← Chapters

အခန်း (၄၆၃-၄၆၄)

Vol. 47 Ch. 463-464

အခန်း (၄၆၃-၄၆၄)

Vol. 47 Ch. 463-464

အခန်း (၄၆၃) ကောင်းကင်က ဖန်ဆင်း

ပေးလိုက်တဲ့ ဖူးစာရှင်များ

ချစ်ပ်ပြား (Chip) နည်းပညာ၏ ဖြစ်ပေါ်တိုးတက်မှု သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ဆယ်စုနှစ်အနည်းငယ်အတွင်း ဒိုင်အုတ် များမှသည် ပထမဆုံး ကွန်ပျူတာ ပေါ်ထွန်းလာခြင်း၊ ထို့နောက် အဆင့်မြင့် ပေါင်းစပ်ပတ်လမ်း များဆီသို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းလာသည်ကို တွေ့ရပေလိမ့်မည်။

ကျွန်ုပ်တို့ ပြောဆိုနေကြသော သတင်းအချက်အလက်ခေတ် ဆိုသည်မှာ အနှစ်သာရအားဖြင့် 'ချစ်ပ်ပြားခေတ်' ပင် ဖြစ်သည်။

၎င်းတို့သည် ခေတ်သစ် သတင်းအချက်အလက် နည်းပညာ၏ အခြေခံအုတ်မြစ် ဖြစ်သလို၊ စက်မှုတော်လှန်ရေးပြီးနောက် ပေါ်ပေါက်လာသည့် အခြားသော ကြီးမားသည့် အသွင်

ကူးပြောင်းမှုကြီးတစ်ခုလည်း ဖြစ်သည်။

အီလက်ထရွန်နစ် ချစ်ပ်ပြားများသည် သတင်းအချက်အလက်ခေတ်၏ အခြေခံအဆောက်အအုံ ဖြစ်ခဲ့လျှင်၊ အနာဂတ်၏ 'ဉာဏ်ရည်တု' (AI) ခေတ်မှာမူ 'အလင်းလှိုင်း ချစ်ပ်ပြား' များ၏ သုတေသနနှင့် တိုးတက်မှုအပေါ်တွင်သာ ပိုမိုမှီခိုရပေတော့မည်။

ထို့ကြောင့် မင်ယွဲ့သည် ဤအချက်ကို မြင်လိုက်ရသည်နှင့် ရှင်းယောင်းလုပ်ငန်းစုသည် ဉာဏ်ရည်တုနှင့် ဆက်စပ်သော သုတေသနများကို ပြုလုပ်ရန် ရည်ရွယ်နေကြောင်း ချက်ချင်း နားလည်လိုက်သည်။

သူမသည် ဤကဲ့သို့သော အရာများကို အလွန်အမင်း စိတ်ဝင်စားသူဖြစ်ပြီး ယခင်က 'စနစ်' ကိုပင် ဖြုတ်ယူ၍ လေ့လာရန် ကြံစည်ခဲ့ဖူးသော်လည်း ယွမ်ပေါ့က အတင်းအကျပ် တားမြစ်ခဲ့ဖူးသည်။

ကမ္ဘာမြေ၏ လက်ရှိနည်းပညာဖြင့် နောက်ထပ် နှစ်ပေါင်းတစ်သောင်းခန့် တိုးတက်လာလျှင်ပင် စနစ်၏ လည်ပတ်ပုံ နိယာမကို နားလည်နိုင်ရန် မဖြစ်နိုင်သေးကြောင်း ယွမ်ပေါ့က ဆိုခဲ့သည်။

"ဟုတ်တယ်၊ အလင်းလှိုင်း ချစ်ပ်ပြားတွေပေါ့အချက်အလက် သယ်ဆောင်သူအဖြစ် အီလက်ထရွန်တွေအစား 'ဖိုတွန်' တွေကို သုံးတာက ပိုကောင်းတယ်ဆိုတာ လူတိုင်း လက်ခံထားကြတယ်

ဒါပေမဲ့ အခုချိန်မှာတော့ ဒါက သီအိုရီအဆင့်ပဲ ရှိပါသေးတယ် ထုတ်လုပ်မှုအပိုင်းမှာ အလွန်အမင်း တိကျတဲ့ လုပ်ငန်းစဉ်တွေ လိုအပ်သလို လက်ရှိမှာတော့ ကုန်ထုတ်လုပ်မှု အခက်အခဲက အရမ်းကြီးမားနေတုန်းပဲ"

အင်ဂျင်နီယာချုပ် ရန်၏ လေသံမှာ စိတ်ပျက်နေဟန် ပေါက်သော်လည်း မင်ယွဲ့ကမူ ထိုလေသံထဲ၌ ကြီးမားသော မျှော်လင့်ချက် တစ်စုံတစ်ရာကို ကြားနေရသည်။

"ဦးလေးရန်က သုတေသန လမ်းကြောင်းမှန်တယ်၊ သီအိုရီ အခြေခံလည်း ခိုင်မာတယ်လို့ ယုံကြည်နေသရွေ့တော့ ဒီယာယီ အခက်အခဲကို ကျော်လွှားနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်"

သူမ၏ အားပေးစကားမှာ သူတို့အတွက် မလိုအပ်ဟု ထင်ရသော်လည်း မင်ယွဲ့၏ စကားကို ကြားလိုက်ရချိန်တွင် ဦးလေးရန်၏ မျက်ဝန်းများ တောက်ပသွားသည်ကို သူမ အထင်အရှား မြင် လိုက်ရသည်။

"မင်းလည်း အဲဒီလို ထင်တာလား၊ ငါလည်း ငါတို့ ဒီအတိုင်း ဆက်သွားသင့်တယ်လို့ပဲ ထင်တယ်"

ရန်ဂေါင်သည် အလွန် စိတ်လှုပ်ရှားသွားသည်။

သိပ္ပံသုတေသနအကြောင်း ပြောဆိုသည့်အခါ သူသည် တည်တင်းနေသော အဘိုးကြီးတစ်ဦး မဟုတ်တော့ဘဲ ပြတ်သားတိကျကာ စူးစမ်းလိုစိတ် ပြင်းပြနေသည့် ပညာရှင်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

မင်ယွဲ့ကဲ့သို့ ပါရမီရှင်တစ်ဦး၏ အသိအမှတ်ပြုမှုကို ရရှိလိုက်ခြင်းက သူ့ကို လွန်စွာ ပီတိဖြစ် စေသည်။

မင်ယွဲ့က ခေါင်းညိတ်ပြလိုက်သည်ကို မြင်သောအခါ သူသည် သုတေသနတွင် ကြုံတွေ့နေရသော အခက်အခဲများကို စိတ်အားထက်သန်စွာ ရှင်းပြတော့သည်။

မင်ယွဲ့သည် စည်းကမ်းနှင့် ဘောင်ကို အလွန်တန်ဖိုးထားသူဖြစ်သည်။ မိုဟန်ကျီက သူမအပေါ် အစစအရာရာ ပွင့်လင်းသော်လည်း သူမသည် ကုမ္ပဏီ၏ လျှို့ဝှက်ချက်များ၊ သုတေသနဌာန၏ အရေးကြီးသော အချက်အလက်များနှင့် အဓိက စာရွက်စာတမ်းများကို ဘယ်သောအခါမျှ အခွင့်ကောင်းယူ၍ ကြည့်ရှုခြင်း မရှိပေ။

အင်ဂျင်နီယာချုပ် ရန်နှင့် သူ၏အဖွဲ့ကလည်း သူမအား သူတို့၏ အတွေ့အကြုံများကိုသာ မျှဝေကြပြီး အရေးကြီးသော လျှို့ဝှက်အချက်အလက်များကိုမူ ထုတ်ဖော်ခြင်း မရှိကြပေ။

သို့သော်လည်း ဤဝါရင့် ပညာရှင်ကြီးများ၏ လက်တွေ့အတွေ့အကြုံများမှာ မည်သည့်နေရာတွင်မှ ဝယ်ယူ၍မရနိုင်သော ရတနာများဖြစ်သဖြင့် မင်ယွဲ့က အလွန် စိတ်ဝင်တစား နားထောင်နေမိသည်။

"ကျွန်မ သုတေသနဌာနတစ်ခု တည်ထောင် ချင်တယ်"

တစ်နေ့တွင် မင်ယွဲ့က ဤကိစ္စကို ထုတ်ဖော် ပြောဆိုလိုက်သည်။

မိုဟန်ကျီမှာ အံ့ဩခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် မင်ယွဲ့သည် သူမ လုပ်ချင်သည့်အရာကို မဖြစ်မနေ လုပ်ဆောင်တတ်သူ ဖြစ်ကြောင်း သူ သိနေသောကြောင့်ပင်။

နောက်ပိုင်းတွင် သူမ၏ အိမ်၌လည်း ချစ်ပ်ပြားများနှင့် သိပ္ပံသုတေသန စာအုပ်များဖြင့် ပြည့် နှက်နေလေပြီ။

"ငါတို့က မိသားစုတွေပဲဥစ္စာ၊ ငါက ရှယ်ယာရှင် အဖြစ် ပါဝင်လို့ရမလား"

သူသည် သူမနှင့် ဘဝတွင်သာမက လုပ်ငန်းခွင်၌ပါ ပိုမိုနီးကပ်စွာ ဆက်စပ်နေလိုသည်။

"အင်အားကြီးတဲ့ နောက်ခံလူရှိတာက ကောင်းတာပေါ့ ဒါပေမဲ့ နင့်မှာ 'ယန်ကျင်း သုတေသနဌာန' တစ်ခုလုံး ရှိနေတာပဲ၊ ဘာလို့ ငါနဲ့အတူ အသစ်တစ်ခု ထပ်ဆောက်ချင်ရတာလဲ"

မင်ယွဲ့က သူ၏ စားပွဲဘေးက ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ သူမ မကြာခဏ လာတတ်သဖြင့် မိုဟန်ကျီက သူမအတွက် ကုလားထိုင်တစ်လုံးကို အမြဲ အဆင်သင့် ထားပေးထားတတ်သည်။

"ယန်ကျင်း သုတေသနဌာနက အခု နင့်အပိုင် ဖြစ်နေပြီပဲ၊ ဘာလို့ အသစ်တစ်ခု ထပ်လုပ်ချင်ရတာလဲ"

မိုဟန်ကျီက အဖြေမပေးဘဲ မေးခွန်းပြန်ထုတ် လိုက်သည်။

"အဲဒါက နင့်အပိုင်လေ"

မင်ယွဲ့က ဆိုလိုက်သည်။

"ဒါဆိုရင် အခုပဲ ပိုင်ဆိုင်မှု လွှဲပေးမယ်၊ နင့်အပိုင် ဖြစ်သွားမှာပေါ့"

မိုဟန်ကျီ၏ ပုံစံမှာ နောက်ပြောင်နေဟန် မရှိပေ။

မင်ယွဲ့က သက်ပြင်းတစ်ချက်ချကာ မချိပြုံး ပြုံးလိုက်ရင်း—

"ကဲပါ... ကိုကို့ ကို ရင်းနှီးမြှုပ်နှံခွင့် မပေးဘူးလို့ ပြောနေတာမှ မဟုတ်တာ၊ ဘာလို့ ပိုင်ဆိုင်မှုလွှဲဖို့ပဲ ဇွတ်ပြောနေရတာလဲ ရော့... ဒါက ကိုကိုအတွက် လက်ဆောင်၊ ငါကိုယ်တိုင် ထွင်းထားတာ"

မင်ယွဲ့က ကုတ်အင်္ကျီအိတ်ကပ်ထဲမှ သစ်သားပန်းပုရုပ်လေး နှစ်ရုပ်ကို ထုတ်ပေးလိုက်သည်။ မိုဟန်ကျီ၏ မျက်ဝန်းထဲတွင် ချက်ချင်းပင် ပျော် ရွှင်မှု အလင်းတန်းများ ဖြတ်ပြေးသွားသည်။

"မင်းပေးတဲ့ ဘယ်အရာမဆို ငါ အကုန်ကြိုက် တယ်"

သူသည် မင်ယွဲ့၏ ပါးပြင်ကို မြတ်မြတ်နိုးနိုး နမ်းလိုက်ပြီး၊ လက်ရာမြောက်လှသော 'မင်းသားလေး' ပန်းပုရုပ်လေးများကို ကြည့်ရင်း တခြားပါးတစ်ဖက်ကိုလည်း ထပ်မံ နမ်းလိုက်ပြန်သည်။

"အဲဒီလောက်တောင် ကြိုက်လို့လား"

မင်ယွဲ့က သူမ၏ ပါးပြင်ကို အသာထိရင်း မျက်လုံးလေးများ မှေးစက်သွားသည်အထိ ပြုံးလိုက်သည်။

မိုဟန်ကျီက သူမ၏ မျက်နှာနားသို့ ရုတ်တရက် တိုးကပ်လာသောအခါ မင်ယွဲ့သည် အလိုလို မျက်လုံးမှိတ်လိုက်မိသည်။ နွေးထွေးသော အထိအတွေ့တစ်ခုက တုန်ယင်နေသော မျက်ခွံများပေါ်သို့ ကျရောက်လာသည်။

"အပြင် ခဏထွက်ပြီး လမ်းလျှောက်ဦးမယ်၊ အလုပ်ပဲ အာရုံစိုက် လုပ်တော့"

ရုံးခန်းအတွင်း အပူရှိန် မြင့်တက်လာသကဲ့သို့ ခံစားရသဖြင့် မင်ယွဲ့သည် ရှက်ရှက်နှင့် အလျင်အမြန် ထွက်ပြေးသွားတော့သည်။

မိုဟန်ကျီက သူမ၏ ပုံစံကို ကြည့်ကာ သဘောတကျ ရယ်မောနေမိသည်။

သူသည် သစ်သားရုပ်လေးနှစ်ရုပ်ကို ကွန်ပျူတာဘေးတွင် အလှဆင်ပစ္စည်းအဖြစ် အမြတ်တနိုး တင်ထားလိုက်သည်။

'မင်းသားလေးနှင့် နှင်းဆီ'၊ 'မင်းသားလေးနှင့် မြေခွေး'။

သူသည် ထိုရုပ်လေးများကို ကြည့်ရင်း မျက်ဝန်းများမှာ မေတ္တာရိပ်တို့ဖြင့် ပြည့်လျှံနေသည်။

လက်ထောက်လင် ဝင်လာသောအခါ ဥက္ကဋ္ဌမိုသည် ထိုရုပ်လေးများကို ကြည့်ကာ ငေးမောနေသည်ကို တွေ့လိုက်ရသည်။

"မိုဟန်ကျီ၊ ဒါက 'မင်းသားလေး' မဟုတ်လားကျွန်တော့်ရည်းစားလည်း ဒါကို အရမ်းကြိုက် တာ၊ ဝယ်တဲ့နေရာလေး လင့်ခ် (Link) ပေးလို့ရမလားခင်ဗျာ"

မိုဟန်ကျီက သူ့ကို လှည့်ကြည့်လိုက်သောအခါ မျက်ဝန်းထဲက နူးညံ့မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး အလုပ်သဘောအတိုင်း တည်ငြိမ်သွားသည်။

"ဒါက ယွဲ့ယွဲ့ပေးတဲ့ လက်ဆောင်ပဲ၊ သူကိုယ်တိုင် ထွင်းထားတာ"

လက်ထောက်လင်သည် အခြေအနေကို ချက်ချင်းရိပ်မိသွားကာ အလိုက်တသိ မြှောက်ပင့်လိုက်သည်။

"ဩော်... မစ္စ မင်ယွဲ့ကိုယ်တိုင် ထွင်းထားတာလား၊ ဒါကြောင့် ဒီလောက်တောင် အသက်ဝင်နေတာကိုး သူက ဥက္ကဋ္ဌကို တကယ့်ကို အလေးအနက် ချစ်တာပဲနော်"

"ငါလည်း သူ့ကို ချစ်တာပဲ"

မိုဟန်ကျီက ဂုဏ်ယူဝင့်ကြွစွာ ပြန်ပြောလိုက် သည်။

လက်ထောက်လင်မှာ အချစ်အဆိပ်သင့်နေသော ဥက္ကဋ္ဌ၏ စကားများကို ပြုံးပြုံးလေး နားထောင်နေရသော်လည်း စိတ်ထဲတွင်မူ အံ့ဩနေမိသည်။

"လက်ထောက်လင်၊ ဒီရက်ပိုင်း မင်း ပင်ပန်းနေပြီ မနက်ဖြန် မင်းကို အထူးခွင့်တစ်ရက်ပေးမယ်၊ ပြီးတော့ ဘောနပ်စ် ငွေ ငါးသောင်းလည်း ပေးမယ် မင်းရဲ့ ရည်းစားနဲ့ အချိန်ကောင်းလေးတွေ ကုန်ဆုံးလိုက်ဦး"

မိုဟန်ကျီသည် သူ၏ စကားများကို ကျေနပ်သွားသဖြင့် ဆုလာဘ်များ ပေးလိုက်ခြင်း ဖြစ်သည်။

လက်ထောက်လင်မှာ ဝမ်းသာအားရ ဖြစ်သွားတော့သည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌမို ဥက္ကဋ္ဌနဲ့ မစ္စ မင်ယွဲ့တို့က တကယ့်ကို ကောင်းကင်က ဖန်ဆင်းပေးလိုက်တဲ့ ဖူးစာရှင်တွေပါပဲ မင်္ဂလာဆောင် ရင်လည်း မင်္ဂလာဖိတ်စာ စောင့်နေပါ့မယ်"

လက်ထောက်လင်သည် တံခါးကို အလိုက်တသိ ပြန်ပိတ်ကာ ပျော်ရွှင်စွာ ထွက်လာခဲ့သည်။

မင်ယွဲ့ အနားမှ ဖြတ်သွားချိန်တွင် လက်ထောက်လင်တစ်ယောက် ထောင့်တစ် နေရာ၌ တစ်ယောက်တည်း ပြုံးဖြီးဖြီး ဖြစ် နေသည်ကို သူမ တွေ့လိုက်ရသည်။

အခန်း (၄၆၄) အနာဂတ်၏ သခင်လေးထံသို့ ရည်စူး၍

"လက်ထောက်လင်"

မင်ယွဲ့က ခပ်တိုးတိုး ခေါ်လိုက်ရာ လက်ထောက်လင်က မော့ကြည့်လာပြီး သူ၏ အပြုံးများမှာ ပိုမိုကျယ်ပြန့်သွားသည်။

"မစ္စ မင်ယွဲ့... ကျွန်တော် ဥက္ကဋ္ဌနဲ့ မစ္စတို့ကို ထာဝရလက်တွဲပြီး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ"

မင်ယွဲ့သည် ခဏမျှ ရပ်တန့်ကာ လက်ထောက်လင်ကို ကြည့်ပြီး နားလည်ရခက်သော စကားတစ်ခွန်းကို ဆိုကာ ထွက်ခွာသွားတော့သည်။

"စားသောက်ဆိုင်မှာ ဘိုကင် လုပ်ထားပြီးပြီ၊ သွားကြစို့"

မိုဟန်ကျီက ဝတ်စုံပြည့် အင်္ကျီကို ဝတ်ဆင်လိုက်ပြီးနောက် မင်ယွဲ့၏ လက်ကိုတွဲကာ ဓာတ်လှေကားအတွင်းသို့ ဝင်ရောက်ခဲ့သည်။

"ဒီလို အရပ်အမောင်းကွာခြားချက်နဲ့ ကိုယ်လုံးကိုယ်ပေါက် ကွာခြားမှုကို ငါ သဘောအကျဆုံးပဲ"

"တကယ့်ကို ကာတွန်းစာအုပ်ထဲက အတိုင်းပဲ သူတို့နှစ်ယောက်လုံးရဲ့ လက်တွေက လှလိုက်တာ တစ်ယောက်က လက်ဆစ်တွေ ထင်ရှားပြီး ကျော့ရှင်းတယ်၊ နောက်တစ်ယောက်ကတော့ သွယ်လျပြီး ဖြူဖွေးနေတာပဲ လက်ချောင်းလေးတွေ ယှက်သွယ်ထားပြီး သွေးကြောစိမ်းလေးတွေ အနည်းငယ် ပေါ်လွင်နေတာကို ကြည့်ရတာ ရင်ခုန်စရာကောင်းလိုက်တာ"

"နင်တို့ ဘာတွေ တိုးတိုးတိုးတိုး ပြောနေကြတာလဲ"

အမျိုးသားဝန်ထမ်းတစ်ဦးက အမျိုးသမီးဝန်ထမ်းနှစ်ဦး စကားပြောနေသည်ကို မြင်၍ အနားသို့ ရောက်လာသည်။

သူတို့၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်သော်လည်း ထွက်ခွာသွားသော မိုဟန်ကျီနှင့် မင်ယွဲ့တို့၏ ကျောပြင်ကိုသာ မြင်လိုက်ရတော့သည်။

စားသောက်ဆိုင်သို့ ရောက်သောအခါ မိုဟန်ကျီက ရှေ့တွင်ရှိသော အမဲသားကင် ကို အစိတ်စိတ်အမြွှာမြွှာ လှီးဖြတ်ပေးပြီးနောက် မင်ယွဲ့၏ ပန်းကန်နှင့် လဲလှယ်ပေးလိုက်သည်။

"ငါ စားပြီးပြီလေ"

မင်ယွဲ့သည် ထိုအမဲသားကင်ကို စားပြီးဖြစ်သဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။

"ရပါတယ်"

မိုဟန်ကျီကမူ ဘာမှမဖြစ်သလိုပင်။ သူကပင် ဂရုမစိုက်ဟု ဆိုထားသဖြင့် မင်ယွဲ့မှာလည်း ပြောစရာ စကားမရှိတော့ပေ။

"သခင်ကြီးနဲ့ သခင်မ... ဒီနေ့အတွက် ကျွန်တော်တို့ဆိုင်ရဲ့ (၁၀၀) ယောက်မြောက် စုံတွဲဖြစ်တဲ့အတွက် ဆိုင်ကနေ အထူးဟင်းလျာတစ်ပွဲ လက်ဆောင်ပေးပါရစေ အရသာရှိရှိ သုံးဆောင်တော်မူပါ"

မင်ယွဲ့နှင့် မိုဟန်ကျီတို့မှာ ဤမျှ တိုက်ဆိုင်မှုမျိုး ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

"ကျေးဇူးတင်ပါတယ်"

သူတို့နှစ်ဦးက ပြိုင်တူ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဝန်ထမ်း၏ စကားကို ကြားလိုက်ရသော ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း သူတို့နှစ်ဦးကို ဆုတောင်းစကားများ ဆိုကြသည်။

ဤအနောက်တိုင်း စားသောက်ဆိုင်မှာ စည်ကားရာအရပ်တွင် ရှိသဖြင့် နိုင်ငံခြားသား ဧည့်သည်များစွာကို ဆွဲဆောင်ထားလေရာ မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် ဘာသာစကားမျိုးစုံဖြင့် ဆုတောင်းပေးမှုများကို ကြားနေရသည်။

"နင်တို့ရဲ့ ဆုတောင်းစကားတွေအတွက် ကျေးဇူးတင်ပါတယ်၊ နင်တို့လည်း ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေ"

"ကျေးဇူးပဲ"

မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် ဝိုင်ခွက်များကို မြှောက်ကာ အရပ်မျက်နှာအသီးသီးသို့ ဂုဏ်ပြုနှုတ်ဆက်ရင်း ဝိုင်တစ်ငုံကို မြည်းစမ်းလိုက်ကြသည်။

ထို့နောက် အားလုံးကိုလည်း လွတ်လပ်စွာ သုံးဆောင်ရန် လက်ဟန်ပြလိုက်သည်။

"ဒီပီယာနိုကို တီးလို့ရလားဟင်"

မင်ယွဲ့သည် စားသောက်ဆိုင်၏ အလယ်ဗဟိုတွင် အထူးပြင်ဆင်ထားသော စင်မြင့်ထက်က ပီယာနိုကြီးကို သတိပြုမိသွားသည်။

"အို... သခင်မသာ တီးခတ်ပေးမယ်ဆိုရင် ကျွန်တော်တို့ဆိုင်အတွက် ဂုဏ်ယူစရာပါပဲခင်ဗျာ"

စားပွဲထိုးက ဝမ်းမြောက်ဝမ်းသာ ဖိတ်ခေါ် လိုက်သည်။

ဤပီယာနိုမှာ ဧည့်သည်များ တီးခတ်ရန်အတွက် ထားရှိခြင်းဖြစ်ပြီး ဆိုင်မှလည်း ပီယာနိုပညာရှင်များကို မကြာခဏ ဖိတ်ကြားလေ့ရှိသည်။

ဆုတောင်းပေးမှုများကို လက်ခံရရှိထားသော လှပသည့် မိန်းကလေးငယ်သည် စင်မြင့်ထက်သို့ လှမ်းတက်သွားကာ ပီယာနိုရှေ့တွင် ဝင်ထိုင်လိုက်သည်ကို အားလုံးက စောင့်ကြည့်နေကြသည်။

မိုဟန်ကျီ၏ အကြည့်များမှာ သူမထံတွင်သာ စွဲထင်နေသည်။

"ဒါဆို... ကျွန်မရဲ့ အနာဂတ် သခင်လေးအတွက် သီချင်းတစ်ပုဒ် တီးခတ်ပေးပါ့မယ်"

မိုဟန်ကျီ၏ ရင်ထဲတွင် မည်မျှအထိ စိတ်လှုပ်ရှားသွားသည်ကို မည်သူမျှ မသိနိုင်ပေ။

'ချစ်သူ' ဟူသော တိုက်ရိုက်ဆန်သည့် စကားလုံး၊ 'ခင်ပွန်း' ဟူသော ရင်းနှီးသည့် စကားလုံးတို့နှင့် နှိုင်းယှဉ်လျှင် 'သခင်လေး' (Sir) ဟူသော ခေါ်ဝေါ်မှုမှာ ပို၍ပင် ရင်တွင်းထိ စိမ့်ဝင်သွားစေသည်။

ထိုခေါ်ဝေါ်မှုမှာ သိမ်မွေ့သော်လည်း လေးနက်လှကာ သူမ၏ အချစ်များကို လျှို့ဝှက်စွာ ဖုံးကွယ်ထားသကဲ့သို့ ရှိသည်။

သူသည် 'အနာဂတ်' ဟူသော စကားလုံးကို အလိုလို လျစ်လျူရှုလိုက်ပြီး မင်ယွဲ့ ပြောလိုက်သော 'သခင်လေး' ဟူသည့် စကားမှာ ထုတ်မပြောဖြစ်သော 'ငါ နင်ကို ချစ်တယ်' ဟူသည့် အဓိပ္ပာယ်ပင် ဖြစ်ကြောင်း ခံစားလိုက်ရသည်။

ယခုအခါတွင် သူသည် အပြေးအလွှား သွားကာ သူမကို တင်းကျပ်စွာ ပွေ့ဖက်ပြီး နမ်းရှိုက်လိုက်ချင်သော်လည်း ရှက်တတ်သော သူ၏ ဇနီးလောင်းလေး လန့်သွားမည်ကို စိုးရိမ်သဖြင့် စိတ်ကို ထိန်းချုပ်ထားလိုက်သည်။

မင်ယွဲ့သည် သူမ၏ အကြည့်များကို ပြန်လည် ရုပ်သိမ်းကာ ပီယာနိုပေါ်သို့ အာရုံစိုက်လိုက် သည်။

သူမ၏ လက်ချောင်းလေးများမှာ ခလုတ်များပေါ်သို့ ကျရောက်သွားသည်နှင့် တပြိုင်နက် သာယာကြည်နူးဖွယ် ဂီတသံစဉ်များမှာ စားသောက်ဆိုင်အတွင်း ပျံ့လွင့်သွားတော့သည်။

စားသောက်ဆိုင် တစ်ခုလုံးတွင် ပန်းရောင်ပူဖောင်းလေးများ ဝန်းရံထားသကဲ့သို့ ဖော်ပြ၍မရသော ရင်ခုန်သံများ မြင့်တက်လာသည်။

ဂီတ၏ စွမ်းအားကို လူတိုင်း ခံစားမိနေကြပြီဖြစ်သည်။ အချို့လူများမှာ ဖုန်းများဖြင့် ဗီဒီယိုရိုက်ကူးနေကြပြီဖြစ်သည်။

"ဒါဟာ အချစ်ကို ဝန်ခံလိုက်တာလား၊ ပီယာနိုသံထဲမှာ အချစ်တွေကို ငါ ခံစားမိနေတယ်"

"အို... အံ့ဩစရာပါပဲ၊ အဲဒီအမျိုးသမီးလေးက သူ့ရဲ့ သခင်လေးကို ချစ်ခွင့်ပန်နေတာပဲ ဒီအမျိုးသားကတော့ ဤမျှ ထူးချွန်ထက်မြက်ပြီး လှပတဲ့ ချစ်သူကို ပိုင်ဆိုင်ထားရလို့ တကယ်ပဲ ကံကောင်းတာပဲ"

ကျွမ်းကျင်သူများမှာ ဂီတ၏ သိမ်မွေ့နက်နဲမှုများကို ကြားနိုင်သော်လည်း သာမန်လူများမှာမူ ထိုသံစဉ်သည် ပျော်ရွှင်စရာလား သို့မဟုတ် ဝမ်းနည်းစရာလား ဆိုသည်ကိုသာ ခံစားနိုင်သည်။

မင်ယွဲ့၏ လက်ရာမြောက်လှသော တီးခတ်မှုကြောင့် ပရိသတ်များမှာ မြင်ကွင်းထဲ၌ ကိုယ်တိုင်ရောက်ရှိနေသကဲ့သို့ ခံစားရကာ သူမ၏ တေးသံစဉ်မှ စီးဆင်းလာသော ပြည့်လျှံနေသည့် မေတ္တာတရားများကို အတိုင်းသား မြင်တွေ့နေရသည်။

မေတ္တာဓာတ်များ ပိုမိုပြင်းထန်လာသည်နှင့်အမျှ တေးသံစဉ်များမှာလည်း ပိုမိုမြန်ဆန်လာကာ မင်ယွဲ့၏ လက်ချောင်းလေးများမှာ ပီယာနိုခလုတ်ပေါ်တွင် ကခုန်နေသော နတ်မိမယ်လေးများအလား မြင်တွေ့ရသည်။

စိတ်လှုပ်ရှားမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီးနောက်တွင်မူ ရုတ်တရက်ဆိုသလို ပြန်လည် အေးငြိမ်သွားပြန်သည်။

ပီယာနိုခလုတ်တစ်ခုချင်းစီကို တီးခတ်လိုက်တိုင်း ပရိသတ်များ၏ နှလုံးသားအတွင်းသို့ ထိထိရှရှ တိုးဝင်သွားသည်။

၎င်းသည် "နင် ငါ့ကို ချစ်လား" ဟု မေးမြန်းနေသကဲ့သို့ ရှိသလို၊ "ငါ နင်ကို ချစ်တယ်၊ အကြိမ်ပေါင်း ထောင်သောင်းမက ချစ်တယ်" ဟု ပြန်လည် ဖြေကြားနေသကဲ့သို့လည်း ရှိနေသည်။

တီးခတ်မှု ပြီးဆုံးသွားသောအခါ မင်ယွဲ့က ထရပ်လိုက်သည်။

ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ပရိသတ်များထံမှ လက်ခုပ်သံများ ဟိန်းထွက်လာတော့သည်။

သူမ၏ ပြင်းပြသော စိတ်ခံစားမှုနှင့် ထူးကဲသော ပီယာနိုအတတ်ပညာကို များစွာသောသူတို့က ချီးကျူးဂုဏ်ပြုကြသည်။

မင်ယွဲ့က မော့ကြည့်လိုက်သောအခါ မေတ္တာရေစင်များ ပြည့်လျှံနေသော မိုဟန်ကျီ၏ မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသည်။

မိုဟန်ကျီသည် သူ၏ အမြဲတမ်း တည်ငြိမ်မှုများကို ဘေးချိတ်ကာ စိတ်မထိန်းနိုင်ဘဲ သူမထံသို့ အပြေးအလွှား ရောက်ရှိလာသည်။

မင်ယွဲ့သည်လည်း စင်ပေါ်မှ ဆင်းမသွားဘဲ လက်နှစ်ဖက်ကို ဆန့်တန်းကာ တောက်ပစွာ ပြုံးလျက် သူ၏ ရောက်ရှိလာမှုကို စောင့်ကြိုနေသည်။

လူအပေါင်း၏ ရှေ့မှောက်တွင် အမျိုးသားဖြစ်သူက အမျိုးသမီးကို စိတ်လှုပ်ရှားစွာဖြင့် တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး နှစ်ဦးသား မေတ္တာစမ်းရေ၌ နစ်မျောသွားကြတော့သည်။

ဘေးပတ်ဝန်းကျင်က လူများကလည်း ဤလှပသော အခိုက်အတန့်ကို မြင်တွေ့ရသဖြင့် သူတို့ကိုယ်တိုင်လည်း ပျော်ရွှင်မှုများ ရရှိကြသည်။

"မမ... မမက ပီယာနိုပညာရှင်လားဟင်"

တစ်စုံတစ်ယောက်က ကျယ်လောင်သောအသံဖြင့် မေးလိုက်သည်။ နှစ်ဦးသား ပွေ့ဖက်မှုကို လွှတ်လိုက်သော်လည်း လက်ချင်းကိုမူ ခိုင်မြဲစွာ တွဲထားဆဲဖြစ်သည်။

"အဲဒီလိုလည်း ပြောလို့ရပါတယ်"

မင်ယွဲ့က ပြုံးလျက် ပြန်ဖြေလိုက်သည်။

သူမသည် ဂီတအသင်း၏ ဝါရင့်အဖွဲ့ဝင်တစ်ဦး ဖြစ်သဖြင့် ပီယာနိုပညာရှင်ဟု ခေါ်ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။

မိုဟန်ကျီသည် မင်ယွဲ့ကို စားပွဲဆီသို့ ပြန်လည် ဦးဆောင်လာပြီး အစားအစာများကို ဆက်လက် သုံးဆောင်ကြသည်။

တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်တိုင်း သူတို့၏ မျက်ဝန်းများထဲတွင် နူးညံ့သော သံယောဇဉ် ရိပ်များဖြင့် ပြည့်နှက်နေသည်။

စုံတွဲတစ်တွဲမှာမူ တိုးတိုးတိတ်တိတ် စကားပြောရင်း ခုနက ရိုက်ကူးထားသော ဗီဒီယိုကို "ငါ၏ အလှဆုံးသော ပီယာနိုပညာရှင်လေးနှင့် ဆုံတွေ့ခြင်း"

ဟူသော စာသားဖြင့် အင်တာနက်ပေါ်သို့ တင်လိုက်ကြသည်။ ပီယာနိုတီးသည့် ဗီဒီယိုတစ်ခုက ဤမျှအထိ လှုပ်ခတ်သွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

အစပိုင်းတွင် လူတိုင်းက ထိုပီယာနိုတေးသံစဉ်မှာ အလွန်သာယာလှသဖြင့် သီချင်းအမည်ကို မေးမြန်းခဲ့ကြခြင်းဖြစ်သည်။

မင်ယွဲ့မှာမူ အွန်လိုင်းပေါ်က မှတ်ချက်များကို လုံးဝမသိရှိသဖြင့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

ထိုအချိန်တွင် အင်တာနက် အကျော်အမော် တစ်ဦး၏ ပရိသတ်များမှာ အုံနှင့်ကျင်းနှင့် ရောက်ရှိလာကြသည်။

"ဒီပီယာနိုတေးသွားက 'ရှောင်ယူ' ရဲ့ 'ပုံပြင်' သီချင်းကို မှီငြမ်းထားတာပဲ၊ မူရင်းကို လေးစားရမယ်လေ။

အားလုံး သွားနားထောင်ကြည့်လိုက်ကြဦး"

ဗီဒီယိုရိုက်ကူးသူမှာ ပီယာနိုနှင့် အနည်းငယ် ဝေးသဖြင့် မင်ယွဲ့၏ မျက်နှာမှာ ဝေဝါးနေပြီး ပီယာနိုကလည်း ကွယ်နေသဖြင့် သေချာမမြင်ရပေ။

"ပီယာနိုတီးတဲ့ မိန်းကလေးက တကယ်လှတာပဲလို့ မထင်ကြဘူးလား၊ ဝေဝါးနေပေမဲ့ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက ကျော့ရှင်းနေတာပဲ"

"ရယ်ရတယ်... နင်တို့လို အောက်တန်းစားတွေက ရုပ်ရည်ကိုပဲ ကြည့်တတ်ကြတာလား ဒီလောက်ဝေးတာကို အလှလေးမှန်း ဘယ်လိုသိတာလဲ"

"အလှတရားဆိုတာ ခံစားချက်တစ်ခုပဲ၊ ငါကတော့ သူ လှတယ်လို့ ခံစားရတယ်၊ နင့်ရဲ့ အသိအမှတ်ပြုမှု မလိုဘူး"

ရှောင်ယူ၏ ပရိသတ်များ ရောက်လာခြင်းက ပြဿနာများကို စတင်စေခဲ့သည်။

"ဘယ်သူမှန်း မသိတဲ့သူတစ်ယောက်က ပီယာနိုတေးသွားကို ပြန်စီစဉ်တီးခတ်တာနဲ့ပဲ အလှဆုံး ပီယာနိုပညာရှင်လို့ ခေါ်ထိုက်သလား"

"ဟုတ်တယ်၊ မူရင်းကို မလေးစားတဲ့သူက ပီယာနိုတီးဖို့ အရည်အချင်းမရှိဘူး သူက အမြဲတမ်း သူများဟာကိုပဲ ပြန်စီစဉ်တီးနေတာ မဟုတ်ဘူးလား"

မင်ယွဲ့မှာမူ အွန်လိုင်းပေါ်တွင် ဖြစ်ပျက်နေသည်များကို ဘာမှမသိဘဲ စနစ်အတွင်း၌သာ ပညာသင်ယူနေခဲ့သည်။

သူမ ပြန်ထွက်လာသောအခါ ဖုန်းထဲ၌ သူမ၏ စီနီယာ ကျောင်းသားများထံမှ ဖုန်းခေါ်ဆိုမှုများစွာကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ"

မင်ယွဲ့က တစ်ဦးချင်းစီ ပြန်ဖြေရန် ပျင်းနေသဖြင့် သူတို့၏ WeChat Group ထဲတွင် တိုက်ရိုက် မေးမြန်းလိုက်တော့သည်။

All Chapters