← Chapters

မတည်ငြိမ်သော လောကဓံ

Vol. 2 Ch. 18

မတည်ငြိမ်သော လောကဓံ

Vol. 2 Ch. 18

မင်ယွဲ့ အိမ်သို့ ပြန်ရောက်သည့်အခါ လူကြီးနှစ်ဦးစလုံးမှာ အတော်ကလေး မူးယဉ်နေကြပြီဖြစ်သည်။

နှစ်သစ်ကူးရန် ရက်ပိုင်းသာ လိုတော့သည်ဖြစ်ရာ နယ်ဝေးရောက် ကျောင်းသားများနှင့် အလုပ်သမားများအားလုံး ရွာသို့ ပြန်လာကြမည်ဖြစ်၍ လမ်းပြင်သည့်အလုပ်ကို နှစ်သစ်ကူးပြီးမှသာ စတင်ရန် ဆုံးဖြတ်လိုက်ကြ၏။

မကြာသေးမီက မင်ယွဲ့၏ ဘဝသည် ပူပန်မှုကင်းမဲ့ကာ ပေါ့ပါးလွန်းနေသည်။ ကျောင်း၏ နောက်ဆုံးနှစ် စာမေးပွဲများကို သွားရောက်ဖြေဆိုခဲ့ရာတွင်လည်း ထုံးစံအတိုင်းပင် သူမသည် အတန်းထဲ၌ အဆင့် (၁) ရရှိခဲ့သည်။

ဘွဲ့ယူစာတမ်းမှာလည်း အချောသတ်ပြီးဖြစ်၍ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်ရန် မလိုတော့ပေ။ တစ်နေ့လျှင် ၂၀,၀၀၀ ယွမ်တိတိ ဝင်နေသော အခြေခံဝင်ငွေက သူမကို လုံခြုံမှု အပြည့်အဝ ပေးထားသည်။

မင်ယွဲ့သည် ကုမ္ပဏီအခြေအနေ တည်ငြိမ်သွားပြီဟု အကြောင်းပြကာ မိဘများအတွက် ဘဏ်

စာအုပ် သီးသန့်တစ်ခု ဖွင့်ပေးရန် စီစဉ်

ထားသည်။

ထိုအခါမှစ၍ နေ့စဉ်ရရှိသော ၂၀,၀၀၀ ယွမ်ကို မိဘများ၏ စာရင်းထဲသို့ တိုက်ရိုက်ထည့်သွင်းပေးကာ အသုံးစရိတ်အတွက် ပူပန်စရာမလိုအောင် ဖန်တီးပေးမည် ဖြစ်သည်။

ဘဏ်ဘက်မှလည်း သူမ၏ အဆင့်မြှင့်တင်ထားသော ဘလက်ကဒ် ကို လာရောက်ထုတ်ယူရန်နှင့် သီးသန့် အကောင့်မန်နေဂျာ တစ်ဦး ထားရှိပေးမည်ဖြစ်ကြောင်း အကြောင်းကြားလာခဲ့သည်။

နှစ်ကုန်ပိုင်း ကျောင်းပိတ်ရက်ဖြစ်၍ မောင်လေး မင်ချန် နှင့် ဝမ်းကွဲမောင်လေး မင်ကျောက် တို့ ရွာသို့ ပြန်ရောက်လာကြသည်။

"မမ..."

ဦးလေးဖြစ်သူက သူတို့ကို ကားဖြင့် လိုက်ပို့ပေးခြင်း ဖြစ်သည်။ နှစ်ကုန်ပိုင်းတွင် ဟိုတယ်လုပ်ငန်း အလွန်အလုပ်များသဖြင့် ဦးလေးဖြစ်သူမှာ ခေတ္တမျှသာ နေပြီး မြို့သို့ ပြန်သွား၏။ ကောင်လေးနှစ်ယောက်မှာ မင်ယွဲ့ကို မြင်သည်နှင့် ဝမ်းသာအားရ ပြေးလာကြသည်။ သူတို့သည် မင်ယွဲ့ကို အလွန်ချစ်ကြရုံသာမက ထူးချွန်ထက်မြက်သော အစ်မဖြစ်သူကို အားကျအတုယူကြသူများလည်း ဖြစ်သည်။

မင်ယွဲ့က သူတို့၏ ခရီးဆောင်အိတ်များကို လှမ်းယူပေးရာ မင်ချန်က ရှက်ကိုးရှက်ကန်းဖြင့် ငြင်းဆန်ရှာသည်။

"မမ... မလိုပါဘူး ကျွန်တော်တို့ဘာသာ သယ်ပါ့မယ်"

အထက်တန်းကျောင်းသားဘဝသို့ ကူးပြောင်းကာစ၊ ကိုယ့်ကိုယ်ကိုယ် ယောက်ျားရင့်မာကြီးဟု ထင်မှတ်နေကြသော အရွယ်များပီပီ မိန်းကလေးတစ်ဦး၏ အကူအညီကို ယူရသည်မှာ ရှက်စရာဟု သူတို့ ယူဆနေကြပုံရသည်။

"ဟင်းဟင်း... ဘယ်လိုသယ်မှာလဲ နင်တို့ ပစ္စည်းတွေက ဒီလောက်များတာကို"

မင်ယွဲ့သည် မောင်ဖြစ်သူ၏ ငတုံးပုံစံလေးကို ကြည့်ကာ တဟားဟား ရယ်မောမိတော့သည်။

"မမ... ကွန်ပျူတာ ဝယ်ပေးတာ ကျေးဇူးတင်ပါတယ်နော် အဲဒါက တော်တော်ဈေးကြီးတယ်လို့ သူငယ်ချင်းတွေ ပြောတာ ကြားတယ်"

မင်ချန်အတွက်မူ ဤကွန်ပျူတာလေးမှာ သူငယ်ချင်းများအကြား ပထမဦးဆုံးအကြိမ် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့သည့် အရာပင် ဖြစ်သည်။

သူသည် ဆင်းရဲခြင်းကို မမှုဘဲ မိဘနှင့် အစ်မဖြစ်သူ၏ မေတ္တာဖြင့်သာ ကျောင့်သက်သေခဲ့သူ ဖြစ်သော်လည်း၊ ကျေးရွာငယ်လေးမှ ထွက်ခွာကာ အပြင်လောကသို့ ရောက်ရှိသွားသည့်အခါ မိမိကိုယ်မိမိ ရေတွင်းထဲက ဖားတစ်ကောင်ကဲ့သို့ ခံစားခဲ့ရဖူးသည်။

သူငယ်ချင်းများက ခရီးသွားသည့်အကြောင်း၊ အနုပညာသင်တန်းများ တက်သည့်အကြောင်း ပြောဆိုကြသည့်အခါ သူသည် အကြည့်လွှဲကာ စာလုပ်နေသယောင် ဆောင်ခဲ့ရသည်။ အနှိမ်ခံရမည်ကို ကြောက်ရွံ့ခဲ့သော ထိုခံစားချက်များကို မင်ယွဲ့က နားလည်ပေးနိုင်ခဲ့သည်။

ကျောင်းတွင် မင်ချန်ကို နှိမ်ချလိုသော အတန်းဖော်အချို့က "အက်ပဲလ်” လက်ပ်တော့ပ်အကြောင်း လှောင်ပြောင်ပြောဆိုခဲ့ဖူးသော်လည်း၊ မင်ချန်က "ဒါ ငါ့အစ်မ ဘေဂျင်းကနေ ဝယ်ပေးလိုက်တာ" ဟု ပြတ်သားစွာ ပြန်လည်တုံ့ပြန်နိုင်ခဲ့သည်။

ရွာသို့ မင်ယွဲ့ ပြန်ရောက်လာသည့်အခါ မောင်လေးနှစ်ယောက်အတွက် သီးသန့်နည်းပြဆရာမလေး ဖြစ်သွားတော့သည်။ မင်ယွဲ့သည် ကျောင်းတက်စဉ်တစ်လျှောက်လုံး အချိန်ပိုင်း ကျူရှင်ဆရာမအဖြစ် လုပ်ကိုင်ခဲ့သဖြင့် ဘာသာရပ်ဆိုင်ရာ အသိပညာများမှာ သူမ၏ ဦးနှောက်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။

လူကြီးများ အိမ်ပြန်ရောက်လာသည့်အခါ ကလေးများ စာလုပ်နေကြသည်ကို မြင်ရသည်မှာ စိတ်ချမ်းမြေ့စရာ မြင်ကွင်းတစ်ခုပင်။ ရွာသူရွာသားများမှာလည်း မင်မိသားစု၏ ကောင်းမွန်သော ပညာရေးပတ်ဝန်းကျင်ကို အားကျကာ သူတို့၏ သားသမီးများကိုပါ မင်ယွဲ့တို့အိမ်သို့ လွှတ်၍ စာအတူတူ လုပ်ခိုင်းကြသည်။

ဦးလေးဖြစ်သူ၏ အိမ်ရှေ့ကွင်းပြင်လေးမှာ ယခုအခါ ကလေးငယ်များ၏ စာကျက်သံများဖြင့် စည်ကားနေသော ကျေးလက်စာသင်ဝိုင်းလေးအလား တင့်တယ်နေတော့သည်။

ထိုနေ့တွင် မြို့နယ်အဆင့် အရာရှိအချို့သည် ကျေးရွာအတွင်းသို့ လာရောက်စစ်ဆေးကြသည်။ လီအောက်ကျေးရွာသားများ ကိုယ်ပိုင်ငွေဖြင့် လမ်းပြင်ရန် လျှောက်ထားမှုကို အထက်က သိရှိထားပြီး ဖြစ်ရာ အတည်ပြုချက်ရရန်မှာ သေချာသလောက်ပင်။

"အဲဒီမိသားစုက လမ်းခင်းဖို့ ငွေလှူတဲ့ မိသားစုပေါ့ ကြည့်ပါဦး... သူတို့ကလေးတွေတင်မကဘူး၊ ရွာထဲက ကလေးတွေပါ အဲဒီမှာ စုပြီး စာသင်နေကြတာ"

ဟု ရွာသားတစ်ဦးက ဂုဏ်ယူစွာဖြင့် အရာရှိများကို ညွှန်ပြနေတော့သည်။

All Chapters