← Chapters

အခန်း (၄၉၃-၄၉၄)

Vol. 50 Ch. 493-494

အခန်း (၄၉၃-၄၉၄)

Vol. 50 Ch. 493-494

အပိုင်း (၄၉၃) တိုးတက်ပြောင်းလဲခြင်း

"ခင်ဗျားတို့ ဘယ်လိုလူမျိုးကို ငှားထားတာလဲ ဒီအခန်းကို ချက်ချင်းဖြတ်ထုတ်လိုက်"

ကျန်ကျွင်းသည် အလုပ်နှင့်ပတ်သက်လျှင် အလွန်ပင် တည်ကြည်လေးနက်သူဖြစ်ရာ သူ၏အမိန့်သံမှာ ပြတ်သားလွန်းလှသည်။

ယခုအစီအစဉ်မှာ ကြိုတင်ရိုက်ကူးထားခြင်းဖြစ်သဖြင့် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသော်လည်း အဓိကပြဿနာမှာ ထိုဒိုင်လူကြီးသည် ဆက်လက်ထားရှိရန် မသင့်တော်တော့ခြင်းပင် ဖြစ်သည်။

ဤလောကတွင် နောက်ခံအင်အားနှင့် ထူးကဲသော အရည်အချင်း အတိအကျမရှိဘဲ စကားကို ဆင်ခြင်တုံတရားမဲ့စွာ ပြောဆိုခြင်းမှာ မိမိကိုယ်ကိုယ် သတ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ထိုဒိုင်လူကြီးမှာ သီဆိုခြင်းတွင် ထူးချွန်သည်ဟု ဆိုနိုင်သော်လည်း ရင်းနှီးမြှုပ်နှံသူများက သူ့ကို ဦးစားပေးရလောက်သည့်အထိတော့ မဟုတ်ပေ။

ကျန်ကျွင်းသည် ထုတ်လုပ်ရေးအဖွဲ့နှင့် ဆွေးနွေးစရာရှိသဖြင့် မင်ယွဲ့ကိုပါ ခေါ်ဆောင်သွားခဲ့သည်။

ဝမ်ကျန်းမှာမူ ရိုက်ကူးရေးကို ဆက်လက်ကြည့်ရှုရန် ကျန်ရစ်ခဲ့သည်။

လုပ်ငန်းရှင်ကြီးအချို့သည် သူမထံမှ သတင်းအချက်အလက်အချို့ကို ပါးနပ်စွာ စုံစမ်းရန် ကြိုးစားကြသော်လည်း ဝမ်ကျန်းမှာ ကျောက်ဆောင်တစ်ခုကဲ့သို့ ခိုင်မာလွန်းလှရာ မည်သည့်အရာကိုမျှ မသိလိုက်ကြရပေ။

ဝမ်ကျန်းသည် ချန်ယွဲ့ဖျော်ဖြေရေးကို စတင်စီမံခန့်ခွဲခြင်းမပြုမီ ကျန်ဟင်၏ လက်ထောက်အဖြစ် နှစ်ရှည်လများ လုပ်ကိုင်ခဲ့သူဖြစ်ရာ စီးပွားရေးပါရမီရှင်တစ်ဦးမဟုတ်စေဦးတော့၊ လူမှုရေးနယ်ပယ်တွင် လှည့်ပတ်ပြောဆိုတတ်သော အရည်အချင်းမှာမူ အံ့မခန်းလှသည်။

သူမထံမှ မည်သည့်အချက်အလက်မျှ မရနိုင်ကြောင်း သိရှိသွားကြသည့်အခါ ထိုလူများသည် ဝမ်ကျန်းကို ဝိုင်းပယ်ထားလိုက်ကြသည်။

သို့သော် ဝမ်ကျန်း၏ တည်ငြိမ်အေးဆေးသော ဟန်ပန်မှာ အခြားသူများက သူမကို ဝိုင်းပယ်ထားခြင်းထက် သူမကသာ ထိုလူအုပ်စုကို အရေးမလုပ်ဘဲ သီးသန့်ခွဲထွက်နေသကဲ့သို့ပင် ထင်မှတ်ရစေသည်။

"ဒိုင်လူကြီးကို လဲလိုက်ပြီ"

ကျန်ကျွင်းသည် အစည်းအဝေးခန်းထဲသို့ ဝင်လာကာ တည့်တည့်ပင် ပြောလိုက်သည်။

"အဲဒီလူက လင်ကျင်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာပဲ မင်ယွဲ့ရဲ့ ကုမ္ပဏီက လူတွေက ကျွန်တော့်နယ်မြေထဲမှာ အနိုင်ကျင့်ခံနေရတာကိုတော့ ကြည့်မနေနိုင်ဘူး"

"ဟုတ်ကဲ့ပါ မစ္စတာကျန် သူ ဒီလိုလုပ်လိမ့်မယ်လို့ ကျွန်တော်တို့လည်း မမျှော်လင့်ထားမိပါဘူး အခု ရိုက်ကူးရေးက စနေပြီဆိုတော့ ဘယ်သူနဲ့ အစားထိုးရမလဲဆိုတာ မသိသေးလို့ပါ"

ထုတ်လုပ်သူ၏ အသံမှာ တိုးဝင်သွားသည်။

သူတို့သည် ပလက်ဖောင်း၏ ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော်လည်း ထျန်းယွမ်ဖျော်ဖြေရေးမှာ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ရာ ရိုက်ကူးရေးအစတွင်ပင် ပြဿနာတက်သွားခြင်းအတွက် အားနာစိတ်ဖြင့် မျက်နှာမသာမယာ ဖြစ်နေရှာသည်။

"ခင်ဗျားတို့မှာ အရန်လူစာရင်း မရှိဘူးလား"

ကျန်ကျွင်းသည် ဤလောကကြီးမှာ မရေရာသော အစီအစဉ်များဖြင့်သာ လည်ပတ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်ပြီး သူ၏ဖခင်ကိုသာ ပြသလိုက်ချင်တော့သည်။

သူ့ထက်ပင် ယုံကြည်၍မရသော လူများ ရှိနေပါသေးလားဟု တွေးမိကာ စကားပင် မဆိုနိုင်တော့ပေ။ ကုမ္ပဏီက အမြောက်အမြား ရင်းနှီးမြှုပ်နှံထားခြင်း မရှိပါက သူ ချက်ချင်းပင် ထွက်သွားချင်မိသည်။

"ကျွန်တော် အခုချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်"

ကျန်ကျွင်း၏ ဒေါသကို ကြောက်ရွံ့သဖြင့် ထုတ်လုပ်သူသည် ဖုန်းကို ချက်ချင်းထုတ် လိုက်သည်။

သူကား ဤလုပ်ငန်းနယ်ပယ်ထဲမှ ဖြစ်သဖြင့် သူ၏ဖုန်းထဲတွင် အနုပညာရှင်များစွာ ရှိနေသော်လည်း ထိုသူများ အား၊ မအားကိုသာ မျှော်လင့်နေရတော့သည်။

ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုပြီးနောက် တစ်ဖက်လူ ဘာပြောသည်ကို မင်ယွဲ့ နားထောင်နေရန်ပင် မလိုတော့ပေ။ ထုတ်လုပ်သူ၏ တုန်ရီလာသော လက်များကို ကြည့်ခြင်းဖြင့် မည်သူ့ကိုမျှ ဖိတ်ကြား၍ မရသေးကြောင်း သိသာလှသည်။

"ကျောက်လင်းကို တစ်ချက်လောက် မေးကြည့်ပါလား"

မင်ယွဲ့သည် လွန်ခဲ့သော ခဏကပင် ကျောက်လင်း၏ WeChat Moments တွင် စာတင်ထားသည်ကို မြင်လိုက်ရရာ သူ ယန်ကျင်းမြို့တွင် ရှိနေမည်မှာ သေချာသည်။

[ဟုတ်တယ်၊ သူ အခုတလော အားနေတယ်]

ယွမ်ပေါ့က ချက်ချင်းပင် အသိပေးလာသည်။ မင်ယွဲ့သည် ယွမ်ပေါ့၏ ရုတ်တရက် ပေါ်လာတတ်သော အမူအရာကို ကျင့်သားရနေပြီဖြစ်ရာ အခြားသူများ၏ စကားကို တည်ငြိမ်စွာ ဆက်လက်နားထောင်နေနိုင်သည်။

"အဲဒါက..."

"ပြောစရာရှိတာ ပြောစမ်းပါ၊ ဘာလို့ ဝေ့လည်ကြောင်ပတ် လုပ်နေတာလဲ"

ဟု ကျန်ကျွင်းက ဆိုသည်။

"ကျွန်တော့်မှာ အဆိုတော်မင်းသားကြီး ကျောက်လင်းရဲ့ ဖုန်းနံပါတ် မရှိလို့ပါ"

သူသည် ကျန်ကျွင်းကိုပင် မကြည့်ရဲတော့ပေ။

ကျောက်လင်းသည် ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်ခဲလှသည်။ သူ ပါဝင်ခဲ့ဖူးသည်မှာ သူငယ်ချင်းတစ်ဦးကို ကူညီရန်အတွက် မင်ယွဲ့၊ လျိုယဲ့တို့နှင့်အတူ ပါဝင်ခဲ့သည့် အစီအစဉ်တစ်ခုသာ ရှိခဲ့ဖူးသည်။

ထို့ကြောင့် ထုတ်လုပ်သူတွင် သူ၏ ဖုန်းနံပါတ် မရှိခြင်းမှာ မဆန်းပေ။ ရှိခဲ့လျှင်ပင် ကျောက်လင်းကဲ့သို့ ကြယ်ပွင့်ကြီးတစ်ဦးကို ဖိတ်ကြားနိုင်ရန်မှာ မသေချာလှပေ။

မင်ယွဲ့သည် ကျန်ကျွင်းကို ကြည့်လိုက်ရာ သူကလည်း သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကျန်ကျွင်းတွင်လည်း ကျောက်လင်း၏ ဖုန်းနံပါတ် မရှိသည်မှာ သေချာသည်။

မင်ယွဲ့သည် ကာယကံရှင်၏ ခွင့်ပြုချက်မပါဘဲ သူ၏ အချက်အလက်ကို မည်သူ့ကိုမျှ မပေးလိုသဖြင့် သူမကိုယ်တိုင်ပင် ဖုန်းခေါ်ဆိုလိုက်ရတော့သည်။

"မစ္စတာမင်... ဘယ်လိုကိစ္စမျိုးရှိလို့ ကျွန်တော့်ဆီ ဖုန်းဆက်တာလဲ"

သီချင်းသစ်တစ်ပုဒ် အသံသွင်းနေသော ကျောက်လင်းသည် မင်ယွဲ့၏ ဖုန်းကို မြင်လိုက်ရသည့်အခါ အလွန်ပင် အံ့အားသင့်သွားသည်။

"ရှင်နဲ့ ပြောစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ"

ကျောက်လင်းသည် သူ၏ မန်နေဂျာကို အချက်ပြကာ တစ်ဖက်သို့ ခဏဖယ်၍ စကားပြောဆိုလိုက်သည်။

"'လူငယ်သင်တန်းသား' အစီအစဉ်မှာ ဒိုင်လူကြီးတစ်ယောက် လိုနေလို့၊ ရှင် စိတ်ဝင်စားမလား"

မင်ယွဲ့သည် သူ အားနေကြောင်း ယွမ်ပေါ့ထံမှ သိရှိထားပြီးဖြစ်ရာ တည့်တည့်ပင် မေးလိုက် သည်။

"ရတာပေါ့"

ကျောက်လင်းသည် အချိန်အကြာကြီး စဉ်းစားမနေတော့ပေ။

မင်ယွဲ့၏ မျက်နှာကို ထောက်ထားခြင်းကြောင့်ဖြစ်စေ၊ မိမိကိုယ်တိုင်အတွက်ဖြစ်စေ ဤကမ်းလှမ်းချက်မှာ ဆိုးရွားလှသည်တော့ မဟုတ်ပေ။

သူသည် ခေါင်းမာလွန်းသူ မဟုတ်သလို လက်ရှိခေတ်ရေစီးကြောင်းအရ လူကြိုက်များမှု၏ အရေးပါပုံကိုလည်း သတိထားမိသည်။

သူသည် မိမိ၏ အရည်အချင်းအပေါ် ယုံကြည်မှုအပြည့်ရှိသော်လည်း အခြားသူများက လူကြိုက်များမှုကို အသုံးချကာ သူ့ကို ကျော် တက်သွားမည်ကိုတော့ ခွင့်မပြုနိုင်ပေ။

'အဆိုတော်ဘုရင်' ဟု အမည်နာမ ခံယူထားသူဖြစ်ရာ အနားမယူမီအချိန်အထိ သူ၏ အလင်းရောင်ကို ဆက်လက်တောက်ပစေလိုသည်။ မင်ယွဲ့၏ အကြံပြုချက်မှာ သူ့အတွက် နယ်ပယ်အသစ်တစ်ခုကို စမ်းသပ်ရန် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။

မင်ယွဲ့ ဖုန်းချလိုက်သည့်အခါ ထုတ်လုပ်သူနှင့် ကျန်ကျွင်းတို့မှာ သူမကို မျှော်လင့်တကြီး ကြည့်နေကြသည်။ ကျန်ကျွင်းကမူ မင်ယွဲ့၏ အဖြေကို စိတ်အေးလက်အေး စောင့်ဆိုင်းနေသည်။

"ရပြီ... နောက်ကျရင် သူ့မန်နေဂျာရဲ့ ဖုန်းနံပါတ်ကို ပေးမယ် စာချုပ်ကိစ္စတွေကိုတော့ ခင်ဗျားတို့ဘာသာ ဆွေးနွေးလိုက်ကြတော့"

မင်ယွဲ့၏ ဖုန်းလေး လင်းလာကာ ကျောက်လင်းထံမှ ဖုန်းခေါ်ဆိုမှု အချက်အလက်များ ရောက်ရှိလာသည်။

မင်ယွဲ့သည် ထိုအချက်အလက်များကို ထုတ်လုပ်သူထံသို့ ချက်ချင်းပင် လွှဲပြောင်းပေးလိုက်သည်။ ထုတ်လုပ်သူမှာ မင်ယွဲ့ကို အကြိမ်ကြိမ် အဖန်ဖန် ကျေးဇူးတင်စကားဆိုရင်း လိုက်လံပို့ဆောင်ပေးလေသည်။

ဝမ်ကျန်းသည် ရိုက်ကူးရေးနေရာမှ ထွက်လာသည့်အခါ စိတ်လှုပ်ရှားမှုကြောင့် ခြေလှမ်းများပင် ပေါ့ပါးနေသည်။

"သူက နင့်ကို ဘာလို့ ဒီလောက်တောင် ရိုရိုသေသေ ဆက်ဆံနေတာလဲ"

"ကျန်ကျွင်းက အဓိက ရင်းနှီးမြှုပ်နှံသူလေ၊ ငါက သူ့ကို ကူညီပေးလိုက်ရုံပါ"

သူတို့နှစ်ဦးသည် ကုမ္ပဏီမှ လူငယ်များကို အနှောင့်အယှက်မပေးလိုသဖြင့် အထဲသို့ ဝင်မကြည့်တော့ဘဲ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ကာ ပြန်လာခဲ့ကြသည်။

ကုမ္ပဏီတွင် မျက်နှာသစ်များစွာ ရောက်ရှိနေသည်ကို ကြည့်ခြင်းဖြင့် အနုပညာရှင်သစ် အတော်များများကို ခေါ်ယူထားကြောင်း သိသာလှသည်။

"ဒီအစီအစဉ်အတွက် ကျန်ကျွင်းနဲ့ ငါက ရိုက်ကူးရေး လုပ်ငန်းစဉ်တွေရဲ့ တရားမျှတမှုကိုပဲ အာမခံနိုင်တာ အကယ်၍ ဒါကို ထုတ်လွှင့်လိုက်ရင် နောက်ကွယ်က အင်အားကြီးလုပ်ငန်းစုတွေ ပါဝင်လာနိုင်ခြေ ရှိတယ် အတွေ့အကြုံမရှိတဲ့သူတွေအတွက်တော့ အားနည်းချက် ရှိမှာပဲ

ဒါကြောင့် စွမ်းဆောင်ရည်ကောင်းတဲ့ သူတွေကို အမြဲစောင့်ကြည့်ပြီး ငါတို့ကုမ္ပဏီနဲ့ စာချုပ်ချုပ် နိုင်ဖို့ တိုက်ရိုက်ဆက်သွယ်ရမယ်"

ရိုက်ကူးရေးကာလတစ်လျှောက်တွင် ထိုလူငယ်များ၏ စိတ်ထဲ၌ ပြိုင်ဆိုင်လိုစိတ်နှင့် ကြိုးစားလိုစိတ်များ ကိန်းအောင်းသွားပေလိမ့်မည်။

ရည်မှန်းချက်ရှိလာသည့်အခါ သူတို့၏ တိုးတက်မှုနှုန်းမှာ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။

သူတို့နှစ်ဦးသည် ကုမ္ပဏီ၏ အနာဂတ်စီမံကိန်းများကို ဆွေးနွေးရင်း လုပ်ထုံးလုပ်နည်းများကို အမြန်ဆုံး အတည်ပြုလိုက်ကြသည်။ ညနေပိုင်းတွင် မိုဟန်ကျီက သူမကို လာရောက် ကြိုဆိုသည်။

"မနက်ဖြန်ကျရင် ကိုယ့်ရဲ့ သုတေသနဌာနကို သွားလည်ချင်လား အခု အားလုံးပြီးစီးသွားပြီ၊ နောက်ဆုံးပေါ် နိုင်ငံတကာအဆင့်မီ စက်ကိရိယာတွေလည်း အပြည့်စုံပဲ"

ဟု မိုဟန်ကျီက ဆိုသည်။

"ကောင်းသားပဲ အရင်က ငါခေါ်ထားတဲ့ သုတေသီတွေလည်း နင့်ရဲ့ဌာနမှာ ရှိနေတာဆိုတော့ တစ်ခါတည်း လွှဲပြောင်းလို့ရတာပေါ့"

ယွမ်ပေါ့၏ လမ်းညွှန်ချက်အရ မင်ယွဲ့သည် ယခင်က အလားအလာရှိသော သုတေသီများစွာကို စုဆောင်းထားခဲ့သည်။

ထိုအချိန်က သုတေသနဌာနမှာ မပြီးသေးသဖြင့် မိုဟန်ကျီ၏ ဌာနအနီးတွင် ခေတ္တထားရှိခဲ့ခြင်းဖြစ်သည်။

မင်ယွဲ့သည် အနားယူသွားပြီဖြစ်သော သိပ္ပံပညာရှင်များကိုလည်း ဖိတ်ခေါ်ခဲ့သည်။ သူမကိုယ်တိုင်သည်လည်း ဉာဏ်ရည်တု (AI) သုတေသနတွင် ကျွမ်းကျင်သူဖြစ်ရာ လက်ရှိ တရုတ်နိုင်ငံ၏ AI နည်းပညာမှာ သူမ၏ သုတေသနရလဒ်များပင် ဖြစ်သည်။

သူမ၏ ဦးနှောက်ထဲတွင် AI နှင့် Chip နည်းပညာဆိုင်ရာ အသိပညာများမှာ အပြည့်အဝ ကိန်းအောင်းနေပြီဖြစ်သည်။

ဤနှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုနေပြီး သုတေသန အောင်မြင်သွားပါက ကမ္ဘာကို တုန်လှုပ်စေမည့် တိုးတက်မှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

အပိုင်း (၄၉၄) အနှစ်သာရ

နောက်တစ်နေ့တွင် သူတို့နှစ်ဦးသည် ယန်ကျင်းမြို့ပြ၏ ဆူညံသံများနှင့် ဝေးကွာလှသော ဆင်ခြေဖုံးရပ်ကွက်ရှိ သုတေသနဌာနသို့ ဆိုက်ရောက်လာကြသည်။

စည်ကားရာအရပ်မှ ကားလေးတဖြည်းဖြည်း ထွက်ခွာလာသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်လာပြီး ဘီးနှင့် မြေသားပွတ်တိုက်သံမှာပင် ဤတိတ်ဆိတ်မှုကြား ထင်ရှားစွာ ကြားနေရသည်။

အဝေးမှ သုတေသနဌာန၏ တံခါးမကြီးကို လှမ်းမြင်လိုက်ရသည့်အခါ မင်ယွဲ့၏ စိတ်ထဲတွင် လေးနက်တည်ကြည်သော ခံစားမှုတစ်ရပ် ဖြစ်ပေါ်လာသည်။

သုတေသီများ မရောက်ရှိကြသေးသဖြင့် ဤနေရာမှာ လက်ရှိတွင် အခွံသက်သက်သာ ရှိနေပါသေးသည်။ သို့သော် မိုဟန်ကျီနှင့် မင်ယွဲ့တို့ ယနေ့လာမည်ကို သိရှိထားကြသဖြင့် တာဝန်ရှိသူတစ်ဦးက တံခါးဝတွင် ကြိုတင်စောင့်ကြိုနေလေသည်။

သုတေသနဌာန၏ အပြင်ပန်းသဏ္ဌာန်မှာ အလွန်ပင် ရိုးရှင်းလှပြီး ကွန်ကရစ်နံရံမြင့်ကြီးများဖြင့် ဝန်းရံထားသဖြင့် သာမန်လူများ သတိပြုမိရန် ခဲယဉ်းလှသည်။

"မစ္စတာမို၊ မစ္စမင်"

ထိုလူသည် သူတို့နှစ်ဦးကို ရိုသေစွာ နှုတ်ဆက်သည်။

သူတို့သုံးဦးသည် တံခါးမကြီးကို ဖြတ်ကျော်ကာ အတွင်းသို့ ဝင်လိုက်သည့်အခါတွင်မူ အလွန်ပင် လင်းထိန်ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။

အပြင်ဘက်မှကြည့်လျှင် ရိုးစင်းကြမ်းတမ်းသော အခွံတစ်ခုကဲ့သို့ ထင်ရသော်လည်း အတွင်းသို့ ဝင်လိုက်သည်နှင့် ခန့်ညားထည်ဝါသော ဂိတ်

တံခါးကြီးကို အံ့ဩဖွယ် တွေ့ရှိရမည်ဖြစ်သည်။

အေးစက်သော ခေတ်မီအဆောက်အအုံမှာ စူးစမ်းလေ့လာရေး လက်တွေ့ခန်းတစ်ခု၏ အငွေ့အသက်ကို အပြည့်အဝ ပေးစွမ်းနေသည်။

ကျောက်တိုင်ကြီးပေါ်တွင် "ယွဲ့ဟန် သုတေသနဌာန" ဟု အင်အားပါးပါးဖြင့် ထွင်းထုထားသော စာလုံးများကို တွေ့ရသည်။

"ဒီနာမည်ကို ကျွန်တော့်အဘိုးဆီကနေ တောင်းခံခဲ့တာပါ"

ဟု မိုဟန်ကျီက ဆိုသည်။

"တကယ်ကို ခန့်ညားတာပဲ အဘိုးကို ကျွန်မကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါဦး"

သူတို့နှစ်ဦးသည် အတွင်းသို့ ဝင်ရောက်ကြပြီး မျက်ဝန်းscanစက်တွင် မှတ်တမ်းတင်ကြသည်။

ပင်မတံခါးမကြီးကို ဖြတ်ကျော်ပြီးနောက် အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်လေလေ လုံခြုံရေးအဆင့်အတန်းနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှုမှာ ပိုမိုမြင့်မားလာလေလေ ဖြစ်သည်။

"ဒီမှာ မျက်ဝန်းနဲ့ လက်ဗွေကိုပါ မှတ်ပုံတင်ရမယ် နှစ်ခုလုံး ကိုက်ညီမှပဲ ဝင်လို့ရမှာပါ"

နောင်တွင် ထွက်ပေါ်လာမည့် သုတေသနရလဒ်များ၏ လုံခြုံရေးအတွက် ဤဌာနသည် ခိုင်မာတောင့်တင်းသော လုံခြုံရေးစနစ်ကို အသုံးပြုထားသည်။

[ယွမ်ပေါ့... သုတေသနဌာနရဲ့ သတင်းအချက်အလက် ကာကွယ်ရေးစနစ်ကို တစ် ချက်စစ်ဆေးပေးပါ]

သတင်းအချက်အလက်ခေတ်တွင် ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုအပြင် အချက်အလက် လုံခြုံရေးမှာလည်း အထူးပင် အရေးကြီးလှသည်။

အကယ်၍ ကာကွယ်ရေးစနစ်တွင် ဟာကွက်ရှိနေပါက တစ်နေ့တွင် သတင်းပေါက်ကြားမှုများ ဖြစ်လာနိုင်ပြီး တားဆီးရန် ခဲယဉ်းပေလိမ့်မည်။

[လက်ရှိ ပြည်တွင်းမှာ အသုံးပြုနေတဲ့ အဆင့် မြင့်ဆုံး ကာကွယ်ရေးစနစ်ပဲ ပြဿနာတစ်စုံတစ်ရာ မရှိဘူးလို့ ယူဆရပါတယ်]

ယွမ်ပေါ့က လျင်မြန်စွာ ကောက်ချက်ချလိုက် သည်။

နိုင်ငံခြားတိုင်းပြည်များတွင် လုံခြုံရေးစနစ်များ ကောင်းမွန်သော်လည်း ဤနေရာမှာ သုတေသနဌာနဖြစ်နေသဖြင့် နိုင်ငံခြားစနစ်များကို အသုံးပြုရန် မသင့်တော်ပေ။

သတင်းအချက်အလက် ခိုးယူခံရခြင်း သို့မဟုတ် ခိုးနားထောင်ခံရခြင်းတို့ ဖြစ်လာမည်ကို စိုးရိမ်ရသောကြောင့် ဖြစ်သည်။

မင်ယွဲ့သည် တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး အခြားသော စိတ်ကူးစိတ်သန်းများ ရှိနေပုံရသည်။ သူမ အားသည့်အချိန်တွင် သူမကိုယ်တိုင် ဖန်တီးထားသော ကာကွယ်ရေးကွန်ရက်တစ်ခုကို တည်ဆောက်နိုင်ပေလိမ့်မည်။

တံခါးတစ်ခုကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်လိုက်သည့်အခါ မီးများအားလုံး ချက်ချင်းပင် လင်းထိန်သွားသည်။ ထိုနေရာတွင် ခေတ်မီစက်ကိရိယာကြီးများဖြင့် ပြည့်နှက်နေသည်။

မင်ယွဲ့သည် စက်ပစ္စည်းတစ်ခုပေါ်သို့ လက်တင်လိုက်ရာ အေးစက်မာကြောသော သတ္တုမျက်နှာပြင်က သူမကို ရှင်းယောင်လုပ်ငန်းစုရှိ သုတေသနအရာရှိများကို သတိရစေသည်။

သူတို့သည်လည်း ဤစက်များကဲ့သို့ပင် အေးစက်တည်ငြိမ်သော အမူအရာရှိကြသော်လည်း အလုပ်လုပ်ရာတွင်မူ အလွန်ပင် စေ့စပ်သေချာကြသူများ ဖြစ်သည်။

ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် ပြဿနာမရှိကြောင်း သိရှိရသဖြင့် မင်ယွဲ့သည် ချန်ကွမ်းချွမ်းနှင့် အခြားသူများကို လာရောက်နိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်သည်။

"ကုမ္ပဏီကို သွားကြရအောင်"

မင်ယွဲ့က ဆက်ပြောသည် ။

“ရှင်းယောင်းလုပ်ငန်းစုကို မရောက်တာ တော်တော်ကြာပြီ"

သူမသည် ကုမ္ပဏီသို့ ရောက်ရှိသည့်အခါ မိုဟန်ကျီကို ရုံးကိစ္စများ ကိုင်တွယ်ရန် လွှတ်လိုက်ပြီး သူမကိုယ်တိုင်မှာမူ သုတေသနဌာနသို့ တည့်တည့်ပင် သွားလိုက်သည်။

"ဒီကို မလာတာ တော်တော်ကြာပြီပဲ အခုတော့ နင်က တစ်နိုင်ငံလုံးသိတဲ့ ချန်ပီယံကြီး ဖြစ်နေပြီပေါ့"

မင်ယွဲ့ကို မြင်လိုက်ရသည့်အခါ အင်ဂျင်နီယာယန်သည် လက်ထဲမှ စာရွက်စာတမ်းများကို ချက်ချင်းချလိုက်ပြီး မျက်ခုံးများ ပင့်တက်သွားသည်အထိ ဝမ်းသာအားရ ဖြစ်သွားသည်။

သုတေသနဌာနရှိ လူအများစုမှာ တည်ကြည်လွန်းသဖြင့် လူငယ်များမှာ သူတို့နှင့် စကားပြောရန်ပင် အလွန်သတိထားကြရသည်။

မင်ယွဲ့တစ်ဦးတည်းသာလျှင် သူ့ကို လူကြီးတစ်ဦးကဲ့သို့ ရင်းနှီးစွာ ဆက်ဆံရဲပြီး သူကိုယ်တိုင်ကလည်း သူမနှင့် စကားပြောရသည်ကို အလွန် နှစ်သက်သည်။

ယခင်က မင်ယွဲ့ နေ့တိုင်းလာစဉ်က စကားပြောဆိုမှုများမှတစ်ဆင့် သူမသည် ဗဟုသုတ အလွန်ကြွယ်ဝသူဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။ မိမိတို့၏ ကျွမ်းကျင်မှုနယ်ပယ်တွင် အပြန်အလှန် ထိရောက်စွာ ဆွေးနွေးနိုင်သော လူငယ်မျိုးမှာ ရှာမှရှားပေသည်။

"အင်ဂျင်နီယာယန်ကလည်း... ကျွန်မကို ဒီလောက်ထိ ချီးကျူးနေရင် ကျွန်မ ဘဝင်မြင့်သွားပါဦးမယ်"

မင်ယွဲ့သည် သူ့ဘေးမှ ထိုင်ခုံတစ်ခုတွင် ဝင် ထိုင်လိုက်သည်။

"ငါ့အမြင်မှာတော့ မင်းက အလွန်တည်ငြိမ်တဲ့ မိန်းကလေးပါ ငါပြောရုံနဲ့ ဘဝင်မြင့်သွားမယ့်သူ မဟုတ်ပါဘူး"

အင်ဂျင်နီယာယန်က ပြုံးလျက် ဆိုသည်

"ပြီးတော့ အလွန်အကျွံလည်း နှိမ့်ချမနေပါနဲ့ အဲဒါက မာန်တက်တာနဲ့ အတူတူပဲ ဖြစ်သွားလိမ့် မယ် ဒါက မင်းတကယ် ရထိုက်တဲ့ ဂုဏ်သိက္ခာပဲ၊ ဒီချီးကျူးစကားနဲ့ ထိုက်တန်ပါတယ်"

သူတို့နှစ်ဦးသည် မတွေ့ရသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်သဖြင့် အထွေထွေ စကားပြောဆိုပြီးနောက် အလုပ်ကိစ္စဘက်သို့ လျင်မြန်စွာ ကူးပြောင်းလိုက်ကြသည်။

"အင်ဂျင်နီယာယန်... အလင်းသုံး ချစ်ပ်

သုတေသနက ဘယ်လိုအခြေအနေ ရှိလဲရှင့်"

သူမ၏ စိတ်ဝင်စားမှုကို အင်ဂျင်နီယာယန်က သတိပြုမိပြီးသား ဖြစ်သည်။

"လောလောဆယ်တော့ အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရတယ် မူလချစ်ပ်တွေထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းတာ မှန်ပေမဲ့ လက်ရှိနည်းပညာက ချစ်ပ်ရဲ့ တည်ငြိမ်မှုပိုင်းမှာ အားနည်းနေသေးတယ် ဒါကို ကောင်းကောင်း အလုပ်လုပ်

နိုင်ဖို့အတွက် သေချာပေါက် ဖြေရှင်းရဦးမှာပဲ"

သူ၏ နောက်ဆက်တွဲ စကားလုံးများသည် မင်ယွဲ့အတွက် မေးမြန်းရန် ခက်ခဲသော အခြေအနေသို့ ရောက်သွားစေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတွင် အလွန်လျှို့ဝှက်သော သုတေသန အချက်အလက်များ ပါဝင်နေသောကြောင့်ပင် ဖြစ်ပါတော့သည်။

All Chapters