 184

ခမ်းနားထည်ဝါလှသော မွေးနေ့ဂုဏ်ပြုပွဲခန်းမအတွင်း၌ တေးဂီတသံစဉ်တို့သည် လေထုထဲတွင် နူးညံ့စွာ စီးဆင်းနေသည်။

မိုဟန်ကျီသည် မင်ယွဲ့အား လူအုပ်ကြားမှ အသာအယာ ဦးဆောင်ခေါ်ယူကာ ပိုမိုသက်တောင့်သက်သာရှိသော နေရာတစ်ခုသို့ ရွှေ့ပြောင်းလိုက်၏။

စင်မြင့်ထက်တွင် ဖျော်ဖြေမှုများ ပြီးဆုံးသွားသောအခါ ကျန်းမင်သည် မင်ယွဲ့ကို မြင်သည်နှင့် ဝိုင်ခွက်ကို ကိုင်မြှောက်လျက် လှမ်းလာခဲ့သည်။

"ကျုပ် တို့ ပြန်ဆုံကြပြန်ပြီနော်"

ဟု သူမက ချိုသာစွာ နှုတ်ဆက်သည်။

မိုဟန်ကျီသည် ဘေးရှိ ဝေတာဝန်ထမ်းထံမှ သစ်သီးဖျော်ရည်တစ်ခွက်ကို ယူကာ မင်ယွဲ့၏

လက်ထဲသို့ အလိုက်သင့် ထည့်ပေးလိုက်၏။

"ဒါက ကံကြမ္မာရဲ့ စီမံမှုပဲ ဖြစ်မှာပါ"

ဟု မင်ယွဲ့က ပြုံးလျက် တုံ့ပြန်လိုက်ရာ ဖန်ခွက်ချင်း ထိခတ်သံသည် ကြည်လင်စွာ ထွက်ပေါ်လာသည်။

ဤသည်ကို မြင်သော ကျောက်လီလီနှင့် သူမ၏ သူငယ်ချင်းတစ်စုမှာမူ ငြူစူစိတ်ဖြင့် နှာခေါင်းရှုံ့နေကြသည်။

“မင်းသမီးဆိုတာ မင်းသမီးပါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် သူဌေးသားကို မြှူဆွယ်ဖို့ပဲ ကြိုးစားနေတာ ကိုယ့်နေရာကိုယ် မသိတာ တကယ်ကို ရွံစရာကောင်းတယ်"

ဟု ကျောက်လီလီက တိုးတိုးလေး ကဲ့ရဲ့လိုက်သော်လည်း မင်ယွဲ့မှာမူ သူမ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော သိပ္ပံနှင့် အနုပညာ ပေါင်းစပ်မှုလောကကိုသာ အာရုံစိုက်နေသဖြင့် ထိုအပေါ်ယံ စကားလုံးများကို ဂရုမပြုမိပေ။

မကြာမီတွင်ပင် လက်ဆောင်မွန်များ ပေးအပ်ပွဲ အစီအစဉ် စတင်လာသည်။ အနီရောင် ပိုးသားများဖြင့် ဖုံးအုပ်ထားသော လက်ဆောင်ပစ္စည်းများသည် တစ်ခုပြီးတစ်ခု စင်ပေါ်သို့ ရောက်ရှိလာသည်။

ပထမဆုံး လူကြီးမင်း ပေးအပ်လိုက်သော အဖြူရောင် ကျောက်စိမ်း ဘုရားဆင်းတုတော်သည် ကြည်လင်ဝင်းပလွန်းလှသဖြင့် ကြည့်ရသူအပေါင်းကို အေးချမ်းစေသည်။

ကျောက်လီလီသည်လည်း သူမ၏ ဖခင်နှင့်အတူ ရှေ့သို့ တိုးလာခဲ့သည်။

"အဘွား... ဒါက ကျွန်မတို့ မိသားစုက ပေးတဲ့ လက်ဆောင်လေးပါ အဘွား သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပါတယ်"

ဟု သူမက ဆိုကာ ရှေးဟောင်း လက်ဖက်ရည်သောက် အစုံလိုက်ကို ပေးအပ်

လိုက်သည်။

မိုအဘွားအိုသည် လက်ဖက်ရည်သောက်ခြင်းကို ဝါသနာပါသူ ဖြစ်သဖြင့် ထိုလက်ဆောင်ကို သဘောကျစွာ လက်ခံလိုက်သော်လည်း ကျောက်လီလီက သူမကို "အဘွား" ဟု အရင်းအနှီး ခေါ်ဝေါ်လိုက်မှုအပေါ်တွင်မူ စိတ်ထဲမှ မနှစ်သက်ဘဲ အနည်းငယ် အေးစက်သွားခဲ့သည်။

ကျောက်လီလီသည် မိုဟိန်ကျီနှင့် မင်ယွဲ့တို့ နီးကပ်စွာ ရှိနေသည်ကို မြင်သောအခါ မနာလိုစိတ်တို့က တောက်လောင်လာသည်။

သူမသည် ယခင်က မိုဟန်ကျီ၏ အတွင်းရေးမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်ရန် ကြိုးစားခဲ့ဖူးသော်လည်း မိုဟန်ကျီက သူမကို လူတွေ့စစ်ဆေးမှု အဆင့်မှာတင် ပယ်ချခဲ့ဖူးသည်။

သူမသည် ဟန်မပျက်ဘဲ မိုဟန်ကျီအနားသို့ ချဉ်းကပ်သွားကာ

“ဥက္ကဋ္ဌမို... မတွေ့ရတာ ကြာပြီနော်"

ဟု နှုတ်ဆက်လိုက်သည်။

မိုဟန်ကျိက မျက်မှောင်ကြုတ်လျက်

“မင်းက ဘယ်သူလဲ"

ဟု မေးလိုက်သောအခါ ကျောက်လီလီ၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။

ဘေးမှ ကြည့်နေသော ချန်ယွန်းကမူ ကျောက်လီလီ အရှက်ရနေသည်ကို မြင်ကာ ခိုး၍ ရယ်မောနေ၏။

“ဥက္ကဋ္ဌမို... ကျွန်မအဖေက ခန်ယွမ်အုပ်စုရဲ့ ဥက္ကဋ္ဌပါ ကျွန်မ အရင်က ရှင့်ဆီမှာ အလုပ်လျှောက်ဖို့ လာဖူးပါတယ်"

ဟု ကျောက်လီလီက အားတင်း၍ ရှင်းပြသည်။

"ဪ... အဲ့ဒီလိုလား"

မိုဟန်ကျီ၏ အေးစက်သော တုံ့ပြန်မှုက သူမကို စကားဆက်ရန် ခက်ခဲစေသည်။

"ကျွန်မက တက္ကသိုလ် (A) က ဘွဲ့ရထားတာပါကျွန်မကို အခွင့်အရေးလေး တစ်ခုလောက် ပေးလို့ မရဘူးလား"

ဟု ကျောက်လီလီက ထပ်မံ ကြိုးစားရှာသည်။

မိုဟန်ကျီမှာမူ စိတ်မရှည်တော့ပေ။

“ကုမ္ပဏီရဲ့ ဝန်ထမ်းခေါ်ယူရေးကို လူ့စွမ်းအား အရင်းအမြစ်ဌာနကပဲ ကိုင်တွယ်တာပါ ကျွန်တော် ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်း မရှိပါဘူး"

ဟု ပြတ်သားစွာ ပြောလိုက်သည်။

ထိုစဉ် ကျောက်လီလီ၏ အဖေဖြစ်သူ ရောက်လာပြီး

“ဪ... လီလီက ဒီမှာကိုး သူက အရင်

ကတည်းက မင်းရဲ့ လက်ထောက်အဖြစ် လုပ်

ချင်နေတာ"

ဟု ဆိုကာ မိုဟန်ကျီနှင့် ရင်းနှီးမှု ရယူရန် ကြိုးပမ်းတော့သည်။

မင်ယွဲ့သည် ထိုမြင်ကွင်းကို ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေရင်း ဤစီးပွားရေးလောက၏ ဟန်ဆောင်မှုများနှင့် ရည်မှန်းချက်များအကြားတွင် သူမ၏ ကိုယ်ပိုင်လမ်းစဉ်သည် မည်မျှ သန့်စင်ပြီး ခိုင်မာရမည်ကို ပိုမိုနားလည်လာခဲ့တော့သည်။