ရုပ်နာမ်အားလုံးက သုညသာတည်း
Vol. 9 Ch. 82
“မမင်ကသာ သဘောမတူရင် ဘယ်လိုလုပ်မလဲ”
ကျန်ကျွန်းက ရှေ့မှမန်နေဂျာကို စူးစိုက်ကြည့်နေစဉ် သူ၏နက်ရှိုင်းလှသော မျက်ဝန်းအစုံမှာ အဓိပ္ပာယ်ဖော်ရခက်လှပြီး စိတ်ထဲမှလည်း ထိုသူ၏လုပ်ရပ်ကို မှတ်ချက်တစ်ခု ရေးထိုးလိုက်ပြီဖြစ်သည်။
“သူဌေးကလည်း... သူက ဘယ်လိုလုပ် ငြင်းဆန်ရဲမှာလဲဗျာ”
ဤသည်မှာ ကိုယ်ကျင့်သိက္ခာကို မျက်ကွယ်ပြုထားသည့် အောက်တန်းကျသော ဖားယားမှုမျိုးသာ ဖြစ်သည်။ ဤကဲ့သို့သောသူမျိုးက မည်သို့များ မန်နေဂျာဖြစ်လာပါသနည်း။
“သူက တကယ်ပဲ ဆန္ဒမရှိဘူးဆိုရင်ရော? အခုခေတ် မိန်းကလေးတွေရဲ့ ဇွဲထက်သန်မှုနဲ့ မာနကို မင်းသိမှာပါ”
ကျန်ကျွန်းက တိုးညှင်းစွာ ဆိုလိုက်သည်။
သို့သော် အန္တရာယ်၏အရိပ်အယောင်ကို မရိပ်မိသေးသည့် မန်နေဂျာမှာမူ သူ၏သစ္စာရှိမှုကိုသာ ဆက်လက်ဖော်ပြနေဆဲပင်။
“သူဌေး... ကျွန်တော့်ကိုသာ ယုံကြည်လိုက်ပါ။ ဒါကို ကျွန်တော့်လက်ထဲသာ အပ်ထားလိုက်၊ အကုန်လုံး အဆင်ပြေစေရပါမယ်”
သူသည် ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ အာမခံချက် ပေးနေတော့သည်။
“အခုချက်ချင်း ထွက်သွားတော့”
ကျန်ကျွန်စ၏ ပြင်းထန်လှသော ဒေါသကို ထိန်းချုပ်ထား၍ မရတော့ပေ။
“ဗျာ?!”
မန်နေဂျာမှာ လုံးဝပင် ဆွံ့အသွားရသည်။
“ငါ ပြောနေတယ်လေ... ထွက်သွားတော့လို့။ ငါ့လက်အောက်မှာ ဥပဒေကို နင်းခြေမယ့်လူတွေ မလိုဘူး။ မင်း ပြဿနာရှာချင်ရင် ငါ့ကိုပါ ဆွဲမထည့်နဲ့”
ကျန်ကျွန်စသည် ရည်းစားခဏခဏလဲတတ်သည်မှအပ လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်းနှင့် မူးယစ်ဆေးဝါးတို့တွင် လုံးဝပတ်သက်မှုမရှိပေ။ သူက ချမ်းသာကြွယ်ဝသော မိသားစု၌ မွေးဖွားခဲ့သည်ဖြစ်ရာ ဘဝကို အပြည့်အဝ ပျော်ပျော်ပါးပါး ဖြတ်သန်းသင့်သည်ဟု ခံယူထားသည်။
သို့သော် သူ၏ပျော်ရွှင်မှုမှာ ဥပဒေ၏အစွန်းအဖျားတွင် ကပ်ငြိမနေစေရဟု မှတ်ယူထားသည်။ ဥပဒေကို လျစ်လျူရှုခြင်းသည် တစ်နေ့တွင် မိမိကိုယ်ကို ပျက်စီးစေမည်ကို သူ ကောင်းကောင်းသိသည်။
ဤကဲ့သို့ ကောင်းမွန်လှသော ဘဝကို စွန့်လွှတ်ပြီး ထောင်ထဲတွင် နောင်တရကာ ဘဝကို ကုန်ဆုံးစေရန်မှာ အတွေးအခေါ် မွဲတေသော လူမိုက်များသာ လုပ်မည့်အလုပ် ဖြစ်သည်။ ထို့ကြောင့်ပင် သူက မိမိ၏ စည်းဘောင်ကို အမြဲထိန်းသိမ်းကာ ဘဝကို အဓိပ္ပာယ်ရှိရှိ ပျော်ပါးခဲ့ခြင်းဖြစ်သည်။
“သူဌေး... ကျွန်တော်က သူဌေးရဲ့ အလိုကို လိုက်တာပါ၊ ဒီလိုတော့ မလုပ်သင့်ဘူးလေ”
မန်နေဂျာမှာ အလွန်ပင် မကျေမနပ်ဖြစ်နေမိသည်။
သူဌေးဖြစ်သူက သိသိသာသာ အရိပ်အယောင်ပြနေသည်ဟု သူက မျက်စိတထောက်စာ အတွေးဖြင့် ထင်မှတ်နေခဲ့ခြင်းဖြစ်သည်။ အားကစားခန်းမ မန်နေဂျာအဆင့်ဖြင့် သူ ဘာများ မျှော်လင့်နိုင်ဦးမည်နည်း။ သူဌေးလေးကျန်၏ နောက်မြီးဆွဲဘဝဖြင့် ဇိမ်ခံနိုင်ရန်သာ သူ အလိုရှိခဲ့ခြင်းဖြစ်သည်။
“မင်းလိုလူမျိုးက မြင်သမျှကို မင်းလို အမှိုက်လို့ပဲ ထင်တတ်ကြတာ ငါ မပြောချင်တော့ဘူး”
ကျန်ကျွန်းက သူ့ကို ထပ်မကြည့်ချင်တော့သဖြင့် တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
“သူ့ကို အပြင်ကို ဆွဲထုတ်သွားလိုက်။ နောက်ကိုလည်း ဒီထဲ ပေးမဝင်စေနဲ့တော့”
သက်တော်စောင့်များက ထိုသူကို ချက်ချင်းပင် အပြင်သို့ လွှင့်ထုတ်ပစ်လိုက်ကြသည်။ အခန်းထောင့်တွင် တိုးတိုးတိတ်တိတ် ပြောဆိုနေကြခြင်းဖြစ်သဖြင့် ဘာအကြောင်းကြောင့် ဖြစ်သည်ကို မည်သူမျှ သေချာမသိလိုက်ကြပေ။
“စိတ်မပူကြပါနဲ့... ဆက်လက်လေ့ကျင့်နိုင်ပါတယ်။ အတွင်းပိုင်းကိစ္စလေးတစ်ခုကို ဖြေရှင်းနေတာမို့ အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျာ”
ကျန်ကျွန်းသည် စက္ကန့်ပိုင်းအတွင်းမှာပင် နှိမ့်ချယဉ်ကျေးသော အပြုံးပိုင်ရှင် 'ပြုံးနေသောကျား' အဖြစ် ပြောင်းလဲသွားကာ လူတိုင်းကို လိုက်လံဦးညွှတ်နှုတ်ဆက်နေသည်။
ဤအားကစားခန်းမပိုင်ရှင်မှာ မိသားစုစီးပွားရေးကို ဆက်ခံရမည့် ဒုတိယမျိုးဆက် သူဌေးသားတစ်ဦးဖြစ်သည်ဟု မည်သူမျှ ထင်မှတ်နိုင်
မည်မဟုတ်ပေ။
ဧည့်ကြိုဝန်ထမ်းလေးမှာ မန်နေဂျာဖြစ်သူ အပြင်သို့ လွှင့်ထုတ်ခံလိုက်ရသည်ကို ကြည့်ကာ ဝမ်းသာအားရဖြင့် အဖွဲ့လိုက်စာပို့ဂရုထဲသို့ စာပို့လိုက်သည်။
“သတင်းကောင်းဟေ့... သတင်းကောင်း! မန်နေဂျာကြီးတော့ သူဌေးကြီးလက်ချက်နဲ့ အဖြုတ်ခံလိုက်ရပြီ”
“အေး... ငါလည်း သူဌေးကြီး စစ်ဆေးဖို့လာတယ်လို့ ကြားတယ်၊ မြင်တော့ မမြင်ဖူးသေးဘူး”
ဝန်ထမ်းလေးက ပြုံးလျက် ပြန်ဖြေလိုက်
သည်မှာ-
“ငါကတော့ သူဌေးကြီးရဲ့ ဓာတ်ပုံကို အကြိုကြည့်ထားလို့ သိတာပေါ့။ မန်နေဂျာက သူ့ကို ကောင်းကောင်းဧည့်ခံဖို့ မှာထားတာ၊ အခုတော့ သူကိုယ်တိုင်ပဲ လွင့်သွားပြီ။ တကယ့်ကို ဝမ်းသာစရာပဲ”
“ငါတို့လည်း ပျော်တာပဲ... ဒါပေမဲ့ သတိတော့ ထားဦး။ သူက အထုတ်ခံရတာ မဟုတ်ဘဲ အပြင်ကိုပဲ အလွှတ်ခံလိုက်ရတာလည်း ဖြစ်နိုင်တာပဲ”
ဝန်ထမ်းများမှာ စာများကို လျှပ်စစ်အဟုန်ဖြင့် ပို့နေကြစဉ် ဝန်ထမ်းလေးက ကျန်ကျွန်းကို ခိုးကြည့်ကာ ထပ်မံရေးလိုက်သည်။
“သူဌေးကြီးက တကယ့်ကို ချောတာပဲ။ မန်နေဂျာကို ဆွဲထုတ်ခိုင်းလိုက်တဲ့အချိန်မှာ ပိုတောင် ချောနေသေးတယ်”
“သူ စိတ်မကြည်လို့ နင့်ကိုပါ အိမ်ပေါ်က ဆင်းခိုင်းမှာ မကြောက်ဘူးလား? မန်နေဂျာတောင် အဲဒီလို ဖြစ်သွားတာ... နင့်ကိုဆိုရင်တော့ အေးဆေးပဲပေါ့”
ဝန်ထမ်းလေးမှာ အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့်-
“ဟွန်း... ငါက ဒီလောက် ချစ်ဖို့ကောင်းတာကို သူဌေးက ဘယ်လိုလုပ် အပြင်ထုတ်မှာလဲ.. မန်နေဂျာကတော့ အထုတ်ခံရမှာ သေချာတယ်။ ငါ့သိက္ခာနဲ့ လောင်းကြေးထပ်ရဲတယ်”
“ဒေါက် ဒေါက်—”
စားပွဲကို ခေါက်လိုက်သည့် အသံကြောင့် ဝန်ထမ်းလေးမှာ လန့်ဖျပ်ကာ ဂရုချက်ထဲမှ ချက်ခြင်းထွက်လိုက်ကြသည်။
“အင်... သူဌေး... ကျွန်မ... ကျွန်မ သူဌေး ရောက်နေတာ မသတိထားမိလိုက်လို့ပါ”
သူမမှာ ကြောက်လန့်တကြား ဖြစ်နေရပြီဖြစ်သည်။ အွန်လိုင်းပေါ်တွင် စာများ ဖောင်းပွအောင် ရေးနေသော်လည်း လူချင်းတိုးသည့်အခါတွင်မူ စကားပင် မပီသတော့ပေ။ သူဌေးက သူမကိုပါ အပြင်သို့ မောင်းထုတ်မည်ကို သူမ အလွန်စိုးရိမ်နေမိသည်။
“ရပါတယ်... ခုနက အမျိုးသမီး ဘယ်လေ့ကျင့်ခန်း ခန်းမထဲမှာလဲ”
ကျန်ကျွန်းမှာ ထိုမိန်းကလေး၏ နီမြန်းနေသော မျက်နှာကို ကြည့်ကာ ဆွံ့အသွားရသည်။
သူက ဘယ်တုန်းက ဒီလောက် ကြောက်စရာကောင်းသွားလို့လဲ။ စကားတစ်ခွန်းနှစ်ခွန်း ပြောလိုက်ရုံနှင့်ပင် ထိုမိန်းကလေးမှာ စကားပြောလို့ မရလောက်အောင် ဖြစ်သွားရသည် မဟုတ်ပါလား။
“ပီ………ပီ……”
WeChat မက်ဆေ့ချ်များက တုန်ခါနေသော်လည်း ဝန်ထမ်းလေးမှာ မလှုပ်ရဲပေ။ ဖုန်းကို မသိမသာ ဖုံးကွယ်ကာ အနည်းငယ် ရွှေ့လိုက်ရသည်။ ဖုန်းကို အသံပိတ်ထား၍ မရခြင်းမှာ ဖောက်သည်များက ကြိုတင်မှာကြားခြင်း ပြုလုပ်တတ်သောကြောင့်ဖြစ်သည်။
သို့သော် အသံပိတ်မထားခြင်းကြောင့် ယခုကဲ့သို့ လူမှုရေးအရ သေကောင်ပေါင်းလဲ ဖြစ်ရတော့သည်။ သူဌေးကြီးကသာ သူတို့၏ အုပ်စုဖွဲ့စကားပြောခန်းကို သိသွားလျှင် ဒုက္ခရောက်ပေတော့မည်။
“သူဌေး... မမင် ရှိတဲ့နေရာကို ကျွန်မ အခုပဲ လိုက်ပို့ပါ့မယ်”
သူမသည် အတင်းအကျပ် စိတ်အေးအေးထားကာ ဖုန်းကို အင်္ကျီအိတ်ထဲသို့ ထည့်လိုက်ပြီး တုန်ခါမှုများကို လျစ်လျူရှုလျက် သူဌေးကို လမ်းပြခေါ်ဆောင်သွားသည်။
ကျန်ကျွန်းက ထိုဝန်ထမ်းလေးကို ကြည့်ကာ သက်ပြင်းချရင်း-
“မင်း ဒီအလုပ်ကို တကယ် သဘောကျပုံပဲ၊ အင်တိုက်အားတိုက် ရှိလှချည်လား!”
ဝန်ထမ်းလေးသည် လေ့ကျင့်ခန်းခန်းမ အမှတ် ၀၈ ဆီသို့ ခေါ်ဆောင်သွားပြီး တံခါးကို ခေါက်
လိုက်သည်။
“မင်္ဂလာပါ မမင်... ကျွန်မ ဧည့်ကြိုက ရှောင်လီပါ။ ကျွန်မတို့ သူဌေးက မမင်ကို တွေ့ချင်လို့ပါ၊ အခု တွေ့ဖို့ အဆင်ပြေမလားရှင့်?”
သူမနှင့် ကျန်ကျွန်းတို့သည် တံခါးဝတွင် ရပ်ကာ အတွင်းမှ အဖြေကို စောင့်ဆိုင်းနေကြသည်။
မင်ယွဲ့သည် ယွမ်ပေါ့ ပြသထားသည့် ဗာကျူရယ် စခရင်ပေါ်မှ ဗီဒီယိုများကို ကြည့်ကာ လေ့ကျင့်ခန်းလုပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်
ပင် သူမ နည်းပြ မလိုအပ်ခြင်းဖြစ်သည်။
“ဟုတ်ကဲ့... ဝင်လာခဲ့ပါ!”
မင်ယွဲ့သည် မတ်တပ်ရပ်ကာ မျက်နှာသစ်ပြီး သပ်သပ်ရပ်ရပ် ပြန်ထိုင်လိုက်သည်။
ရှောင်လီသည် အဖြေရသည်နှင့် တံခါးဖွင့်ပေးကာ သူဌေးကို အထဲဝင်စေပြီးနောက် တံခါးကို ပြန်ပိတ်ကာ ထွက်ခွာသွားသည်။
ကျန်ကျွန်းကမူ အတွင်းသို့ ရောက်သည်နှင့် တံခါးကို ပြန်ဖွင့်ထားလိုက်သည်။ မင်ယွဲ့သည် သူ၏ လုပ်ရပ်ကို မြင်သည့်အခါ ပြုံးမိသွားသည်။ သူသည် အပေါ်ယံကြည့်လျှင် လူပွေလူရှုပ် တစ်ဦးနှင့် တူသော်လည်း လက်တွေ့တွင်မူ အသေးစိတ်ကျကာ ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်းတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။
“ဘာကိစ္စ ရှိလို့လဲရှင်?”
ကျန်ကျွန်းသည် စကားပြောသည့်အခါ တစ်ဖက်လူ၏ မျက်ဝန်းများကို စိုက်ကြည့်လေ့ရှိပြီး ယင်းက စိတ်ရင်းမှန်မှုကို ပြသသည်ဟု သူ ယူဆထားသည်။ သို့သော် ထိုသို့ စိုက်ကြည့်လိုက်ခြင်းကပင် တစ်ဖက်လူ၏ အလှတရားထဲတွင် သူ့ကို နစ်မြုပ်သွားစေခဲ့သည်။
မိတ်ကပ်မပါဘဲ လေ့ကျင့်ခန်းလုပ်ထားသဖြင့် ပါးပြင်လေးများ နီမြန်းနေသည့် အမျိုးသမီး... မျက်နှာသစ်ထားသဖြင့် စိုစွတ်နေသော ဆံပင်
အချို့က သူမ၏ နားထင်တွင် ကပ်ငြိနေသည်။
အသာအယာ ထုံးထားသော ဆံထုံးလေးမှာ အနည်းငယ် ပြေလျော့နေပြီး ချစ်စရာကောင်းလှသည်။
သူမ၏ ပါးပြင်ပေါ်မှ လိမ့်ဆင်းလာသော ရေစက်လေးများကို လိုက်ကြည့်ရင်း သူ၏ အကြည့်တို့က ဖြူဖွေးလှပသော လည်တိုင်ဆီသို့ ရောက်သွားသည်။ သူသည် အကြာကြီး မကြည့်ရဲဘဲ အမြန်ပင် အကြည့်ကို လွှဲလိုက်ရသည်။
ရုပ်နာမ်အားလုံးသည် သုညသာတည်း... သုညသာတည်းရုပ်နာမ်သာတည်း...
......
သူသည် စိတ်ကို အကြိမ်ကြိမ် ပြန်လည်ထိန်းချုပ်ပြီးနောက်မှသာ တုန်လှုပ်မှုကို ငြိမ်သက်စေနိုင်ခဲ့သည်။ ဤသည်မှာ အမြင်ချင်းဆုံပြီး ချစ်မိသွားခြင်းမျိုး မဟုတ်ဘဲ အလှတရားကို စွဲမက်သွားခြင်းသာ ဖြစ်သည်။
မည်သည့်အခါမျှ အလိုက်မမှားဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားသော အမျိုးသားမှာပင် ဤအလှတရားရှေ့တွင် မှင်တက်သွားရသည်။ ဤအကြောင်းသာ လူသိရှင်ကြား ဖြစ်သွားခဲ့လျှင် သူဌေးလေးကျန်၏ မျက်နှာ ဘယ်မှာ သွားထားရမည်နည်း?
“ဘာဖြစ်လို့လဲဟင်?”
တစ်ဖက်လူက အကြာကြီး တိတ်ဆိတ်နေသဖြင့် မင်ယွဲ့က မေးလိုက်သည်။
“မင်္ဂလာပါ... ကျွန်တော့်နာမည်က ကျန်ကျွန်းပါ။ ဒီအားကစားခန်းမရဲ့ ပိုင်ရှင်ပါ”
သူသည် ယဉ်ကျေးစွာဖြင့် လက်ကမ်းနှုတ်ဆက်လိုက်သော်လည်း သူ၏ ပထမဆုံး လက်ဆွဲနှုတ်ဆက်မှုတွင် အနည်းငယ် အနေရခက်မှုတို့ ပါဝင်နေသည်။
မင်ယွဲ့ကလည်း ဖော်ရွေစွာပင် လက်ကမ်းနှုတ်ဆက်လိုက်သော်လည်း ထိတွေ့လိုက်
သည်နှင့် ချက်ချင်းပင် ပြန်လည်ဆုတ်ခွာလိုက်
သည်။
“ကျွန်မနာမည်က မင်ယွဲ့ပါ။ တော်ဝင်စံအိမ်တော်မှာ နေထိုင်သူ တစ်ယောက်ပါ”
မင်ယွဲ့က မိတ်ဆက်စကား ဆိုလိုက်သည်။
“ကျွန်တော် ဆက်သွယ်ရတဲ့ အဓိကအကြောင်းရင်းကတော့ မမင်က သိပ်ကို လှပလွန်းလို့ပါ...”
ဤနေရာတွင် ကျန်ကျွန်း ခေတ္တရပ်သွားကာ မင်ယွဲ့ကို မသိမသာ ခိုးကြည့်လိုက်မိသည်။
မိန်းကလေးတစ်ယောက်၏ အလှကို ချီးမွမ်းခြင်းမှာ တစ်ခါတစ်ရံတွင် ရိုင်းစိုင်းရာ ရောက်နိုင်သည် မဟုတ်ပါလား။
မင်ယွဲ့ကမူ မျက်ခုံးတစ်ချက်သာ ပင့်ပြလိုက်သည်။
ကျန်ကျွန်းက သက်ပြင်းတစ်ချက် ချကာ ဆက်ပြောသည်မှာ-
“ကျွန်တော်တို့ အားကစားခန်းမအတွက် မမင်ယွဲ့ကို သံတမန်အဖြစ် ဖိတ်ခေါ်ချင်လို့ပါ။ မမင် ဘယ်လိုထင်ပါသလဲ?
အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ အားကစားခန်းမက ယန်ကျင်းမှာ နာမည်ကောင်းရှိပြီး အကိုင်းအခက်တွေ အများကြီး ရှိပါတယ်။ မမင်ရဲ့ ရုပ်ရည်က တကယ်ကို ထူးခြားပြောင်မြောက်လှပါတယ်။ ကျွန်တော်တို့နဲ့သာ ပူးပေါင်းဖြစ်ခဲ့ရင် ကျွန်တော့်ရဲ့ အားကစားခန်းမက နောက်ထပ် အဆင့်အတန်းတစ်ခုကို မြင့်
တက်သွားမှာ အသေအချာပါပဲ”
ကျန်ကျွန်းက စကားပြောနေစဉ် မင်ယွဲ့၏ မျက်နှာအမူအရာကို အမြဲစောင့်ကြည့်နေသော်လည်း သူမမှာ မည်သို့မျှ တုန်လှုပ်မှုမရှိသည်ကို တွေ့လိုက်ရသည်။