← Chapters

ဟိုက်ဖုအဆောက်အအုံ

Vol. 2 Ch. 15

ဟိုက်ဖုအဆောက်အအုံ

Vol. 2 Ch. 15

သေချာစွာ ညှိနှိုင်းဆွေးနွေးပြီးနောက် သူတို့နှစ်ဦးသည် လုပ်ငန်းနယ်ပယ် ကျယ်ပြန့်သော နည်းပညာကုမ္ပဏီတစ်ခုကို တည်ထောင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ကုမ္ပဏီအမည်ကို မင်ယွဲ့၏ "ယွဲ့" နှင့် နိုင်ငံတော်၏ ဂုဏ်ဆောင် "ဟွာ" ကို ပေါင်းစပ်ကာ ယွဲ့ဟွာ နည်းပညာ ဟု အမည်ပေးလိုက်၏။

အတန်းခေါင်းဆောင် ကျန်ဟင် သည် မင်ယွဲ့အပေါ် အပြည့်အဝ ယုံကြည်မှုရှိသူဖြစ်ရာ သူလုပ်ကိုင်နေသော ကုမ္ပဏီမှ ချက်ချင်းပင် အလုပ်ထွက်စာ တင်လိုက်တော့သည်။

သူတို့နှစ်ဦးစလုံးမှာ ဆုံးဖြတ်ချက်ပြတ်သားပြီး လက်တွေ့အကောင်အထည်ဖော်ရာတွင် လျင်မြန်သူများ ဖြစ်ကြသည်။ မင်ယွဲ့သည် သူမ၏ သူငယ်ချင်းအရင်းအခြာဖြစ်သူ ဝမ်ကျန်း ကိုလည်း ကုမ္ပဏီသို့ ဖိတ်ခေါ်ခဲ့ရာ သူတို့သုံးဦးမှာ ကုမ္ပဏီ၏ အစောဆုံးသော ဝါရင့်တည်ထောင်

သူများ ဖြစ်လာကြသည်။

မင်ယွဲ့တွင် ကြီးမားလှသော ရည်မှန်းချက်ကြီးများ မရှိပေ။ သူမ အလိုရှိသည်မှာ တစ်ပါးသူ၏ လက်အောက်တွင် အစေခံကျွန်ကဲ့သို့ အလုပ်မလုပ်လိုခြင်းနှင့် လောဘသား အရင်းရှင်ကြီးများ၏ ခေါင်းပုံဖြတ်ခြင်းမှ ကင်းဝေးလိုခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ကုမ္ပဏီကို အစပိုင်းတွင် အတိုင်းအတာတစ်ခုအထိသာ စတင်ရန် စီစဉ်ခဲ့သည်။ သို့မှသာ သူမ၏ ငွေကြေးစီးဆင်းမှု အရင်းအမြစ်ကိုလည်း သူတစ်ပါး သံသယမဝင်အောင် ဖုံးကွယ်ထားနိုင်မည်မဟုတ်ပါလား။ နေ့စဉ် အခြေခံဆုကြေး ၂၀,၀၀၀ အပြင် စုဆောင်းထားသည်များကို တွက်ချက်လိုက်လျှင် ယခုအခါ သူမ၌ စုစုပေါင်း ငွေကျပ် ၅,၄၆၂,၀၀၀ (ယွမ်) ရှိနေပြီဖြစ်သည်။

"အစဦး ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ၂ သန်း သုံးမယ်”

ကျန်ဟင်နှင့် ဝမ်ကျန်းတို့တွင် ငွေကြေးအမြောက်အမြား မရှိသော်လည်း လုပ်ငန်းတစ်ခုကို အတူတူ စတင်သည့်အခါ သူတို့ဘက်မှ တစ်စုံတစ်ရာ ထည့်ဝင်ခြင်းမရှိပါက ရေရှည်တွင် အဆင်မပြေနိုင်သည်ကို မင်ယွဲ့ နားလည်သည်။

"ယွဲ့ယွဲ့... ငါ မနေ့က ငါ့အဖေဆီကနေ ၂ သိန်း ချေးလာခဲ့တယ် ဒါကို ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုလို့ပဲ သတ်မှတ်ပေးပါ"

ဝမ်ကျန်းသည် အိမ်ပြန်ကာ သူမ၏ မိဘများကို အကျိုးအကြောင်း အခါခါ ရှင်းပြပြီး နားချခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် တစ်ဦးတည်းသောသမီး ဖြစ်နေသဖြင့် မိဘများက လူငယ်သဘာဝ စွန့်စားကြည့်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကျန်ဟင်ကမူ အနည်းငယ် စိုးရိမ်တုန်လှုပ်နေသော အမူအရာဖြင့် သူ၏ ဘဏ်ကတ်ကလေးကို အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။

"ငါ့မှာတော့... ၅ သောင်းပဲ ရှိတယ် ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါ ကုမ္ပဏီအတွက် အစွမ်းကုန် ကြိုးစားပေးမှာပါ"

သူ့စကားသံတွင် စိတ်လှုပ်ရှားမှုနှင့်အတူ တာဝန်သိစိတ်တို့ ရောယှက်နေသည်။

မင်ယွဲ့သည် သူတို့၏ အခက်အခဲကို နားလည်သဖြင့် မည်မျှရင်းနှီးသည်ကို ဂရုမစိုက်ပေ။ အမှန်စင်စစ် သူမဘာသာ တစ်ဦးတည်း ရင်းနှီးမြှုပ်နှံနိုင်သော်လည်း သူငယ်ချင်းများကို လက်တွဲခေါ်ယူလိုခြင်းသာ ဖြစ်သည်။

"ကောင်းပြီလေ... ကျန်းကျန်းက ရှယ်ယာ ၁၀ ရာခိုင်နှုန်း ယူ အတန်းခေါင်းဆောင်က ရင်းနှီးငွေ နည်းပေမဲ့ နောက်ပိုင်း ကုမ္ပဏီရဲ့ အလုပ်တွေက ရှင်မရှိလို့ မဖြစ်ဘူးလေ ဒါကြောင့် ရှင့်ကိုလည်း ရှယ်ယာ ၁၀ ရာခိုင်နှုန်း ပေးမယ် ဘယ်လိုလဲ"

မင်ယွဲ့၏ စကားမှာ ကျိုးကြောင်းဆီလျော်လှသည်။ သူမ၏ စနစ်ထဲတွင် စီးပွားရေးကဏ္ဍပါဝင်နေသဖြင့် အနာဂတ်တွင် ကုမ္ပဏီကို ကျန်ဟင်အား စီမံခန့်ခွဲခိုင်းရန် ရည်ရွယ်ထားပြီး ဖြစ်သည်။

ကျန်ဟင်သည် အံ့အားသင့်သွားကာ နှုတ်ခမ်းများ တုန်ယင်နေပြီးမှ လေးနက်သော အသံဖြင့်-

"မင်ယွဲ့... ဝမ်ကျန်း... ငါ မင်းတို့ကို လုံးဝ စိတ်ပျက်အောင် မလုပ်စေရဘူး"

အချိန်ကာလတို့သည် တဖြည်းဖြည်း ကုန်လွန်လာရာ နှစ်ကုန်ပိုင်းသို့ နီးကပ်လာခဲ့ပြီ။ ကျန်ဟင်နှင့် ဝမ်ကျန်းတို့မှာ ရုံးခန်းငှားရမ်းခြင်းနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်း ကိစ္စရပ်များကြောင့် အလွန်ပင် အလုပ်များနေကြသည်။

ထိုစဉ် မင်ယွဲ့၏ စိတ်အာရုံထဲသို့ အသံတစ်သံ ဝင်လာ၏။

【တိန်— အိမ်ရှင်၏ အသက်မွေးဝမ်းကျောင်းကဏ္ဍ စတင်ပါပြီ အတတ်ပညာ +၂၀၊ ဆုလာဘ်အဖြစ် ၂ သိန်း ရရှိသည်】

【အလုပ်အကိုင်- ၂၀ (အသေးစား လုပ်ငန်းရှင်)】

ယခင်က "အလုပ်လက်မဲ့" ဟု ပြထားသော အညွှန်းမှာ "အသေးစား လုပ်ငန်းရှင်" အဖြစ် ပြောင်းလဲသွားခဲ့ပြီ။

【တိန်— ယခုအကြိမ် ဆုလာဘ်မှာ ဟိုက်ဖုအဆောက်အအုံရှိ ရုံးခန်းအဆောက်အအုံ တစ်ခုလုံး ဖြစ်သည်】

"အား... ငါ ရူးတော့မှာပဲ အဆောက်အအုံ တစ်ခုလုံးကြီးလား ကျေးဇူးပဲ ယွမ်ပေါ့ရေ"

မင်ယွဲ့သည် သူမ၏ ဟန်ဆောင်မှုများကို ဘေးဖယ်ကာ အခန်းထဲတွင် ကခုန်နေတော့သည်။ အိမ်ရှင်မကြီး ဖြစ်လိုသော သူမ၏ ဆန္ဒမှာ အမှန်တကယ် ပြည့်ဝသွားခဲ့ပြီ။

ဟိုက်ဖုအဆောက်အအုံသည် မြို့၏ စီးပွားရေး အချက်အချာကျသော နေရာတွင် တည်ရှိပြီး အထပ်ပေါင်း ၃၈ ထပ်၊ စတုရန်းမီတာ ၃,၀၀၀ ကျယ်ဝန်းသည်။

ဤမျှကြီးမားသော အဆောက်အအုံကို ကိုယ်တိုင်ဝယ်ယူမည်ဆိုပါက ဘီလီယံနှင့်ချီ၍ ကုန်ကျပေလိမ့်မည်။

နောက်တစ်နေ့တွင် မင်ယွဲ့သည် ကျန်ဟင်နှင့် ဝမ်ကျန်းတို့ကို ဟိုက်ဖုအဆောက်အအုံသို့ ခေါ်ဆောင်လာခဲ့သည်။ အဆောက်အအုံ၏ အဝင်ဝတွင် ရပ်ကြည့်လိုက်သည့်အခါ ကောင်းကင်ယံသို့ ထိုးတက်နေသော အဆောက်အအုံကြီး၏ ခန့်ညားမှုကို တွေ့လိုက်

ရ၏။

"ယွဲ့ယွဲ့... နင် သေချာလို့လား ဒီနေရာက မြေဈေးက မိုးပျံနေတာနော်"

ဝမ်ကျန်းမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်

နေသည်။

မင်ယွဲ့ကမူ ရင်ထဲတွင် စိတ်လှုပ်ရှားမှုကြောင့် အော်ဟစ်နေမိသော်လည်း အပြင်ပန်းတွင် တည်ငြိမ်စွာဖြင့်-

"ဝင်ရအောင်"

သူတို့ အထဲသို့ ဝင်ရန် ပြင်လိုက်စဉ် လုံခြုံရေးဝန်ထမ်းတစ်ဦးက တားဆီးလိုက်သည်။

"နေပါဦး... ခွင့်ပြုချက်မရှိဘဲ ဝင်လို့မရဘူးခင်ဗျာ ချိန်းဆိုထားတာ ရှိလို့လား ဒါမှမဟုတ် အင်တာဗျူး လာတာလား"

ဝန်ထမ်းက သူတို့၏ ငယ်ရွယ်သော သဏ္ဌာန်ကိုကြည့်ကာ အလုပ်လာလျှောက်သူများဟု ထင်မြင်နေပုံရသည်။

"မဟုတ်ပါဘူး... ကျွန်မတို့က..."

မင်ယွဲ့ စကားမဆုံးမီမှာပင် အဆောက်အအုံအတွင်းမှ လူအုပ်စုတစ်စု ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူအုပ်ထဲတွင် သူမ ရင်းနှီးနေသော မျက်နှာတစ်ခု ပါဝင်နေသည်ကို တွေ့လိုက်ရရာ...။

All Chapters